How to raise a Black son in America | Clint Smith

455,757 views ・ 2015-04-23

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:12
Growing up, I didn't always understand
0
12890
2300
အရွယ်ရောက်တော့ အမြဲနားမလည်မိတာက
00:15
why my parents made me follow the rules that they did.
1
15190
2695
ဘာလို့များမိဘတွေကစည်းကမ်းတွေကို လိုက်နာခိုင်းလဲဆိုတာပါ။
00:17
Like, why did I really have to mow the lawn?
2
17885
2790
ဆိုပါစို့၊ ဘာလို့ ကျွန်တော်မြက်ရိတ်ဖို့လိုတာလဲ။
00:20
Why was homework really that important?
3
20675
2668
ဘာလို့ အိမ်စာက အရမ်းကြီးအရေးကြီးတာလဲ။
00:23
Why couldn't I put jelly beans in my oatmeal?
4
23343
3924
ဘာလို့ ယာဂုထဲ jelly bean တွေထည့်လို့မရတာလဲ။
00:27
My childhood was abound with questions like this.
5
27267
2856
ကလေးဘဝမှာ အဲလိုမေးခွန်းတွေနဲ့ ပြည့်နေခဲ့ပါတယ်။
00:30
Normal things about being a kid and realizing that sometimes,
6
30123
4273
ကလေးဖြစ်ခြင်းရဲ့သာမာန်ကိစ္စတွေနဲ့ တစ်ခါတစ်လေ သိသွားမိတာက
00:34
it was best to listen to my parents even when I didn't exactly understand why.
7
34396
4083
ဘာလို့ဆိုတာ သေချာမသိတောင် မိဘစကား နားထောင်တာ အကောင်းဆုံးပဲဆိုတာပါ။
00:38
And it's not that they didn't want me to think critically.
8
38479
3016
သူတို့ ကျွန်တော့ကို ဝေဖန်ပြီး မစဉ်းစားစေချင်လို့ မဟုတ်ပါ
00:41
Their parenting always sought to reconcile the tension
9
41495
2601
သူတို့ဆုံးမမှုက မောငိနှမတွေကြား တင်းမာမှုကို သင့်မြတ်ဖို့နဲ့
00:44
between having my siblings and I understand the realities of the world,
10
44096
3451
သင့်မြတ်ဖို့နဲ့ ကျွန်တော့ကို လောကရဲ့ ဖြစ်ရပ်တွေ နားလည်စေချင်တာပါ။
00:47
while ensuring that we never accepted the status quo as inevitable.
11
47547
4107
တစ်ချိန်တည်း လွှဲရှောင်မရတဲ့ ရှိရင်းစွဲကို အမြဲ လက်မခံတာ သေချာဖို့ပါ။
00:51
I came to realize that this, in and of itself,
12
51654
3308
ဒါဟာ ပညာရေးရဲ့ အရမ်း အကျိုးရှိတဲ့
00:54
was a very purposeful form of education.
13
54964
2366
နည်းလမ်းတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ်။
00:58
One of my favorite educators, Brazilian author and scholar Paulo Freire,
14
58050
4120
အနှစ်သက်ဆုံးဆရာ ဘရာဇီးသား စာရေးဆရာနဲ့ကျောင်းဆရာ Paulo Freire က
01:02
speaks quite explicitly about the need for education
15
62170
3099
ပညာရေးလိုအပ်ချက်ကို အရေးပါတဲ​့ နိူးကြားခြင်းနဲ့ တူညီတဲ့
01:05
to be used as a tool for critical awakening and shared humanity.
16
65269
3848
လူသားဆန်မှုအတွက်အသုံးပြုဖို့ တိတိကျကျပြောထားပါတယ်။
01:09
In his most famous book, "Pedagogy of the Oppressed,"
17
69857
2785
သူ့ရဲ့ အကျော်ကြားဆုံးစာအုပ် "Pedagogy of the Oppressed" မှာဖေါ်ပြထားတာက
01:12
he states, "No one can be authentically human
18
72642
4514
"အခြားသူတေွကို လူသားအစစ် အမှန်ဖြစ်ခြင်းမှ တားနေလို့ကတော့
01:17
while he prevents others from being so."
19
77156
2231
ဘယ်သူမှလူသားအစစ်အမှန်ဖြစ်နိုင်မည် မဟုတ်" တဲ့။
01:20
I've been thinking a lot about this lately, this idea of humanity,
20
80167
3820
ဒီအကြောင်း တစ်လောက တော်တော် တွေးနေခဲ့တယ်၊လူသားဆန်မှုစိတ်ကူးပါ။
01:23
and specifically, who in this world is afforded the privilege
21
83987
3277
အထူးသဖြင့် ဒီကမ္ဘာထဲက ရာနှုန်းပြည့် လူသားအဖြစ် အသိမှတ်ပြုခံရတဲ့
01:27
of being perceived as fully human.
22
87264
3016
အထူးအခွင့်အရေးပေးအပ်တာ ခံရတဲ့သူတွေပါ
01:30
Over the course of the past several months,
23
90280
2330
ပြီးခဲ့တဲ့လတွေတစ်လျှောက်မှာ
01:32
the world has watched as unarmed black men, and women,
24
92610
3208
အမည်မပေါ်တဲ့ လူမည်းယောကျ်ားတွေ၊ မိန်းမတွေဟာ သူတို့ရဲ့အသက်တွေကို
01:35
have had their lives taken at the hands of police and vigilante.
25
95818
3937
ရဲတွေ၊ကင်းစောင့်တွေရဲ့လက်မှာ ယူဆောင် တာခံရတာ ကမ္ဘာကကြည့်ခဲ့တယ်။
01:39
These events and all that has transpired after them
26
99755
2893
ဒီအဖြစ်တွေနဲ့ ဒါတွေနောက်က ဖြစ်သမျှ အားလုံးဟာ ကလေးဘဝနဲ့အမေရိကမှာ
01:42
have brought me back to my own childhood
27
102648
2108
လူမည်းယောကျ်ားလေး ပျိုးထောင်တာနဲ့ဆိုင်တဲ့
01:44
and the decisions that my parents made about raising a black boy in America
28
104756
4344
မိဘတွေလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဆီ ပြန်ခေါ်သွားပါတယ်။
01:49
that growing up, I didn't always understand in the way that I do now.
29
109100
4107
အခု နားလည်သလို ကျွန်တော် အမြဲနားမလည်ခဲ့ပါဘူး။
01:53
I think of how hard it must have been, how profoundly unfair it must have felt
30
113977
4235
တွေးမိတာက ဒါဟာဘယ်လိုခက်ခဲမယ်၊ ညညကျွန်တော်အိမ်ပြန်လာဖို့အတွက်
01:58
for them to feel like they had to strip away parts of my childhood
31
118212
4185
ကျွန်တော့ ကလေးဘဝအပိုင်းအစတွေကို ဆုတ်ဖြဲပစ်ခဲ့ရတာမျိုးဟာ သူတို့အတွက်
02:02
just so that I could come home at night.
32
122409
2801
ဘယ်လို တရားမျှတမှုမရှိ လဲဆိုတာကို ခံစားမိခဲ့ကြမလဲဆိုတာပါ။
02:05
For example, I think of how one night,
33
125210
2101
ဥပမာ တွေးမိတာက တစ်ည ၁၂နှစ်သားတုန်းကပေါ့၊
02:07
when I was around 12 years old, on an overnight field trip to another city,
34
127311
3902
အခြားမြို့ကို ညအိပ်ကွင်း ဆင်းထွက်တုန်းကဖြစ်ပုံကိုပါ။
02:11
my friends and I bought Super Soakers
35
131213
2346
ကျွနိတော်တို့သူငယ်ချင်းတွေ Super Soakers ဝယ်ပြီး
02:13
and turned the hotel parking lot into our own water-filled battle zone.
36
133559
4010
ရေဖြည့်ထားတဲ့ ကိုယ်ပိုင်စစ်ပွဲဇုန် ဟိုတယ် ကားရပ်စခန်းကို ပြန်ခဲ့တယ်။
02:18
We hid behind cars,
37
138102
1703
ကားတေွနောက်မှာကျွန်တော်တို့ပုန်း၊
02:19
running through the darkness that lay between the streetlights,
38
139805
3168
လမ်းမီးတိုင်တွေကြားက အမှောင်ထဲကိုပြေးဝင်
02:22
boundless laughter ubiquitous across the pavement.
39
142973
3411
အကန့်အသတ်မဲ့တဲ့ရယ်သံဟာ စင်္ကြတစ်လျှောက်ပျံ့နှံလျက်ပေါ့ဗျာ။
02:26
But within 10 minutes,
40
146384
2083
ဒါပေမဲ့ ၁၀မိနစ်အတွင်းမှာပဲ
02:28
my father came outside, grabbed me by my forearm
41
148467
3013
အဖေအပြင်ထွက်လာပြီး လက်မောင်းရင်းကနေ
02:31
and led me into our room with an unfamiliar grip.
42
151480
3025
ကျွန်တော်တို့အခန်းထဲကိုဆွဲခေါ်သွာလိုက်တာ တစ်ခါမှမကြုံဘူးတဲ့ဆုပ်ကိုင်ခြင်းနဲ့ပေါ့။
02:34
Before I could say anything,
43
154505
1864
သူ့လုပ်ပုံက သူငယ်ချင်းတွေရှေ့မှာ
02:36
tell him how foolish he had made me look in front of my friends,
44
156369
3358
ကျွန်တော်ဘယ်လိုငကြောင်ပုံပေါက် စေခဲ့လဲဆိုတာျမပြောနိုင်ခင်
02:39
he derided me for being so naive.
45
159727
3115
မင်း ဒီလောက်တောင် နုံရလား ဆိုပြီးလှောင်ပါတယ်။
02:42
Looked me in the eye, fear consuming his face,
46
162842
4543
ကြောက်စိတ်ကသူ့မျက်နှာကို လောင်မြိုက်ရင်း ကျွန်တော့မျက်လုံးကို
02:47
and said, "Son, I'm sorry,
47
167385
2545
ကြည့်ပြောလိုက်တာက "သားရေ စိတ်တော့မကောင်းဘူးကွာ၊
02:49
but you can't act the same as your white friends.
48
169930
3037
ဒါပေမဲ့ မင်းရဲ့လူဖြူသူငယ်ချင်းတွေလို မင်းလုပ်လို့မရဘူးလေ။
02:52
You can't pretend to shoot guns.
49
172967
2235
သေနတ်ပစ်တမ်းကစားလို့မရဘူး။
02:55
You can't run around in the dark.
50
175202
1886
အမှောင်ထဲမှာ လှည့်ပတ်ပြေးလို့မရဘူး၊
02:57
You can't hide behind anything other than your own teeth."
51
177088
3044
မင်းရဲ့သွားတွေနောက်ကလွဲပြီး ဘယ်မှာမှ မင်းပုန်းလို့မရဘူးကွ။"
03:00
I know now how scared he must have been,
52
180132
3003
သူဘယ်လောက်တောင်ထိတ်လန့်ခဲ့မလဲဆိုတာ အခုသိပါပြီ၊
03:03
how easily I could have fallen into the empty of the night,
53
183135
4013
ညရဲ့ ဟင်းလင်းပြင်ထောင်ချောက်ထဲ ဘယ်လိုအလွယ်တကူကျသွာနိူင်တယ်၊
03:07
that some man would mistake this water
54
187148
2759
တစ်ယောက်ယောက်က ဒီရေဟာ ဒါတွေအားလုံးကိုဆေးပစ်လိုက်ဖို့
03:09
for a good reason to wash all of this away.
55
189907
2247
အကြောင်းကောင်းတစ်ခုလို့ ထင်မှားမိလိမ့်မယ်ဆိုတာ၊
03:13
These are the sorts of messages I've been inundated with my entire life:
56
193134
3412
ဘဝတစ်ခုလုံး ဒီလိုမှာကြားချက်တွေနဲ့ လွှမ်းမိုးခံထားတာပါ။
03:16
Always keep your hands where they can see them, don't move too quickly,
57
196546
3499
အမြဲလက်တွေကို လူမြင်တဲ့နေရာမှာထား၊ သိပ်မြန်မြန်မလှုပ်နဲ့၊
03:20
take off your hood when the sun goes down.
58
200045
2071
နေဝင်သွားရင် ခေါင်းစွပ်ကိုချွတ်ချထားလိုက်။
03:22
My parents raised me and my siblings in an armor of advice,
59
202116
3107
မိဘတွေက မောင်နှမတွေကိုအကြံပြုချက် ဝတ်ရုံထဲမှာပျိုးထောင်ခဲ့တာပါ။
03:25
an ocean of alarm bells so someone wouldn't steal the breath from our lungs,
60
205223
3631
အဆုတ်က အသက်ရှုတာ သူများ ခိုးမရအောင် အချက်ပေးခေါင်းလောင်းအများကြီး
03:28
so that they wouldn't make a memory of this skin.
61
208854
2312
ဒီအရေပြားကို သူတို့ မမှတ်သားမိအောင်လို့။
03:31
So that we could be kids, not casket or concrete.
62
211166
2508
ကြုတ်၊ဒါမှမဟုတ် ဒြပ်မဟုတ်ပဲ ကလေးတွေအဖြစ်ရှိဖို့ပါ။
03:33
And it's not because they thought it would make us better than anyone else
63
213674
3480
ဒါ ကျွန်တော်တို့ကို သူများထက်ပိုကောင်း အောင်လုပ်ပေးနိုင်တယ်ထင်လို့မဟုတ်ဘူး၊
03:37
it's simply because they wanted to keep us alive.
64
217154
2518
ရိုးရိုးလေး၊ကျွန်တော်တို့ကို အသက် ဆက်ရှင်ချင်တယ်ဆိုတာကြောင့်ပါ။
03:39
All of my black friends were raised with the same message,
65
219672
2730
လူမည်းသူငယ်ချင်းတွေလည်း ဒီလိုမှာကြားချက်နဲဲ့ကြီးလာတာပါ။
03:42
the talk, given to us when we became old enough
66
222402
2277
ဒီဟောပြောချက်ပေးချိန်က ကျွန်တော်တို့ဟာ မြေကြီးထဲထုရိုက်ဖို့ခံရလောက်အောင်
03:44
to be mistaken for a nail ready to be hammered to the ground,
67
224679
2945
Nအဆင်သင့်ဖြစ်နေတဲ့သံချောင်းနဲ့ အမှားခံရလောက်အောင်ကြီးလာတဲ့အခါ၊
03:47
when people made our melanin synonymous with something to be feared.
68
227624
4494
လူတွေက အမည်းရောင်ဒြပ်ကို ကြောက်စရာ အဖြစ်နာမ်တူပြုတဲ့အခါမှာပေါ့။
03:52
But what does it do to a child
69
232118
2473
ဒါပေမဲ့ ရိုးရိုး ကလေးတစ်ယောက် အနေနဲ့ပဲ မဖြစ်နိူင်တာကို
03:54
to grow up knowing that you cannot simply be a child?
70
234591
3450
သိပြီးကြီးပြင်းလာရတာဟာ ကလေးကို ဘာဖြစ်သွားစေလဲဗျာ။
03:58
That the whims of adolescence are too dangerous for your breath,
71
238041
3149
အသက်ရှူဖို့ ဆယ်ကျော်သက်တွေရဲ့ ပေါက်ကရစိတ်ကူးတွေဟာ
04:01
that you cannot simply be curious,
72
241190
1664
စူးစမ်းချင်လို့ကိုမရအောင် အန္တရယ်များလွန်းတယ်
04:02
that you are not afforded the luxury of making a mistake,
73
242854
2694
အမှားလုပ်ခြင်းရဲ့ စည်းစိမ်ကျခွင့် ပေးမထားဘူးပေါ့။
04:05
that someone's implicit bias
74
245548
1768
တစ်ဦးဦးရဲ့သွယ်ဝိုက်တဲ့ ဘက်လိုက်မှုဟာ
04:07
might be the reason you don't wake up in the morning.
75
247316
2510
သူနောက်မနက် မနိူးတာရဲ့ အကြောင်းဖြစ်လောက်တယ်ပေါ့။
04:10
But this cannot be what defines us.
76
250156
1715
ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို ပိတ်ပင်တဲ့ အရာတော့ မဟုတ်ပါဘူး။
04:11
Because we have parents who raised us to understand
77
251871
2591
အကြောင်းက ခန္ဓာကိုယ်တွေဟာ ကျည်ဆံနောက်မြီးအတွက်မဟုတ်ပဲ
04:14
that our bodies weren't meant for the backside of a bullet,
78
254462
2776
စွန်လွှတ်၊ကြိုးခုန်ပြီး ဗိုက်ပေါက်တဲ့ အထိရယ်မောကြဖို့ဆိုတာ
04:17
but for flying kites and jumping rope, and laughing until our stomachs burst.
79
257238
3634
နားလည်အောင်ပျိုးထောင်ပေးတဲ့ မိဘတွေ ရှိနေလို့ပါ။
04:20
We had teachers who taught us how to raise our hands in class,
80
260872
2984
အတန်းထဲမှာ လက်တွေဘယ်လိုမြှောက်ရမယ် ဆိုတာသင်ပေးတဲ့ ဆရာတွေရှိပြီး
04:23
and not just to signal surrender,
81
263856
1568
အညံ့ခံဖို့အချက်ပြတာမဟုတ်ပဲ
04:25
and that the only thing we should give up
82
265424
1966
အညံ့ခံဖို့တစ်ခုတည်းသောအကြောင်းက
04:27
is the idea that we aren't worthy of this world.
83
267390
2373
ကျွန်တော်တို့ဟာဒီကမ္ဘာနဲ့ မတန်ဘူးဆိုတဲ့ အတွေးပါ။
04:29
So when we say that black lives matter, it's not because others don't,
84
269763
3280
ဒီတော့ လူမည်းအသက်တွေ အရေးပါတယ် တစ်ပါးသူတွေမပါဘူးလို့ ပြောတာမဟုတ်ပါ။
04:33
it's simply because we must affirm that we are worthy of existing without fear,
85
273043
3708
ပြောရရင် အကြောက်တရားမဲ့တဲ့ တည်ရှိခြင်းနဲ့ ထိုက်တာကို အတည်ပြုရမှာမို့ပါ။
04:36
when so many things tell us we are not.
86
276751
2126
များပြားတဲ့ အကြောင်းတွေက မတန်ဘူးလို့ပြောတော့
04:38
I want to live in a world where my son
87
278877
1962
ကျွန်တော့သားဟာ မွေးတဲ့အခိုက်မှာပဲ
04:40
will not be presumed guilty the moment he is born,
88
280839
2488
အပြစ်ရှိတယ်လို့ထင်တာမခံရတဲ့ သူ့လက်က အရုပ်တစ်ခုဟာ
04:43
where a toy in his hand isn't mistaken for anything other than a toy.
89
283327
3851
အရုပ်တစ်ခုထက်ဘာနဲ့မှအထင်မှားမခံရတဲ့ ကမ္ဘာမှာ နေချင်တယ်။
04:47
And I refuse to accept that we can't build this world into something new,
90
287178
3435
ပြီးတော့ ကျွန်တော် ငြင်းဆိုတာက ဒီကမ္ဘာကို အသစ်တစ်ခုခုအသွင်မဆောက်တည်နိုင်ဘူး၊
04:50
some place where a child's name
91
290613
1497
ကလေးတစ်ယောက်ရဲ့အမည်ကို
04:52
doesn't have to be written on a t-shirt, or a tombstone,
92
292110
2747
တီရှပ်တစ်ထည် ဒါမှမဟုတ် ဂူပေါ်မှာ ရေးစရာမလိုတဲ့ တစ်နေရာ၊
04:54
where the value of someone's life
93
294857
1617
လူတစ်ယောက်တန်ဘိုးဟာ သူတို့ရဲ့
04:56
isn't determined by anything other than the fact that they had lungs,
94
296474
3799
အဆုတ်တွေဆိုတာထက် ဘာကမှ ပြဋ္ဌာန်းမထားတဲ့နေရာ၊
05:00
a place where every single one of us can breathe.
95
300273
4218
ကျွန်တော်တို့ တစ်ဦးခြင်းစီ အသက်ရှုလို့ ရတဲ့နေရာဆိုတာပေါ့။
05:04
Thank you.
96
304491
954
ကျေးဇူတင်ပါတယ်။
05:05
(Applause)
97
305445
2458
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7