Why you should know how much your coworkers get paid | David Burkus
187,128 views・2016-10-11
Double-click on the English subtitles below to play the video.
Translator: sann tint
Reviewer: Myo Aung
00:13
How much do you get paid?
သင် လစာ ဘယ်လောက်ရလဲ။
00:15
Don't answer that out loud.
အသံကျယ်ကြီး မဖြေပါနဲ့။
00:17
But put a number in your head.
ဒါပေမဲ့ ခေါင်းထဲမှာ ကိန်းတစ်ခုထည့်ပါ။
00:20
Now: How much do you think the person
sitting next to you gets paid?
ကဲ သင့်ဘေးမှာ ထိုင်နေတဲ့သူ လစာ
ဘယ်လောက် ရတယ်ထင်လဲ။
00:25
Again, don't answer out loud.
ထပ်ပြီးဗျာ၊ အသံကျယ်ကြီးနဲ့ မဖြေပါနဲ့။
00:27
(Laughter)
(ရယ်သံများ)
00:29
At work, how much do you think
အလုပ်မှာ သင့်ဘေးက အခန်းလေး ဒါမှမဟုတ်
00:31
the person sitting in the cubicle
or the desk next to you gets paid?
စားပွဲမှာ ထိုင်နေတဲ့လူ
လစာဘယ်လောက် ရတယ်ထင်လဲ။
00:35
Do you know?
သင်သိပါသလား။
00:36
Should you know?
သင် သိသင့်လား။
00:38
Notice, it's a little uncomfortable for me
to even ask you those questions.
သတိပြုပါ၊ ကျွန်တော့အတွက် ဒီမေးခွန်းတွေ
မေးဖို့ဆိုတာတောင် အားနာစရာပါ။
00:42
But admit it -- you kind of want to know.
ဒါပေမဲ့ ဝန်ခံရမှာက၊
လူတိုင်းသိချင်တာမျိုးလေ။
00:46
Most of us are uncomfortable with the idea
of broadcasting our salary.
အများစုဟာ ကိုယ့်လစာကို အများသိအောင်
ပြောရမှာကို စိတ်မသက်မသာဖြစ်တယ်။
00:50
We're not supposed to tell our neighbors,
အိမ်နီးနားချင်းတွေကို မပြောချင်ဘူး၊
00:52
and we're definitely not supposed
to tell our office neighbors.
ရုံးနီးနားချင်းတွေကို
လုံးဝ မပြောသင့်ဘူးပေါ့။
00:55
The assumed reason is that if everybody
knew what everybody got paid,
လက်ခံထားတဲ့ အကြောင်းရင်းက
လူတိုင်းရတဲ့ လစာတွေ လူတိုင်းသိသွားရင်
00:59
then all hell would break loose.
ပွက်လောရိုက်သွားမယ်ပေါ့။
01:01
There'd be arguments, there'd be fights,
ငြင်းခုံတာတွေ၊ ခိုက်ရန်တွေ ဖြစ်လာမယ်။
01:03
there might even be a few people who quit.
အလုပ်ထွက်တဲ့သူ တစ်ချို့တောင်
ရှိနိုင်တယ်ပေါ့။
01:05
But what if secrecy is actually
the reason for all that strife?
ဒါပေမဲ့ လျှို့ဝှက်မှုက ဒီပဋိပက္ခအားလုံး
အတွက် တကယ့် အကြောင်းရင်းပဲလား။
01:09
And what would happen
if we removed that secrecy?
ဒီလျှို့ဝှက်မှုကို ဖယ်လိုက်ရင် ဘာဖြစ်မလဲ။
01:12
What if openness actually increased
the sense of fairness and collaboration
ပွင့်လင်းမှုက ကုမ္ပဏီအတွင်းမှာ
မျှတမှုနဲ့ စုပေါင်းလုပ်ဆောင်မှုကို
01:16
inside a company?
တိုးစေတယ်ဆိုရင်ရော။
01:17
What would happen if we had
total pay transparency?
လစာပေးတာ လုံးဝ ပွင့်လင်းမြင်သာမှု
ရှိရင် ဘာဖြစ်လာမလဲ။
01:22
For the past several years,
လွန်ခဲ့တဲ့ နှစ်များစွာမှာ
01:23
I've been studying the corporate
and entrepreneurial leaders
ကုမ္ပဏီလည်ပတ်ပုံရဲ့
အစဉ်အလာ အတွေးအမြင်ကို မေးခွန်းထုတ်တဲ့
01:26
who question the conventional wisdom
about how to run a company.
ကုမ္ပဏီတွေနဲ့ စွန့်ဦးထွင်
ခေါင်းဆောင်တွေကို လေ့လာနေခဲ့တယ်။
01:30
And the question of pay keeps coming up.
လစာပေးတဲ့ ပြဿနာက ဆက်ဆက်ပေါ်လာတယ်။
01:33
And the answers keep surprising.
အဖြေတွေက ဆက်ပြီး အံ့သြစရာပါ။
01:36
It turns out that pay transparency --
ဖြစ်သွားတာက လစာ ပွင့်လင်းမြင်သာမှု၊
01:38
sharing salaries openly
across a company --
ကုမ္ပဏီက လစာတွေကို ပွင့်လင်းစွာ အသိပေးတာဟာ
01:40
makes for a better workplace
for both the employee
ဝန်ထမ်းရော၊ အဖွဲ့အစည်း
နှစ်ရပ်လုံးအတွက်ပါ ပိုကောင်းတဲ့
01:43
and for the organization.
အလုပ်ခွင်ဖြစ်စေတာပါ။
01:45
When people don't know how their pay
compares to their peers',
လူတွေဟာ အဖော်တွေနဲ့
သူတို့ လစာကို ဘယ်လိုယှဉ်ရမှန်း မသိတဲ့အခါ
01:48
they're more likely to feel underpaid
လစာလျှော့ပေးခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ်
01:50
and maybe even discriminated against.
လို့တောင် ပိုခံစားမိနိုင်ပါတယ်။
01:52
Do you want to work at a place
that tolerates the idea
ကိုယ်ဟာ လစာလျှော့ရတယ်၊
ခွဲခြားဆက်ခံရတယ်ဆိုတဲ့ အတွေးကို
01:55
that you feel underpaid
or discriminated against?
ခွင့်ပြုထားတဲ့ နေရာတစ်ခုမှာ
သင်ဟာ အလုပ်လုပ်ချင်လား။
01:58
But keeping salaries secret
does exactly that,
ဒါပေမဲ့ လစာတွေ
လျှို့ဝှက်ထားခြင်းက အဲဒီလိုဖြစ်စေကာ
02:01
and it's a practice
as old as it is common,
အဲဒါဟာ ရိုးအီနေတဲ့ အကျင့်ဟောင်းတစ်ခုပါ။
02:04
despite the fact
that in the United States,
အမေရိကမှာ လုပ်သားတွေရဲ့
02:06
the law protects an employee's right
to discuss their pay.
သူတို့လစာအား ဆွေးနွေးပိုင်ခွင့်ကို ဥပဒေနဲ့
ကာကွယ်ထားတာတောင် ရှိနေတယ်။
02:11
In one famous example from decades ago,
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက
ကျော်ကြားတဲ့ ဥပမာတစ်ခုမှာ
02:13
the management of Vanity Fair magazine
Vanity Fair မဂ္ဂဇင်းရဲ့ စီမံအုပ်ချုပ်မှုဟာ
02:16
actually circulated a memo entitled:
"ဝန်ထမ်းများအကြား လစာရရှိမှုအပေါ်
02:18
"Forbidding Discussion Among
Employees of Salary Received."
ဆွေးနွေးခြင်းမပြုရ"လို့ ခေါင်းစဉ်
တပ်ထားတဲ့ စာကို ဖြန့်ဝေခဲ့တယ်။
02:21
"Forbidding" discussion among
employees of salary received.
ဝန်ထမ်းများအကြား ရတဲ့လစာအား
ဆွေးနွေးခြင်းကို "တားမြစ်သည်"တဲ့။
02:25
Now that memo didn't sit well
with everybody.
ကဲ ဒီစာက လူတိုင်းနဲ့တော့ အဆင်မပြေဘူးပေါ့။
02:27
New York literary figures
Dorothy Parker,
New York စာပေ အထင်ကရ
Dorothy Parker
02:29
Robert Benchley and Robert Sherwood,
Robert Benchley၊ Robert Sherwood
02:31
all writers in the Algonquin Round Table,
တို့ဟာ Algonquin Round Table က
စာရေးဆရာတွေဖြစ်ပြီး
02:33
decided to stand up for transparency
ပွင့်လင်းမြင်သာရေးအတွက် ရပ်တည်ဖို့
02:35
and showed up for work the next day
ဆုံးဖြတ်ကာ နောက်နေ့ လစာရေးထားတဲ့
02:37
with their salary written on signs
hanging from their neck.
ဆိုင်းဘုတ်ကို သူတို့လည်ပင်းမှာ
ချိတ်ပြီး သူတို့ရဲ့ လစာကို ပြခဲ့တယ်။
02:40
(Laughter)
(ရယ်သံများ)
02:42
Imagine showing up for work
အားလုံး မြင်ဖို့ ရင်ဘတ်မှာ
02:44
with your salary just written
across your chest for all to see.
လစာရေးထားတာနဲ့ အလုပ်ကို
လာတာကို မြင်ယောင်ကြည့်ပါ။
02:49
But why would a company even want
to discourage salary discussions?
ဒါပေမဲ့ ဘာလို့ ကုမ္ပဏီတွေ လစာငွေ
ဆွေးနွေးမှုကို အားမပေးတာလဲ။
02:52
Why do some people go along with it,
while others revolt against it?
ဘာလို့ တစ်ချို့က ဒါနဲ့ အဆင်ပြေပြီး
တစ်ချို့က ဆန့်ကျင်ကြတာလဲ။
02:57
It turns out that in addition
to the assumed reasons,
ဖြစ်သွားတာက လက်ခံထားတဲ့
အကြောင်းရင်းတွေအပြင်
03:00
pay secrecy is actually a way
to save a lot of money.
လစာ လျှို့ဝှက်မှုဟာ တကယ်တော့
ငွေအမြောက်အများချွေတာဖို့ပါ။
03:04
You see, keeping salaries secret
မြင်ပြီနော် လစာတွေကို လျှို့ဝှက်ခြင်းဟာ
03:06
leads to what economists call
"information asymmetry."
စီးပွားရေးပညာရှင်တွေ ဆိုတဲ့ "သတင်း
အချိုးမညီမှု" ကိုဖြစ်စေတယ်။
03:09
This is a situation where,
in a negotiation,
ဒါက ညှိနှိုင်းမှုတစ်ခုမှာ တစ်ဖွဲ့က
တစ်ဖွဲ့ထက်
03:11
one party has loads more
information than the other.
သတင်းအချက်တွေ တစ်လှေကြီးပိုရတဲ့
အခြေအနေတစ်ခုရှိရာပါ။
03:14
And in hiring or promotion
or annual raise discussions,
ခန့်ထားခြင်း (သို့) ရာထူတိုး (သို့)
နှစ်စဉ် လစာတိုး ဆွေးနွေးမှုတွေမှာ
03:18
an employer can use that secrecy
to save a lot of money.
အလုပ်ရှင်ဟာ ငွေအများကြီး သက်သာဖို့
ဒီလျှို့ဝှက်မှုကို သုံးနိုင်ပါတယ်။
03:22
Imagine how much better
you could negotiate for a raise
လူတိုင်းရဲ့ လစာသိရင် လစာတိုးဖို့
ဘယ်လို အချက်ကျကျ
03:25
if you knew everybody's salary.
ညှိနှိုင်းနိုင်မှာကို မြင်ကြည့်ပါ။
03:29
Economists warn that information asymmetry
စီးပွားရေးပညာရှင်တွေက သတင်း
အချိုးမညီမှုဟာ စျေးကွက်
03:32
can cause markets to go awry.
ချော်နိုင်တယ်လို့ သတိပေးတယ်။
03:33
Someone leaves a pay stub on the copier,
တစ်ယောက်က လစာဖြတ်ပိုင်းကို
ကူးစက်ပေါ်မှာ
03:35
and suddenly everybody
is shouting at each other.
ထားတော့ ရုတ်တရက် အချင်းချင်း ထအော်ကြရောလေ။
03:38
In fact, they even warn
တကယ်က သတင်းအချက်အလက် အချိုးမညီမှုဟာ
03:40
that information asymmetry
can lead to a total market failure.
စျေးကွက် လုံးဝပျက်တဲ့အထိ ဖြစ်နိုင်
တယ်လို့ သတိပေးတာတောင်နော်။
03:46
And I think we're almost there.
ကျွန်တော်တို့ အဲဒီကို ရောက်လုပြီ ထင်တယ်။
03:48
Here's why:
ဒီမှာ အကြောင်းပြချက်ပါ။
03:49
first, most employees have no idea
how their pay compares to their peers'.
ပထမက ဝန်ထမ်းအများစုဟာ အဖော်တွေနဲ့
.ယှဉ်ရင် သူတို့ လစာ ဘယ်လိုနေမှန်း မသိတာပါ။
03:54
In a 2015 survey of 70,000 employees,
ဝန်ထမ်း ၇၀၀၀၀ ကို ၂၀၁၅ စစ်တမ်း ကောက်ခဲ့ရာ
03:58
two-thirds of everyone who is paid
at the market rate
စျေးကွက်နှုန်းအတိုင်းရတဲ့
လူတိုင်းထဲက သုံးပုံနှစ်ပုံက
04:02
said that they felt they were underpaid.
သူတို့ဟာ လျှော့ပေးတာခံရတယ်လို့
ခံစားမိတယ်တဲ့။
04:05
And of everybody who felt
that they were underpaid,
လစာလျှော့ပေးတယ်လို့ ခံစားမိသူတိုင်းရဲ့
04:07
60 percent said
that they intended to quit,
၆၀ ရာခိုင်နှုန်းက ထွက်ဖို့
ရည်ရွယ်ထားတယ်တဲ့။
04:10
regardless of where they were --
underpaid, overpaid
လျော့ပေးပေး၊ ပိုပေးပေးဒါမှမဟုတ်
စျေးကွက်နှုန်းအတိုင်း
04:13
or right at the market rate.
အမှန်ပဲဆိုဆို
ဘယ်နေရာဖြစ်ဖြစ်ပါ။
04:16
If you were part of this survey,
what would you say?
သင်ဟာ ဒီစစ်တမ်းမှာပါခဲ့မယ်ဆိုရင်
ဘာပြောမလဲ။
04:18
Are you underpaid?
လျှော့ပေးခံရလား။
04:19
Well, wait -- how do you even know,
ကောင်းပြီ၊ နေဦး ဘယ်လိုလုပ်ပြီး
သိခဲ့ရမှာလဲ၊
04:22
because you're not allowed
to talk about it?
အကြောင်းက ဒီအကြောင်း ပြောလို့မှမရတာ။
04:24
Next, information asymmetry, pay secrecy,
နောက်တစ်ခုက သတင်း အချိုးမညီမှု၊
လစာ လျှို့ဝှက်မှုဟာ
04:28
makes it easier to ignore
the discrimination
ယနေ့ စျေးကွက်မှာ ရှိပြီးဖြစ်တဲ့
ခွဲခြားဆက်ဆံမှုကို
04:31
that's already present
in the market today.
ပိုပြီး ဂရုမစိုက်ဖို့ ပိုလွယ်လာစေတယ်လေ။
04:34
In a 2011 report from the Institute
for Women's Policy Research,
Institute for Women's Policy Research က
၂၀၁၁ ခု အစီရင်ခံစာမှာ
04:37
the gender wage gap
between men and women
အမျိုးသားနဲ့ အမျိုးသမီးကြားက ကျား၊မ လုပ်ခ
04:40
was 23 percent.
ကွာခြားချက်က ၂၃ ရာခိုင်နှုန်းပါ။
04:42
This is where that 77 cents
on the dollar comes from.
ဒါက တစ်ဒေါ်လာ ရတဲ့အပေါ်မှာ ၇၇ ဆင့်ရှိရာပါ။
04:45
But in the Federal Government,
ဒါပေမဲ့ လစာအဆင့်အချို့မှာ
04:47
where salaries are pinned
to certain levels
တွဲထားတဲ့ ပြည်ထောင်စုအစိုးရမှာနဲ့
04:49
and everybody knows
what those levels are,
လူတိုင်းက အဲဒီအဆင့်တွေကို သိထားကြရာ
04:51
the gender wage gap
shrinks to 11 percent --
ကျား၊မ လုပ်ခကွာခြားချက်က
၁၁ % ထိကျုံ့သွားကာ
04:53
and this is before controlling
for any of the factors
ဒါ စီးပွားရေးပညာရှင်တွေ
ထိန်းချုပ်၊ မချုပ်
04:55
that economists argue over
whether or not to control for.
အငြင်းပွားတဲ့ အကြောင်းရင်းတွေ
အတွက် မထိန်းချုပ်ခင်ကပါ။
04:59
If we really want to close
the gender wage gap,
ကျား၊ မ လုပ်ခကွာခြားချက်ကို
တကယ်ပဲ ပိတ်ချင်ရင်
05:01
maybe we should start
by opening up the payroll.
လစာ စာရင်းကို ဖွင့်လိုက်မှုဖြင့်
စတင်သင့်တယ်။
05:04
If this is what total
market failure looks like,
ဒါက လုံးဝ စျေးကွက် ကျဆုံးမှုဟာ
ဒီပုံပေါက်တယ်ဆိုရင်
05:08
then openness remains
the only way to ensure fairness.
ပွင့်လင်းမှုဟာ သေချာပေါက်မျှာစေဖို့
တစ်ခုတည်းသော နည်းလမ်းဖြစ်ပါမယ်။
05:12
Now, I realize that letting people
know what you make
ကဲ သဘောပေါက်တာက ကိုယ့်ကို
ကသိကအောက် ဖြစ်စေလောက်တာကို
05:14
might feel uncomfortable,
လူတွေကို အသိပေးခြင်းဟာ
05:16
but isn't it less uncomfortable
ခွဲခြားဆက်ဆံတာခံနေရတယ်လို့
05:18
than always wondering
if you're being discriminated against,
သင်အမြဲတွေးနေမိတာ၊
ဒါမှမဟုတ် ကိုယ့်ဇနီး၊ သမီး (သို့)
05:20
or if your wife or your daughter
or your sister is being paid unfairly?
ညီမဟာ မမျှမတ လစာရနေလား ဆိုတာထက်
ကသိကအောက် နည်းတာမဟုတ်တာပါ။
05:25
Openness remains the best way
to ensure fairness,
ပွင့်လင်းမှုဟာ သေချာပေါက် မျှတစေဖို့
အကောင်းဆုံး နည်းလမ်း ဖြစ်ကျန်နေပြီး
05:29
and pay transparency does that.
လစာ ပွင့်လင်းမြင်သာမှုက ဒါကိုလုပ်ပါတယ်။
05:31
That's why entrepreneurial leaders
and corporate leaders
ဒါကြောင့် စွန့်ဦးထွင်နဲ့ လုပ်ငန်းစု
ခေါင်းဆောင်တွေဟာ
05:34
have been experimenting
with sharing salaries for years.
လစာတွေကို အသိပေးတာနဲ့ စမ်းသပ်နေတာ
နှစ်တွေချီနေပါပြီ။
05:37
Like Dane Atkinson.
ဥပမာ Dane Atkinson ပါ။
05:38
Dane is a serial entrepreneur
who started many companies
Dane ဟာ လစာငွေ လျှို့ဝှက်မှု စည်းကမ်း
ချက်ထဲမှာ ကုမ္ပဏီများစွာကို စခဲ့တဲ့
05:42
in a pay secrecy condition
ဆက်တိုက် စွန့်ဦးထွင်ဖြစ်ပြီး
05:44
and even used that condition
to pay two equally qualified people
ဒီစည်းကမ်းကို အရည်အချင်းတူတဲ့
လူနှစ်ယောက်ကို
05:47
dramatically different salaries,
ညှိနှိုင်းနိုင်ပုံအပေါ် မူတည်ပြီး
05:49
depending on how well
they could negotiate.
အင်မတန် မတူတဲ့ လစာတွေ
ပေးဖို့တောင် သုံးခဲ့တယ်။
05:52
And Dane saw the strife
that happened as a result of this.
ဒါရဲ့ အကျိုးဆက်အဖြစ် ဖြစ်ခဲ့တဲ့
ပဋိပက္ခကို မြင်မိတယ်။
05:55
So when he started
his newest company, SumAll,
ဒါကြောင့် သူ့ရဲ့ အသစ်ဆုံး ကုမ္ပဏီ
SumAll စတော့
05:58
he committed to salary transparency
from the beginning.
အစတည်းက လစာ ပွင့်လင်း
မြင်သာမှုကို လုပ်ဆောင်ခဲ့တယ်။
06:01
And the results have been amazing.
အကျိုးဆက်တွေက အံ့သြစရာပါ။
06:04
And in study after study,
လေ့လာမှု တစ်ခုပြီး တစ်ခုမှာ
06:06
when people know
how they're being paid
လူတွေ သူတို့ လစာရပုံနဲ့ သူတို့
06:07
and how that pay compares to their peers',
အဖော်တွေရဲ့ လစာနဲ့ နှိုင်းယှဉ်ပုံ သိတော့
06:10
they're more likely to work hard
to improve their performance,
သူတို့ဟာ လုပ်ဆောင်မှုကို
တိုးတက်အောင် ကြိုးစားဖို့၊
06:12
more likely to be engaged,
and they're less likely to quit.
ပိုအံကျဖို့ ပိုဖြစ်နိုင်ကာ
အလုပ်ထွက်နိုင်ခြေ ပိုနည်းသွားတယ်။
06:15
That's why Dane's not alone.
ဒါကြောင့် Dane တင် မကဘူး။
06:17
From technology start-ups like Buffer,
Buffer လို နည်းပညာ ကနဦး လုပ်ငန်းတွေကနေ
06:19
to the tens of thousands
of employees at Whole Foods,
ဝန်ထမ်း သိန်းချီရှိတဲ့ Whole Foods အထိပါ၊
06:23
where not only is your salary
available for everyone to see,
အဲဒီမှာ သင့်လစာကို လူတိုင်း မြင်နိုင်ရုံမက
06:26
but the performance data
for the store and for your department
စတိုးနဲ့ ဌာနအတွက် အတွက်
လုပ်ဆောင်မှု အချက်အလက်ပါ
06:29
is available on the company intranet
ကုမ္ပဏီ ရုံးတွင်းကွန်ရက်မှာ
06:31
for all to see.
အားလုံးမြင်နိုင်ပါတယ်။
06:33
Now, pay transparency
takes a lot of forms.
ကဲ လစာ ပွင့်လင်းမြင်သာမှုက
ပုံစံအများကြီးရှိပါတယ်။
06:36
It's not one size fits all.
အားလုံးနဲ့ ကိုက်တဲ့ ပုံစံမရှိပါ။။
06:38
Some post their salaries for all to see.
တစ်ချို့က သူတို့လစာကို
အားလုံးမြင်ဖို့ တင်တယ်။
06:40
Some only keep it inside the company.
တစ်ချို့က ကုမ္ပဏီတွင်းမှာပဲ သိစေချင်တယ်။
06:42
Some post the formula for calculating pay,
တစ်ချို့က လစာတွက်တဲ့ ပုံသေနည်းတင်ပြီး
06:45
and others post the pay levels
အခြားသူတွေက လစာအဆင့်တွေတင်ကာ
06:47
and affix everybody to that level.
ဒီအဆင့်တွေက လူတိုင်းနဲ့ တွဲလိုက်တယ်။
06:49
So you don't have to make signs
ဒီတော့ ရုံးဝန်းကျင်က သင့်ဝန်ထမ်းတွေ
06:51
for all of your employees
to wear around the office.
အားလုံးအတွက် ဆိုင်းဘုတ်တွေ
လုပ်ပေးစရာမလိုပါဘူး။
06:53
And you don't have to be
the only one wearing a sign
အိမ်မှာ လုပ်ခဲ့တဲ့ ဆိုင်းဘုတ်ဆွဲသူဟာ
သင်တစ်ယောက်တည်း
06:56
that you made at home.
ဖြစ်ဖို့ မလိုပါဘူ။
06:58
But we can all take greater steps
towards pay transparency.
ဒါပေမဲ့ အားလုံး လစာ ပွင့်လင်းမှုဆီ
ခြေလှမ်းကျဲတွေ လှမ်းနိုင်တယ်။
07:02
For those of you that have the authority
လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေအတွက်
07:04
to move forward towards transparency:
လစာ ပွင့်လင်းမြင်သာမှုဆီ ရှေ့ဆက်ဖို့
07:06
it's time to move forward.
ဒါဟာ ရှေ့ဆက်ဖို့ အချိန်ပါ။
07:07
And for those of you
that don't have that authority:
လုပ်ပိုင်ခွင့် မရှိသူတွေအတွက်တော့
သင့်တို့ရဲ့
07:10
it's time to stand up for your right to.
အခွင့်အရေးအတွက် ထတောင်းဖို့ အချိန်ပါ။
07:13
So how much do you get paid?
ဒီတော့ သင် လစာ ဘယ်လောက်ရလဲ။
07:16
And how does that compare
to the people you work with?
ကိုယ့်နဲ့အတူ အလုပ်လုပ်သူတွေနဲ့
ဘယ်လို နှိုင်းယှဉ်လဲ။
07:19
You should know.
သင် သိသင့်တယ်လေ။
07:21
And so should they.
သူတို့ရော သိသင့်တာပေါ့။
07:23
Thank you.
ကျေးဇူးတင်ပါတယ်။
07:25
(Applause)
(လက်ခုပ်သံများ)
About this site
This site will introduce you to YouTube videos that are useful for learning English.
Double-click on the English subtitles displayed on each video page to play the video from there.
The subtitles scroll in sync with the video playback.
If you have any comments or requests, please contact us using this contact form.