Gever Tulley teaches life lessons through tinkering

78,843 views ・ 2009-07-01

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Maung Maung Reviewer: Thet Soe
00:12
This is the exact moment
0
12160
4000
ဒီအချိန်အခါကောင်းမှာပဲ
00:16
that I started creating something called Tinkering School.
1
16160
5000
ကျွန်တော် လက်တွေ့သင်တန်းကျောင်းလို့ခေါ်တဲ့ဟာကို စပြီး တီထွင်ခဲ့တယ်
00:21
Tinkering School is a place where kids can pick up sticks
2
21160
4000
လက်တွေ့သင်တန်းကျောင်းဆိုတာ ကလေးတွေက တုတ်တွေ
00:25
and hammers and other dangerous objects,
3
25160
4000
တူတွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်လို့ရတဲ့နေရာ
00:29
and be trusted.
4
29160
2000
ပြီးတော့ ယုံကြည်ခြင်းခံရတဲ့နေရာ
00:31
Trusted not to hurt themselves,
5
31160
2000
သူတို့ကို မထိခိုက်စေဖူးဆိုပြီး ယုံကြည်ခြင်းခံရတယ်
00:33
and trusted not to hurt others.
6
33160
4000
သူတစ်ပါးကို မထိခိုက်စေဖူးဆိုတာလည်း ယုံကြည်ခြင်းခံရတယ်
00:37
Tinkering School doesn't follow a set curriculum,
7
37160
3000
လက်တွေ့သင်တန်းကျောင်းဟာ လိုက်နာစရာ သင်ရိုးညွှန်းတန်းဆိုပြီး သတ်မှတ်မထားပါဘူး
00:40
and there are no tests.
8
40160
2000
စာမေးပွဲစစ်တာတွေလည်း မရှိဘူး
00:42
We're not trying to teach anybody any specific thing.
9
42160
4000
ဘယ်သူ့ကိုမှ ဘာတိတိကျကျတတ်ရမယ်ဆိုပြီး သင်ပေးဖို့မကြိုးစားပါဘူး
00:46
When the kids arrive
10
46160
3000
ကလေးတွေ ရောက်လာပြီဆိုရင်
00:49
they're confronted with lots of stuff:
11
49160
2000
သူတို့တွေ ပစ္စည်းပစ္စယတွေအများကြီးနဲ့ ရင်ဆိုင်ရမယ်
00:51
wood and nails and rope and wheels,
12
51160
4000
သစ်သားတွေ၊ သံတွေ၊ ကြိုးတွေ၊ ဘီးတွေ...
00:55
and lots of tools, real tools.
13
55160
5000
ပြီးတော့ ကိရိယာတဆာပလာတွေ အများကြီး၊ အားလုံးက အစစ်တွေ...
01:00
It's a six-day immersive experience for the kids.
14
60160
5000
ကလေးတွေအတွက် ၆ ရက်တာ ကိုယ်စိတ် လုံးလုံးလျားလျား နှစ်မြှုပ်ထားရတဲ့ အတွေ့အကြုံ
01:05
And within that context, we can offer the kids time --
15
65160
4000
အဲဒီလို အနေအထားမှာ ကလေးတွေကို အချိန်ဆိုတာ ပေးထားလို့ရတယ်
01:09
something that seems in short supply
16
69160
3000
အချိန်က အရမ်းနည်းလွန်းတယ်လေ
01:12
in their over-scheduled lives.
17
72160
3000
လုပ်စရာတွေ လွန်ကဲနေတဲ့ သူတို့ရဲ့ဘဝမှာပေါ့
01:15
Our goal is to ensure that they leave
18
75160
3000
ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ သူတို့တွေ ပြန်သွားတဲ့အခါ
01:18
with a better sense of how to make things
19
78160
2000
အရာဝတ္ထုတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အသိကောင်းကောင်းရသွားဖို့ပဲ
01:20
than when they arrived,
20
80160
3000
သူတို့ စရောက်ခါစ အချိန်ကထက် စာရင်ပေါ့
01:23
and the deep internal realization
21
83160
3000
ပြီးတော့ စိတ်ထဲမှာ နက်နက်နဲနဲ နားလည်သွားစေချင်တယ်
01:26
that you can figure things out by fooling around.
22
86160
4000
ပစ္စည်းတွေကို ဟိုဟိုဒီဒီကလိပေးလိုက်ရင် ကောင်းအောင်ပြန်လုပ်လို့ရတယ်ဆိုတာပေါ့
01:30
Nothing ever turns out as planned ... ever.
23
90160
5000
ဘယ်ဟာကမှတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာပါဘူး... အမြဲတမ်းပါပဲ..
01:35
(Laughter)
24
95160
2000
(ရယ်မောသံများ)
01:37
And the kids soon learn
25
97160
2000
ကလေးတွေက မကြာခင်မှာပဲ ကောင်းကောင်း သိသွားကြတယ်
01:39
that all projects go awry --
26
99160
4000
ပရော့ဂျက်အကုန်လုံး မှန်းချက်နဲ့မကိုက်ဘူးဆိုတာ
01:43
(Laughter)
27
103160
1000
(ရယ်မောသံများ)
01:44
and become at ease with the idea that every step
28
104160
2000
ပြီးတော့မှ အေးအေးဆေးဆေးဖြစ်ပြီး အသိလေးရလာတယ်
01:46
in a project is a step closer
29
106160
3000
ပရော့ဂျက်ထဲက အဆင့်တိုင်းဟာ တစ်ဆင့်ပြီးသွားရင်
01:49
to sweet success,
30
109160
3000
ချိုမြိန်တဲ့ အောင်မြင်မှုဆီကို
01:52
or gleeful calamity.
31
112160
4000
ဒါမှမဟုတ် ပျော်ရွှင်စရာ ဘေးဒုက္ခဆီကို တစ်ဆင့်ပိုနီးလာတယ်ဆိုတာ...
01:56
We start from doodles and sketches.
32
116160
4000
ကျွန်တော်တို့ ရည်ရွယ်ချက်မဲ့ ဟိုရေး ဒီခြစ်ကနေ စတယ်
02:00
And sometimes we make real plans.
33
120160
3000
တခါတလေတော့ တကယ့် စီမံကိန်းလေးတွေ လုပ်ကြတယ်
02:03
And sometimes we just start building.
34
123160
4000
တခါတလေတော့ ကျွန်တော်တို့ တခုခု ဆောက်တာကနေ စလိုက်တယ်
02:07
Building is at the heart of the experience:
35
127160
3000
တခုခု ဆောက်လုပ်တာဟာ ဒီအတွေ့အကြုံ တစ်ခုလုံးရဲ့ အဓိက ဗဟိုချက်ပါပဲ
02:10
hands on, deeply immersed
36
130160
3000
လက်တွေ့လုပ်မယ်၊ စိတ်ရောကိုယ်ပါ နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်ထားမယ်
02:13
and fully committed to the problem at hand.
37
133160
4000
လက်ရှိပြဿနာကို အပြည့်အဝ အာရုံထားမယ်ပေါ့...
02:17
Robin and I, acting as collaborators,
38
137160
3000
ရော်ဘင် နဲ့ ကျွန်တော်က အတူဝိုင်းကူလုပ်ပေးသူတွေအနေနဲ့
02:20
keep the landscape of the projects
39
140160
2000
စီမံကိန်းတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံးကို
02:22
tilted towards completion.
40
142160
3000
ပြီးမြောက်တဲ့ဘက်ရောက်အောင် အားစိုက်ပေးတယ်
02:25
Success is in the doing,
41
145160
3000
အောင်မြင်ဖို့ဆိုတာ လုပ်ကြည့်ရင်းနဲ့မှရတာ
02:28
and failures are celebrated and analyzed.
42
148160
3000
ရှုံးနိမ့်တာတွေကိုလည်း ဂုဏ်ပြုပေးတယ်၊ စမ်းစစ်ပေးတယ်
02:31
Problems become puzzles
43
151160
3000
ပြဿနာတွေက ပဟေဠိဖြစ်လာတယ်
02:34
and obstacles disappear.
44
154160
4000
ပြီးတော့ အတားအဆီးတွေ ပျောက်ကုန်တယ်
02:38
When faced with particularly difficult
45
158160
2000
တကယ့်ကို ခက်ခဲတဲ့
02:40
setbacks or complexities,
46
160160
2000
မျှော်လင့်မထားတဲ့ အဆိုးတရားတွေ၊ ရှုပ်ထွေးမှုတွေ နဲ့ ကြုံလာတဲ့အခါ
02:42
a really interesting behavior emerges: decoration.
47
162160
5000
တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေ ပေါ်လာတယ်၊ အဲဒါကတော့ အလှအပ တန်ဆာဆင်တာပါ
02:47
(Laughter)
48
167160
3000
(ရယ်မောသံများ)
02:50
Decoration of the unfinished project
49
170160
2000
မပြီးမြောက်သေးတဲ့ လုပ်ငန်းအတွက် အလှအပတန်ဆာဆင်ပေးတာဟာ
02:52
is a kind of conceptual incubation.
50
172160
4000
ဒီအလုပ်ကို ဘယ်လိုပြီးအောင်ဆက်လုပ်မယ်ဆိုတာ စိတ်ထဲမှာ ဆက်ပြီး ဆက်စပ်စဉ်းစားမှုတစ်မျိုးပါ
02:56
From these interludes come deep insights
51
176160
3000
ဒီကြားကာလ အလုပ်ကလေးတွေကနေ နက်နဲတဲ့ အမြင်တွေ ပေါ်လာတယ်
02:59
and amazing new approaches to solving the problems
52
179160
3000
ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ အံ့ဩစရာကောင်းတဲ့ ချဉ်းကပ်မှုအသစ်တွေ ပေါ်လာတယ်
03:02
that had them frustrated just moments before.
53
182160
5000
ဒီပြဿနာတွေက သူတို့ကို အစောပိုင်းက စိတ်ဒုက္ခပေးနေတာ
03:07
All materials are available for use.
54
187160
5000
ပစ္စည်းပစ္စယအားလုံးကို အသုံးပြုဖို့ စီစဉ်ပေးထားတယ်
03:12
Even those mundane, hateful, plastic grocery bags
55
192160
6000
ဒီ သာမန် မုန်းစရာကောင်းတဲ့ ကုန်ပစ္စည်းထုပ်တဲ့ ပလတ်စတစ်အိတ်တွေကတောင်
03:18
can become a bridge
56
198160
2000
တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ်
03:20
stronger than anyone imagined.
57
200160
4000
အားလုံးထင်ထားတာထက်တောင် ပိုပြီး ခိုင်ပါတယ်
03:24
And the things that they build
58
204160
3000
သူတို့ ဆောက်ထားတဲ့ဟာတွေက
03:27
amaze even themselves.
59
207160
3000
သူတို့ကိုတောင် ပြန်ပြီး အံ့ဩသွားစေပါတယ်
03:30
Video: Three, two, one, go!
60
210160
4000
သုံး... နှစ်... တစ်... လွှတ်ပြီ....
03:41
Gever Tulley: A rollercoaster built by seven-year-olds.
61
221160
4000
၇-နှစ်အရွယ် ကလေးတွေ ဆောက်ထားတဲ့ ရိုလာကိုစတာပါ...
03:45
Video: Yay!
62
225160
3000
ဟေး....
03:48
(Applause)
63
228160
2000
(လက်ခုပ်သံများ)
03:50
GT: Thank you. It's been a great pleasure.
64
230160
3000
ကျေးဇူးတင်ပါတယ်၊ ပျော်စရာ အရမ်းကောင်းပါတယ်
03:53
(Applause)
65
233160
6000
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7