Lucy McRae: How can technology transform the human body?

137,120 views ・ 2012-04-06

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:15
I call myself a body architect.
0
15260
3000
ကျွန်မကိုကျွန်မတော့ ကိုယ်ခန္ဓာဆိုင်ရာ ဗိသုကာတစ်ယောက်လို့ခေါ်ချင်ပါတယ်။
00:18
I trained in classical ballet
1
18260
1000
ကျွန်မဟာ ရှေးရိုးရာ ဘဲလေးအကကို လေ့ကျင့်သင်ယူခဲ့ပြီးတော့
00:19
and have a background in architecture and fashion.
2
19260
3000
ဗိသုကာပညာနဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုဆိုင်ရာ ကျောထောက်နောက်ခံ တစ်ခုရှိပါတယ်။
00:22
As a body architect, I fascinate with the human body
3
22260
3000
ကိုယ်ခန္ဓာဆိုင်ရာ ဗိသုကာတစ်ယောက်အနေနဲ့ လူ့ခန္ဓာကိုယ်ကို အလွန်အမင်း စိတ်ဝင်တစားရှိပြီးတော့
00:25
and explore how I can transform it.
4
25260
3000
ဒါကို ဘယ်လိုများ ပြောင်းလဲဖန်တီးနိူင်မလဲဆိုတာကို လေ့လာဖော်ထုတ်ပါတယ်။
00:28
I worked at Philips Electronics
5
28260
3000
ဖီးလစ် အီလက်ထရွန်းနစ်မှာရှိတဲ့ အနာဂတ်လာမယ့် အနှစ်(၂၀)ကို မျှော်ကြည့်တဲ့
00:31
in the far-future design research lab,
6
31260
2000
ဝေးကွာလွန်းတဲ့ အနာဂတ်ဒီဇိုင်းတွေကို သုသေသနပြုတဲ့
00:33
looking 20 years into the future.
7
33260
2000
လက်တွေ့ခန်းမှာ ကျွန်မအလုပ်လုပ်ခဲ့ပါတယ်။
00:35
I explored the human skin, and how technology can transform the body.
8
35260
4000
ကျွန်မက လူသားတွေရဲ့ အရေပြားတွေ၊ ပြီးတော့ နည်းပညာက ကိုယ်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲပေးနိူင်သလဲဆိုတာကို စူစမ်းလေ့လာပါတယ်။
00:39
I worked on concepts like an electronic tattoo,
9
39260
4000
ကျွန်မ အီလက်ထရွန်းစနစ်ကို အခြေခံတဲ့ ဆေးမှင်ကြောင်လိုမျိုး အယူအဆတွေနဲ့ ပတ်သက်ပြီး အားထုတ်ဆောင်ရွက်ခဲ့ပါတယ်။
00:43
which is augmented by touch,
10
43260
2000
ဒါဟာဆိုရင် ထိတွေ့မှုကြောင့်
00:45
or dresses that blushed and shivered with light.
11
45260
3000
ဒါမှမဟုတ် အလင်းရောင်နဲ့အတူ ရှက်သွေးဖြာပြီး ဆတ်ဆတ်တုန်ခါတဲ့ ဝတ်စုံတွေကြောင့် ပြန့်ကားတဲ့အရာပါ။
00:48
I started my own experiments.
12
48260
3000
ကျွန်မကိုယ်ပိုင် စမ်းသပ်မှုတွေကို စတင်ခဲ့ပါတယ်။
00:51
These were the low-tech approaches to the high-tech conversations I was having.
13
51260
4000
ဒါတွေဟာ ကျွန်မ လုပ်ဆောင်နေခဲ့တဲ့ အဆင့်မြင့်နည်းပညာ ဆွေးနွေးပွဲတွေဆီကို ဦးတည်တဲ့ ခပ်နိမ့်နိမ့် နည်းပညာ ချဉ်းကပ်မှုတွေပါ။
00:55
These are Q-tips stuck to my roommate with wig glue.
14
55260
4000
ဒါတွေဟာ ကျွန်မရဲ့ အခန်းဖော်တွေကို ဆံပင်တုကော်နဲ့ တွဲကပ်ထားတဲ့ ဂွမ်းစတွေပေါ့။
00:59
(Laughter)
15
59260
3000
(ရယ်သံများ)
01:02
I started a collaboration with a friend of mine, Bart Hess --
16
62260
4000
ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ Bart Hess နဲ့ စတင်ပူးပေါင်း လုက်ဆောင်ခဲ့ပါတယ်။
01:06
he doesn't normally look like this --
17
66260
2000
သူက ပုံမှန်အားဖြင့်တော့ ဒီပုံမပေါက်ပါဘူး။
01:08
and we used ourselves as models.
18
68260
3000
ကျွန်မတို့ကိုကျွန်မတို့ မော်ဒယ်တွေအဖြစ် အသုံးပြုခဲ့ကြတာပေါ့။
01:11
We transformed our apartments into our laboratories,
19
71260
3000
ကျွန်မတို့ရဲ့တိုက်ခန်းတွေကို လက်တွေ့ခန်းတွေအဖြစ် ပြောင်းလဲလိုက်ကြပြီးတော့
01:14
and worked in a very spontaneous and immediate way.
20
74260
3000
အရမ်းကို သဘာဝကျပြီး သွက်လက်မြန်ဆန်တဲ့ နည်းလမ်းတစ်ခုနဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။
01:17
We were creating
21
77260
3000
ကျွန်မတို့တွေဟာ လူသားရဲ့ ဆင့်ကဲဖြစ်စဉ်ကို
01:20
visual imagery provoking human evolution.
22
80260
2000
ထိုးစွပေးမယ့် စက္ခုအမြင်စိတ်ကူးသက်သက်ကို ဖန်တီးနေကြတာပေါ့။
01:22
Whilst I was at Philips, we discussed this idea of a maybe technology,
23
82260
5000
ကျွန်မ ဖီးလစ်မှာရှိခဲ့တုန်းက နည်းပညာတစ်ခု ဖြစ်လာနိူင်ဖွယ်ရှိတဲ့ ဒီစိတ်ကူးကို ဆွေးနွေးခဲ့ပါတယ်။
01:27
something that wasn't either switched on or off, but in between.
24
87260
3000
ဒါက ပိတ်လိုက်တာလည်းမဟုတ်၊ ဖွင့်ထားလည်းမဟုတ်တဲ့ ကြားထဲမှာရှိနေတဲ့ အရာတစ်ခုပါ။
01:30
A maybe that could take the form of a gas or a liquid.
25
90260
3000
အငွေ့တစ်ခု၊ ဒါမှမဟုတ် အရည်တစ်ခုပုံကို ဆောင်နိူင်တဲ့ ဖြစ်နိူင်ခြေတစ်ခုပါ။
01:33
And I became obsessed with this idea of blurring the perimeter of the body,
26
93260
4000
ကိုယ်ခန္ဓာအဝန်းအဝိုင်းကို မှုန်ဝါးထားလိုက်ခြင်းဆိုတဲ့ ဒီစိတ်ကူးကို အစွဲအလမ်းဖြစ်ခဲ့တာပေါ့။
01:37
so you couldn't see where the skin ended and the near environment started.
27
97260
4000
ဒီတော့ ဘယ်နေရာမှာ အရေပြားက အဆုံးသတ်ပြီး နီးစပ်တဲ့ ပတ်ဝန်းကျင်က အစပြုတယ်ဆိုတာကိုတော့ မမြင်နိူင်ဘူးပေါ့။
01:41
I set up my studio in the red-light district
28
101260
3000
ကျွန်မရဲ့ အလုပ်ခန်းကို ပြည့်တန်ဆာအရပ်မှာတည်ထားပြီး၊
01:44
and obsessively wrapped myself in plumbing tubing,
29
104260
3000
ကျွန်မကိုယ်တိုင် ရေသွယ်ပိုက်လိုင်းထဲမှာ သည်းသည်းလှုပ် ထွေးပတ်ထားလိုက်ပြီး
01:47
and found a way to redefine the skin
30
107260
3000
အ​ရေပြားကို ပြန်လည်အဓိပ္ပါယ်သတ်မှတ်ဖို့နဲ့ ဒီရွေ့ရှားမှုဆိုင်ရာ အဝတ်အထည်ကို
01:50
and create this dynamic textile.
31
110260
2000
ဖန်တီးဖို့ နည်းလမ်းတစ်ခုကို တွေ့လာရပါတယ်။
01:52
I was introduced to Robyn, the Swedish pop star,
32
112260
5000
ဆွီဒင်လူမျိုး ပေါ့(ပ်)ဂီတကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Robyn နဲ့ မိတ်ဆက်ပေးခံခဲ့ရပါတယ်။
01:57
and she was also exploring
33
117260
2000
သူမကလည်း နည်းပညာဟာ
01:59
how technology coexists with raw human emotion.
34
119260
3000
အကြမ်းထည် လူသားဆိုင်ရာ စိတ်ခံစားမှုနဲ့ ဘယ်လို ယှဉ်တွဲနေတယ်ဆိုတာကို စူးစမ်းလေ့လာနေသူတစ်ယောက်ပါ။
02:02
And she talked about how technology with these new feathers,
35
122260
3000
နောက်ပြီး သူမက ဒီငှက်မွေးအသစ်တွေ၊ ဒီမျက်နှာပြင်ဆေးချယ်မှုန်းမှု၊ ဒီပန့်(ခ်)ဖင်ရှင် စတာတွေနဲ့ နည်းပညာက
02:05
this new face paint, this punk, the way that we identify with the world,
36
125260
3000
ဘယ်လိုဘယ်ပုံဆိုတာကို ပြောပြတယ်၊ လောကကြီးနဲ့ ကျွန်မတို့ ပတ်သက်ပုံတွေ၊
02:08
and we made this music video.
37
128260
2000
ပြီးတော့ ကျွန်မတို့ ဒီဂီတ ဗီဒီယိုကို ဘယ်လိုဖန်တီးခဲ့တယ် ဆိုတာရောပေါ့လေ။
02:10
I'm fascinated with the idea
38
130260
3000
ဇီဝဗေဒနဲ့ နည်းပညာကို ပေါင်းစပ်လိုက်တဲ့အခါ
02:13
of what happens when you merge biology with technology,
39
133260
3000
ဖြစ်ပေါ်လာတဲ့ စိတ်ကူးနဲ့ပတ်သက်ပြီး ကျွန်မအရမ်းကို စိတ်ဝင်စားခဲ့မိတာပေါ့။
02:16
and I remember reading about this idea of being able to reprogram
40
136260
4000
နောက်ပြီး အမှတ်ရမိသေးတာက အနာဂတ်တစ်နေ့မှာ ရောဂါဝေဒနာနဲ့ အိုမင်းရင့်ရော်ခြင်းကို ဖယ်ခွာပြီး
02:20
biology, in the future, away from disease and aging.
41
140260
3000
ဇီဝဗေဒကို ပြန်လည်စီမံပေးနိူင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ပတ်သက်ပြီး ဖတ်ရှုနေခဲ့တာကိုပါ။
02:23
And I thought about this concept of,
42
143260
2000
နောက်ပြီး ဒီသဘောတရားနဲ့ပတ်သက်ပြီး ကျွန်မတွေးမိတာက ...
02:25
imagine if we could reprogram
43
145260
2000
ဆိုပါတော့ အကယ်၍များပေါ့ ကျွန်မတို့တွေဟာ
02:27
our own body odor, modify and biologically enhance it,
44
147260
4000
ကျွန်မတို့ရဲ့ ကိုယ့်အနံ့ကို ပြန်လည်ပြုပြင်နိူင်ပြီး၊ ဒါကို မွမ်းမံကာ ဇီဝနည်းကျကျ ပိုကောင်းအောင်လုပ်နိူင်မယ်ဆိုရင်
02:31
and how would that change the way that we communicate with each other?
45
151260
3000
ဒါကနေပြီး ကျွန်မတို့အချင်းချင်း ဆက်သွယ်ပုံကို ဘယ်လိုများ အပြောင်းအလဲဖြစ်စေလိမ့်မလဲလို့ပေါ့။
02:34
Or the way that we attract sexual partners?
46
154260
3000
ဒါမှမဟုတ်လည်း ကြင်ဖော်ကြင်ဖက်တွေကို ဆွဲဆောင်ပုံတွေကိုပေါ့လေ။
02:37
And would we revert back to being more like animals,
47
157260
2000
ပြီးတော့ ကျွန်မတို့တွေဟာ တိရစ္ဆာန်တွေနဲ့တူတဲ့ ဒုံရင်းအခြေအနေကို ပြန်ရောက်သွားကြလေမလား။
02:39
more primal modes of communication?
48
159260
2000
ဗီဇစရိုက်ပို ဆန်တဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို သုံးလာကြမှာလား။
02:41
I worked with a synthetic biologist,
49
161260
3000
ကျွန်မဟာ ပစ္စည်းအတုများ ဖန်တီးရေး ဇီဝဗေဒပညာရှင် တစ်ယောက်နဲ့ တွဲလုပ်ခဲ့ပြီး
02:44
and I created a swallowable perfume,
50
164260
3000
မျိုချလို့ရတဲ့ ရေမွေးကို ဖန်တီးခဲ့ပါတယ်။
02:47
which is a cosmetic pill that you eat
51
167260
3000
ဒါကတော့ သင်စားသုံးလိုက်တဲ့ အလှအပဆိုင်ရာ ဆေးလုံးတစ်လုံးဖြစ်ပြီးတော့
02:50
and the fragrance comes out through the skin's surface when you perspire.
52
170260
4000
သင်ချွေးထွက်တဲ့အခါမှာ အမွှေးနံ့က အရေပြားရဲ့ မျက်နှာပြင်ကနေထွက်လာပါတယ်။
02:54
It completely blows apart the way that perfume is,
53
174260
4000
ဒါဟာဆိုရင် ရေးမွှေးရဲ့ သဘောသဘာဝကို လုံးလုံးလျားလျားကြီးခွဲထုတ်လိုက်ပြီး
02:58
and provides a whole new format.
54
178260
1000
ပုံစံသစ်တစ်ခုလုံးကို ပြဋ္ဌာန်းလိုက်တာပဲပေါ့။
02:59
It's perfume coming from the inside out.
55
179260
3000
ဒါဟာ အတွင်းဖက်ကနေ အပြင်ကိုထွက်လာတဲ့ ရေမွှေးပါ။
03:02
It redefines the role of skin, and our bodies become an atomizer.
56
182260
3000
ဒါဟာ အရေပြားရဲ့ အခန်းကဏ္ဍကို ပြန်လည်အနက်ဖွင့်ဆိုလိုက်တာဖြစ်ပြီး၊ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတွေဟာ ရေမွှေးဖြန်းကရိယာတွေ ဖြစ်လာတော့တာပေါ့။
03:05
I've learned that there's no boundaries,
57
185260
4000
ကျွန်မလေ့လာသိရှိမိသမျှကတော့ အကန့်အသတ်ဘောင်တွေ မရှိဘူးဆိုတာပါ။
03:09
and if I look at the evolution of my work
58
189260
2000
ပြီးတော့ ကျွန်မအလုပ်နဲ့ ပတ်သက်တဲ့ ဆင့်ကဲဖြစ်စဉ်ကို ကြည့်လိုက်မိရင်တော့
03:11
i can see threads and connections that make sense.
59
191260
4000
ယုတ္တိတန်တဲ့ အမျှင်အတန်းတွေနဲ့ ဆက်စပ်မှုတွေကို ကျွန်မမြင်နိူင်ပါတယ်။
03:15
But when I look towards the future,
60
195260
2000
ဒါပေမယ့် အနာဂတ်ဆီကို ကြည့်လိုက်တဲ့အခါမှာ
03:17
the next project is completely unknown and wide open.
61
197260
3000
နောက်လုပ်မယ့် ပရောဂျက်ဟာ လုံးဝကြီးကို အစိမ်းသက်သက်ကြီးဖြစ်ပြီး ကျယ်ပြောလှပါတယ်။
03:20
I feel like I have all these ideas existing embedded inside of me,
62
200260
4000
ဒီစိတ်ကူးတွေဟာ ကျွန်မရဲ့ ကိုယ်တွင်းမှာ အမြစ်တွယ်နေတယ်လို့ ခံစားရပါတယ်။
03:24
and it's these conversations and these experiences
63
204260
3000
နောက်ပြီး ဒီစိတ်ကူးတွေကို ဒီဆွေးနွေးပြောဆိုမှုတွေနဲ့ အတွေ့အကြုံတွေက
03:27
that connect these ideas, and they kind of instinctively come out.
64
207260
3000
ဆက်စပ်ပေးတာဖြစ်ပြီး သူတို့တွေဟာ သူ့အလိုလို ပေါ်ထွက်လာသလိုမျိုးပါ။
03:33
As a body architect,
65
213260
2000
ကိုယ်ခန္ဓာဆိုင်ရာ ဗိသုကာတစ်ယောက်အနေနဲ့
03:35
I've created this limitless and boundless platform
66
215260
2000
ကျွန်မလိုချင်တာ ဘာမဆိုကို ရှာဖွေဖို့အတွက်
03:37
for me to discover whatever I want.
67
217260
2000
ဒီအကန့်အသတ်မဲ့၊ အတိုင်းမသိတဲ့ နေရာတစ်ခုကို ဖန်တီးထားပါတယ်။
03:39
And I feel like I've just got started.
68
219260
3000
နောက်ပြီးတော့ ကျွန်မ အခုလေးတင်ပဲ စတင်လိုက်ပြီလို့ ခံစားမိပါတယ်။
03:42
So here's to another day at the office.
69
222260
3000
ဒီတော့ ဒါကတော့ ရုံးခန်းမှာ အလုပ်ခဲ့တဲ့ နေ့တစ်နေ့ပဲပေါ့ရှင်။
03:45
(Laughter) (Applause)
70
225260
3000
(ရယ်သံများ) (လက်ခုပ်သံများ)
03:48
Thank you!
71
228260
3000
ကျေးဇူးပါ။
03:51
Thank you!
72
231260
3000
ကျေးဇူးတင်ပါတယ်ရှင်။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7