McKenna Pope: Want to be an activist? Start with your toys

19,796 views ・ 2015-07-17

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:12
I'm McKenna Pope. I'm 14 years old,
0
12569
2544
ကျွန်မက မက်ကန်နာ ပို့(ပ်)ပါ။ ကျွန်မအသက်က (၁၄)နှစ်ပါ။
00:15
and when I was 13, I convinced
1
15113
1989
ကျွန်မအသက် (၁၃)နှစ်တုန်းက
00:17
one of the largest toy companies,
2
17102
1730
ကစားစရာထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့
00:18
toymakers, in the world, Hasbro,
3
18832
2403
ဟက်စ်ဗရိုလို့ခေါ်တဲ့ ကစားစရာထုတ်လုပ်သူတွေကို
00:21
to change the way that they marketed
4
21235
1958
သူတို့ရဲ့ ရောင်းအားအကောင်းဆုံး ကစားစရာထုတ်ကုန်တစ်ခုကို
00:23
one of their most best-selling products.
5
23193
2126
ဈေးကွက်တင် ရောင်းပုံကို ပြောင်းလဲဖို့သိမ်သွင်းစည်းရုံးနိုင်ခဲ့တယ်။
00:25
So allow me to tell you about it.
6
25319
1320
ဒါကြောင့် ဒီအကြောင်းအရာလေးကို ကျွန်မ ပြောပြပါရစေ။
00:26
So I have a brother, Gavin.
7
26639
1817
ကဲ ဒီတော့ ကျွန်မမှာ ဂါဗင်ဆိုတဲ့ မောင်လေးတစ်ယောက်ရှိတယ်။
00:28
When this whole shebang happened, he was four.
8
28456
2419
ဒီအဖြစ်အပျက်တွေ ဖြစ်တုန်းက သူက(၄)နှစ်သားပဲ ရှိသေးတယ်။
00:30
He loved to cook.
9
30875
1513
သူကချက်ပြုတ်တာကို ဝါသနာပါတယ်။
00:32
He was always getting ingredients out of the fridge
10
32388
2218
သူက ရေခဲသေတ္တာထဲကနေ ချက်ပြုတ်စရာ
00:34
and mixing them into these, needless to say,
11
34606
2140
အမယ်စုံကို ယူယူပြီး ရောစပ်ချက်တတ်တယ်လေ။ ဒီလို သူရဲ့ စုပေါင်းစပ်ပေါင်းတွေဟာ
00:36
uneatable concoctions,
12
36746
1389
ဘယ်လိုမှစားလို့မရတဲ့ဟာတွေဆိုတာတော့ ပြောစရာတောင် မလိုပါဘူးလေ။
00:38
or making invisible macaroni and cheese.
13
38135
3041
ဒါမှမဟုတ်ရင်လည်း တစ်ခါမှမမြင်သေးဘူးတဲ့ ခေါက်ဆွဲပွတွေ၊ ဒိန်ခဲတွေ လုပ်လုပ်နေတတ်တာပေါ့။
00:41
He wanted to be a chef really badly.
14
41176
3149
သူက စားဖိုမှုး အရမ်းဖြစ်ချင်ခဲ့တာလေ။
00:44
And so what better gift for a kid who wanted to be a chef
15
44325
3365
အဲဒီလို စားဖိုမှုးဖြစ်ချင်တဲ့ကောင်လေးအတွက် Easy-Bake Oven ဆိုတဲ့
00:47
than an Easy-Bake Oven. Right?
16
47690
2240
"မုန့်ဖုတ်ဖိုလေး"ကလွဲလို့ ပိုကောင်းတဲ့လက်ဆောင် ရှိပါဦးမလား။ ဟုတ်တယ်နော်။
00:49
I mean, we all had those when we were little.
17
49930
1843
ကျွန်မဆိုလိုတာက ငယ်ငယ်တုန်းက ကျွန်မတို့အားလုံးဆီမှာ အဲဒါတွေရှိခဲ့ကြတာပဲလေ။
00:51
And he wanted one so badly.
18
51773
2140
သူက အဲဒီတစ်ခုကို အရမ်းကို လိုချင်နေတာလေ။
00:53
But then he started to realize something.
19
53913
2619
ဒါပေမယ့် အဲဒီနောက်မယ် သူဟာတစ်စုံတစ်ခုကို နားလည်သဘောပေါက်လာတယ်။
00:56
In the commercials, and on the boxes for the Easy-Bake Ovens,
20
56532
3561
ကြော်ငြာတွေမှာ၊ ပြီးတော့ "မုန့်ဖုတ်ဖိုလေး"ရဲ့ ဘူးခွံတွေပေါ်မှာ
01:00
Hasbro marketed them specifically to girls.
21
60093
3231
ဟက်စ်ဗရိုက ဒီပစ္စည်းကို မိန်းခလေးတွေ သက်သက်အတွက် ဈေးကွက်တင်ရောင်းခဲ့တာပါ။
01:03
And the way that they did this
22
63324
1505
သူတို့ကြော်ငြာတဲ့နည်းက ဘူးခွံတွေပေါ်မှာ
01:04
was they would only feature girls on the boxes or in the commercials,
23
64829
3106
ဒါမှမဟုတ် စီးပွားရေး ကြော်ငြာတွေမှာ မိန်းခလေးတွေကိုပဲ အသားပေး ဖေါ်ပြလေ့ရှိကြပြီးတော့
01:07
and there would be flowery prints all over the ovens
24
67935
2379
မုန့်ဖုတ်ဖိုတွေ တစ်ခုလုံးကိုလည်း ပန်းပွင်တွေ ဝေဝေဆာဆာနဲ့ ပုံနှိပ်ဖေါ်ပြတတ်ကြတယ်။
01:10
and it would be in bright pink and purple,
25
70314
2953
ပီးတော့ပန်းရောင်တောက်တောက်နဲ့ ခရမ်းရောင်လိုမျိုး အရမ်းကို
01:13
very gender-specific colors to females, right?
26
73267
3341
မိန်းခလေးဆန်တဲ့ အရောင်တွေ ဖြစ်နေတတ်တယ်၊ မဟုတ်လား။
01:16
So it kind of was sending a message
27
76608
2585
အဲဒါကြောင့် ချက်ပြုတ်တယ် ဆိုတာဟာ
01:19
that only girls are supposed to cook; boys aren't.
28
79193
2965
မိန်းခလေးတွေရဲ့ အလုပ်၊ ယောက်ျားလေးတွေအတွက် မဟုတ်ဘူးလို့ ထောက်ပြနေသလိုမျိုး ဖြစ်နေခဲ့တာပေါ့။
01:22
And this discouraged my brother a lot.
29
82158
1573
ဒါက ကျွန်မ မောင်လေးကို တော်တော်ကြီးကို စိတ်ပျက်စေတာပေါ့။
01:23
He thought that he wasn't supposed to want to be a chef,
30
83731
3577
သူ့အနေနဲ့ သူဟာ စားဖိုမှုး တစ်ယောက် ဖြစ်ချင်စိတ် မရှိသင့်ဘူးဆိုတဲ့ အတွေးမျိုးရောက်သွားစေခဲ့တာပေါ့။
01:27
because that was something that girls did.
31
87308
1857
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာမိန်းခလေးတွေ လုပ်ကြတဲ့ကိစ္စ။
01:29
Girls cooked; boys didn't,
32
89165
1505
ချက်ပြုတ်ကြရမှာက မိန်းခလေးတွေ၊ ယောက်ျားလေးတွေ မဟုတ်ဘူး၊
01:30
or so was the message that Hasbro was sending.
33
90670
2490
ဘယ်လိုပဲဖြစ်ဖြစ် ဟက်စ်ဗရိုက အဲဒီလို ထောက်ပြသလို ဖြစ်နေခဲ့တာပဲလေ။
01:33
And this got me thinking,
34
93160
1986
ကျွန်မစဉ်းစားမိတာက
01:35
God, I wish there was a way that I could change this,
35
95146
2241
"ဘုရားရေ၊ ဒါကိုပြောင်းလဲနိူင်တဲ့ နည်းလမ်းတစ်ခုလောက် ငါ့ဆီမှာ ရှိချင်လိုက်တာ။
01:37
that could I have my voice heard by Hasbro
36
97387
3006
ဟက်စ်ဗရိုကို ငါ့သဘောထားကို ဖွင့်ပြောပြချင်လိုက်တာ။
01:40
so I could ask them and tell them
37
100393
1777
အဲဒီလိုဆိုရင် သူတို့လုပ်နေတဲ့ထဲက လွဲမှားနေတာက
01:42
what they were doing wrong
38
102170
1319
အဲဒါကိုပြောင်းလဲလိုက်ဖို့
01:43
and ask them to change it.
39
103489
1393
သူတိုကို တင်ပြနိူင်မယ်"ပေါ့။
01:44
And that got me thinking about a website
40
104882
1818
နောက်ပြီး ကျွန်မဟာ အဲဒီမတိုင်ခင် လအနည်းငယ်ခန့်က
01:46
that I had learned about a few months prior
41
106700
1471
ကျွန်မ ဖတ်လိုက်ရတဲ့
01:48
called Change.org.
42
108171
1547
Change.org လို့ခေါ်တဲ့ ဝက်(ဘ်)ဆိုဒ် အကြောင်းကို သတိရမိပါတယ်။
01:49
Change.org is an online petition-sharing platform
43
109718
3333
Change.org ဆိုတာကတော့မေတ္တာရပ်ခံချက်ကို ဖန်တီးလျက် အွန်းလိုင် မျှဝေပေးဖို့အတွက် အစီအစဉ်ကလေးတစ်ခုပါ။
01:53
where you can create a petition and share it
44
113051
2447
အဲဒီမှာ သင့်အနေနဲ့ မေတ္တာရပ်ခံချက်တစ်ခုကို ဖန်တီးပြီး
01:55
across all of these social media networks,
45
115498
2283
ဒီလူမှုရေးဆက်သွယ်မှုဆိုင်ရာ ကွန်ယက်တွေ အားလုံးကနေတဆင့် မျှဝေလို့ရတာပေါ့။
01:57
through Facebook, through Twitter,
46
117781
1442
Facebook ကဖြစ်ဖြစ်၊ Twitter ကဖြစ်ဖြစ်
01:59
through YouTube, through Reddit, through Tumblr,
47
119223
1554
YouTube ကဖြစ်ဖြစ်၊ Reddit ကဖြစ်ဖြစ်၊ Tumblr ကဖြစ်ဖြစ်ပေါ့။
02:00
through whatever you can think of.
48
120777
1869
ကိုယ့်ခေါင်းထဲမှာပေါ်လာသမျှ ဘာပဲဖြစ်ဖြစ်ပေါ့။
02:02
And so I created a petition
49
122646
1782
ဒီလိုနဲ့ပဲ You Tube ဗွီဒီယိုနဲ့အတူ
02:04
along with the YouTube video that I added to the petition
50
124428
3214
မတ္တာရပ်ခံချက် တစ်ခုကို ကျွန်မ ဖန်တီးလိုက်တာပေါ့။
02:07
basically asking Hasbro
51
127642
2026
ဒီမေတ္တာရပ်ခံချက်မှာ ကျွန်မ ဟက်စ်ဗရိုကုမ္ပဏီကို
02:09
to change the way that they marketed it,
52
129668
2247
သူတို့ပစ္စည်းကို ဈေးကွက်တင် ရောင်းပုံကို ပြောင်းလဲပစ်ဖို့ကို ကျွန်မ အဓိကထား တောင်းဆိုခဲ့တာပါ။
02:11
in featuring boys in the commercials, on the boxes,
53
131915
3023
စီးပွားရေးကြော်ငြာတွေ၊ ဘူးခွံတွေပေါ်မှာ ယောက်ျားကလေး ပုံတွေကို
02:14
and most of all creating them
54
134938
1960
ထည့်သွင်းဖေါ်ပြပေးဖို့နဲ့ သူတို့ ထုတ်လုပ်သမျှ အားလုံးနီးပါးထဲမှာ
02:16
in less gender-specific colors.
55
136898
2724
လိင်ခွဲခြားသတ်မှတ်တဲ့ အရောင်တွေကိုလျှော့ချပစ်ဖို့ပါ။
02:19
So this petition started to take off --
56
139622
3398
ဒီလိုနဲ့ မေတ္တာရပ်ခံပန်လွှာ ထွက်လာပါတော့တယ်။
02:23
humongously fast, you have no idea.
57
143020
3367
လုံးဝကို ယုံကြည်ဖို့ မလွယ်တဲ့ ကြောက်ခမန်းလိလိ အမြန်နှုန်းနဲ့ပါ။
02:26
I was getting interviewed by all these national news outlets
58
146387
3389
တစ်နိူင်ငံလုံးမှာရှိတဲ့ သတင်းဋ္ဌာနတွေ၊
02:29
and press outlets, and it was amazing.
59
149776
3576
စာနယ်ဇင်းတွေက ကျွန်မကို လာပြီး တွေဆုံမေးမြန်းနေခဲ့ကြတာ အံ့ ဩစရာပါပဲ။
02:33
In three weeks, maybe three and a half,
60
153352
2616
(၃)ပတ်အတွင်း ဒါမှမဟုတ် (၃)ပတ်ခွဲလောက် အတွင်းမှာ၊
02:35
I had 46,000 signatures on this petition.
61
155968
4809
ဒီကျွန်မရဲ့ မေတ္တာရပ်ခံလွာကို ဝင်ပြီး လက်မှတ်ထိုးသူ (၄၆၀၀၀) ရှိလာပါတယ်။
02:40
(Applause)
62
160777
2198
(လက်ခုပ်သံများ)
02:42
Thank you.
63
162975
1774
ကျးဇူးတင်ပါတယ်ရှင်။
02:44
So, needless to say, it was crazy.
64
164749
2377
ဒီတော့ လုံးဝကို ယုံနိုင်ဖွယ်ရာ မဟုတ်တဲ့ကိစ္စ တစ်ခုဆိုတာတော့ ပြောစရာမလိုပါဘူးနော်။
02:47
Eventually, Hasbro themselves invited me to their headquarters
65
167126
4606
နာက်ဆုံးမှာတော့ ဟက်စ်ဗရိုကို လူကြီးတွေကိုက
02:51
so they could go and unveil
66
171732
1598
ကျွန်မကို သူတို့ရဲ့ရုံးချုပ်ကို ဖိတ်ကြားပြီး အနက်ရောင်၊ ငွေရောင်နဲ့ အပြာရောင်တွေပါတဲ့
02:53
their new Easy-Bake Oven product to me
67
173330
2448
သူတို့ရဲ့ထုတ်ကုန် အသစ်ဖြစ်တဲ့ မုန့်ဖုတ်ဖိုကို
02:55
in black, silver and blue.
68
175778
1856
ကျွန်မကို ဖွင့်ပြီးပြသလာတဲ့ အထိပါပဲ။
02:57
It was literally one of the best moments of my life.
69
177634
2850
ဒါဟာဆိုရင် ကျွန်မဘဝရဲ့ အကောင်းဆုံး အခါသမယတွေထဲက တစ်ခုပါ။
03:00
It was like "Willy Wonka and the Chocolate Factory."
70
180484
2043
ဒါဟာ "ဝီလီဝန်ကာနဲ့ ချောကလက်စက်ရုံ" လိုမျိုးပဲလေ။
03:02
That thing was amazing.
71
182527
1886
"ဒီဖြစ်ရပ်က အံ့ ဩစရာကြီးပါ။"
03:04
What I didn't realize at the time, however,
72
184413
1670
ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မသဘောမပေါက်ခဲ့မိတာက
03:06
was that I had become an activist,
73
186083
1927
ကျွန်မဟာ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်လာပြီ ဆိုတာကိုပါ။
03:08
I could change something,
74
188010
1574
ကျွန်မဟာ တစ်စုံတစ်ရာကို ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာကိုပါ။
03:09
that even as a kid, or maybe even especially as a kid,
75
189584
3007
ကလေးလေး တစ်ယောက် အနေနဲ့တောင်၊ ဒါမှမဟုတ် အထူးသဖြင့် ကလေးတစ်ယောက် ဖြစ်နေခဲ့လို့၊ ကျွန်မရဲ့ သဘောထားဟာ
03:12
my voice mattered, and your voice matters too.
76
192591
2830
အရေးပါတယ် ဆိုတာကိုပါ။ ရှင်တို့အားလုံးရဲ့ သဘောထားဟာလည်း အရေးပါပါတယ်။
03:15
I want to let you know it's not going to be easy,
77
195421
1601
အဲဒီလို ကိစ္စဟာ တကယ့်ကို မလွယ်လှတာကို ရှင်တို့ကို ကျွန်မ ပြောကြားလိုပါတယ်။
03:17
and it wasn't easy for me,
78
197022
1416
တကယ်ပဲ ကျွန်မအတွက် မလွယ်ကူခဲ့ပါဘူး။
03:18
because I faced a lot of obstacles.
79
198438
2812
ဘာဖြစ်လို့လဲဆိုတော့ အတားအဆီးအများကြီးကို ကျွန်မ ရင်ဆိုင်ခဲ့ရတာပါ။
03:21
People online, and sometimes even in real life,
80
201250
3731
လူတွေဟာ အွန်လိုင်းပေါ်မှာ၊ တစ်ခါတစ်ရံ လက်တွေ့ဘဝထဲမှာ တောင်မှပဲ
03:24
were disrespectful to me and my family,
81
204981
2912
ကျွန်မနဲ့ ကျွန်မရဲ့မိသားစုကို မရိုမသေလုပ်ခဲ့ကြပြီး
03:27
and talked about how the whole thing was a waste of time,
82
207893
2631
ဒါကြီးတစ်ခုလုံးဟာ အချိန်ဖြုန်းတဲ့ ကိစ္စသက်သက်ကြီးလို့ ပြောဆိုခဲ့ကြသေးတယ်။
03:30
and it really discouraged me.
83
210524
1464
အဲဒါက ကျွန်မကို တော်တော်ကြီး စိတ်ဓါတ်ကျသွားစေတာပေါ့။
03:31
And actually, I have some examples, because what's better revenge
84
211988
3194
ပီးတော့လည်း တကယ့်ကို ကျွန်မမှာ သာဓကတွေရှိပါတယ်။
03:35
than displaying their idiocy?
85
215195
2551
"သူတို့ရဲ့အသိတရားမဲ့မှုတွေကို ပြသတာထက် ပိုကောင်းတဲ့လက်စားချေမှု ဆိုတာ မရှိနိုင်လို့ပါပဲ။"
03:37
So, let's see.
86
217746
1789
ကဲ ဒါဆိုကြည့် ကြရအောင်။
03:39
From user name Liquidsore29 --
87
219535
2724
Liquidsore29 ဆိုတဲ့ အင်တာနက်သုံးစွဲသူ တစ်ယောက်ဆီကပါ။
03:42
interesting user names we have here—
88
222259
2009
သုံးစွဲသူ နာမည်တွေက စိတ်ဝင်စားစရာကောင်းတယ်။
03:44
"Disgusting liberal moms making their sons gay."
89
224268
5780
"အမြင်ကပ်စရာကောင်းတဲ့ တွေးခေါ်မှုသစ်တွေကို လက်ခံထားကြတဲ့ မေမေတွေကတော့ သူတို့သားတွေကို မိန်းမလျာ ဖြစ်အောင် လုပ်နေကြတယ်။ "
03:50
Liquidsore29, really? Really? Okay.
90
230048
2755
Liquidsore29 တကယ် အဲဒီလို ထင်သလား။ တကယ်ပဲလား။ ကောင်းပါပြီ။
03:52
How about from Whiteboy77AGS:
91
232803
3840
Whiteboy77AGS ဆိုသူကတော့
03:56
"People always need something to (female dog) about."
92
236643
4149
"လူတွေအမြဲတမ်းလိုအပ်တာက တစ်ခုခု (ခွေးမ)ပါ။"
04:00
From Jeffrey Gutierrez:
93
240792
2290
Jeffery Gutierrez ဆိုသူကတော့
04:03
"OMG, shut up. You just want money and attention."
94
243082
3016
"သွားစမ်းပါ။နင်လိုချင်တာက ပိုက်ဆံနဲ့ လူတွေ အာရုံပြုလာဖို့ သက်သက်ပဲဟာ။"
04:06
So it was comments like these
95
246098
2273
ဒီလို မှတ်ချက်ပေးမှုတွေက အနာဂတ်မှာ
04:08
that really discouraged me from wanting to make change in the future
96
248371
2800
ပာင်းလဲမှုတွေကို လုပ်ချင်နေတဲ့ ကျွန်မကို တကယ်ပဲ စိတ်ပျက်အားလျှော့စေခဲ့တာပေါ့။
04:11
because I thought, people don't care,
97
251171
2457
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတွေးမိတာက "လူတွေက အရေးမစိုက်ကြဘူး။
04:13
people think it's a waste of time,
98
253628
2406
သူတို့က ဒါဟာအချိန်ဖြုန်းတာပဲ လို့ ထင်နေကြတယ်။
04:16
and people are going to be disrespectful to me and my family.
99
256034
3859
ပီးတော့ လူတွေဟာ ငါနဲ့ငါ့မိသားစုကို စော်ကားမော်ကား ပြုကြတော့မယ်"လို့ပေါ့။
04:19
It hurt me, and it made me think,
100
259893
2423
ဒါက ကျွန်မကိုနာကျင်စေတာပေါ့။
04:22
what's the point of making change in the future?
101
262316
2482
"အနာဂတ်မှာ အပြောင်းအလဲတွေ ပြုလုပ်လိုခြင်းရဲ့ အဓိကအချက်က ဘာလဲ" ဆိုပြီး ကျွန်မ တွေးလာရပါတယ်။
04:24
But then I started to realize something.
102
264798
2657
အဲဒီတချိန်တည်းမှာ ကျွန်မတစ်ခုခုကို စတင်နားလည်လာပါတယ်။
04:27
Haters gonna hate.
103
267455
2441
"မုန်းတတ်သူကတော့ မုန်းနေမှာပဲ။"
04:29
Come on, say it with me. One, two, three:
104
269896
1774
ကျွန်မနဲ့အတူ လိုက်ဆိုကြပါ။ တစ်၊ နှစ်၊ သုံး ။
04:31
Haters gonna hate.
105
271670
2468
"မုန်းတတ်သူကတော့ မုန်းနေမှာပဲ။"
04:34
So let your haters hate,
106
274138
1882
ဒါကြောင့် ကိုယ့်ကို မုန်းနေသူတွေ မုန်းကြပါစေ။
04:36
you know what, and make your change,
107
276020
1684
ဘာလုပ်ရမယ် ဆိုတာကို သင်သိပါတယ်။ သင့် ပြောင်းလဲချင်တာကို လုပ်ပါ။
04:37
because I know you can.
108
277704
1841
ရှင်တို့ လုပ်နိုင်တယ်ဆိုတာကို ကျွန်မ သိထားလို့ပါ။
04:39
I look out into this crowd,
109
279545
1422
ဒီမှာ ရှိနေတဲ့ ပရိတ်သတ်ထဲကို ကျွန်မ လှမ်းကြည့်လိုက်တော့
04:40
and I see 400 people
110
280967
2266
လူ (၄၀၀) ကို တွေ့မြင်ရတယ်။
04:43
who came out because they wanted to know how they could make a change,
111
283233
3245
ဒီကို ရှင်တို့ အားလုံး လာခဲ့ကြတာက အပြောင်းအလဲတစ်ခုခုကို ဘယ်လို လုပ်နိုင်သလဲဆိုတာကို သိချင်ကြလို့ပါ။
04:46
and I know that you can, and all of you watching at home can too
112
286478
2547
ရှင်တို့အားလုံး အိမ်မှာ ကြည့်နေသူတွေရော တတ်နိုင်ကြပါတယ်။
04:49
because you have so much that you can do and that you believe in,
113
289025
3672
သင်တို့ ယုံကြည်နေတဲ့ အရာတွေ အများကြီးရှိကာ သင်တို့ အဲဒါတွေကို လုပ်နိုင်လို့ပါ။
04:52
and you can trade it across all these social media,
114
292697
2818
ပီးတော့ အဲဒါကို လူမှုဆက်သွယ်ရေး မီဒီယာတွေ အားလုံးမှတဆင့် ဖလှယ်နိုင်ပါတယ်။
04:55
through Facebook, through Twitter, through YouTube, through Reddit, through Tumblr,
115
295515
2886
Facebook၊ Twitter၊ Youtube၊ Reddit၊ Tumblr စသဖြင့်ပေါ့။
04:58
through whatever else you can think of.
116
298401
1890
သင်စဉ်းစားလို့ရတဲ့ အခြား ဘယ်မီဒီယာမဆိုပါ။
05:00
And you can make that change.
117
300291
1456
ပီးတော့ သင်တို့ဟာ အဲဒီ အပြောင်းအလဲကို လုပ်နိုင်စွမ်းရှိပါတယ်။
05:01
You can take what you believe in
118
301747
1421
ကိုယ်ယုံကြည်တာကို စွဲကိုင်လျက်၊
05:03
and turn it into a cause and change it.
119
303168
2381
အဲဒါကို ကိုယ့်အရေးတော်ပုံကြီးလို သတ်မှတ်ကာ ပြောင်းလဲမှုကို လုပ်ဆောင်ပါ။
05:05
And that spark that you've been hearing about all day today,
120
305549
3068
ရှင်တို့ အားလုံး ဒီနေ့တစ်နေ့လုံး နားထောင်လာခဲ့ကြရတာက မီးပွားကလေးတစ်ခု အကြောင်းပါ။
05:08
you can use that spark that you have within you
121
308617
2636
အားလုံးအနေနဲ့ ကိုယ့်ဆီမှာကိန်းအောင်းနေတဲ့ အဲဒီလို မီးပွားကလေးကို အသုံးချပြီး
05:11
and turn it into a fire.
122
311253
1520
မီးတောက်အဖြစ် ထွန်းတောက်လာအောင် ပြောင်းလဲလိုက်ကြပါ။
05:12
Thank you.
123
312773
1776
ကျးဇူးတင်ပါတယ်ရှင်။
05:14
(Applause)
124
314549
2905
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7