The life cycle of a cup of coffee - A.J. Jacobs

1,361,894 views ・ 2021-01-04

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Kay Khaing Aung Reviewer: Sanntint Tint
00:07
How many people does it take to make a cup of coffee?
0
7788
4291
ကော်ဖီတစ်ခွက်ရဖို့အတွက် လူအင်အား ဘယ်လောက်လိုအပ်ပါသလဲ
00:12
For many of us, all it takes is a short walk and a quick pour.
1
12079
4250
ကျွန်ုပ်တို့လူအများအတွက်တော့ ခြေလှမ်း နည်းနည်းနဲ့ အမြန်ငှဲ့လိုက်ဖို့ပဲလိုပါတယ်
00:16
But this simple staple is the result of a globe-spanning process
2
16329
4709
ဒါပေမဲ့ ဒီရိုးရှင်းတဲ့အဓိကထုတ်ကုန်လေးဟာ စိတ်မကူးနိုင်ရုံတမယ် များပြားလွန်းလှတဲ့
00:21
whose cost and complexity are far greater than you might imagine.
3
21038
5166
ကုန်ကျစရိတ်နဲ့ ရှုပ်ထွေးမှုတွေပါဝင်တဲ့ ကမ္ဘာအနှံ့ရှိလုပ်ငန်းစဉ်တစ်ခုရဲ့ ရလဒ်ပါပဲ
00:26
It begins in a place like the remote Colombian town of Pitalito.
4
26204
4959
ကိုလံဘီယာနိုင်ငံက ဝေးလံခေါင်ဖျားတဲ့ Pitalitoမြို့လိုနေရာမှာ စတင်ပြုလုပ်ပါတယ်
00:31
Here, family farms have clear cut local forests to make room
5
31163
4874
ဒီမြို့လေးမှာ ကော်ဖီပင်တန်းတွေစနစ်တကျ စိုက်ပျိုးမယ့်နေရာဖန်တီးဖို့အတွက်
နယ်မြေသစ်တောတွေကို ရှင်းထုတ်လိုက်ပြီး မိသားစုပိုင်လယ်မြေတွေ အစားထိုးလိုက်ပါတယ်
00:36
for neat rows of Coffea trees.
6
36037
3000
00:39
These shrub-like plants were first domesticated in Ethiopia
7
39037
4542
ဒီချုံပုတ်ယောင်ယောင်အပင်တွေကို Ethiopia နိုင်ငံမှာ အဦးဆုံးစိုက်ပျိုးခဲ့ကြပြီး
00:43
and are now cultivated throughout equatorial regions.
8
43579
4083
အခုဆိုရင်တော့ အပူပိုင်းဒေသအနှံ့အပြားမှာ ပျိုးထောင်လျက်ရှိပါတယ်
00:47
Each shrub is filled with small berries called "coffee cherries."
9
47662
4750
ချုံပုတ်တစ်ခုစီတိုင်းမှာ ကော်ဖီချယ်ရီ လို့ခေါ်တဲ့ ဘယ်ရီသီးလေးတွေပြည့်နှက်နေပါတယ်
00:52
Since fruits on the same branch can ripen at different times,
10
52412
4250
အခိုင်တူပေါ်ကအသီးတွေဟာ ရင့်မှည့်ချိန်မတူတာကြောင့်
00:56
they’re best picked by hand,
11
56662
2459
အသီးတွေကို လက်နဲ့ခူးယူတာက အကောင်းဆုံးနည်းလမ်းဆိုပေမဲ့
00:59
but each farm has its own method for processing the fruit.
12
59121
3875
ခြံတစ်ခြံစီတိုင်းမှာ အသီးတွေကို စီမံဖို့အတွက် သူ့နည်းလမ်းနဲ့သူရှိပါတယ်
01:02
In Pitalito, harvesters toil from dawn to dusk at high altitudes,
13
62996
5250
Pitalito မှာဆိုရင် သီးနှံဆွတ်ခူးသူတွေဟာ အရုဏ်တက်ကနေ နေဝင်သည်အထိ
01:08
often picking over 25 kilograms per shift for very low wages.
14
68246
6042
အင်မတန်နည်းပါးတဲ့လုပ်ခအတွက်နဲ့ အလုပ်ချိန် တစ်ချိန်ကို ရံဖန်ရံခါ ၂၅ကီလိုဂရမ်စာ
အားသွန်ခွန်စိုက်ဆွတ်ခူးကြပါတယ်
01:14
The workers deliver their picked cherries to the wet mill.
15
74288
4000
အလုပ်သမားတွေဟာ ခူးထားတဲ့ချယ်ရီသီးတွေကို သီးနှံကြိတ်ခွဲစက်ဆီကို ပို့ဆောင်ပါတယ်
01:18
This machine separates the seeds from the fruit,
16
78288
2791
ဒီစက်ဟာ အသီးနဲ့ အသီးထဲကအစေ့တွေကို ခွဲထုတ်ပေးပြီးတာနဲ့
01:21
and then sorts them by density.
17
81079
2542
သိပ်သည်းဆအလိုက် တူရာတူရာစုပေးပါတယ်
01:23
The heaviest, most flavorful seeds sink to the bottom of the mill,
18
83621
4292
အလေးလံဆုံးနဲ့ အနံ့အရသာအရှိဆုံးအစေ့တွေဟာ ကြိတ်ခွဲစက်ရဲ့အောက်ခြေကို မြုပ်သွားတဲ့အခါ
01:27
where they’re collected and taken to ferment
19
87913
2416
အစေ့တွေကို ရွေးထုတ်စုယူပြီး ရေစည်ပိုင်းတစ်ခုထဲမှာ
01:30
in a tub of water for one or two days.
20
90329
3417
၁ ရက် ဒါမှမဟုတ် ၂ ရက်အထိ အချဉ်ဖောက်ပါတယ်
01:33
Then, workers wash off the remaining fruit and put the seeds out to dry.
21
93746
5000
အဲဒီနောက် အလုပ်သမားတွေဟာ ကျန်ရှိတဲ့အသီးတွေကို ဆေးကြောပြီး
အစေ့တွေကို ထုတ်လှန်းပါတယ်
01:38
Some farms use machines for this process,
22
98746
3000
တချို့ခြံတွေကတော့ ဒီနည်းစနစ်အတွက် စက်တွေကို အသုံးပြုကြပေမဲ့လည်း
01:41
but in Pitalito, seeds are spread onto large mesh racks.
23
101746
4667
Pitalito မှာတော့ အစေ့တွေကို ကျယ်ပြန့်လှတဲ့ ဆန်ခါစင်ကြီးတွေပေါ် ဖြန့်ခင်းကြပါတယ်
01:46
Over the next three weeks, workers rake the seeds regularly
24
106413
4000
ရက်သတ္တပတ် နောက် ၃ ပတ်ကျော်တဲ့အထိ အလုပ်သမားတွေဟာ အစေ့တွေ
တပြေးညီခြောက်သွေ့တာသေချာစေဖို့အတွက် ပုံမှန် တရစပ်မွှေနှောက်ပေးပါတယ်
01:50
to ensure they dry evenly.
25
110413
2583
01:52
Once the coffee beans are dry,
26
112996
1792
ကော်ဖီစေ့တွေ ခြောက်သွေ့သွားတာနဲ့
01:54
a truck takes them to a nearby mill with several specialized machines.
27
114788
4958
အထူးတီထွင်ထားတဲ့စက်တချို့ရှိတဲ့ အနီးအနားက စက်ရုံတစ်ခုကို ကုန်တင်ကားနဲ့ပို့ဆောင်ပါတယ်
01:59
An air blower re-sorts the seeds by density,
28
119746
3625
အစေ့တွေကို လေမှုတ်စက်က သိပ်သည်းဆအလိုက် တူရာတူရာထပ်စု
02:03
an assortment of sieves filter them by size,
29
123371
2833
အမျိုးစုံသောဆန်ခါတွေက အရွယ်အစားအလိုက် စစ်ထုတ်လိုက်ပြီး
02:06
and an optical scanner sorts by color.
30
126204
3250
အမြင်နဲ့ခွဲခြားပေးတဲ့စကင်နာက အရောင်အလိုက် စုပေးပါတယ်
02:09
At this point, professionals called Q-graders select samples
31
129454
4542
ဒီအဆင့်မှာတော့ အဆင့်သတ်မှတ်သူ Q ဆိုတဲ့ ပညာရှင်တွေဟာ ကော်ဖီစေ့နမူနာတွေကို
02:13
of beans to roast and brew.
32
133996
2375
လှော်ဖို့နဲ့ ကျိုဖို့အတွက် ရွေးချယ်ပါတယ်
02:16
In a process called "cupping," they evaluate the coffee’s taste, aroma,
33
136371
4875
သူတို့ဟာ cupping ဆိုတဲ့အဆင့်မှာ ကော်ဖီရဲ့ အရသာ ရနံ့ နဲ့ အနေအထားတို့ကို
02:21
and mouthfeel to determine its quality.
34
141246
2917
ကော်ဖီရဲ့အရည်အသွေးကို သတ်မှတ်ဖို့အတွက် တန်ဖိုးဖြတ်ပါတယ်
ဒီပညာရှင်တွေဟာ ကော်ဖီစေ့တွေကို အဆင့်သတ်မှတ်ပေးလိုက်ပြီး
02:24
These experts give the beans a grade, and get them ready to ship.
35
144163
4708
နေရာအနှံ့ပို့ဆောင်ဖို့ အသင့်ပြင်ပေးလိုက်ပါတယ်
02:28
Workers load burlap sacks containing up to 70 kilograms
36
148871
4208
လုပ်သားတွေဟာ အမျိုးအစားခွဲပြီးသားကော်ဖီစေ့ အခြောက်တွေ ၇၀ ကီလိုဂရမ်အထိဖြည့်ထားတဲ့
02:33
of dried and sorted coffee beans onto steel shipping containers,
37
153079
4667
ဖျင်ကြမ်းအိတ်တွေကို စတီးလ်သင်္ဘော ကွန်တိန်နာတွေပေါ် တင်လိုက်ပါတယ်
02:37
each able to carry up to 21 metric tons of coffee.
38
157746
4708
တစ်ယောက်ကို ကော်ဖီ ၂၁ မက်ထရစ်တန်အထိ သယ်ယူနိုင်တဲ့အလေးချိန်နဲ့ပေါ့
02:42
From tropical ports, cargo ships crewed by over 25 people
39
162454
4750
အပူပိုင်းဆိပ်ကမ်းတွေကနေတဆင့် သင်္ဘောသား ၂၅ ဦးကျော်လိုက်ပါတဲ့ ကုန်တင်သင်္ဘောတွေဟာ
02:47
transport coffee around the world
40
167204
2667
ကော်ဖီစေ့တွေကို ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်ပေးပါတယ်
02:49
But no country imports more coffee than the United States,
41
169871
4375
ဒါပေမဲ့ ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံလောက် ကော်ဖီစေ့တွေကို မတင်သွင်းပါဘူး
နယူးယောက်မြို့တစ်မြို့တည်းတင် နေ့စဉ်ရက်ဆက် ကော်ဖီခွက်ပေါင်း
02:54
with New York City alone consuming millions of cups every day.
42
174246
4833
သန်းနဲ့ချီ သောက်သုံးကြတဲ့အတွက်ကြောင့်ပါပဲ
02:59
After the long journey from Colombia to New Jersey,
43
179079
3375
ကိုလံဘီယာကနေ နယူးဂျာစီအထိ ရှည်လျားတဲ့ခရီးစဉ်အပြီးမှာတော့
ကျွန်ုပ်တို့ရဲ့ကော်ဖီစေ့တွေဟာ အကောက်ခွန်ဆိပ်ကမ်းကို ဖြတ်သန်းရပါတယ်
03:02
our coffee beans pass through customs.
44
182454
2459
03:04
Once dockworkers unload the container,
45
184913
2666
ဆိပ်ကမ်းလုပ်သားတွေ ကုန်ချပြီးတာနဲ့
03:07
a fleet of eighteen-wheelers transport the coffee to a nearby warehouse,
46
187579
4917
ကော်ဖီစေ့တွေကို ဘီး ၁၈ ဘီးပါ ကုန်တင်ကားကြီးတွေနဲ့ အနီးအနားက
ဂိုဒေါင်ကနေတဆင့် အလှော်စက်ရုံဆီကို ပို့ဆောင်ပါတယ်
03:12
and then to a roastery.
47
192496
2208
03:14
Here the beans go into a roasting machine, stirred by a metallic arm
48
194704
4375
ဒီမှာဆိုရင် ကော်ဖီစေ့တွေကို အလှော်စက်ထဲ ထည့်လှော် သတ္တုမောင်းတံနဲ့မွှေပြီး
03:19
and heated by a gas-powered fire.
49
199079
3167
ဓာတ်ငွေ့စွမ်းအင်သုံးမီးဖိုနဲ့ အပူပေးပါတယ်
03:22
Nearby sensors monitor the coffee’s moisture level, chemical stability,
50
202246
4333
အနီးအနားက အာရုံခံကိရိယာတွေဟာ ကော်ဖီရဲ့ စိုထိုင်းဆအဆင့် ဓာတုပစ္စည်းတည်ငြိမ်မှုနဲ့
03:26
and temperature, while trained coffee engineers manually adjust these levels
51
206579
5375
အပူချိန်တို့ကို မှတ်ပေးတာမှာ ကျွမ်းကျင် ကော်ဖီအင်ဂျင်နီယာတွေက ဒီအဆင့်တွေကို
03:31
throughout the twelve-minute roasting cycle.
52
211954
3000
၁၂ မိနစ်စာ ကော်ဖီလှော်နေစဉ်တစ်လျှောက်လုံး လက်နဲ့ချိန်ညှိ‌ပေးနေတုန်းမှာပါ
03:34
This process releases oil within the seed,
53
214954
2875
ဒီဖြစ်စဉ်ဟာ ကော်ဖီစေ့ထဲက အဆီကိုထုတ်ပေးပြီး
03:37
transforming the seeds into grindable, brewable beans
54
217829
3959
အစေ့တွေကို ကြိတ်ခြေနိုင်တဲ့ ကျိုနိုင်တဲ့
ရနံ့မွှေးမွှေးနဲ့ အညိုရင့်ရောင်အစေ့တွေ အဖြစ် ပြောင်းလဲပေးပါတယ်
03:41
with a dark brown color and rich aroma.
55
221788
3375
03:45
After roasting, workers pack the beans into five-pound bags,
56
225163
4416
ကော်ဖီလှော်ပြီးနောက် လုပ်သားတွေဟာ ကော်ဖီစေ့တွေကို
၅ ပေါင်လေးတဲ့အိတ်တွေထဲ ထုပ်ပိုးပြီး
03:49
which a fleet of vans deliver to cafes and stores across the city.
57
229579
5125
မြို့အနှံ့က ကော်ဖီဆိုင်တွေနဲ့ စတိုးဆိုင် တွေဆီကို ဗန်ကားအစုလိုက်နဲ့ ပို့ဆောင်ပါတယ်
03:54
The coffee is now so close you can smell it,
58
234704
2959
အခုဆိုရင်တော့ ကော်ဖီဟာအနံ့ခံကြည့်လို့ရတဲ့ အနေအထားမှာရှိနေပြီဆိုပေမဲ့
03:57
but it needs more help for the final stretch.
59
237663
2708
နောက်ဆုံးအကျော့အတွက် အကူအညီထပ်လိုနေပါသေးတယ်
04:00
Each coffee company has a head buyer
60
240371
2875
ကော်ဖီကုမ္ပဏီတစ်ခုချင်းဆီမှာ ကမ္ဘာအနှံ့က ကော်ဖီစေ့တွေကို
04:03
who carefully selects beans from all over the world.
61
243246
3542
ဂရုတစိုက်ရွေးချယ်တဲ့ ထိပ်သီးပိုင်းဝယ်ယူသူတစ်ဦးရှိပါတယ်
04:06
Logistics teams manage bean delivery routes,
62
246788
2958
ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ကော်ဖီစေ့ သယ်ယူတဲ့လမ်းကြောင်းတွေကို စီမံပြီး
04:09
and brave baristas across the city serve this caffeinated elixir
63
249746
4583
မြို့အနှံ့က ကော်ဖီဖျော်ဆရာကြီးတွေက ဒီကဖိန်းဓာတ်များများပါဝင်တဲ့ ဆေးတစ်ဖုံကို
04:14
to scores of hurried customers.
64
254329
3209
အလျင်လိုနေတဲ့ သောက်သောက်လဲမှာယူသူတွေကို တည်ခင်းပေးပါတယ်
04:17
All in all, it takes hundreds of people to get coffee to its intended destination—
65
257538
5125
အားလုံးခြုံကြည့်ရရင် ကော်ဖီကို လိုချင်တဲ့ အနေအထားအထိရောက်ဖို့အတွက် လူရာချီပါဝင်ရပြီး
04:22
and that’s not counting everyone maintaining the infrastructure
66
262663
3833
ခရီးစဉ်ဖြစ်မြောက်ဖို့အတွက် အခြေခံအဆင့်တွေကို ပံ့ပိုးပေးသူများကိုတော့
04:26
that makes the journey possible.
67
266496
2000
ထည့်မတွက်ထားပါဘူး
04:28
Many of these individuals work for low pay in dangerous conditions—
68
268496
4250
ဒီလုပ်သားများဟာ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင် တွေမှာ လုပ်ခအနည်းငယ်အတွက် အလုပ်လုပ်ရပြီး
04:32
and some aren’t paid at all.
69
272746
2583
တချို့လုပ်သားတွေဟာ လုပ်ခလစာ လုံးဝမရတဲ့အထိတောင်ပါပဲ
04:35
So while we might marvel at the global network behind this commodity,
70
275329
4167
ဒီတော့ ကျွန်ုပ်တို့ဟာ ဒီကုန်ပစ္စည်း နောက်ကွယ်က ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကြီးကို
04:39
let’s make sure we don’t value the final product
71
279496
2958
အံ့အားသင့်ကောင်းသင့်နိုင်တုန်းမှာ ဒီထုတ်ကုန်ကိုဖန်တီးပေးတဲ့လူတွေထက်
04:42
more than the people who make it.
72
282454
2084
တန်ဖိုးမထားဘူးဆိုတာတော့ သေချာပါစေ
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7