The language of lying — Noah Zandan

20,781,716 views ・ 2014-11-03

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:09
"Sorry, my phone died."
0
9205
1966
"တောင်းပန်ပါတယ်၊ ဖုန်းသေသွားလို့ပါ။"
00:11
"It's nothing. I'm fine."
1
11195
2276
"ဘာမှမဖြစ်ပါဘူး။ ရပါတယ်။"
00:13
"These allegations are completely unfounded."
2
13495
3228
"ဒီစွပ်စွဲချက်တွေက လုံးဝကို အခြေအမြစ်မရှိဘူး။"
00:16
"The company was not aware of any wrongdoing."
3
16747
3353
"ကုမ္ပဏီက မမှန်မကန်လုပ်တာကို သတိမပြုမိခဲ့ဘူး။"
00:21
"I love you."
4
21210
2309
"မင်းကို ကိုယ်ချစ်တယ်။"
00:23
We hear anywhere from 10 to 200 lies a day,
5
23543
2844
နေရာတိုင်းမှာ တစ်နေ့ကို ၁၀ ခုကနေ ၁၀၀ အထိ မုသားတွေ ကြားရတယ်။
00:26
and we spent much of our history coming up with ways to detect them,
6
26411
3343
ဒါတွေကို ရှာဖွေဖို့ နည်းတွေရလာရင်း သမိုင်းရဲ့ အချိန်များစွာကုန်ခဲ့တယ်။
00:29
from medieval torture devices to polygraphs,
7
29778
2898
အလယ်ခေတ် နှိပ်စက်တဲ့ ကိရိယာတွေကနေ အလိမ်ဖော်စက်၊
00:32
blood-pressure and breathing monitors, voice-stress analyzers,
8
32700
3318
သွေးဖိအား၊ အသက်ရှုပြ ကိရိယာတွေ အသံအဖိအဖေါ့ စိစစ်ရေးကိရိယာ၊
00:36
eye trackers, infrared brain scanners,
9
36042
2659
မျက်စိ ခြေရာခံစက်၊ အနီအောက် ဦးနှောက် စကင်နာတွေနဲ့
00:38
and even the 400-pound electroencephalogram.
10
38725
3182
ပေါင် ၄၀၀ ဦးနှောက် လျှပ်စစ်တိုင်း ကိရိယာအထိတောင်ပါ။
00:41
But although such tools have worked under certain circumstances,
11
41931
3135
ဒါပေမဲ့ ဒီလိုကိရိယာတွေဟာ တချို့ အခြေအနေတွေမှာ အလုပ်ဖြစ်ခဲ့ပေမယ့်
00:45
most can be fooled with enough preparation,
12
45090
2955
အများစုဟာ အလုံအလောက် ပြင်ဆင်မှုနဲ့ လှည့်စားနိုင်ပြီး
00:48
and none are considered reliable enough to even be admissible in court.
13
48069
4028
တရားရုံးမှာ လက်ခံနိုင်လောက်တဲ့အထိတော့ တစ်ခုမှ စိတ်ချရတယိလို့ ယူဆလို့မရဘူး။
00:52
But, what if the problem is not with the techniques,
14
52121
2520
ဒါပေမဲ့ ပြသနာက နည်းစနစ် တွေနဲ့ မဟုတ်ဘဲ မုသားပြောတာက
00:54
but the underlying assumption that lying spurs physiological changes?
15
54665
4377
ဇီဝကမ္မပြောင်းလဲမှုတွေကို လှုံ့ဆော်တယ် ဆိုတဲ့ ငုပ်နေတဲ့ ယူဆချက်ဆိုရင်ရော။
00:59
What if we took a more direct approach,
16
59066
1981
မုသားတွေကိုစိစစ်ဖို့ ဆက်သွယ်ရေးသိပ္ပံကို
01:01
using communication science to analyze the lies themselves?
17
61071
3168
အသုံးပြုကာပိုတိုက်ရိုက်ကျတဲ့ နည်းလမ်းတစ်ခုကို သုံးမယ်ဆိုရင်ရော။
01:05
On a psychological level, we lie partly to paint a better picture of ourselves,
18
65146
4813
စိတ်ပိုင်းအဆင့်မှာ ပိုကောင်းတဲ့ ကိုယ့်ပုံ ကို ဆေးခြယ်ဖို့ တစ်ပိုင်းတစ်စ လိမ်က​ြတယ်။
01:09
connecting our fantasies to the person we wish we were
19
69983
2852
ကိုယ်ဖြစ်နေတာထက် ကိုယ်ဖြစ်ချင်တဲ့ လူတစ်ဦးဆီ
01:12
rather than the person we are.
20
72859
2298
ကိုယ့်စိတ်ကူးအိပ်မက်တွေနဲ့ ဆက်စပ်တာပါ။
01:15
But while our brain is busy dreaming, it's letting plenty of signals slip by.
21
75181
4364
ဒါပေမဲ့ ဦးနှောက်က စိတ်ကူးနဲ့ အလုပ်ရှုပ်စဉ် အချက်ပြမှုများစွာကို လက်လွတ်ခံနေတယ်။
01:19
Our conscious mind only controls about 5% of our cognitive function,
22
79569
4135
သတိရှိနေတဲ့ စိတ်ကပဲ ဆက်သွယ်မှု အပါအဝင် သိမြင်တတ်တဲ့ လုပ်ဆောင်မှုရဲ့
01:23
including communication,
23
83728
1536
၃% ကို ထိန်းချုပ်ပေးပေမဲ့
01:25
while the other 95% occurs beyond our awareness,
24
85288
3376
ကျန်တဲ့ ၉၇% ကတော့ သိရှိမှုအလွန်မှာ ဖြစ်ပျက်ပြီး
01:28
and according to the literature on reality monitoring,
25
88688
3162
ဒိဋ္ဌြဖစ်မှု စောင့်ကြည့်ခြင်း မှာရှိတဲ့ စာပေအရ
01:31
stories based on imagined experiences
26
91874
2338
စိတ်ကူး အတွေ့အကြုံတွေမှာ အခြေခံတဲ့ ဇာတ်လမ်းတွေဟာ
01:34
are qualitatively different from those based on real experiences.
27
94236
3857
တကယ့် အတွေ့အကြုံတွေမှာ အခြေခံ တာတွေနဲ့ အရည်အသွေးအရ ခြားနားပါတယ်။
01:38
This suggests that creating a false story about a personal topic takes work
28
98117
4002
ဒါက ညွှန်းတာက ကိုယ်ရေးကိုယ်တာ အကြောင်း ဇာတ်လမ်းတုတစ်ပုဒ်ဟာ အားထုတ်မှု လိုအပ်ပြီး
01:42
and results in a different pattern of language use.
29
102143
2893
ဘာသာစကား အသုံးပြုမှုရဲ့ ပုံစံကွဲတွေ အကျိုးဆက်ဖြစ်စေတာပါ။
01:45
A technology known as linguistic text analysis
30
105060
3147
ဘာသာဗေဒဆိုင်ရာ စာသား စိစစ်မှုလို့သိကြတဲ့ နည်းပညာတစ်ခုက
01:48
has helped to identify four such common patterns
31
108231
2700
လှည့်စားမှုရဲ့ မသိစိတ် ဘာသာစကားထဲက ဒီလို အတွေ့များတဲ့
01:50
in the subconscious language of deception.
32
110955
2206
ပုံစံလေးခုကို ဖော်ထုတ်ဖို့ ကူညီပေးထားတယ်။
01:54
First, liars reference themselves less, when making deceptive statements.
33
114153
4320
ပထမ လူလိမ်တွေဟာ လှည့်စားတဲ့ ထွက်ဆိုချက်တွေ လုပ်တဲ့အခါ ကိုယ်တိုင် ရည်ညွှန်းတာ နည်းတယ်။
01:58
They write or talk more about others, often using the third person
34
118497
3727
သူတို့ရဲ့မုသားကနေဝေးကွာဖို့၊ ကိုယ်တိုင် မပတ်သက်ဖို့ မကြာခဏ
02:02
to distance and disassociate themselves from their lie,
35
122248
2968
တတိယ နာမ်စားကိုသုံးရင်း သူများအကြောင်းကို ပိုရေး၊ ပိုပြောတယ်။
02:05
which sounds more false:
36
125240
1894
ဒါက ပိုပြီး လိမ်နေပုံပေါက်တယ်။
02:07
"Absolutely no party took place at this house,"
37
127158
2808
"ဒီအိမ်မှာ ဘာပါတီမှ မလုပ်ခဲ့တာ လုံးဝ မလုပ်ခဲ့ပါဘူးဆို။"
02:09
or "I didn't host a party here."
38
129990
1855
(သို့) "ငါ ဒီမှာ ပါတီ မကျင်းပခဲ့ဘူး။"
02:13
Second, liars tend to be more negative,
39
133178
2555
ဒုတိယက လူလိမ်တွေဟာ အပျက်သဘော ပိုဆန်တတ်ကြတယ်။
02:15
because on a subconscious level, they feel guilty about lying.
40
135757
3481
အကြောင်းက မသိစိတ် အဆင့်တစ်ခုမှာ လိမ်ညာတာအတွက် သူတို့ လိပ်ပြာမသန့်လိုပါ။
02:19
For example, a liar might say something like,
41
139262
2136
ဥပမာ လူလိမ်တစ်ယောက်ဟာ ဒီလို ပြောလောက်တယ်။
02:21
"Sorry, my stupid phone battery died. I hate that thing."
42
141422
4167
"တောင်းပန်ပါတယ်၊ ကျုပ်ရဲ့အသုံးမကျတဲ့ဖုန်းက သေသွားတယ်။ မုန်းဖို့ကောင်းလိုက်တာ။"
02:25
Third, liars typically explain events in simple terms
43
145613
3240
တတိယ၊ လူလိမ်တွေဟာ အဖြစ်အပျက် တွေကို ဝေါဟာရ ရိုးရိုးနဲ့ ရှင်းပြတတ်တယ်။
02:28
since our brains struggle to build a complex lie.
44
148877
3099
ဦးနှောက်တွေက ရှုပ်ထွေးတဲ့ မုသား တစ်ခုကို ရုန်းကန် တည်ဆောက်ရတော့
02:32
Judgment and evaluation
45
152000
1305
ဆင်ခြင်မှုနဲ့ချင့်တွက်မှုဟာ
02:33
are complex things for our brains to compute.
46
153329
2830
ဦးနှောက်အတွက် တွက်ချက်ဖို့ ရှုပ်ထွေးတဲ့ အရာတွေပါ။
02:36
As a U.S. President once famously insisted:
47
156183
2471
တစ်ခါက US သမ္မတတစ်ဦး လူသိရှင်ကြား မလျှော့တမ်းပြောသလို
02:38
"I did not have sexual relations with that woman."
48
158678
3088
"ကျုပ် ဒီမိန်းမနဲ့ လိင်ပိုင်း ဆက်ဆံရေးတွေ မရှိခဲ့ဘူး"တဲ့။
02:41
And finally, even though liars keep descriptions simple,
49
161790
2869
နောက်ဆုံး လူလိမ်တွေဟာလှည့်စား တာကို ရိုးအောင် ထိန်းထားတာတောင်
02:44
they tend to use longer and more convoluted sentence structure,
50
164683
3451
ပိုရှည်လျားပြီး ပိုရှုပ်ထွေးတဲ့ ဝါကျ တည်ဆောက်ပုံကို သုံးတတ်ကြတယ်။
02:48
inserting unnecessary words
51
168158
1582
လိမ်တာကို ကာမိဖို့ မလိုအပ်တဲ့
02:49
and irrelevant but factual sounding details in order to pad the lie.
52
169764
3712
စကားလုံးတွေနဲ့ မဆိုင်ပေမဲ့ အဖြစ်မှန် ပုံပေါက်တဲ့ အသေးစိတ်တွေ ထည့်သွင်းရင်းပါ။
02:53
Another President confronted with a scandal proclaimed:
53
173500
2640
မကောင်း က​ြုံခဲ့ရတဲ့ နောက်ထပ် သမ္မတက ထုတ်ဖော်ပြောတာက
02:56
"I can say, categorically, that this investigation indicates
54
176164
3346
"ပြတ်ပြတ်သားသား ကျုပ် ပြောနိုင်တာက ဒီစုံစမ်းစစ်ဆေးမှုက ဖော်ပြတာက
02:59
that no one on the White House staff,
55
179534
1763
အိမ်ဖြူတော် ဝန်ထမ်းထဲက ဘယ်သူမှ
03:01
no one in this administration presently employed
56
181321
2355
ဒီအုပ်ချုပ်ရေးမှာ လက်ရှိ ခန့်ထားသူ တစ်ယောက်မှ
03:03
was involved in this very bizarre incident."
57
183700
2900
ဒီအင်မတန် ထူးဆန်းတဲ့ ဖြစ်ရပ်မှာ မပါဝင်ဘူးဆိုတာပါ။"
03:06
Let's apply linguistic analysis to some famous examples.
58
186624
3540
ကျော်ကြားတဲ့ သာဓကတချို့အတွက် ဘာသာဗေဒ စိစစ်မှုကို အသုံးချကြည့်ရအောင်။
03:10
Take seven-time Tour de France winner Lance Armstrong.
59
190188
3025
Tour de France ဆု ခုနှစ်ကြိမ်ရသူ Lance Armstrong ကို ကြည့်ပါ။
03:13
When comparing a 2005 interview,
60
193237
2136
တားမြစ်ဆေးဝါး သုံးစွဲတာကို
03:15
in which he had denied taking performance-enhancing drugs
61
195397
2853
ငြင်းပယ်ထားတဲ့ ၂၀၀၅ တွေ့ဆုံမေးမြန်းမှု တစ်ခုကို
03:18
to a 2013 interview, in which he admitted it,
62
198274
2914
သူ ဝန်ခံခဲ့တဲ့ ၂၀၁၃ တွေ့ဆုံမေးမြန်းမှုနဲ့ ယှဉ်ကြည့်ရင်
03:21
his use of personal pronouns increased by nearly 3/4.
63
201212
3956
သူ့ရဲ့ ကိုယ်ပိုင်နာမ်စား အသုံးပြုမှုဟာ လေးပုံသုံးပုံ နီးပါး တိုးသွားခဲ့တယ်။
03:25
Note the contrast between the following two quotes.
64
205192
2643
အောက်ပါ စာကိုးနှစ်ခုကြားက ကွဲလွဲချက်ကို သတိပြုပါ။
03:27
First: "Okay, you know, a guy in a French, in a Parisian laboratory
65
207859
4287
ပထမ။ "ကောင်းပြီး၊ သိတဲ့အတိုင်း ပါရီ ဓာတ်ခွဲခန်း တစ်ခုမှာ
03:32
opens up your sample, you know, Jean-Francis so-and-so, and he tests it.
66
212170
3937
ပြင်သစ်တစ်ကောင်က နမူနာကို ဖွင့်တယ်။ Jean-Francis ဆိုလားဗျာ၊ သူ စမ်းသပ်တယ်။
03:36
And then you get a phone call from a newspaper that says:
67
216131
2697
နောက်တော့ သတင်းစာတစ်စောင်ကနေ ဖုန်းဝင်လာပြီး ပြောတာက
03:38
'We found you to be positive six times for EPO."
68
218853
2781
"ခင်ဗျားမှာ တရားမဝင်ဆေး ခြောက်ကြိမ်သုံးတာ တွေတယ်"တဲ့။
03:43
Second: "I lost myself in all of that.
69
223129
1875
ဒုတိယ။"အားလုံးမှာ ကိုယ်တိုင် ရှုံးတယ်။
03:45
I'm sure there would be other people that couldn't handle it,
70
225028
2895
ဒါကို မကိုင်တွယ်နိုင်တဲ့ အခြားလူတွေ ရှိမယ်ဆိုတာ သေချာပေမဲ့
03:47
but I certainly couldn't handle it,
71
227947
1757
ကျုပ် မကိုင်တွယ်နိုင်ခဲ့တာ သေချာတယ်။
03:49
and I was used to controlling everything in my life.
72
229728
2998
ကျုပ်ဘဝမှာ အရာရာကို ထိန်းချုပ်တဲ့အကျင့် ရှိခဲ့တယ်။
03:52
I controlled every outcome in my life."
73
232750
2638
ကျုပ်ဘဝရဲ့ အကျိုးဆက်တိုင်းကို ထိန်းချုပ်ခဲ့တာပါ။"
03:55
In his denial, Armstrong described a hypothetical situation
74
235412
2882
သူ့ငြင်းဆိုမှုမှာ Armstrong ဟာ အခြားတစ်ယောက်ကို အာရုံစိုက်ကာ
03:58
focused on someone else,
75
238318
1979
အခြေအနေတစ်ခုလုံးကနေ သူ့ကိုယ်သူ ဖယ်ထားရင်း
04:00
removing himself from the situation entirely.
76
240321
2658
စိတ်ကူးသက်သက် အခြေအနေတစ်ခုကို သရုပ်ဖော်ခဲ့တယ်။
04:03
In his admission, he owns his statements,
77
243003
1953
သူ့ဝန်ခံချက်မှာတော့ သူ့ကိုယ်ရေးကိုယ်တာ
04:04
delving into his personal emotions and motivations.
78
244980
3605
ခံစားချက်တွေ၊ နှိုးဆော်မှုတွေကို နှိုက်ရှာ ရင်း ထုတ်ဖော်ချက်တွေကို ဝန်ခံတယ်။
04:08
But the use of personal pronouns is just one indicator of deception.
79
248609
3943
ဒါပေမဲ့ ကိုယ်ပိုင် နာမ်စား အသုံးပြုမှုက လှည့်စားမှုရဲ့ အညွှန်းကိန်းတစ်ခုပါ။
04:12
Let's look at another example from former Senator
80
252576
2309
လွှတ်တော်အမတ်ဟောင်းတစ်ဦးနဲ့ အမေရိကန်သမ္မတလောင်း
04:14
and U.S. Presidential candidate John Edwards:
81
254909
3228
John Edwards ရဲ့ နောက်ထပ် သာဓကတစ်ခုကို ကြည့်ကြရအောင်။
04:18
"I only know that the apparent father has said publicly
82
258161
2579
"သူဟာ ကလေးရဲ့ အဖေဖြစ်တယ်လို့ လူသိရှင်ကြားပြောတဲ့
04:20
that he is the father of the baby.
83
260764
1890
အဖေလို့ ထင်ရတာကိုပဲ ကျုပ်သိတယ်။
04:22
I also have not been engaged in any activity of any description
84
262678
3012
ဒီမိန်းမ(သို့) ကလေးရဲ့ အဖေလို့ ထင်ရတာကို ပန်ကြားတဲ့၊ သဘောတူတဲ့
04:25
that requested, agreed to, or supported payments of any kind
85
265714
3434
ထောက်ပံတဲ့ငွေးပေးချေမှု တစ်မျိုးမျိုးရဲ့ ဖော်ပြချက်
04:29
to the woman or to the apparent father of the baby."
86
269172
3181
တစ်ခုခုရဲ့လုပ်ဆောင်မှု တစ်ခုခုနဲ့မှလည်း ကျုပ် မပတ်သက်ဘူး။"
04:32
Not only is that a pretty long-winded way to say, "The baby isn't mine,"
87
272377
4019
ဒါက ဒါ ကျုပ်ရဲ့ကလေးမဟုတ်ဘူး"လို့ ပြောဖို့ ကို အတော်လေး ရှည်လျား၊ ဝေ့လည်နေရုံမက
04:36
but Edwards never calls the other parties by name,
88
276420
2886
Edwards ဟာ အခြားသူတွေကိုလည်း လုံးဝကို အမည်ဖော် မပြောတာပါ။
04:39
instead saying "that baby," "the woman," and "the apparent father."
89
279330
3809
ဒီအစား "ဒီကလေး" "ဒီမိန်းမ"နဲ့ "အဖေလို့ ထင်ရတဲ့"လို့ ပြောသွားတယ်။
04:43
Now let's see what he had to say when later admitting paternity:
90
283163
3029
နောက်ပိုင်း ဖခင်အဖြစ် ဝန်ခံတော့ သူ ပြောဖို့လိုတာကို ကြည့်ရအောင်။
04:46
"I am Quinn's father.
91
286216
1527
"ကျုပ်က Quinn ရဲ့ အဖေပါ။
04:47
I will do everything in my power to provide her
92
287767
2257
မေတ္တာနဲ့ သူ့ကိုထောက်ပံ့ဖို့ အစွမ်းရှိသမျှ
04:50
with the love and support she deserves."
93
290048
2093
လုပ်ကာ သူ ထိုက်တန်တာကို ပံ့ပိုးပေးမယ်။"
04:53
The statement is short and direct,
94
293066
1678
ဒီပြောဆိုမှုက တိုပြီး ပွင့်လင်းတယ်။
04:54
calling the child by name and addressing his role in her life.
95
294768
3535
ကလေးကို အမည်တပ်ခေါ်ပြီး ကလေးဘဝထဲက သူ့ကဏ္ဍကို ဖော်ပြခြင်းပါ။
04:58
So how can you apply these lie-spotting techniques to your life?
96
298327
3207
ဒီတော့ ဒီမုသားဖော်တဲ့ နည်းတွေကို သင့်ဘဝမှာ ဘယ်လို သုံးနိုင်လဲ။
05:01
First, remember that many of the lies we encounter on a daily basis
97
301558
3637
ပထမ၊ ကျွန်ုပ်တို့ နေ့စဉ် ကြုံရတဲ့ များစွာ သော မုသားတွေဟာ ဒီသာဓကတွေလောက်
05:05
are far less serious that these examples, and may even be harmless.
98
305219
4601
အပြင်းအထန် မဟုတ်ဘူးဆိုတာနဲ့ ထိခိုက်နစ်မှုတောင် မရှိနိုင်တာကို သတိရပါ။
05:09
But it's still worthwhile to be aware of telltale clues,
99
309844
2660
ဒါပေမဲ့ ဖော်ကောင် သဲလွန်စတွေကို သတိပြုထိုက်သေးတယ်လေ။
05:12
like minimal self-references, negative language,
100
312528
3688
ဥပမာ အသေးစား ကိုယ့်ကိုယ်ကို ညွှန်းတာတို့၊ အပျက်သဘော ဘာသာစကားတို့၊
05:16
simple explanations and convoluted phrasing.
101
316240
2403
ရိုးတဲ့ ရှင်းလင်းချက်တွေ ရှုပ်ထွေးတဲ့အဖြတ်အရပ်တွေပါ
05:19
It just might help you avoid an overvalued stock,
102
319759
3060
ဒါက မတန်တဆ တန်ဖိုးဖြတ်ထားတဲ့ပစ္စည်း၊ မထိရောက်တဲ့ ထုတ်ကုန်တစ်ခုနဲ့
05:22
an ineffective product, or even a terrible relationship.
103
322843
2915
ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခုကိုတောင် ရှောင်ဖို့ ကူညီနိုင်ပါတယ်။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7