If trees could speak | Elif Shafak

93,354 views ・ 2020-11-25

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

00:00
Transcriber: TED Translators Admin Reviewer: Mirjana Čutura
0
0
7000
Translator: Sanntint Tint Reviewer: Myo Aung
00:12
Humans do not see trees.
1
12890
2326
လူသားတွေဟာ သစ်ပင်တွေကို မမြင်ကြဘူး။
00:15
They walk by us every day.
2
15240
2236
နေ့တိုင်း ကျုပ်တို့နားက ဖြတ်လျှောက်သွားကြတယ်။
00:17
They sit and sleep, smoke and picnic
3
17500
4007
ကျုပ်တို့ရဲ့ အရိပ်အောက်မှာ ထိုင်ကြ၊ ဆေးလိပ်သောက်ကြ ၊အိပ်ကြ၊ ပျော်ပွဲစားထွက်ကြ၊
00:21
and secretly kiss in our shade.
4
21531
2379
တိတ်တိတ်ကလေး အနမ်းခြွေကြတယ်။
00:23
They pluck our leaves and gorge on our fruits.
5
23934
3502
ကျုပ်တို့ရဲ့ အရွက်တွေကို ခူးပြီး ကျုပ်တို့ရဲ့ အသီးတွေကို တဝတပြဲစားကြတယ်။
00:27
They break our branches
6
27460
1706
ကျုပ်တို့ရဲ့ အကိုင်းတွေကို ချိုးကြ
00:29
or carve their lover's name on our trunks with their blades
7
29190
4016
ဒါမှမဟုတ် ပင်စည်တွေပေါ်မှာ သူတို့ ချစ်သူ တွေရဲ့နာမည်တွေကို ဓားသွားတွေနဲ့ ထွင်းပြီး
00:33
and vow eternal love.
8
33230
2263
ထာဝရ အချစ်ကို အဓိဋ္ဌာန်ပြုကြတယ်။
00:36
They weave necklaces out of our needles
9
36130
2486
ကျုပ်တို့ရဲ့ အဖျားချွန်တွေကနေ လည်ဆွဲတွေ ယှက်ဖွဲ့ပြီး
00:38
and paint our flowers into art.
10
38640
2746
ကျုပ်တို့ရဲ့ပန်းပွင့်တွေကို အနုပညာအဖြစ် ဆေးခြယ်ကြတယ်။
00:41
They split us into logs to heat their homes,
11
41410
3316
သူတို့ရဲ့အိမ်တွေကို အပူပေးဖို့ ကျုပ်တို့ကို သစ်တုံးတွေအဖြစ် ခွဲပြီး
00:44
and sometimes they chop us down
12
44750
2326
ကျုပ်တို့က သူတို့ မြင်ကွင်းကို ကွယ်တယ်လို့
00:47
just because they think we obstruct their view.
13
47100
3166
ထင်တာကြောင့်ပဲ တစ်ခါတစ်လေ ကျုပ်တို့ကို အခြေကနေ ခုတ်လှဲကြတယ်။
00:50
They make cradles, wine corks, chewing gum, rustic furniture
14
50290
5162
ပုခက်တွေ၊ ဝိုင် ဖော့ဆို့တွေ၊ ကပ်စေးနှဲ၊ ပရိဘောဂကြမ်းတွေ ဖန်တီးပြီး
00:55
and produce the most beautiful music out of us.
15
55476
3494
ကျုပ်တို့ဆီကနေ အလှပဆုံး ဂီတကို ထုတ်လုပ်ကြတယ်။
00:59
And they turn us into books
16
59360
1866
နောက်ပြီး အေးစက်တဲ့ ဆောင်းညတွေမှာ
01:01
in which they bury themselves on cold winter nights.
17
61250
3996
သူတို့တွေ စျာန်ဝင်ကြတဲ့စာအုပ်တွေအဖြစ် ကျုပ်တို့ကို ပြောင်းလိုက်ကြတယ်။
01:05
They use our wood to manufacture coffins in which they end their lives.
18
65270
5336
သူတို့ရဲ့ ဘဝတွေ အဆုံးသတ်တဲ့ ခေါင်းတွေ လုပ်ဖို့ ကျုပ်တို့ အသားတွေကို သုံးကြတယ်။
01:10
And they even compose the most romantic poems for us,
19
70630
4206
ကျုပ်တို့အတွက် ကြည်နူးဖွယ် ကဗျာတွေတောင် ရေးဖွဲ့ကြတယ်၊
01:14
claiming we're the link between earth and sky.
20
74860
4496
ကျုပ်တို့ဟာ မြေကြီးနဲ့ ကောင်းကင်ကြားက အဆက်အသွယ်လို့ အခိုင်အမာဆိုရင်းလေ။
01:19
And yet, they do not see us.
21
79380
2543
ဒါပေမဲ့ ကျုပ်တို့ကို သူတို့ မမြင်ဘူး။
01:24
So one of the many beauties of the art of storytelling
22
84790
3726
ဒီတော့ ပုံပြောခြင်း အတတ်ပညာရဲ့ အလှအပများစွာထဲက တစ်ခုက
01:28
is to imagine yourself inside someone else's voice.
23
88540
4026
အခြားသူတစ်ဦးရဲ့အသံအတွင်းမှာ မိမိကိုယ်ကိုယ် စိတ်ကူးကြည့်ဖို့ပါ။
01:32
But as writers, as much as we love stories and words,
24
92590
4716
ဒါပေမဲ့ စာရေးဆရာတွေလိုပဲ ကျုပ်တို့ဟာ ဇာတ်လမ်းတွေ၊ စကားလုံးတွေကို နှစ်သက်တယ်။
01:37
I believe we must also be interested in silences:
25
97330
4276
တိတ်ဆိတ်မှုတွေကိုလည်း ကျုပ်တို့ စိတ်ဝင်စားမှာပဲလို့ ယုံကြည်တယ်။
01:41
the things we cannot talk about easily in our societies,
26
101630
4206
လူ့အဖွဲ့အစည်းတွေထဲမှာ လွယ်လွယ် ပြောဆိုလို့ မရတဲ့ အရာတွေ၊
01:45
the marginalized, the disempowered.
27
105860
3086
ဘေးဖယ်ခံရတာတွေ၊ အားနည်းအောင်လုပ်ထားတာတွေ
01:48
In that sense, literature can, and hopefully does,
28
108970
4056
ဒီသဘောအရ စာပေက လုပ်နိုင်တာ၊ လုပ်တာလို့ မျှော်လင့်တာက
01:53
bring the periphery to the center,
29
113050
2766
ဒီဘေးထွက်နေရတာတွေကို ဗဟိုဆီ ယူဆောင်တာ၊
01:55
make the invisible a bit more visible,
30
115840
2796
မမြင်ရတာကို နည်းနည်း ပိုမြင်သာစေတာ၊
01:58
make the unheard a bit more heard,
31
118660
2756
မကြားရတာကို နည်းနည်း ပိုကြားစေတာ၊
02:01
and empathy and understanding speak louder than demagoguery and apathy.
32
121440
5835
စာနာမှုနဲ့ နားလည်မှုဟာ လှုံ့ဆော်ဟောပြောမှု နဲ့ စိတ်မပါမှုထက် ပိုကျယ်လောင်တာပါ။
02:07
Stories bring us together.
33
127974
2591
ဇာတ်လမ်းတွေဟာ ကျုပ်တို့တွေကို အတူ စုစည်းပေးတယ်။
02:10
Untold stories and entrenched silences keep us apart.
34
130589
4971
မဖွင့်ဟတဲ့ ဇာတ်လမ်းတွေနဲ့ အမြစ်တွယ်နေတဲ့ တိတ်ဆိတ်မှုတွေက ကျုပ်တို့ကို ကွဲကွာစေတယ်။
02:16
But how to tell the stories of humanity and nature
35
136130
4476
ဒါပေမဲ့ ကျုပ်တို့ ကမ္ဘာဂြိုဟ်က လောင်ကျွမ်းနေတဲ့ အချိန်တစ်ခုမှာ
02:20
at a time when our planet is burning
36
140630
3036
လူ့လောကနဲ့ သဘာဝရဲ့ ဇာတ်လမ်းတွေကို ဘယ်လိုပြောပြမလဲ။
02:23
and there is no precedent
37
143690
1766
ကျုပ်တို့ စုပေါင်း တွေ့ကြုံရတော့မယ့်
02:25
for what we're about to experience collectively
38
145480
3076
အရာတွက် အစဉ်အလာမရှိဘူး၊
02:28
whether it's political, social or ecological?
39
148580
4283
နိုင်ငံရေးဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ်၊ ဂေဟစနစ်ဆိုင်ရာဖြစ်ဖြစ်ပါ။
02:33
But tell we must
40
153500
1506
ဒါပေမဲ့ ကြံုရမှာလို့သာ ပြောပါ၊
02:35
because if there's one thing
41
155030
1466
အကြောင်းက ကျုပ်တို့ကမ္ဘာကို
02:36
that is destroying our world more than anything,
42
156520
3126
အခြားအရာထက် ပိုဖျက်ဆီးနေတဲ့ တစ်ခုရှိနေတယ်ဆိုရင်
02:39
it is numbness.
43
159670
1606
ဒါက ဥပက္ခာပြုမှုပါ။
02:41
When people become disconnected, desensitized, indifferent,
44
161300
5756
လူတွေဟာ အဆက်အစပ်မဲ့တာ၊ တုံ့ပြန်မှုမဲ့တာ၊ စိတ်ဝင်စားမှုကင်းမဲ့တာ ဖြစ်လာတဲ့အခါ၊
02:47
when they stop listening, when they stop learning
45
167080
3459
ဒီမှာ၊ ဟိုမှာ၊ နေရာတိုင်းမှာ ဖြစ်ပျက်နေတာကို
02:50
and when they stop caring
46
170563
1733
နားထောင်တာကို ရပ်လိုက်တဲ့အခါ၊
02:52
about what's happening here, there and everywhere.
47
172320
4333
သင်ယူတာကို ရပ်လိုက်တဲ့အခါ၊ ဂရုစိုက်တာကို ရပ်လိုက်တဲ့အခါပါ။
03:00
We measure time differently, trees and humans.
48
180430
3766
ကျုပ်တို့က သစ်ပင်တွေနဲ့ လူသားတွေကြားက အချိန်ကို ခြားနားစွာ တိုင်းတာတယ်။
03:04
Human time is linear --
49
184220
1846
လူသား အချိန်က အလျားလိုက်ပါ၊
03:06
a neat continuum
50
186090
1373
သေသပ်တဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ၊
03:07
stretching from a past that is deemed to be over and done with
51
187487
4784
ကျော်လွန်၊ ပြီးပြတ်သွားပြီးလို မှတ်ယူရတဲ့ အတိတ်ကနေ
03:12
towards the future that is supposed to be pristine, untouched.
52
192295
4565
အသစ်အတိုင်း၊ မထိရသေးသလို ယူဆရတဲ့ အနာဂတ်အထိ ဆန့်တန်းနေတယ်။
03:17
Tree time is circular.
53
197240
2029
သစ်ပင် အချိန်က စက်ဝိုင်းလည်နေတယ်။
03:19
Both the past and the future breathe within the present moment.
54
199293
4773
အတိတ်နဲ့ အနာဂတ် နှစ်ခုစလုံးဟာ ပစ္စုပ္ပန် ကာလအတွင်းမှာ ပေါ်လွင်နေတယ်။
03:24
And the present does not move in one direction.
55
204090
3446
ပစ္စုပ္ပန်က ဦးတည်ရာတစ်ခုဆီ ရွေ့မသွားပါ။
03:27
Instead it draws circles within circles,
56
207560
3586
ဒီအစား စက်ဝိုင်းတွေထဲမှာ စက်ဝိုင်းတွေ ရေးဆွဲတယ်။
03:31
like the rings you would find when you cut us down.
57
211170
3893
ခင်ဗျားတို့ ခုတ်လှဲလိုက်တဲ့အခါ မြင်တွေ့ရမယ့် ကွင်းတွေလိုပါ။
03:35
Next time you walk by a tree, try to slow down and listen
58
215790
4736
နောက်တစ်ခါ သစ်ပင်တစ်ပင်ကို ဖြတ်သွားတဲ့အခါ နှေးနှေးလှမ်းကာ နားထောင်ဖို့ ကြိုးစားပါ။
03:40
because each of us whispers in the wind.
59
220550
2996
အကြောင်းက ကျုပ်တို့အချင်းချင်း လေထဲမှာ တီးတိုးပြောလို့ပါ။
03:43
Look at us.
60
223570
1174
ကျုပ်တို့ကို ကြည့်ပါ။
03:44
We're older than you and your kind.
61
224768
2628
ခင်ဗျားတို့ထက် အသက်ပိုကြီးပြီး ကြင်နာတတ်ပါတယ်။
03:47
Listen to what we have to tell,
62
227420
2349
ကျုပ်တို့ ပြောစရာရှိတာကို နားထောင်ပေးပါ။
03:49
because hidden inside our story is the past and the future of humanity.
63
229793
5907
အကြောင်းက ကျုပ်တို့ဇာတ်လမ်းထဲမှာ ပုန်းကွယ် နေတာက လူ့လောကရဲ့ အတိတ်နဲ့ အနာဂတ်မို့ပါ။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7