My year of saying yes to everything | Shonda Rhimes

1,662,001 views ・ 2016-03-09

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:12
So a while ago, I tried an experiment.
0
12960
3656
အတန်ကြာက စမ်းသပ်မှုတစ်ခု စမ်းလုပ်ခဲ့တယ်။
00:16
For one year, I would say yes to all the things that scared me.
1
16640
3440
တစ်နှစ်တာလုံး ကိုယ့်ကို လှန့်နေတာတွေ အကုန်လုံးကို "အင်း"လုပ်မယ်ပေါ့။
00:20
Anything that made me nervous, took me out of my comfort zone,
2
20720
3336
ကျွန်မကို ထိတ်စေတာက ဒါက ကျွန်မကို ဇိမ်ကျတဲ့နေရာက ခေါ်ထုတ်လိုက်တာပါ။
00:24
I forced myself to say yes to.
3
24080
1760
ကျွန်မဘာသာ အားတင်းပြီး အင်း လုပ်တယ်။
00:26
Did I want to speak in public?
4
26360
1655
လူတွေထဲမှာ စကားပြောချင်ခဲ့လား။
00:28
No, but yes.
5
28040
1680
ဟင့်အင်း။ အင်း ဟုတ်တယ်။
00:30
Did I want to be on live TV?
6
30280
1896
တီဗီက တိုက်ရိုက်လွှင့်တာမှာ ပါချင်လား
00:32
No, but yes.
7
32200
1800
ဟင့်အင်း။ အင်း ဟုတ်တယ်။
00:34
Did I want to try acting?
8
34480
1816
သီချင်းဆိုချင်ခဲ့လား။
00:36
No, no, no, but yes, yes, yes.
9
36320
3056
ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။
00:39
And a crazy thing happened:
10
39400
2056
ဒါနဲ့ ခပ်ကြောင်ကြောင်တစ်ခု ဖြစ်ခဲ့တယ်။
00:41
the very act of doing the thing that scared me
11
41480
2736
ကျွန်မကို လန့်စေတဲ့အရာကို လုပ်ခြင်းရဲ့ လုပ်ရပ်ကပဲ
00:44
undid the fear,
12
44240
1656
ကြောက်ရွံ့မှုကို ပျက်ပြယ်စေပြီး
00:45
made it not scary.
13
45920
1536
လန့်စရာမဟုတ်အောင် လုပ်ပေးတယ်။
00:47
My fear of public speaking, my social anxiety, poof, gone.
14
47480
4440
လူအများ​ရှေ့မှာ စကားပြောရမှာ ကြောက်စိတ် လူမှုရေးရာ ပူပန်မှု၊ ကဲ သွားလေရော့။
00:52
It's amazing, the power of one word.
15
52600
2976
အံ့ဩစရာပါ၊ စကားလုံးတစ်လုံးရဲ့ တန်ခိုးလေ။
00:55
"Yes" changed my life.
16
55600
2136
"အင်း" ဟာ ကျွန်မဘဝကို ပြောင်းပစ်တယ်။
00:57
"Yes" changed me.
17
57760
1696
"အင်း" ဟာ ကျွန်မကို ပြောင်းခဲ့တယ်။
00:59
But there was one particular yes
18
59480
2376
ဒါပေမဲ့ ကျွန်မဘဝကို အနက်ရှိုင်းဆုံးနည်းနဲ့
01:01
that affected my life in the most profound way,
19
61880
2936
သက်ရောက်ခဲ့တဲ့ ထူးခြားတဲ့ "အင်း"တစ်လုံး ရှိခဲ့ပါတယ်။
01:04
in a way I never imagined,
20
64840
1816
တစ်ခါမှစိတ်မကူးမိခဲ့တဲ့ နည်းတစ်ခုနဲ့ပါ
01:06
and it started with a question from my toddler.
21
66680
2640
ဒါက ကျွန်မရဲ့ လမ်းလျှောက်စ ကလေးဆီကမေးခွန်းနဲ့ စခဲ့တာပါ။
01:10
I have these three amazing daughters, Harper, Beckett and Emerson,
22
70440
3296
ကျွန်မမှာ အံ့ဩစရာ Harper၊ Beckett နဲ့ Emerson သမီးသုံးယောက်ရှိကာ
01:13
and Emerson is a toddler who inexplicably refers to everyone as "honey."
23
73760
3496
Emerson ကလမ်းလျှောက်စဖြစ်ပြီး တောင်ပိုင်း စားပွဲထိုးဆိုပေမဲ့ လူတိုင်းကို
01:17
as though she's a Southern waitress.
24
77280
1856
"ဟန်နီ"လို့ မတွေးတတ်အောင် ဆိုသူပါ ။
01:19
(Laughter)
25
79160
1216
(ရယ်သံများ)
01:20
"Honey, I'm gonna need some milk for my sippy cup."
26
80400
2816
"ဟန်နီ၊ နို့ဘူးအတွက် နို့ကုန်တော့မှာနော်"
01:23
(Laughter)
27
83240
1616
(ရယ်သံများ)
01:24
The Southern waitress asked me to play with her one evening
28
84880
3256
တောင်ပိုင်း စားပွဲထိုးမလေးက တစ်ညနေ သူနဲ့ကစားဖို့ ပြောတယ်။
01:28
when I was on my way somewhere, and I said, "Yes."
29
88160
2776
ကျွန်မက တစ်နေရာရာ သွားခိုက်မှာ "အင်း"လို့ ပြောလိုက်တယ်။
01:30
And that yes was the beginning of a new way of life for my family.
30
90960
4016
ဒီ"အင်း"ဟာ ကျွန်မ မိသားစုအတွက် နည်းသစ်တစ်ခု ရဲ့ အစဖြစ်ခဲ့တယ်။
01:35
I made a vow that from now on,
31
95000
1976
အဲဒီကစပြီး ကျွန်မရဲ့ကလေးတစ်ယောက်က
01:37
every time one of my children asks me to play,
32
97000
2336
ကစားဖို့ပြောတိုင်း ဘာလုပ်နေနေ၊
01:39
no matter what I'm doing or where I'm going,
33
99360
2536
ဘယ်သွားနေနေ အကြိမ်တိုင်း
01:41
I say yes, every single time.
34
101920
3600
"အင်း"လုပ်ဖို့ အဓိဋ္ဌာန်လိုက်တယ်။
01:46
Almost. I'm not perfect at it, but I try hard to practice it.
35
106280
3616
နီးပါးပါ။ ဒီမှာ ကျွန်မက အပြည့်အစုံ မဟုတ်ပေမဲ့ လေ့ကျင့်ဖို့ ကြိုးစားခဲ့တယ်။
01:49
And it's had a magical effect on me,
36
109920
2416
ဒါက ကျွန်မ အပေါ်၊ ကလေးတွေအပေါ်၊ မိသားစုအပေါ်
01:52
on my children, on our family.
37
112360
2400
မှော်ဆန်တဲ့ သက်ရောက်မှုရှိခဲ့တယ်။
01:55
But it's also had a stunning side effect,
38
115520
2936
ဒါပေမဲ့ အံ့မခန်းဘွယ် ဘေးထွက် အကျိုးလည်း ရှိခဲ့ပြီး
01:58
and it wasn't until recently that I fully understood it,
39
118480
3576
မကြာခင်ကမှ အပြည့်အဝနားလည်လိုက်တာပါ၊
02:02
that I understood that saying yes to playing with my children
40
122080
3576
ကလေးတွေနဲ့ ကစားဖို့ "အင်း"လုပ်တာဟာ ကျွန်မအလုပ်ကို ကယ်လိုက်တာ
02:05
likely saved my career.
41
125680
2160
ဖြစ်လောက်တယ်လို့ နားလည်လိုက်ခြင်းပါ။
02:08
See, I have what most people would call a dream job.
42
128760
3136
အများစုက အိပ်မက်ဆန်တဲ့အလုပ်လို့ ခေါ်မယ့်အလုပ် ကျွန်မမှာရှိတယ်။
02:11
I'm a writer. I imagine. I make stuff up for a living.
43
131920
2776
စာရေးဆရာမ၊ စိတ်ကူးသူ၊ ဝမ်းရေးအတွက် ဇာတ်လမ်းတွေ ထွင်သူပါ။
02:14
Dream job.
44
134720
1456
အိပ်မက်ဆန်တဲ့ အလုပ်ပေါ့။
02:16
No.
45
136200
1336
မဟုတ်ဘူး။
02:17
I'm a titan.
46
137560
1200
အထင်ကရ တစ်ယောက်ပေါ့။
02:19
Dream job.
47
139320
1336
အိပ်မက်ဆန်တဲ့ အလုပ်လေ။
02:20
I create television. I executive produce television.
48
140680
2456
တီဗွီအစီအစဉ် ဖန်တီးတယ်၊ အစီအစဉ်ထုတ်လုပ်ရေးမှူးပေါ့။
02:23
I make television, a great deal of television.
49
143160
3096
တီဗွီ အစီအစဉ်အများကြီးကို ထုတ်လုပ်တယ်။
02:26
In one way or another, this TV season,
50
146280
1856
တနည်းမဟုတ်တစ်နည်းနဲ့ ဒီတီဗွီ ရာသီမှာပါ။
02:28
I'm responsible for bringing about 70 hours of programming to the world.
51
148160
3536
ကမ္ဘာမှာ နာရီ ၇၀ စာ အစီအစဉ်တွေ ထုတ်လုပ်ပေးဖို့ တာဝန်ရှိတယ်။
02:31
Four television programs, 70 hours of TV --
52
151720
2056
တီဗွီအစီအစဉ် လေးခု၊ ရုပ်သံ နာရီ ရ၀ စာလေ။
02:33
(Applause)
53
153800
1016
(လက်ခုပ်သံများ)
02:34
Three shows in production at a time, sometimes four.
54
154840
2456
တစ်ကြိမ်တည်းမှာ သုံးပွဲ၊ တစ်ခါတစ်လေ လေးပွဲ၊
02:37
Each show creates hundreds of jobs that didn't exist before.
55
157320
3336
ပွဲတိုင်းက အရင်ကမရှိဘူးတဲ့ ရာချီတဲ့အလုပ်တွေကို ဖန်တီးပေးတယ်။
02:40
The budget for one episode of network television
56
160680
2256
ကွန်ရက် တီဗွီ ဇာတ်ကွက်တစ်ကွက် အတွက် အသုံးစရိတ်က
02:42
can be anywhere from three to six million dollars.
57
162960
2376
ဒေါ်လာ သုံးသန်းကနေ ခြောက်သန်းရှိနိုင်တယ်။
02:45
Let's just say five.
58
165360
1256
ငါးသန်းပဲ ဆိုပါစို့။
02:46
A new episode made every nine days times four shows,
59
166640
2456
ဇာတ်ကွက်အသစ်တစ်ခုက ကိုးရက်တစ်ခါ လေးပွဲ လုပ်တယ်။
02:49
so every nine days that's 20 million dollars worth of television,
60
169120
3056
ဒီတော့ ကိုးရက်တစ်ခါတိုင်းမှာ ဒေါ်လာ သန်း ၂၀ တန်တဲ့
02:52
four television programs, 70 hours of TV,
61
172200
1976
အစီအစဉ် လေးခု၊ နာရီ ၇၀ ကြာ တီဗွီ၊
02:54
three shows in production at a time, sometimes four,
62
174200
2456
တစ်ကြိမ်ထုတ် သုံးပွဲ၊ တစ်ခါတစ်လေ လေးပွဲ၊
02:56
16 episodes going on at all times:
63
176680
1696
အကြိမ်အားလုံးမှာ ဇာတ်ကွက် ၁၆ ကွက်၊
02:58
24 episodes of "Grey's," 21 episodes of "Scandal,"
64
178400
2376
"Grey's" ရဲ့ ၂၄ကွက်၊ "Scandal" ရဲ့ ၂၁ ကွက်၊
03:00
15 episodes of "How To Get Away With Murder,"
65
180800
2256
"How To Get Away With Murder" ရဲ့ ၁၅ ကွက်၊
03:03
10 episodes of "The Catch," that's 70 hours of TV,
66
183080
2376
"The Catch" ရဲ့ ၁၀ ကွက်၊ ရ၀ နာရီစာ တီဗွီ၊
03:05
that's 350 million dollars for a season.
67
185480
1936
ရာသီတစ်ခုအတွက် ဒေါ်လာ သန်း ၃၅၀ ပါ။
03:07
In America, my television shows
68
187440
1536
အမေရိကမှာ ကျွန်မရဲ့ တီဗီပွဲတွေဟာ
03:09
are back to back to back on Thursday night.
69
189000
2016
ကြဿပတေးနေ့မှာ ဆို ဆက်တိုက်ရှိပါတယ်။
03:11
Around the world, my shows air in 256 territories in 67 languages
70
191040
3776
တစ်ကမ္ဘာလုံးမှာ ကျွန်မပွဲတွေဟာ လူ သန်းပေါင်း ၃၀ အတွက် ဘာသာစကား ၆၇ မျိုးနဲ့
03:14
for an audience of 30 million people.
71
194840
1816
ဒေသပေါင်း ၂၅၆ ခုမှာ ထုတ်လွှင့်တယ်။
03:16
My brain is global,
72
196680
1680
ကျွန်မဦးနှောက်က ကျယ်ပြန့်ပြီး
03:18
and 45 hours of that 70 hours of TV are shows I personally created
73
198880
3336
နာရီ ၇၀ ထဲက ၄၅ နာရီဟာ ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး
03:22
and not just produced, so on top of everything else,
74
202240
2456
ထုတ်လုပ်ရုံပဲမဟုတ်ပဲ အခြားဟာတွေရဲ့ ထိပ်မှာရှိတာပါ။
03:24
I need to find time, real quiet, creative time,
75
204720
3536
မီးပုံဘေးက ပရိတ်သတ်တွေကို စုစည်းပြီးကျွန်မရဲ့ ဇာတ်လမ်းတွေ ပြောပြဖို့
03:28
to gather my fans around the campfire
76
208280
2176
တကယ့် တိတ်ဆိတ်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့
03:30
and tell my stories.
77
210480
1240
အချိန်ကိုရှာဖို့လိုပါတယ်။
03:32
Four television programs, 70 hours of TV,
78
212160
1953
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ
03:34
three shows in production at a time,
79
214137
1719
တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
03:35
sometimes four, 350 million dollars, campfires burning all over the world.
80
215880
4040
တစ်ခါတစ်လေ လေးပွဲ၊ ဒေါ်လာ သန်း ၃၅၀၊ တစ်ကမ္ဘာလုံး မီးပုံပွဲတွေ တောက်လောင်ရင်း။
03:40
You know who else is doing that?
81
220640
1560
ဒါကို ဘယ်သူ လုပ်နိုင်သေးလဲ။
03:42
Nobody, so like I said, I'm a titan.
82
222800
2736
တစ်ယောက်မှမရှိဘူး၊ ကျွန်မပြောသလို အထင်ကရပါလို့။
03:45
Dream job.
83
225560
1256
အိပ်မက်ဆန်တဲ့ အလုပ်လေ။
03:46
(Applause)
84
226840
1216
(လက်ခုပ်သံများ)
03:48
Now, I don't tell you this to impress you.
85
228080
2256
ဒါကို ရှင်တို့အထင်ကြီးဖို့ ပြောနေတာမဟုတ်ဘူး။
03:50
I tell you this because I know what you think of when you hear the word "writer."
86
230360
4136
ပြောရတဲ့အကြောင်းက "စာရေးဆရာ"လို့ ကြားရင် ရှင်တို့ထင်မိတာ ကျွန်မ သိလို့ပါ။
03:54
I tell you this so that all of you out there who work so hard,
87
234520
2905
ဒီက အလုပ်ကြိုးစားသူတဲ့ ရှင်တို့အားလုံး ကုမ္ပဏီတစ်ခု၊
03:57
whether you run a company or a country or a classroom
88
237449
3407
စာသင်ခန်းတစ်ခန်း၊ ဆိုင်တစ်ဆိုင် အိမ်တစ်အိမ် လည်ပတ်တာဖြစ်ဖြစ်
04:00
or a store or a home,
89
240880
2496
အလုပ်လုပ်တဲ့အကြောင်း
04:03
take me seriously when I talk about working,
90
243400
2696
ကျွန်မပြောတဲ့အခါ ကျွန်မကို အလေးအနက်ထားဖို့ပါ။
04:06
so you'll get that I don't peck at a computer and imagine all day,
91
246120
3976
ကျွန်မဟာ ကွန်ပြူတာကို မတို့ မထိ၊ တစ်နေ့လုံး စိတ်ကူးယဉ်မနေတာ သိဖို့ပါ။
04:10
so you'll hear me when I say
92
250120
1896
အိပ်မက်ဆန်တဲ့အလုပ်ဟာ အိပ်မက်မက်တာ
04:12
that I understand that a dream job is not about dreaming.
93
252040
3480
မဟုတ်ဘူးလို့ ကျွန်မနားလည်တာကို ပြောတဲ့အခါ ကြားဖို့ပါ။
04:16
It's all job, all work, all reality, all blood, all sweat, no tears.
94
256000
5416
ဒါအလုပ်၊ လုပ်ငန်းပါ၊ ဒိဋ္ဌအဖြစ်ပါ၊ သွေးတွေ၊ ချွေးးတွေပါ၊ မျက်ရည်မပါဘူး။
04:21
I work a lot, very hard, and I love it.
95
261440
3800
ကျွန်မ အလုပ် အများကြီးလုပ်တယ်၊ အရမ်းကြိုးစားပြီး နှစ်သက်တယ်လေ။
04:25
When I'm hard at work, when I'm deep in it,
96
265840
2336
ကျွန်မ အလုပ် ကြိုးစားပြီး အလုပ်မှာ နစ်သွားတဲ့အခါ
04:28
there is no other feeling.
97
268200
2496
တစ်ခြား ဘာခံစားချက်မှ မရှိတော့ဘူး။
04:30
For me, my work is at all times building a nation out of thin air.
98
270720
3456
ကျွန်မအတွက် အလုပ်ဟာ အမြဲတမ်း လေထုပါးထဲမှာ နိုင်ငံတစ်ခု ဆောက်နေတာ၊
04:34
It is manning the troops. It is painting a canvas.
99
274200
2776
စစ်သည်တွေကို တာဝန်ပေးနေတာ၊ ပတ္တုစကို ဆေးခြယ်နေတာ၊
04:37
It is hitting every high note. It is running a marathon.
100
277000
2656
အမြင်သံတွေကို တီးခေါက်နေတာ၊ မာရသွန်ပြေးနေတာပါ။
04:39
It is being Beyoncé.
101
279680
1616
Beyoncé ဖြစ်နေတာပေါ့။
04:41
And it is all of those things at the same time.
102
281320
2920
ဒါတွေအားလုံးက တစ်ချိန်တည်းမှာပါ။
04:44
I love working.
103
284920
1656
အလုပ်လုပ်တာကို ကျွန်မကြိုက်တယ်။
04:46
It is creative and mechanical and exhausting and exhilarating
104
286600
3056
ဒါက ထိုးထွင်တတ်ပြီး စက်သဘော ဆန်တယ်၊ ပင်ပန်းပြီး ရွှင်မြူးစရာ၊
04:49
and hilarious and disturbing and clinical and maternal
105
289680
2576
ရယ်မောစရာ လန့်စရာ၊ ခံစားချက် ကင်းပြီး ရုပ်သဘောဆန်တယ်၊
04:52
and cruel and judicious,
106
292280
1376
ရက်စက်ပြီး အမြော်အမြင်ရှိတယ်
04:53
and what makes it all so good is the hum.
107
293680
3080
ဒါကလုပ်လိုက်တဲ့ အရမ်းကောင်းတာက "ဟင်"ဆိုတာပါ။
04:57
There is some kind of shift inside me when the work gets good.
108
297640
3216
အလုပ်လုပ်ကောင်းတဲ့အခါ ကိုယ်ထဲမှာ အပြောင်းအလဲတစ်မျိုး ရှိသွားတယ်။
05:00
A hum begins in my brain,
109
300880
1896
"ဟင်" တစ်လုံးဟာ ဦးနှောက်ထဲမှာ စဖြစ်ပြီး
05:02
and it grows and it grows and that hum sounds like the open road,
110
302800
3696
ကြီး၊ ကြီးလာကာ "ဟင်"ဟာ ဖွင့်ထားတဲ့ လမ်းတစ်ခု ပုံပေါက်လာပြီး
05:06
and I could drive it forever.
111
306520
2000
ကိုယ် တစ်သက်လုံး မောင်းလို့ရသွားတာပါ။
05:09
And a lot of people, when I try to explain the hum,
112
309400
2381
"ဟင်"အကြောင်းကြိုးစားရှင်းပြတော့ အတော်များများက
05:12
they assume that I'm talking about the writing,
113
312520
2216
ယူဆတာက ကျွန်မဆီ ပျော်ရွှင်မှု ယူလာပေးတဲ့
05:14
that my writing brings me joy.
114
314760
1456
စာရေးတဲ့အကြောင်း ပြောနေတယ်ပေါ့
05:16
And don't get me wrong, it does.
115
316240
2320
အထင်မလွဲလိုက်ပါနဲ့။ ဒါကတကယ်ပါ။
05:19
But the hum --
116
319400
1200
ဒါပေမဲ့ "ဟင်"ဆိုတာက..
05:21
it wasn't until I started making television
117
321640
2016
တီဗွီအစီအစဉ် စလုပ်တော့မှပဲ
05:23
that I started working, working and making
118
323680
2216
အလုပ်တွေလုပ်နေ လုပ်နေရင်း၊ ဖန်တီးရင်း
05:25
and building and creating and collaborating,
119
325920
2616
တည်ဆောက်ရင်း၊ ပူးပေါင်လုပ်ဆောင်ရင်းနဲ့
05:28
that I discovered this thing, this buzz, this rush, this hum.
120
328560
4440
ဒီတစီစီ၊ ကမန်းကတန်း၊ ဒီ "ဟင်" ဆိုတာလေးကို တွေ့ရှိလိုက်တာပါ၊
05:33
The hum is more than writing.
121
333800
2016
"ဟင်"က စာရေးခြင်းထက် ပိုပါတယ်။
05:35
The hum is action and activity. The hum is a drug.
122
335840
3256
"ဟင်"ဟာ တက်ကြွမှုနဲ့ လှုပ်ရှားမှုပါ၊ "ဟင်"ဟာ ဆေးဝါးတစ်မျိုးပါ။
05:39
The hum is music. The hum is light and air.
123
339120
2616
"ဟင်"ဟာ ဂီတပါ၊ "ဟင်"ဟာ အလင်းနဲ့ လေထုပါ။
05:41
The hum is God's whisper right in my ear.
124
341760
3360
"ဟင်"ဟာ ကျွန်မ နားထဲမှာတော့ ဘုရားသခင်ရဲ့ တီးတိုးသံပါ။
05:45
And when you have a hum like that,
125
345680
1720
ရှင်မှာ ဒီလို "ဟင်"တစ်လုံး ရှိရင်
05:48
you can't help but strive for greatness.
126
348120
2536
ကြီးမြတ်မှုအတွက် ကြိုးပမ်းရုံပဲလေ။
05:50
That feeling, you can't help but strive for greatness at any cost.
127
350680
4600
ဘာဖြစ်ဖြစ် ကြီးမြတ်မှုအတွက် ကြိုးပမ်းရုံပဲ ဆိုတဲ့ ခံစားချက်ပါ။
05:56
That's called the hum.
128
356120
1200
ဒါကို "ဟင်"လို့ ခေါ်ပါတယ်
05:58
Or, maybe it's called being a workaholic.
129
358120
3576
ဒါမှမဟုတ် "အလုပ် သရဲမရဲစီး"လို့ခေါ်တာ ဖြစ်လိမ့်မယ်။
06:01
(Laughter)
130
361720
1656
(ရယ်သံများ)
06:03
Maybe it's called genius.
131
363400
1800
"ပါရမီရှင်"လို့ခေါ်တာ ဖြစ်လိမ့်မယ်။
06:06
Maybe it's called ego.
132
366200
1600
"အတ္တ" လို့ခေါ်တာ ဖြစ်လိမ့်မယ်။
06:08
Maybe it's just fear of failure.
133
368520
2240
ကျရှုံးမှုရဲ့ အကြောက်တရားပဲ ဖြစ်လိမ့်မယ်။
06:11
I don't know.
134
371680
1616
ကျွန်မ မသိဘူး။
06:13
I just know that I'm not built for failure,
135
373320
3816
ကျွန်မဟာ ကျရှုံးမှုအတွက် တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာပဲ သိတယ်။
06:17
and I just know that I love the hum.
136
377160
1840
"ဟင်"ဆိုတာကို ချစ်တာပဲ ကျွန်မသိတယ်။
06:19
I just know that I want to tell you I'm a titan,
137
379840
2256
ကျွန်မက အထင်ကရလို့ ရှင်တို့ကို ပြောချင်တာနဲ့
06:22
and I know that I don't want to question it.
138
382120
2456
ဒါကို မေးခွန်းမထုတ်ချင်တာပဲ သိတယ်။
06:24
But here's the thing:
139
384600
1200
ဒါပေမဲ့ ကိစ္စက ဒီမှာပါ။
06:27
the more successful I become,
140
387080
1816
ကျွန်မ ပိုအောင်မြင်လာလေ၊
06:28
the more shows, the more episodes, the more barriers broken,
141
388920
3616
ပွဲတွေများလေ၊ ဇာတ်ကွက်များလာလေ၊ အတားအဆီးတွေ ပိုကျိုးပျက်လာလေ၊
06:32
the more work there is to do,
142
392560
1480
လုပ်စရာအလုပ်တွေ ပိုများလာလေ၊
06:34
the more balls in the air,
143
394760
1256
အလုပ်တာဝန်တွေ ပိုလာလေ
06:36
the more eyes on me, the more history stares,
144
396040
2896
ကျွန်မကို ပိုစောင့်ကြည့်လေ၊ သမိုင်းက စိုက်ကြည့်လေ၊
06:38
the more expectations there are.
145
398960
1760
မျှော်လင့်ချက်တွေ ပိုများလာလေပါ။
06:41
The more I work to be successful,
146
401280
2096
အောင်မြင်ဖို့ အလုပ်ပိုလုပ်လေ၊
06:43
the more I need to work.
147
403400
1360
အလုပ်ပိုလုပ်ဖို့ လိုလေပါ။
06:45
And what did I say about work?
148
405920
1736
အလုပ်အကြောင်း ကျွန်မ ဘာပြောခဲ့လဲ။
06:47
I love working, right?
149
407680
1320
အလုပ်လုပ်တာ ချစ်တယ်နော်
06:49
The nation I'm building, the marathon I'm running,
150
409640
2376
ကျွန်မဆောက်နေတဲ့ နိုင်ငံ၊ ပြေးနေတဲ့ မာရသွန်၊
06:52
the troops, the canvas, the high note, the hum,
151
412040
2216
စစ်သည်တွေ၊ ပတ္တုစ၊ အမြင့်သံ၊ "ဟင်"
06:54
the hum, the hum.
152
414280
1856
"ဟင်"၊ "ဟင်"
06:56
I like that hum. I love that hum.
153
416160
2056
ဒီ"ဟင်"ကို ကြိုက်တယ်။ ဒီ"ဟင်"ကို ချစ်တယ်။
06:58
I need that hum. I am that hum.
154
418240
2800
ဒီ"ဟင်"ကို လိုအပ်တယ်၊ ဒီ"ဟင်"ဟာ ကျွန်မပါ။
07:01
Am I nothing but that hum?
155
421600
2000
ကျွန်မဟာ ဒီ"ဟင်"ပဲလား။
07:05
And then the hum stopped.
156
425320
1440
ဒီနောက် "ဟင်"ဟာ ရပ်သွားခဲ့တယ်။
07:07
Overworked, overused,
157
427680
2416
အလုပ်လုပ်လွန်း၊ အသုံးများလွန်း၊
07:10
overdone, burned out.
158
430120
1296
ပိုလွန်းတော့ ကုန်ပြီပေါ့။
07:11
The hum stopped.
159
431440
2200
"ဟင်"ဟာ ရပ်သွားခဲ့တယ်။
07:15
Now, my three daughters are used to the truth
160
435080
2576
အခု သမီး သုံးယောက်က သူတို့အမေဟာ တစ်ကိုယ်တော် အလုပ်
07:17
that their mother is a single working titan.
161
437680
2120
လုပ်တဲ့ အထင်ကရဆိုတဲ့အချက်နဲ့ နေသားကျလို့။
07:20
Harper tells people,
162
440560
1216
Harper က လူတွေကို ပြောတယ်
07:21
"My mom won't be there, but you can text my nanny."
163
441800
2840
"အဲဒီမှာ အမေရှိမှာမဟုတ်ပေမဲ့ ကလေးထိန်းကို စာတိုပိုလို့ရတယ်"
07:25
And Emerson says, "Honey, I'm wanting to go to ShondaLand."
164
445240
3520
Emerson က "ဟန်နီ၊ ငါတော့ ShondaLand ကို သွားချင်နေတယ်"တဲ့။
07:29
They're children of a titan.
165
449680
1376
သူတို့ဟာ အထင်ကရရဲ့ ကလေးတွေ
07:31
They're baby titans.
166
451080
1800
အထင်ကရ ပေါက်လေးတွေပါ။
07:33
They were 12, 3, and 1 when the hum stopped.
167
453520
3280
"ဟင်" ရပ်သွားတော့ သူတို့ဟာ ၁၂၊ ၃ နဲ့ ၁ ပါ။
07:37
The hum of the engine died.
168
457720
1440
"ဟင်" ဆိုတဲ့ စက်ဟာ သေသွားတယ်။
07:39
I stopped loving work. I couldn't restart the engine.
169
459800
2496
အလုပ် ကြိုက်တာ ရပ်သွားတယ်၊ စက်ပြန်နှိုးလို့မရခဲ့ပါ။
07:42
The hum would not come back.
170
462320
1976
"ဟင်" ပြန်လာမှာ မဟုတ်တော့ဘူး။
07:44
My hum was broken.
171
464320
2320
ကျွန်မရဲ့ "ဟင်" ပျက်သွားတယ်။
07:47
I was doing the same things I always did, all the same titan work,
172
467480
3816
အမြဲတမ်းလုပ်ခဲ့တဲ့ အထင်ကရအလုပ်ကိုပဲ အပြောင်းအလဲမရှိ လုပ်နေခဲ့တယ်။
07:51
15-hour days, working straight through the weekends,
173
471320
2456
တစ်နေ ၁၅ နာရီ အားရက်တွေ တောက်လျှောက် လုပ်နေခဲ့တယ်၊
07:53
no regrets, never surrender, a titan never sleeps, a titan never quits,
174
473800
3336
နောင်တမရှိ၊ အရှုံးမပေး၊ ဘယ်တော့မှ မအိပ်၊ ဘယ်တော့မှ ထွက်မသွားဘူး၊
07:57
full hearts, clear eyes, yada, whatever.
175
477160
2200
ပြည့်တဲ့ နှလုံး၊ ကြည်တဲ့မျက်လုံး ဘာဖြစ်ဖြစ်လေ။
08:00
But there was no hum.
176
480000
1520
ဒါပေမဲ့ "ဟင်" က မရှိ။
08:02
Inside me was silence.
177
482840
1760
ကိုယ်တွင်းမှာက တိတ်ဆိတ်မှုပါ။
08:06
Four television programs, 70 hours of TV, three shows in production at a time,
178
486080
3696
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
08:09
sometimes four.
179
489800
1216
တစ်ခါတစ်လေ လေးပွဲ၊
08:11
Four television programs, 70 hours of TV, three shows in production at a time ...
180
491040
3816
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
08:14
I was the perfect titan.
181
494880
2096
ကျွန်မဟာ စံပြ အထင်ကရကြီးပေါ့။
08:17
I was a titan you could take home to your mother.
182
497000
2320
ရှင်တို့အမေဆီ အိမ်ကို ခေါ်သွားလို့ရတဲ့ အထင်ကရပါ။
08:20
All the colors were the same, and I was no longer having any fun.
183
500520
3560
အရောင်တွေက အတူတူပဲ၊ ပျော်စရာ မရှိတော့ဘူး။
08:24
And it was my life.
184
504560
1320
ဒါ ကျွန်မရဲ့ ဘဝ ဖြစ်ခဲ့တယ်။
08:26
It was all I did.
185
506800
1336
ဒါအားလုံး ကျွန်မလုပ်ခဲ့တာပါ။
08:28
I was the hum, and the hum was me.
186
508160
2720
"ဟင်"ဟာ ကျွန်မ၊ ကျွန်မဟာ "ဟင်"။
08:31
So what do you do when the thing you do,
187
511640
2576
ကိုယ်လုပ်တာတွေ၊ ကိုယ်ချစ်တဲ့ အလုပ် ဖုန်လို အရသာရှိတဲ့
08:34
the work you love, starts to taste like dust?
188
514240
2680
အစတွေ လုပ်တဲ့အခါ ဘာလုပ်တတ်ကြလဲ၊
08:37
Now, I know somebody's out there thinking,
189
517880
2056
ကဲ ဒီက တစ်ယောက်ယောက်ကနေ တွေးနေမှာက၊
08:39
"Cry me a river, stupid writer titan lady."
190
519960
2376
"တော်ပါတော့၊ ပေါက်ကရ စာရေးဆရာမကြီးရယ်"
08:42
(Laughter)
191
522360
1775
(ရယ်သံများ)
08:44
But you know, you do,
192
524159
2057
ဒါပေမဲ့ ကိုယ်လုပ်တာ ကိုယ်သိတယ်လေ။
08:46
if you make, if you work, if you love what you do,
193
526240
2775
ကိုယ်က ဖန်တီးရင်၊ အလုပ်လုပ်ရင် ကိုယ်လုပ်တာကိုချစ်ရင်
08:49
being a teacher, being a banker, being a mother, being a painter,
194
529039
3057
ဆရာဖြစ်စေ၊ ဘဏ်သူဌေးဖြစ်စေ၊ မိခင်ဖြစ်စေ၊ ပန်းချီဆရာဖြစ်စေ၊
08:52
being Bill Gates,
195
532120
1216
Bill Gates ဖြစ်စေ၊
08:53
if you simply love another person and that gives you the hum,
196
533360
3336
အခြားလူတစ်ယောက်ကို ချစ်ပြီး၊ ဒါက "ဟင်" ကိုယ့်ကိုပေးရင်၊
08:56
if you know the hum,
197
536720
1576
"ဟင်" ကို သိတယ်ဆိုရင်၊
08:58
if you know what the hum feels like, if you have been to the hum,
198
538320
4016
"ဟင်" က ဘယ်လိုဆိုတာသိပြီး "ဟင်" ဆီမှာ ကိုယ်ရှိဖူးတယ်ဆိုရင်၊
09:02
when the hum stops, who are you?
199
542360
3040
"ဟင်" ရပ်သွားတဲ့အခါ ရှင်က ဘယ်သူလဲ၊
09:06
What are you?
200
546640
1200
ရှင်က ဘာလဲ။
09:08
What am I?
201
548760
1416
ကျွန်မက ဘာလဲ။
09:10
Am I still a titan?
202
550200
1880
ကျွန်မ အထင်ကရ ဖြစ်တုန်းပဲလား။
09:13
If the song of my heart ceases to play, can I survive in the silence?
203
553080
4760
ကျွန်မရဲ့နှလုံးသားရဲ့ သီချင်းရပ်သွားရင် တိတ်ဆိတ်မှုထဲမှာ ကျွန်မ ရှင်ကျန်နိုင်မလား။
09:19
And then my Southern waitress toddler asks me a question.
204
559840
3240
ဒီနောက် တောင်ပိုင်း စားပွဲထိုး မတ်တတ် သွားလေးက မေးခွန်းတစ်ခု မေးတယ်။
09:23
I'm on my way out the door, I'm late, and she says,
205
563920
3896
ကျွန်မက အိမ်တံခါးကအထွက်၊ နောက်ကျနေတယ်၊ သူမက
09:27
"Momma, wanna play?"
206
567840
2280
"မေမေ၊ ကစားချင်လား"တဲ့။
09:30
And I'm just about to say no, when I realize two things.
207
570880
3336
ကျွန်မ "ဟင့်အင်း"လို့ပြောမယ်အလုပ် အရာနှစ်ခုကို သဘောပေါက်လိုက်တယ်။
09:34
One, I'm supposed to say yes to everything,
208
574240
2600
တစ်။ အရာရာကို "အင်း"လို့ ကျွန်မပြောသင့်တယ်။
09:37
and two, my Southern waitress didn't call me "honey."
209
577440
3240
နှစ်။ တောင်ပိုင်း စားပွဲထိုးမလေးက ဟန်နီ လို့ ကျွန်မကို မခေါ်ဘူး။
09:41
She's not calling everyone "honey" anymore.
210
581560
2280
ဘယ်သူ့ကို မှ "ဟန်နီ" လို့ သူမ မခေါ်တော့ဘူး။
09:44
When did that happen?
211
584640
1696
ဒါ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။
09:46
I'm missing it, being a titan and mourning my hum,
212
586360
2456
ကျွန်မလွဲနေတာ၊ အထင်ကရ ဖြစ်တာနဲ့ "ဟင်"ကို ကြေကွဲနေတာ၊
09:48
and here she is changing right before my eyes.
213
588840
2920
ဒီမှာက ကျွန်မ မျက်စီရှေ့မှာ သူမပြောင်းလဲနေတယ်။
09:52
And so she says, "Momma, wanna play?"
214
592440
3080
ဒါနဲ့ သူမက "မေမေ၊ ကစားချင်လား"တဲ့။
09:55
And I say, "Yes."
215
595960
1280
ကျွန်မက "အင်း" လို့။
09:58
There's nothing special about it.
216
598160
2416
အထူအဆန်း ဘာမှမရှိပါဘူး။
10:00
We play, and we're joined by her sisters,
217
600600
2696
ကျွန်မတို့ ကစားတယ်။ သူ့အစ်မတွေ ပါလာပြီး
10:03
and there's a lot of laughing,
218
603320
1456
အများကြီး ရယ်မောရတယ်ပေါ့။
10:04
and I give a dramatic reading from the book Everybody Poops.
219
604800
3616
Everybody Poops စာအုပ်ကနေ ဇာတ်လမ်းဆန်တာတစ်ပုဒ် ဖတ်ပြခဲ့တယ်။
10:08
Nothing out of the ordinary.
220
608440
1376
သာမန်ကနေ ဘာမှမထူးပါဘူး။
10:09
(Laughter)
221
609840
1096
(ရယ်သံများ)
10:10
And yet, it is extraordinary,
222
610960
2176
ဒါပေမဲ့ ဒါက ထူးခြားပါတယ်။
10:13
because in my pain and my panic,
223
613160
2496
အကြောင်းက ကျွန်မရဲ့ နာကျင်မှုထဲမှာ၊ နာကျင်မှု
10:15
in the homelessness of my humlessness,
224
615680
2056
ကျွန်မရဲ့ နှိမ့်ချမှုရဲ အိမ်ယာမဲ့မှုထဲမှာ
10:17
I have nothing to do but pay attention.
225
617760
2560
လုပ်စရာဆိုလို့ အာရုံစိုက်ဖို့ပဲလေ။
10:20
I focus.
226
620760
1416
ကျွန်မ အာရုံစိုက်တယ်၊
10:22
I am still.
227
622200
1200
ကျွန်မ ငြိမ်နေတယ်။
10:24
The nation I'm building, the marathon I'm running,
228
624160
2376
ကျွန်မဆောက်နေတဲ့ နိုင်ငံ၊ ကျွန်မ ပြေးနေတဲ့ မာရသွန်
10:26
the troops, the canvas, the high note does not exist.
229
626560
2960
စစ်သည်တွေ၊ ပတ္တုစ၊ မရှိတဲ့ အမြင့်သံ။
10:30
All that exists are sticky fingers
230
630400
1936
ရှိတာဆိုလို့ စေးကပ်နေတဲ့ လက်ချောင်းတွေ၊
10:32
and gooey kisses and tiny voices and crayons
231
632360
3336
စေးကပ်တဲ့ အနမ်းတွေ၊ အသံပိစိလေးတွေ၊ ရောင်စုံ ခဲတံတွေ၊
10:35
and that song about letting go
232
635720
1576
စွန့်လွှတ်ခြင်းရဲ့ သီချင်းတစ်ပုဒ်
10:37
of whatever it is that Frozen girl needs to let go of.
233
637320
3016
ဘာဖြစ်ဖြစ် Frozen ကလေးမ စွန့်ဖို့လိုတယ်လေ။
10:40
(Laughter)
234
640360
1936
(ရယ်သံများ)
10:42
It's all peace and simplicity.
235
642320
2160
ဒါက အေးချမ်းပြီး ရိုးစင်းမှုပါပဲ။
10:45
The air is so rare in this place for me that I can barely breathe.
236
645880
4216
ဒီနေရာမှာ ကျွန်မအတွက် အသက်ရှူနိုင်ရုံပဲ၊ လေထုက သိပ်ရှားပါတယ်။
10:50
I can barely believe I'm breathing.
237
650120
2160
အသက်ရှူရုံလေးပဲ၊ အသက်ရှူနေတယ်။
10:52
Play is the opposite of work.
238
652920
2680
ကစားတာဟာ အလုပ်ရဲ့ ဆန့်ကျင်ဘက်ပါ။
10:56
And I am happy.
239
656520
1400
ပြီးတော့ ကျွန်မပျော်တယ်။
10:58
Something in me loosens.
240
658680
1376
ကိုယ်ထဲက တစ်ခုခု လျော့ကျတယ်။
11:00
A door in my brain swings open,
241
660080
2320
ဦးနှောက်ထဲက တံခါး လွှဲယမ်း ပွင့်ထွက်သွားပြီး
11:03
and a rush of energy comes.
242
663320
1496
စွမ်းအင်က ဆောင့်ဝင်လာတယ်။
11:04
And it's not instantaneous, but it happens, it does happen.
243
664840
4256
ချက်ချင်းမဟုတ်ပေမဲ့ ဒါ ဖြစ်လာတယ်၊ တကယ်ကို ဖြစ်လာပါတယ်။
11:09
I feel it.
244
669120
1200
ဒါကို ခံစားလိုက်တယ်။
11:10
A hum creeps back.
245
670640
1280
"ဟင်"က မသိမသာ ပြန်လာတယ်။
11:12
Not at full volume, barely there,
246
672480
2696
အပြည့်အဝကြီး မဟုတ်ဘူး၊ ရှိရုံလေးပါ။
11:15
it's quiet, and I have to stay very still to hear it, but it is there.
247
675200
3296
တိတ်ဆိတ်တယ်၊ ဒါကိုကြားဖို့ ငြိမ်ငြိမ်လေး နေရတယ်၊ ဒါပေမဲ့ ရှိနေတယ်။
11:18
Not the hum, but a hum.
248
678520
2720
"ဟင်" မဟုတ်ဘူး၊ ဒါပေမဲ့ "ဟင်"ပါပဲ။
11:21
And now I feel like I know a very magical secret.
249
681880
3160
အခုတော့ အရမ်း မှော်ဆန်တဲ့ လျှို့ဝှက်ချက်တစ်ခု သိလိုက်ရသလိုမျိုးပါ။
11:25
Well, let's not get carried away.
250
685800
2496
ကဲ၊ စိတ်မထိန်းနိုင် မဖြစ်ကြပါနဲ့။
11:28
It's just love. That's all it is.
251
688320
3080
ဒါက မေတ္တာတရားပါ၊ ဒါပါပဲ။
11:32
No magic. No secret. It's just love.
252
692240
3120
မှော်မဟုတ်၊ လျှို့ဝှက်ချက်မဟုတ်ဘူး၊ မေတ္တာသက်သက်ပါ။
11:36
It's just something we forgot.
253
696120
1520
ကျွန်မတို့ မေ့နေတဲ့ အရာတစ်ခုပါ။
11:38
The hum, the work hum, the hum of the titan,
254
698560
3496
"ဟင်" ၊ အလုပ်က "ဟင်"၊ အထင်ကရဲ့ "ဟင်"
11:42
that's just a replacement.
255
702080
1360
ဒါက အစားထိုးမှု တစ်ခုပဲ။
11:44
If I have to ask you who I am,
256
704000
2376
ကျွန်မ ဘယ်သူဆိုတာ ရှင်တို့ကို မေးရမယ်ဆိုရင်၊
11:46
if I have to tell you who I am,
257
706400
1936
ဘယ်သူဆိုတာ ရှင်တို့ကို ပြောရမယ်ဆိုရင်
11:48
if I describe myself in terms of shows
258
708360
2456
ပြပွဲတွေ၊ တီဗွီ နာရီတွေအရ၊ ကျွန်မဦးနှောက်ဟာ
11:50
and hours of television and how globally badass my brain is,
259
710840
4256
ကမ္ဘာအနှံ့ ဘယ်လို ဆိုးဝါးတာရ ကိုယ့်ကိုယ်ကို ဖော်ညွှန်းရင်တော့
11:55
I have forgotten what the real hum is.
260
715120
2920
တကယ့် "ဟင်"ဆိုတာကို ကျွန်မ မေ့နေတာပေါ့။
11:58
The hum is not power and the hum is not work-specific.
261
718680
3720
"ဟင်"ဆိုတာ တန်ခိုးမဟုတ်ဘူး၊ "ဟင်"ဆိုတာ အလုပ် သက်သက် မဟုတ်ဘူး။
12:02
The hum is joy-specific.
262
722880
1560
"ဟင်"ဆိုတာ ပီတိ သက်သက်ပါ။
12:05
The real hum is love-specific.
263
725000
2296
တကယ့် "ဟင်"က မေတ္တာ သက်သက်ပါ။
12:07
The hum is the electricity that comes from being excited by life.
264
727320
3656
တကယ့်"ဟင်"က ဘဝရဲ့ စိတ်လှုပ်ရှားမှု ဖြစ်ခြင်းကလာတဲ့ လျှပ်စစ်ဓာတ်ပါ။
12:11
The real hum is confidence and peace.
265
731000
2736
တကယ့် "ဟင်"က ယုံကြည်မှုနဲ့ ငြိမ်းချမ်းမှုပါ။
12:13
The real hum ignores the stare of history,
266
733760
2496
တကယ့်"ဟင်"က သမိုင်းရဲ့ ငေးကြည့်မှု၊ များပြားလှတဲ့
12:16
and the balls in the air, and the expectation, and the pressure.
267
736280
3016
အလုပ်တာဝန်တွေနဲ့ မျှော်လင့်ချက် ဖိအားကို လျစ်လျူရှုတယ်။
12:19
The real hum is singular and original.
268
739320
2560
တကယ့်"ဟင်"က ထူးခြားပြီး ကိုယ်ပိုင်ဟန်ပါ။
12:22
The real hum is God's whisper in my ear,
269
742480
2056
တကယ့်"ဟင်"က နားထဲမှာ ဘုရားသခင်ရဲ့တီးတိုးသံ
12:24
but maybe God was whispering the wrong words,
270
744560
2376
ဆိုပေမဲ့ စကားလုံးမှားတွေ ပြောနေတာ ဖြစ်နိုင်တယ်။
12:26
because which one of the gods was telling me I was the titan?
271
746960
2858
အကြောင်းက နတ်တစ်ပါးက ကျွန်မကို အထင်ကရ လို့ ပြောနေတာကိုး။
12:30
It's just love.
272
750800
1200
ဒါဟာ မေတ္တာ သက်သက်ပါ။
12:32
We could all use a little more love,
273
752920
2976
ကျွန်မတို့အားလုံး မေတ္တာ နည်းနည်းလေးပို သုံးနိုင်သားပဲ။
12:35
a lot more love.
274
755920
1360
မေတ္တာ ပိုများမျာပေါ့။
12:38
Any time my child asks me to play,
275
758280
2160
ကျွန်မ ကလေးက ကစားဖို့မေးတဲ့ အချိန်တိုင်း
12:40
I will say yes.
276
760920
1320
အင်း လို့ ကျွန်မ ပြောမယ်။
12:43
I make it a firm rule for one reason,
277
763240
1896
အကြောင်းတစ်ခုနဲ့ ခိုင်မာတဲ့စည်း လုပ်တယ်
12:45
to give myself permission,
278
765160
1256
မိမိကိုယ်ကို ခွင့်ပြုဖို့
12:46
to free me from all of my workaholic guilt.
279
766440
2280
အလုပ် သရဲမရဲစီးတဲ့ အပြစ်အားလုံးကနေ လွတ်ဖို့ပါ။
12:49
It's a law, so I don't have a choice,
280
769240
2296
ဒါ ဥပဒေ။ ကျွန်မမှာ ရွေးစရာ မရှိဘူး။
12:51
and I don't have a choice,
281
771560
2136
ကျွန်မမှာ ရွေးစရာ မရှိဘူး။
12:53
not if I want to feel the hum.
282
773720
1560
"ဟင်"ကို ခံစားချင်ရင် မရှိဘူး။
12:56
I wish it were that easy,
283
776000
1736
အဲလောက်ကို လွယ်စေချင်ပေမဲ့
12:57
but I'm not good at playing.
284
777760
3576
ကိုယ်က ကစားတာ မတော်ဘူး၊
13:01
I don't like it.
285
781360
1560
ကစားတာ မကြိုက်ဘူး။
13:04
I'm not interested in doing it the way I'm interested in doing work.
286
784440
4360
အလုပ်လုပ်တာ စိတ်ဝင်စားသလို ကစားတာ စိတ်မဝင်စားဘူး။
13:09
The truth is incredibly humbling and humiliating to face.
287
789400
3256
အမှန်က မယုံနိုင်အောင်ကို နှိမ့်ချပြီး အောက်ကျို့စရာပါ။
13:12
I don't like playing.
288
792680
1736
ကစားတာ ကျွန်မ မကြိုက်ဘူး။
13:14
I work all the time because I like working.
289
794440
2776
အလုပ်လုပ်တာကြိုက်လို့ တစ်ချိန်လုံး အလုပ်လုပ်တယ်။
13:17
I like working more than I like being at home.
290
797240
3880
အိမ်မှာနေရတာထက် အလုပ်လုပ်ရတာ ပိုကြိုက်တယ်။
13:22
Facing that fact is incredibly difficult to handle,
291
802000
3760
အမှန်တရားကို ရင်ဆိုင်ခြင်းဟာ ကိုင်တွယ်ဖို့ အင်မတန် ခက်ပါတယ်၊
13:26
because what kind of person likes working more than being at home?
292
806720
6000
အကြောင်းက အိမ်မှာထက် အလုပ်လုပ်တာ ပိုကြိုက်တာ ဘယ်လို လူမျိုးပါလိမ့်။
13:33
Well, me.
293
813640
1720
အင်း ကျွန်မပဲရှင်။
13:35
I mean, let's be honest, I call myself a titan.
294
815920
3256
ဆိုလိုတာက အမှန်ပြောရရင် ကိုယ့်ဘာသာ အထင်ကရလို့ ခေါ်လိုက်တာပါ။
13:39
I've got issues.
295
819200
1376
ကျွှန်မမှာ ပြဿနာတွေ ရှိတယ်။
13:40
(Laughter)
296
820600
1616
(ရယ်သံများ)
13:42
And one of those issues isn't that I am too relaxed.
297
822240
3016
ပြဿနာတစ်ခုက ကျွန်မဟာ အရမ်း စိတ်အေး လက်အေး ဖြစ်နေတာ မဟုတ်တာပါ။
13:45
(Laughter)
298
825280
2096
(ရယ်သံများ)
13:47
We run around the yard, up and back and up and back.
299
827400
3680
ခြံတစ်ဝိုက် ပြေးတယ်၊ ခေါက်တုံ့ခေါက်ပြန်ပေါ့။
13:51
We have 30-second dance parties.
300
831720
2456
စက္ကန့် ၃၀ အကပါတီတွေ လုပ်တယ်။
13:54
We sing show tunes. We play with balls.
301
834200
2560
ဇာတ်ဝင်တေးသွားတွေဆိုတယ်၊ ဘောလုံးတွေနဲ့ ကစားတယ်။
13:57
I blow bubbles and they pop them.
302
837240
2096
ကျွန်မက ပူဖောင်းတွေမှုတ်၊ သူတို့က ဖောက်တယ်။
13:59
And I feel stiff and delirious and confused most of the time.
303
839360
4960
အချိန်အများစုမှာ ကျွန်မဟာ မာတောင့်တောင့်၊ ကယောင်ကတမ်းနဲ့ စိတ်ရှုပ်မိတယ်။
14:04
I itch for my cell phone always.
304
844800
2680
အမြဲပဲ ကျွန်မဆဲလ်ဖုန်းကို တရွရွဖြစ်နေတယ်။
14:08
But it is OK.
305
848080
1816
ဒါပေမဲ့ အဆင်ပြေပါတယ်။
14:09
My tiny humans show me how to live and the hum of the universe fills me up.
306
849920
4856
လူသားပေါက်စတွေက နေထိုင်နည်းပြပေးပြီး စကြာဝ၎ဠာရဲ့ "ဟင်"တွေ ဖြည့်ပေးတယ်။
14:14
I play and I play until I begin to wonder
307
854800
2976
ကစားတယ်၊ ကစားတယ်၊ ပထမဆုံးအနေနဲ့ ဘာကြောင့်များ
14:17
why we ever stop playing in the first place.
308
857800
3000
ကစားတာရပ်လိုက်လဲဆိုတာ စတင် အံ့ဩမိတဲ့အထိပေါ့။
14:21
You can do it too,
309
861480
1280
ရှင်တို့ရော လုပ်နိုင်တယ်။
14:23
say yes every time your child asks you to play.
310
863480
2920
ကလေးက ကစားဖို့ပြောတိုင်း အင်း လုပ်ပါ။
14:27
Are you thinking that maybe I'm an idiot in diamond shoes?
311
867600
2896
စိန်ဖိနပ်တွေထဲက ငတုံးလို့ ရှင်တို့ တွေးမိနေနိုင်တယ် မို့လား။
14:30
You're right, but you can still do this.
312
870520
2816
မှန်ပါတယ်၊ ဒါပေမဲ့ ရှင်တို့ ဒါကို လုပ်လို့ရသေးတယ်လေ။
14:33
You have time.
313
873360
1656
ရှင်တို့မှာ အချိန်ရှိတယ်။
14:35
You know why? Because you're not Rihanna and you're not a Muppet.
314
875040
3736
ဘာကြောင့်လဲ သိလား၊ အကြောင်းက ရှင်တို့ က Rihanna မဟုတ်၊ Muppet မဟုတ်လို့လေ။
14:38
Your child does not think you're that interesting.
315
878800
2376
ရှင်တို့ဟာ ဒီလောက်စိတ်ဝင်စားစရာလို့ ကလေးက မထင်ဘူး။
14:41
(Laughter)
316
881200
1136
(ရယ်သံများ)
14:42
You only need 15 minutes.
317
882360
1976
၁၅ မိနစ်ပဲ ရှင်တို့လိုတာပါ။
14:44
My two- and four-year-old only ever want to play with me
318
884360
2776
ကျွန်မရဲ့ နှစ်နှစ်နဲ့ လေးနှစ် ကလေးတွေက ၁၅ မိနစ်လောက်ပဲ
14:47
for about 15 minutes or so
319
887160
1416
အခြားဟာတစ်ခု လုပ်ချင်တယ်လို့
14:48
before they think to themselves they want to do something else.
320
888600
3016
သူတို့ မတွေးမိခင် ကျွန်မနဲ့ ကစားချင်တာပါ။
14:51
It's an amazing 15 minutes, but it's 15 minutes.
321
891640
3576
ဒါဟာ အံ့ဩစရာ ၁၅ မိနစ်ပါ၊ ဒါပေမဲ့ ၁၅ မိနစ်ပါပဲ။
14:55
If I'm not a ladybug or a piece of candy, I'm invisible after 15 minutes.
322
895240
3976
ကျွန်မဟာ ပိုးတောင်မာ (သို့) သကြားလုံး မဟုတ်ရင် ၁၅ မိနစ်ကြာရင် ပျောက်တာပဲလေ။
14:59
(Laughter)
323
899240
1016
(ရယ်သံများ)
15:00
And my 13-year-old, if I can get a 13-year-old to talk to me for 15 minutes
324
900280
4736
ကျွန်မရဲ့ ၁၃ နှစ်ကလေး၊ သူ့ကို ၁၅ မိနစ်ကြာ စကားပြောခိုင်းနိုင်ရင် ကျွန်မဟာ
15:05
I'm Parent of the Year.
325
905040
1336
တစ်နှစ်တာ မိဘ ဖြစ်တာပေါ့။
15:06
(Laughter)
326
906400
1656
(ရယ်သံများ)
15:08
15 minutes is all you need.
327
908080
1736
ရှင်တို့လိုတာ ၁၅ မိနစ်ပါ။
15:09
I can totally pull off 15 minutes of uninterrupted time on my worst day.
328
909840
4640
ကျွန်မရဲ့ အဆိုးဆုံးနေ့မှာ အနှောင့်အယှက် ကင်းတဲ့ ၁၅ မိနစ် အချိန် ဖြစ်အောင်လုပ်တယ်။
15:15
Uninterrupted is the key.
329
915120
2096
အနှောင့်အယှက်ကင်းတာဟာ သော့ချက်ပါ။
15:17
No cell phone, no laundry, no anything.
330
917240
2896
ဖုန်းမရှိ၊ လျှော်စရာမရှိ၊ ဘာမှမရှိဘူး။
15:20
You have a busy life. You have to get dinner on the table.
331
920160
2736
ရှင့်တို့ အလုပ်များတယ်၊၊ ညစာကို စားပွဲပေါ် အရောက်ပို့ရ၊
15:22
You have to force them to bathe. But you can do 15 minutes.
332
922920
3136
သူတို့ကို အတင်းရေချိုးခိုင်းရတယ်၊ ၁၅ မိနစ်တော့ လုပ်နိုင်ပါသေးတယ်။
15:26
My kids are my happy place, they're my world,
333
926080
2416
ကလေးတွေဟာ ကျွန်မရဲ့ ပျော်ရာဘုံ၊ ကျွန်မရဲ ကမ္ဘာပါ။
15:28
but it doesn't have to be your kids,
334
928520
2496
ဒါပေမဲ့ ကလေးတွေဟာ ရှင်တို့ရဲ့ "ဟင်"ကို ဖြည့်ပေးတဲ့
15:31
the fuel that feeds your hum,
335
931040
1416
လောင်စာ ဖြစ်ဖို့မလိုဘူး။
15:32
the place where life feels more good than not good.
336
932480
2656
ဘဝက မကောင်းတာထက် ကောင်းတာ ပိုခံစားတဲ့ နေရာပါ။
15:35
It's not about playing with your kids,
337
935160
2496
ဒါက ကလေးတွေနဲ့ ကစားတာ မဟုတ်ဘူး၊
15:37
it's about joy.
338
937680
1256
ဒါက ပျော်ရွှင်မှုပါ။
15:38
It's about playing in general.
339
938960
2360
သာမန် ကစားတာပါ။
15:42
Give yourself the 15 minutes.
340
942160
1936
ကိုယ့်ကိုယ်ကို ၁၅ မိနစ် အချိန်ပေးပါ။
15:44
Find what makes you feel good.
341
944120
2176
ကိုယ့်ကို နေလို့ကောင်းစေတာကို ရှာဖွေပါ။
15:46
Just figure it out and play in that arena.
342
946320
3280
ဒါကို တွက်ဆပြီး ဒီကွင်းထဲမှာ ကစားရုံပါ။
15:50
I'm not perfect at it. In fact, I fail as often as I succeed,
343
950920
4176
ဒီမှာ ကျွန်မက အကောင်းဆုံမဟုတ်ဘူး၊ တကယ်မှာ အောင်မြင်သလို မကြာခဏ ကျရှုံးပါတယ်။
15:55
seeing friends, reading books, staring into space.
344
955120
2840
မိတ်ဆွေတွေကို တွေ့ဆုံတာ၊ စာအုပ်တွေ ဖတ်တာ အာကာသထဲ ငေးကြည့်တာ၊
15:58
"Wanna play?" starts to become shorthand for indulging myself
345
958640
3056
"ကစားမလား" ဟာ ကိုယ့်ကိုယ်ကို အလိုလိုက်ဖို့ အတိုကောက်ဖြစ်လာတယ်၊
16:01
in ways I'd given up on right around the time I got my first TV show,
346
961720
4216
ကျွန်မရဲ့ ဦးဆုံး တီဗွီပွဲရတဲ့ အချိန် တစ်ဝိုက်က စွန့်လွှတ်ခဲ့သလိုပေါ့။
16:05
right around the time I became a titan-in-training,
347
965960
2736
အထင်ကရ သင်တန်းသား ဖြစ်လာခဲ့ချိန်လောက်ကပေါ့၊
16:08
right around the time I started competing with myself for ways unknown.
348
968720
3400
မသိတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကို စပြိုင်တဲ့ အချိန်တစ်ဝိုက်ကပေါ့။
16:13
15 minutes? What could be wrong with giving myself my full attention
349
973240
3496
၁၅ မိနစ်လား၊ ကိုယ့်ကိုယ်ကို ၁၅ မိနစ်တာ အပြည့်အဝ အာရုံစိုက်ဖို့
16:16
for 15 minutes?
350
976760
1320
ပေးတာ ဘာမှား သွားမှာမို့လဲ။
16:18
Turns out, nothing.
351
978520
1840
ဘာမှ ဖြစ်မသွားပါဘူး။
16:20
The very act of not working has made it possible for the hum to return,
352
980960
4056
အလုပ်မလုပ်ခြင်းရဲ့ လုပ်ဆောင်ချက်စင်စစ်က "ဟင်" ပြန်လာဖို့ ဖြစ်အောင်လုပ်ပေးတာပါ။
16:25
as if the hum's engine could only refuel while I was away.
353
985040
3440
ကိုယ် အဝေးရောက်နေတုန်း "ဟင်" အင်ဂျင် လောင်စာပြန်ဖြည်နိုင်လိုပေါ့။
16:29
Work doesn't work without play.
354
989600
2520
အလုပ်ဟာ ကစားတာမပါပဲ အလုပ်မလုပ်ဘူးလေ။
16:33
It takes a little time, but after a few months,
355
993400
2640
အချိန်နည်းနည်းလေး လိုပေမဲ့ လအနည်းငယ်ကြာပြီးနောက်မှာ
16:36
one day the floodgates open
356
996600
1616
တစ်နေ့ ရေလွှဲပေါက် ပွင့်လာပြီး
16:38
and there's a rush, and I find myself standing in my office
357
998240
3376
ကမန်းကတန်းနဲ့ ရုံးထဲမှာ ရပ်မိလျက်သား ဖြစ်နေတယ်၊
16:41
filled with an unfamiliar melody, full on groove inside me,
358
1001640
4096
မကြားဖူးတဲ့ တေးသွားတွေပြည့်လို့ ကိုယ်တွင်းမှာ အပြည့်အဝ လှိမ့်ဝင်လာတယ်၊
16:45
and around me, and it sends me spinning with ideas,
359
1005760
2776
ပြီး အနားမှာ၊ ဒါက ကျွန်မကို စိတ်ကူးမျိုးစုံ ပို့ပေးတယ်။
16:48
and the humming road is open, and I can drive it and drive it,
360
1008560
3056
"ဟင်" လမ်းမ ပွင့်သွားပြီး ဒါကို မောင်းနိုင်၊ မောင်းလိုက်တယ်၊
16:51
and I love working again.
361
1011640
1760
ပြီးတော့ အလုပ်ကို ပြန်နှစ်သက်သွားတယ်။
16:54
But now, I like that hum, but I don't love that hum.
362
1014000
3736
အခုတော့ အဲဒီ"ဟင်"ကို ကြိုက်တယ်၊ ချစ်တော့မချစ်ဘူးပေါ့။
16:57
I don't need that hum.
363
1017760
1256
အဲဒီ"ဟင်" မလိုအပ်ဘူး။
16:59
I am not that hum. That hum is not me,
364
1019040
3176
ကျွန်မက အဲဒီ"ဟင်" မဟုတ်၊ အဲဒီ"ဟင်"က ကျွန်မ မဟုတ်ဘူး။
17:02
not anymore.
365
1022240
1200
မဟုတ်တော့ဘူး။
17:04
I am bubbles and sticky fingers and dinners with friends.
366
1024040
3696
ကျွန်မဟာ ပူဖောင်းတွေ၊ စေးကပ်နေတဲ့ လက်ချောင်းတွေ မိတ်ဆွေတွေနဲ့ ညစာတွေပါ။
17:07
I am that hum.
367
1027760
1200
ကျွန်မက အဲဒီ"ဟင်"ပါ။
17:09
Life's hum.
368
1029400
1336
ဘဝရဲ့"ဟင်"ပါ။
17:10
Love's hum.
369
1030760
1296
ချစ်ခြင်းရဲ့"ဟင်"ပါ။
17:12
Work's hum is still a piece of me, it is just no longer all of me,
370
1032080
4239
အလုပ်ရဲ့ "ဟင်"က တစ်စိတ်တစ်ပိုင်းရှိဆဲပါ၊ အကုန်လုံးတော့ မဟုတ်တော့ပါဘူး။
17:16
and I am so grateful.
371
1036880
1520
ပြီးတော့ ကျေးဇူးအရမ်းတင်ပါတယ်။
17:19
And I don't give a crap about being a titan,
372
1039200
2096
အထင်ကရဖြစ်ခြင်းကို ကျွန်မ ရှော်ပစ်တာ မဟုတ်ပါ
17:21
because I have never once seen a titan play Red Rover, Red Rover.
373
1041319
3161
အကြောင်းက Red Rover ကစားတဲ့ အထင်ကရ တစ်ခါမှ မမြင်ဖူးလို့ပါ။
17:25
I said yes to less work and more play, and somehow I still run my world.
374
1045880
4295
အလုပ်လျှော့လုပ်ပြီး ပိုကစားဖို့ သဘောတူ လိုက်ပြီး ကျွန်မ ကမ္ဘာကို လည်ပတ်ဆဲပါ။
17:30
My brain is still global. My campfires still burn.
375
1050200
2960
ကျွန်မ ဦးနှောက်က ကျယ်ပြန့်ဆဲ၊ ကျွန်မ မီးပုံက လောင်ကျွမ်းဆဲ၊
17:33
The more I play, the happier I am, and the happier my kids are.
376
1053960
3399
ပိုကစားလေ၊ ကျွန်မ ပိုပျော်လာလေ၊ ကလေးတွ ပိုပျော်လာလေ၊
17:37
The more I play, the more I feel like a good mother.
377
1057920
3256
ပိုကစားလေ၊ မိခင်ကောင်း တစ်ယောက်လို ပိုခံစားရလေ၊
17:41
The more I play, the freer my mind becomes.
378
1061200
2456
ပိုကစားလေ၊ စိတ်က ပိုလွတ်လပ်လာလေ၊
17:43
The more I play, the better I work.
379
1063680
1896
ပိုကစားလေ၊ ပိုအလုပ်ကောင်းကောင်း လုပ်လေ၊
17:45
The more I play, the more I feel the hum,
380
1065600
2496
ပိုကစားလေ၊ "ဟင်"ကို ပိုခံစားရလေ၊
17:48
the nation I'm building, the marathon I'm running,
381
1068120
2376
ကျွန်မ ဆောက်နေတဲ့ နိုင်ငံ၊ ပြေးနေတဲ့ မာရသွန်၊
17:50
the troops, the canvas, the high note, the hum, the hum,
382
1070520
2620
စစ်သည်တွေ၊ ပတ္တုစတွေ၊ အမြင့်သံ၊ "ဟင်"၊"ဟင်"
17:53
the other hum, the real hum,
383
1073164
2400
အခြားသော "ဟင်"၊ တကယ့်"ဟင်"ပါ။
17:56
life's hum.
384
1076000
1456
ဘဝဟာ "ဟင်"ပါ။
17:57
The more I feel that hum,
385
1077480
1256
အဲဒီ"ဟင်"ကို ပိုခံစားလေ၊
17:58
the more this strange, quivering, uncocooned,
386
1078760
3536
ဒါက ပို ထူးဆန်းလာ၊ တုန်ယင်လာ၊ ကွာကျလာ၊
18:02
awkward, brand new,
387
1082320
1336
ခွကျလာ၊ အသစ်စက်စက် ဖြစ်လာ၊
18:03
alive non-titan feels like me.
388
1083680
2520
အသက်ရှင်တဲ့ ဘယ်အထင်ကရမှ ကျွန်မလို မခံစားရဘူး။
18:07
The more I feel that hum, the more I know who I am.
389
1087120
2880
ဒီ"ဟင်"ကို ပိုခံစားရလေ၊ ကျွန်မဘယ်သူဆိုတာ ပိုသိလေပါ။
18:10
I'm a writer, I make stuff up, I imagine.
390
1090560
3120
ကျွန်မက စာရေးဆရာ၊ ဇာတ်လမ်း ထွင်တယ်၊ စိတ်ကူးယဉ်တယ်။
18:14
That part of the job, that's living the dream.
391
1094400
2856
ဒါက အလုပ်ရဲ့ အစိတ်အပိုင်းပါ၊ ရှင်သန်နေတဲ့ အိပ်မက်ပေါ့။
18:17
That's the dream of the job.
392
1097280
2080
ဒါက အိပ်မက်ဆန်တဲ့ အလုပ်ပါ။
18:19
Because a dream job should be a little bit dreamy.
393
1099960
2920
အိပ်မက်ဆန်တဲ့အလုပ်ဟာ နည်းနည်းလေး အိပ်မက်လို ဖြစ်သင့်လို့ပါ။
18:23
I said yes to less work and more play.
394
1103840
2920
အလုပ်လျှော့လုပ်ပြီး ပိုကစားဖို့ ကျွန်မသဘောတူခဲ့တယ်။
18:27
Titans need not apply.
395
1107680
1680
အထင်ကရတွေ လျှောက်ဖို့ မလိုပါ။
18:30
Wanna play?
396
1110160
1200
ကစားချင်လား။
18:31
Thank you.
397
1111960
1216
ကျေးဇူးပါ။
18:33
(Applause)
398
1113200
9680
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7