This is what it's like to go undercover in North Korea | Suki Kim

3,633,257 views ・ 2015-06-08

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Aung Min Reviewer: Myo Aung
00:12
In 2011, during the final six months of Kim Jong-Il's life,
0
12555
5664
၂၀၁၁ တုန်းက Kim Jong Il ဘဝ ရဲ့ နောက်ဆုံးခြောက်လမှာ
00:19
I lived undercover in North Korea.
1
19029
3170
ကျွန်မက မြောက်ကိုးရီးယား မှာ လျှို့ဝှက်စွာ နေထိုင်ခဲ့ပါတယ်။
00:23
I was born and raised in South Korea, their enemy.
2
23791
3468
ကျွန်မက သူတို့ရဲ့ ရန်သူနိုင်ငံ တောင်ကိုးရီးယားမှာ မွေးပြီးကြီးပြင်းတာပါ။
00:28
I live in America, their other enemy.
3
28035
2716
အခုက သူတို့ရဲ့ နောက်ရန်သူနိုင်ငံ တစ်ခု အမေရိကန်မှာ နေတာပါ။
00:32
Since 2002, I had visited North Korea a few times.
4
32369
3698
၂၀၀၂ ကတည်းက ကျွန်မ မြောက်ကိုးရီးယားကို အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးပါတယ်။
00:36
And I had come to realize that to write about it with any meaning,
5
36942
4843
ကျွန်မ သိလိုက်တာက အဲဒီနိုင်ငံအကြောင်းကို အဓိပ္ပါယ်ရှိရှိရေးချင်ရင် ဒါမှမဟုတ်
00:42
or to understand the place beyond the regime's propaganda,
6
42339
4278
အစိုးရရဲ့ သတင်းအချက်အလက်ကို ကျော်လွန်ပြီး နားလည်ဖို့ဆိုရင်
00:47
the only option was total immersion.
7
47411
3941
တစ်ခုတည်းသော နည်းလမ်းက လုံးဝ နှစ်မြှုပ်လျက် နေထိုင်ခြင်းပါဘဲ။
00:54
So I posed as a teacher and a missionary
8
54109
4251
ဒါကြောင့် ကျွန်မ ဆရာမတစ်ယောက် သာသနာပြုအဖွဲ့ဝင် အနေနဲ့
00:58
at an all-male university in Pyongyang.
9
58360
3788
Pyongyang ရဲ့ အမျိုးသား တက္ကသိုလ်မှာ လုပ်ကိုင်ခဲ့ပါတယ်။
01:06
The Pyongyang University of Science and Technology
10
66239
3762
Pyongyang သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကို
01:10
was founded by Evangelical Christians who cooperate with the regime
11
70001
5933
ခရစ်ယာန်အဖွဲ့ဝင်က တည်ဆောက်ခဲ့တာပါ။ မြောက်ကိုးရီးယား အထက်တန်းစားလူတွေရဲ့
01:15
to educate the sons of the North Korean elite,
12
75958
4470
သားတွေကို ပညာသင်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။
01:21
without proselytizing, which is a capital crime there.
13
81212
3888
ဘာသာကူးပြောင်းတာ မပါဘဲနဲ့ပေါ့။ အဲဒါက ကြီးမားတဲ့ ပြစ်မှုလေ။
01:27
The students were 270 young men, expected to be the future leaders
14
87196
6701
ကျောင်းသားတွေကတော့ ယောက်ျားလေး ၂၇၀ ယောက်ဖြစ်ပါတယ်။ သူတို့က မကြာခင်
အသီးခြားဆုံး အရက်စက်ဆုံး အာဏာရှင်စနစ်ရဲ့ အနာဂတ် ခေါင်းဆောင်လေးတွေ ဖြစ်ကြမှာပါ။
01:33
of the most isolated and brutal dictatorship in existence.
15
93921
5043
01:40
When I arrived, they became my students.
16
100689
4262
ကျွန်မရောက်လာတော့ သူတို့က ကျွန်မ ကျောင်းသားလေးတွေ ဖြစ်လာကြပါတယ်။
01:47
2011 was a special year,
17
107336
2282
၂၀၁၁ ကတော့ ထူးခြားတဲ့နှစ်ပါ။
01:49
marking the 100th anniversary of the birth of North Korea's original Great Leader,
18
109642
6241
အကြောင်းက မြောက်ကိုးရီးယား မူလ ခေါင်းဆောင်ကြီး
Kim Il-Sung ရဲ့ မွေးနေ့ရဲ့
01:55
Kim Il-Sung.
19
115908
1458
အကြိမ် ၁၀၀ မြောက် နှစ်ပတ်လည်မို့လို့ပါ။
01:57
To celebrate the occasion, the regime shut down all universities,
20
117869
5492
အဲဒါကို ကျင်းပဖို့အတွက် အစိုးရက တက္ကသိုလ်အားလုံးကို ပိတ်ပင်ခဲ့ပြီး
02:03
and sent students off to the fields
21
123385
2810
DPRK ရည်ညွန်းထားတဲ့ စံပြနမူနာ ကမ္ဘာ အာဏာအကြီးဆုံးနှင့်
02:06
to build the DPRK's much-heralded ideal
22
126220
4133
အကြွယ်ဝဆုံး နိုင်ငံတော် တည်ဆောက်ဖို့
02:10
as the world's most powerful and prosperous nation.
23
130378
3641
ကျောင်းသားတွေကို ကွင်းပြင်ထဲကို စေလွှတ်ခဲ့ပါတယ်။
02:16
My students were the only ones spared from that fate.
24
136958
2897
ကျွန်မရဲ့ ကျောင်းသားတွေသာ အဲကံကြမ္မာကနေ ကင်းလွတ်ခဲ့ကြတာပါ။
02:21
North Korea is a gulag posing as a nation.
25
141502
3663
မြောက်ကိုးရီးယားက အကျဉ်းစခန်းနဲ့တူတဲ့ နိုင်ငံတော်တစ်ခု ဖြစ်ပါတယ်။
02:26
Everything there is about the Great Leader.
26
146038
2432
အဲနိုင်ငံမှာ အရာရာတိုင်းဟာ ခေါင်းဆောင်ကြီးအကြောင်း ဖြစ်ပါတယ်။
02:28
Every book, every newspaper article, every song, every TV program --
27
148494
5310
စာအုပ်တိုင်း သတင်းစာဆောင်းပါးတိုင်း သီချင်းတိုင်း ရုပ်သံအစီအစဉ်တိုင်း မှာ
02:33
there is just one subject.
28
153828
1652
အကြောင်းအရာတစ်ခုဘဲရှိတာပါ။
02:35
The flowers are named after him,
29
155970
1941
ပန်းတွေကိုလည်း သူ့နာမည်ကို ပေးထားတယ်။
02:37
the mountains are carved with his slogans.
30
157935
2872
တောင်တန်းတွေမှာလည်း သူရဲ့ ကြွေးကြော်သံတွေ ရေးထွင်းထားတယ်။
02:40
Every citizen wears the badge of the Great Leader at all times.
31
160831
4357
နိုင်ငံသားတိုင်းလည်း ခေါင်းဆောင်ကြီး တံဆိပ် အချိန်ပြည့် တပ်ထားရပါတယ်။
02:45
Even their calendar system begins with the birth of Kim Il-Sung.
32
165861
4182
သူတို့ရဲ့ ပြက္ခဒိန်တောင် Kim Il-Sung မွေးနေ့နဲ့ စတာပါ။
02:51
The school was a heavily guarded prison, posing as a campus.
33
171521
4738
ကျောင်းက အတင်းအကြပ် စောင့်ကြပ်ခံနေရတဲ့
ထောင်ကြီးတစ်ခု ဖြစ်ပေမဲ့ ကျောင်းဆောင်တစ်ခု ပုံစံမျိုးလို ထင်ရတယ်။
02:56
Teachers could only leave on group outings accompanied by an official minder.
34
176751
5622
ဆရာတွေက အုပ်စုလိုက် အပျော်ရီးခရီးထွက်တဲ့အချိန်မှ
တရားဝင် စောင့်ကြပ်သူ တစ်ယောက်နဲ့သာလျှင် ထွက်ခွင့်ရှိတာပါ။
03:03
Even then, our trips were limited to sanctioned national monuments
35
183960
5373
အဲဒါတောင်မှ ကျွန်မတို့ သွားရတဲ့နေရာတွေက
ခွင့်ပြုထားတဲ့ ခေါင်းဆောင်ကြီးကို ဂုဏ်ပြုထားတဲ့
03:09
celebrating the Great Leader.
36
189357
1807
အမျိုးသား ကျောက်တိုင်လေးတွေပါ။
03:12
The students were not allowed to leave the campus,
37
192405
3845
ကျောင်းသားတွေက ကျောင်းပြင် ထွက်ခွင့်မရှိဘူး။
03:16
or communicate with their parents.
38
196274
2638
မိဘတွေနဲ့လည်း ဆက်သွယ်ခွင့်မရှိဘူး။
03:20
Their days were meticulously mapped out, and any free time they had
39
200761
4125
ကျောင်းအချိန်တွေကို လည်း အတိအကျ ရေးဆွဲထားပါတယ်။
ရှိတဲ့အားလပ်ချိန်တွေတောင်
03:24
was devoted to honoring their Great Leader.
40
204911
3391
သူတို့ရဲ့ ခေါင်းဆောင်ကြီးကို ဂုဏ်ပြုရတာပါ။
03:29
Lesson plans had to meet the approval of North Korean staff,
41
209421
5007
သင်ခန်းစာတွေကိုလည်း မြောက်ကိုးရီးယား အာဏာပိုင်များထံမှ ခွင့်ပြုချက်ယူရပါတယ်။
03:34
every class was recorded and reported on, every room was bugged,
42
214452
4205
စာသင်ခန်းစာတိုင်းကို မှတ်တမ်းတင်ပြီး ပြန်တင်ပြရပါတယ်။
စာသင်ခန်းတိုင်းမှာ အသံနားထောင်စက်တွေကို တပ်ထားပြီး
03:38
and every conversation, overheard.
43
218681
2698
စကားပြောဆိုမှုတိုင်း ပြန်နားထောင်ခံရပါတယ်။
03:42
Every blank space was covered with the portraits of Kim Il-Sung and Kim Jong-Il,
44
222743
5670
ဗလာစာအုပ် စာမျက်နှာတိုင်းမှာ Kim Il-Sung နဲ့
Kim Jong-Il တို့ရဲ့ ပုံတွေပါပါတယ်။
03:48
like everywhere else in North Korea.
45
228413
2635
မြောက်ကိုးရီးယားရဲ့ ကျန်တဲ့ နေရာတိုင်းမှာလိုပါပဲ။
03:53
We were never allowed to discuss the outside world.
46
233092
2853
ကျွန်မတို့ အပြင်ကမ္ဘာ အကြောင်း ဆွေးနွေးခွင့်မရှိပါဘူး။
03:55
As students of science and technology, many of them were computer majors
47
235969
5010
သိပ္ပံနဲ့ နည်းပညာကျောင်းသားအနေနဲ့ သူတို့ရဲ့ အဓိကဘာသာရပ်က
ကွန်ပျုတာဘာသာရပ်ပါ။
04:01
but they did not know the existence of the Internet.
48
241003
2609
ဒါပေမဲ့လည်း အင်တာနက်ရှိတယ်ဆိုတာ သူတို့တွေမသိကြပါဘူး။
04:04
They had never heard of Mark Zuckerberg or Steve Jobs.
49
244555
3858
သူတို့တွေ Mark Zuckerberg ဒါမှမဟုတ် Steve Jobs အကြောင်းလည်း မကြားဖူးပါဘူး။
04:09
Facebook, Twitter -- none of those things would have meant a thing.
50
249525
4008
Facebook၊ Twitter ဆိုတာ သူတို့ဘာမှန်း မသိခဲ့ကြပါ။
04:14
And I could not tell them.
51
254605
2443
ကျွန်မလည်း သူတို့ကို မပြောပြနိုင်ခဲ့ဘူးလေ။
04:18
I went there looking for truth.
52
258861
2350
ကျွန်မ အဲမှာ အမှန်တရားကိုရှာဖို့ သွားခဲ့တာပါ။
04:22
But where do you even start when an entire nation's ideology,
53
262135
3646
ဒါပေမဲ့ တစ်နိုင်ငံလုံးရဲ့ သဘောတရား ကျောင်းသားတွေရဲ့ နေ့စဉ် လက်တွေ့ဘဝ
04:25
my students' day-to-day realities,
54
265805
1993
04:27
and even my own position at the universities,
55
267823
3951
ပြီးရင် တက္ကသိုလ်ထဲက ကျွန်မ ရဲ့ ရာထူးတောင်
04:31
were all built on lies?
56
271798
2851
အလိမ်အညာအပေါ် အခြေခံထားတယ် ဆိုတော့
ကျွန်မ ဘယ်ကနေ စတင်ရမှာလဲ။
04:37
I started with a game.
57
277930
1150
ကစားနည်းတစ်ခုဖြင့် ကျွန်မ စခဲ့ပါတယ်။
04:39
We played "Truth and Lie."
58
279976
1606
"အမှန်တရားနဲ့ မုသား"ပေါ့။
04:42
A volunteer would write a sentence on the chalkboard,
59
282689
2643
အကူကျောင်းသား တစ်ယောက်က ကျောက်သင်ပုန်းပေါ်မှာ စာတစ်ကြောင်းရေးတယ်
04:45
and the other students had to guess
60
285356
2751
ကျန်တဲ့ ကျောင်းသားတွေက အမှန်တရားလား
04:48
whether it was a truth or a lie.
61
288131
3003
မုသားလားဆိုပြီး ခန်းမှန်းရတာပါ။
04:51
Once a student wrote, "I visited China last year on vacation,"
62
291158
4203
တစ်ခါတော့ ကျောင်းသားတစ်ယောက်က "ကျွန်ုပ် တရုတ်ပြည်ကို
အရင်တစ်နှစ်က အလည်အပတ် သွားခဲ့သည်။"လို့ ရေးပါတယ်။
04:55
and everyone shouted, "Lie!"
63
295385
2608
အားလုံးက "မုသား"လို့ အော်ကြပါတယ်။
04:59
They all knew this wasn't possible.
64
299025
2268
သူတို့အားလုံး ဒါက မဖြစ်နိုင်ဘူးဆိုတာ သိကြပါတယ်။
05:01
Virtually no North Korean is allowed to leave the country.
65
301317
3956
ဘယ်မြောက်ကိုးရီးယားသားမှ နိုင်ငံကို ထွက်ခွာခွင့်မရှိပါဘူး။
05:05
Even traveling within their own country requires a travel pass.
66
305297
4321
သူတို့ နိုင်ငံအတွင်း ခရီးသွားချင်ရင်တောင် ခရီးသွားခွင့် လက်မှတ်လိုပါတယ်။
05:12
I had hoped that this game would reveal some truth about my students,
67
312569
5277
ဒီကစားနည်းလေးဟာ ကျွန်မ ကျောင်းသားလေးတွေနဲ့ ပတ်သတ်ပြီး
အမှန်တရားတွေကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
05:17
because they lie so often and so easily,
68
317870
3063
အကြောင်းက သူတို့က မကြာမကြာ လွယ်လွယ်နဲ့ လိမ်တတ်ကြလို့ပါ။
05:20
whether about the mythical accomplishments of their Great Leader,
69
320957
4413
သူတို့ခေါင်းဆောင်ကြီးရဲ့ မဟုတ်မှန်တဲ့ အောင်မြင်မှုတွေဘဲဖြစ်ဖြစ်
05:25
or the strange claim that they cloned a rabbit as fifth graders.
70
325394
4038
၅ တန်းတုန်းက ယုန်ကို ပုံတူပွားခဲ့တယ်ဆိုတဲ့ ထူးဆန်းတဲ့ အဆိုဘဲဖြစ်ဖြစ်ပေါ့။
05:31
The difference between truth and lies seemed at times hazy to them.
71
331482
4917
အမှန်တရားနဲ့ မုသားကြား ခြားနားချက်တွေက သူတို့အတွက် မှုန်ဝါးနေတတ်ပါတယ်။
05:36
It took me a while to understand the different types of lies;
72
336423
4091
မုသား ပုံစံအမျိုးမျိုးကို နားလည်ဖို့ ကျွန်မ အချိန်အနည်းငယ် ကြာခဲ့ပါတယ်။
05:40
they lie to shield their system from the world,
73
340538
2976
သူတို့စနစ်ကို ကမ္ဘာကြီး မသိအောင် ကာကွယ်ဖို့ လိမ်ကြတယ်။
05:43
or they were taught lies, and were just regurgitating them.
74
343538
3855
ဒါမှမဟုတ် သူတို့တွေ အလိမ်အညာသင်ခံရတယ် ပြီးရင် အဲဒါတွေကိုဘဲ ပြန်အန်ထုတ်နေတာပါ။
05:47
Or, at moments, they lied out of habit.
75
347417
2618
တစ်ခါတစ်လေ ကျတော့လည်း အကျင့်လို့တောင်ဖြစ်နေပါပြီ။
05:52
But if all they have ever known were lies,
76
352314
4111
ဒါပေမဲ့ သူတို့သိထားတာမှန်သမျှ မုသားတွေဘဲဆိုရင်
05:56
how could we expect them to be otherwise?
77
356449
2500
သူတို့တွေ တစ်မျိုးဖြစ်ဖို့ ဘယ်လို မျှော်လင့်လို့ရမှာလဲ။
06:01
Next, I tried to teach them essay writing.
78
361330
2559
နောက် ကျွန်မ သူတို့ကို စာစီစာကုံးရေးဖို့ သင်ရန် ကြိုးစားခဲ့တယ်။
06:04
But that turned out to be nearly impossible.
79
364408
2241
ဒါပေမဲ့ အဲဒါက မဖြစ်နိုင်လုနီးပါးပါဘဲ။
06:07
Essays are about coming up with one's own thesis,
80
367225
3819
စာစီစာကုံးဆိုတာ ကိုယ်ပိုင် အဆိုကို ရေးပြီး
06:11
and making an evidence-based argument to prove it.
81
371412
3561
အဲဒီအဆိုကို သက်သေပြဖို့ သက်သေခံ ဆွေးနွေးချက်တွေကို ရေးရတာဖြစ်ပါတယ်။
06:16
These students, however, were simply told what to think,
82
376044
3917
ဒါပေမဲ့ ဒီကျောင်းသားတွေကိုကျတော့ ဘာကိုဘဲစဉ်းစားရမယ်ဆိုတာ ပြောထားပါတယ်။
06:19
and they obeyed.
83
379985
1150
ပြီးရင် သူတို့က နာခံပါတယ်။
06:21
In their world, critical thinking was not allowed.
84
381800
3363
သူတို့ နိုင်ငံမှာ စနစ်ကျ တွေးခေါ်မှုမျိုးဆိုတာ ခွင့်မပြုပါဘူး။
06:26
I also gave them the weekly assignment of writing a personal letter,
85
386880
4631
ကျွန်မ သူတို့ကို ကိုယ်ရေး ပေးစာရေးဖို့ အပတ်စဉ် အိမ်စာ ပေးပါတယ်။
06:31
to anybody.
86
391535
1150
ဘယ်သူထံကိုဘဲဖြစ်ဖြစ်ပေါ့။
06:33
It took a long time, but eventually some of them began to write
87
393310
4174
အချိန် တော်တော် ကြာခဲ့ပေမဲ့လည်း နောက်ဆုံးတော့
သူတို့ထဲက တစ်ချို့ ပေးစာ စတင်ရေးလာပါတယ်။
06:37
to their mothers, their friends, their girlfriends.
88
397509
3674
သူတို့ အမေဆီ၊ သူတို့ သူငယ်ချင်း၊ သူတို့ ရည်စားဆီကိုပေါ့။
06:42
Although those were just homework,
89
402479
2992
အဲဒါတွေက အိမ်စာဘဲဖြစ်တယ်
06:45
and would never reach their intended recipients,
90
405496
3555
သူတို့ရဲ့ လက်ခံသူဆီ မရောက်ဘူးဆိုပေမဲ့လည်း
06:49
my students slowly began to reveal their true feelings in them.
91
409076
4069
ကျွန်မ ကျောင်းသားတွေက တဖြည်းဖြည်းနဲ့
သူတို့ စစ်မှန်တဲ့ ခံစားချက်ကို ဖော်ပြလာကြပါတယ်။
06:54
They wrote that they were fed up with the sameness of everything.
92
414376
4146
သူတို့တွေ အရာရာတိုင်း ဆင်တူဖြစ်နေတာကို စိတ်ကုန်တဲ့ အကြောင်းတွေ ရေးပါတယ် ။
06:59
They were worried about their future.
93
419435
1944
သူတို့ရဲ့ အနာဂတ်ကို စိတ်ပူကြပါတယ်။
07:01
In those letters, they rarely ever mentioned their Great Leader.
94
421787
4924
အဲဒီပေးစာတွေမှာတော့ သူတို့ရဲ့ ခေါင်းဆောင်ကြီးအကြောင်းကို
ထည့်မရေးကြပါဘူး။
07:10
I was spending all of my time with these young men.
95
430806
3016
ကျွန်မ အချိန်အားလုံး ဒီကောင်လေးတွေနဲ့ အတူရှိနေတာပါ။
07:14
We all ate meals together, played basketball together.
96
434558
4486
ကျွန်မတို့တွေ အစားအတူတူစားတယ် ဘက်စကစ်ဘော အတူကစားတယ်။
07:19
I often called them gentlemen, which made them giggle.
97
439679
4405
ကျွန်မ သူတို့ကို လူကြီးလူကောင်းလေးတွေလို့ ခေါ်တော့
သူတို့တွေ တစ်ခစ်ခစ်ရယ်ကြတယ်။
07:24
They blushed at the mention of girls.
98
444858
1963
မိန်းကလေး အကြောင်းပြောရင် သူတို့တွေ ရှက်သွေးဖြာကြပါတယ်။
07:28
And I came to adore them.
99
448332
1968
ကျွန်မ သူတို့ကို မြတ်နိုးလာပါတယ်။
07:30
And watching them open up even in the tiniest of ways,
100
450703
3637
သူတို့ နည်းနည်းလေးဘဲ ရင်ဖွင့်တာကိုကြည့်ရင်းတောင်
07:34
was deeply moving.
101
454364
2070
ကျွန်မ ကြည်နူးမိပါတယ်။
07:37
But something also felt wrong.
102
457967
1914
ဒါပေမဲ့ တစ်ခုခု မှားယွင်းနေသလိုလည်း ခံစားရပါတယ်။
07:40
During those months of living in their world,
103
460973
2849
သူတို့နိုင်ငံမှာ နေနေတဲ့ လအတော်အတွင်း
07:43
I often wondered if the truth would, in fact, improve their lives.
104
463846
4819
အမှန်တရားက သူတို့ရဲ့ ဘဝကို
ပိုကောင်းစေမလားလို့ ကျွန်မ သိချင်မိခဲ့ပါတယ်။
07:51
I wanted so much to tell them the truth,
105
471759
3091
ကျွန်မ သူတို့ကို အမှန်တရား ပြောပြချင်ခဲ့ပါတယ်။
07:54
of their country and of the outside world,
106
474874
3420
သူတို့နိုင်ငံနဲ့ ပတ်သတ်ပြီး အပြင်ကမ္ဘာနဲ့ ပတ်သတ်ပြီး
07:58
where Arab youth were turning their rotten regime inside out,
107
478318
3991
အာရပ်လူငယ်တွေက သူတို့ရဲ့ အကျင့်ပျက် အစိုးရကို တိုက်ခိုက်နေကြတဲ့အကြောင်း
08:02
using the power of social media,
108
482333
1795
လူမှုကွန်ယက်ကို သုံးပြီးတော့ပေါ့။
08:04
where everyone except them was connected through the world wide web,
109
484152
4698
ပြီးရင် သူတို့က လွဲပြီး ကျန်တဲ့သူတွေအားလုံး
ကမ္ဘာအနှံ့မရောက်တဲ့ ကမ္ဘာ အင်တာနက်ကွန်ယက်ကို သုံးပြီး
08:08
which wasn't worldwide after all.
110
488874
2841
ချိတ်ဆက်နေတဲ့ အကြောင်းကိုကောပေါ့။
08:13
But for them, the truth was dangerous.
111
493489
3511
ဒါပေမဲ့ သူတို့အတွက် အမှန်တရားက အန္တရာယ်များပါတယ်။
08:18
By encouraging them to run after it, I was putting them at risk --
112
498955
4899
အမှန်တရားကို ရှာဖွေဖို့အတွက် သူတို့ကို အားပေးနေတာဟာ
ကျွန်မက သူတို့ကို အရဲစွန့်ခိုင်းနေသလို ဖြစ်နေပါတယ်။
08:23
of persecution,
113
503878
2357
ဖိနှိပ်မှု ခံရဖို့အတွက်
08:26
of heartbreak.
114
506259
1351
ကြေကွဲခံရဖို့ အတွက်ကိုပေါ့။
08:30
When you're not allowed to express anything in the open,
115
510755
2658
သင်ဟာ အရာရာကို ထုတ်ဖော်ပြောခွင့်မရှိတဲ့အခါ
08:33
you become good at reading what is unspoken.
116
513437
2881
မပြောဖြစ်တဲ့ အရာတွေကို ဖတ်တဲ့နေရာမှာ တော်လာပါတယ်။
08:37
In one of their personal letters to me, a student wrote that he understood
117
517736
5024
သူတို့ ကျွန်မကို ရေးပေးတဲ့ ပေးစာတစ်ခုမှာ ကျောင်းသားတစ်ယောက်က ရေးပါတယ်
08:42
why I always called them gentlemen.
118
522784
2842
ကျွန်မ သူတို့ကို ဘာလို့ လူကြီးလူကောင်းလေးလို့ခေါ်တာလဲပါ။
08:46
It was because I was wishing them to be gentle in life, he said.
119
526630
4803
အကြောင်းကတော့ ကျွန်မ သူတို့ကို
ကောင်းမွန်ညင်သာစေချင်လို့ပါလို့ ပြောပါတယ်။
08:54
On my last day in December of 2011,
120
534767
2777
2011 ဒီဇင်ဘာ နောက်ဆုံးနေ့လေး
08:57
the day Kim Jong-Il's death was announced,
121
537568
2750
Kim Jong-Il သေဆုံးကြောင်း ကြေငြာတဲ့နေ့လေးမှာ
09:00
their world shattered.
122
540342
1648
သူတို့ရဲ့ ကမ္ဘာလေး ပြိုကွဲခဲ့ပါတယ်။
09:04
I had to leave without a proper goodbye.
123
544798
2582
သူတို့ကို မနှုတ်ဆက်ဘဲ ကျွန်မ ထွက်ခွာခဲ့ရပါတယ်။
ဒါပေမဲ့ ကျွန်မဘယ်လောက်တောင်
09:08
But I think they knew how sad I was for them.
124
548667
2538
ဝမ်းနည်းလဲဆိုတာ သူတို့သိမယ်လို့ ကျွန်မထင်ပါတယ်။
09:12
Once, toward the end of my stay, a student said to me,
125
552340
3905
တစ်ခါတော့ ကျွန်မရဲ့ နောက်ဆုံးနေ့လေးမှာ ကျောင်းသားတစ်ယောက်က ကျွန်မကိုပြောပါတယ်။
09:16
"Professor, we never think of you as being different from us.
126
556269
5474
"ဆရာမကို ကျွန်တော်တို့ နဲ့ မတူကွဲပြားတယ်လို့
ကျွန်တော်တို့ ဘယ်တော့မှ မတွေးပါဘူး။"
09:21
Our circumstances are different, but you're the same as us.
127
561767
6107
ကျွန်တော်တို့ရဲ့ အခြေအနေအရပ်တွေက မတူပေမဲ့လည်း
ဆရာမက ကျွန်တော်တို့နဲ့ အတူတူပါ။
09:27
We want you to know that we truly think of you as being the same."
128
567898
4118
ဆရာမ နဲ့ ကျွန်တော်တို့ အတူတူပဲဆိုတာ ဆရာမကို သိစေချင်ပါတယ်။"
09:37
Today, if I could respond to my students with a letter of my own,
129
577999
3807
ဒီနေ့ ကျွန်မကျောင်းသားတွေထံ ပေးစာသာ ပေးပို့လို့ရခဲ့ရင်
09:41
which is of course impossible,
130
581830
2476
ဖြစ်တော့မဖြစ်နိုင်ဘူး ဆိုပေမဲ့လည်း
09:44
I would tell them this:
131
584330
1599
ကျွန်မ သူတို့ကို ဒါလေးပြောမှာပါ။
09:49
"My dear gentlemen,
132
589876
2649
"ကျွန်မရဲ့ ချစ်လှစွာသော လူကြီးလူကောင်းလေးတွေ
09:52
It's been a bit over three years since I last saw you.
133
592550
2974
မင်းတို့နဲ့ နောက်ဆုံးတွေ့တာ သုံးနှစ်ကျော်တောင်ရှိသွားပြီ။
09:55
And now, you must be 22 -- maybe even as old as 23.
134
595549
4246
ခုဆိုရင် မင်းတို့ ၂၂ နှစ် ဒါမှမဟုတ် ၂၃ နှစ်ရှိနေလောက်ပြီ။
10:00
At our final class, I asked you if there was anything you wanted.
135
600565
3600
နောက်ဆုံးအတန်းချိန်လေးမှာ မင်းတို့ လိုချင်တာဘာများရှိလဲလို့ ကျွန်မမေးခဲ့တယ်။
10:05
The only wish you expressed, the only thing you ever asked of me
136
605822
3419
မင်းတို့ရဲ့ တစ်ခုတည်းသော ဆန္ဒ မင်းတို့ တောင်းဆိုခဲ့တဲ့ အရာတစ်ခုကတော့
10:09
in all those months we spent together,
137
609265
3418
မင်းတို့နဲ့ အတူရှိနေတဲ့ ကာလအတော်အတွင်း
10:12
was for me to speak to you in Korean.
138
612707
1926
မင်းတို့ကို ကိုးရီးယားစကားနဲ့ ပြောဖို့လေးပေါ့။
10:15
Just once.
139
615160
1150
တစ်ကြိမ်တည်းပေါ့။
10:17
I was there to teach you English;
140
617084
2476
ငါက မင်းတို့ကို အင်္ဂလိပ်စာသင်ဖို့လာခဲ့တာ။
10:19
you knew it wasn't allowed.
141
619584
1517
အဲဒါ ခွင့်မပြုဘူးဆိုတာ မင်းတို့သိပါတယ်။
10:22
But I understood then, you wanted to share that bond of our mother tongue.
142
622144
5731
ဒါပေမဲ့ ငါနားလည်ပါတယ် မင်းတို့တွေ
ငါတို့ရဲ့ မိခင်ဘာသာစကားကို ဝေမျှချင်တယ်ဆိုတာကို။
10:30
I called you my gentlemen,
143
630052
3230
ငါ မင်းတို့ကို လူကြီးလူကောင်းလေးလို့ခေါ်တယ်။
10:33
but I don't know if being gentle in Kim Jong-Un's merciless North Korea
144
633306
4421
ဒါပေမဲ့ Kim Jong-Un ရဲ့ အကြင်နာတရားမဲ့တဲ့ မြောက်ကိုးရီးယားမှာ
10:37
is a good thing.
145
637751
1182
ဒါမျိုးက ကောင်းမလားဆိုတာ ငါလည်းမသိဘူး။
10:39
I don't want you to lead a revolution --
146
639717
2327
ငါ မင်းတို့ကို တော်လှန်ရေးကို မဆင်နွှဲစေချင်ဘူး။
10:42
let some other young person do it.
147
642068
2004
တစ်ခြား လူငယ်တွေကို အဲဒါကို လုပ်ကြပါစေ။
10:45
The rest of the world might casually encourage or even expect
148
645035
3546
ကျန်တဲ့ ကမ္ဘာကတော့ တိုက်တွန်းချင် တိုက်တွန်းမယ် ဒါမှမဟုတ်
မြောက်ကိုးရီးယား
10:48
some sort of North Korean Spring,
149
648605
2350
နွေဦးအရာမျိုးကို မျှော်လင့်နေကြလိမ့်မယ်။
10:50
but I don't want you to do anything risky,
150
650979
2522
ဒါပေမဲ့ မင်းတို့ကို အရဲစွန့်တာမျိုး မလုပ်စေချင်ဘူး။
10:53
because I know in your world, someone is always watching.
151
653525
3844
အကြောင်းက မင်းတို့နိုင်ငံမှာ တစ်ယောက်ယောက်က
အမြဲ စောင့်ကြည့်နေမယ်ဆိုတာ ငါသိတယ်လေ။
10:59
I don't want to imagine what might happen to you.
152
659027
2484
မင်းတို့ ဘယ်လိုဖြစ်ပျက်သွားမှာကို ငါ စိတ်ကူးယဉ် မကြည့်ချင်ဘူး။
11:02
If my attempts to reach you have inspired something new in you,
153
662225
4942
မင်းတို့ကို စာသင်ဖို့ ငါရဲ့ အားထုတ်မှုတွေက မင်းတို့ကို လုံ့ဆော်သလိုဖြစ်သွားခဲ့ရင်
11:07
I would rather you forget me.
154
667191
1550
မင်းတို့ ငါကို ခွင့်လွှတ်ကြပါ။
11:09
Become soldiers of your Great Leader, and live long, safe lives.
155
669646
4339
မင်းတို့ ခေါင်းဆောင်ကြီးအတွက် စစ်သားတွေ ဖြစ်လာကြပါ။
အေးချမ်း လုံခြုံတဲ့ ဘဝကို ဖြတ်သန်းပါ။
11:16
You once asked me if I thought your city of Pyongyang was beautiful,
156
676361
4699
မင်းတို့ Pyongyang မြို့ လှတယ်လို့ထင်လား ငါကို တစ်ခါမေးတယ်။
11:21
and I could not answer truthfully then.
157
681084
2692
ငါ အမှန်အတိုင်း မဖြေနိုင်ခဲ့ပါဘူး။
11:25
But I know why you asked.
158
685609
1381
ဒါပေမဲ့ မင်းတို့ ဘာလို့ မေးလဲဆိုတာ ငါသိပါတယ်။
11:27
I know that it was important for you to hear that I, your teacher,
159
687493
4531
ဒါက မင်းတို့အတွက် အရေးကြီးလို့လေ။ ငါ မင်းတို့ရဲ့ဆရာမ
11:32
the one who has seen the world that you are forbidden from,
160
692048
3861
မင်းတို့ မြင်ခွင့် မရှိတဲ့ ကမ္ဘာကို မြင်ခဲ့တယ်သူက
11:35
declare your city as the most beautiful.
161
695933
3327
မင်းတို့ မြို့ကို အလှဆုံးလို့ ပြောခဲ့တယ်။
11:41
I know hearing that would make your lives there a bit more bearable,
162
701793
5155
ဒီလိုပြောလို့ မင်းတို့ရဲ့ဘဝကို ပိုခံရပ်နိုင်ဖို့ ကူပေးမယ်ဆိုတာ ငါသိပါတယ်။
11:46
but no, I don't find your capital beautiful.
163
706972
3367
ဒါပေမဲ့ လည်း မင်းတို့ မြို့တော်ကို လှတယ်လို့ ငါ မထင်ဘူး။
11:50
Not because it's monotone and concrete,
164
710900
2629
ငြီးငွေ့ဖို့ကောင်းလို့ အသက်မဲ့သလို ခံစားရလို့တော့မဟုတ်ဘူး
11:53
but because of what it symbolizes:
165
713553
1863
ဒါပေမဲ့ အဲဒါ ဖော်ဆောင်နေတဲ့ အသွင်က
11:55
a monster that feeds off the rest of the country,
166
715440
4833
တစ်နိုင်ငံလုံးကို မှီငြမ်းစားသုံးနေတဲ့ ဘီးလူးနဲ့ တူနေလို့ပါ။
12:00
where citizens are soldiers and slaves.
167
720297
2873
နိုင်ငံသားတွေက စစ်သားတွေ ကျေးကျွန်တွေဖြစ်နေတယ်လေ။
12:05
All I see there is darkness.
168
725734
1608
ငါ မြင်တွေ့ရတဲ့ အရာတွေကတော့ အမှောင်ထုပါဘဲ။
12:09
But it's your home, so I cannot hate it.
169
729932
2448
ဒါပေမဲ့ အဲဒါက မင်းတို့ အိမ်ဆိုတော့ ငါ မုန်းလို့မရဘူးလေ။
12:13
And I hope instead that you, my lovely young gentlemen,
170
733623
5037
မင်းတို့ ငါရဲ့ ချစ်လှစွာသော လူကြီးလူကောင်းလေးတွေက
12:18
will one day help make it beautiful.
171
738684
2494
တစ်နေ့ အဲဒါကို လှပအောင် လုပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
12:22
Thank you.
172
742970
1188
ကျေးဇူးတင်ပါတယ်။
12:24
(Applause)
173
744183
5165
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7