The secrets of the world’s most famous symphony - Hanako Sawada

1,703,427 views ・ 2021-09-21

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Yu Wadi Khin Reviewer: Sanntint Tint
00:12
These eight ferocious notes
0
12454
2084
ဒီချောက်ချားဖွယ် နုတ်စ် ၈ ခုဟာဆိုရင်
00:14
open one of the most explosive pieces of music ever composed.
1
14538
4458
ပေါက်ကွဲဖွယ်အဖြစ်ဆုံး သံစဉ်တေးသွားတစ်ပုဒ်ရဲ့ အဖွင့်ပါ။
00:19
Ludwig van Beethoven’s Symphony Number Five
2
19204
2667
၁၈၀၈ခုနှစ်၊ အရိုးခိုက်အောင်ချမ်းတဲ့ ဗီယန်နာညတစ်ညမှာ
00:21
premiered in 1808, on a blisteringly cold Vienna night.
3
21871
4458
လုဝစ်ဗန်ဘေသိုဗန်ရဲ့ ဆင်ဖိုနီနံပါတ် ၅ ကို ပွဲဦးထွက်တင်ဆက်ခဲ့ပါတယ်။
00:26
The piece was just one small part of a lengthy program,
4
26621
3833
တေးသီချင်းတင်ဆက်မှုက ရှည်ကြာတဲ့အစီအစဉ်မှာ ကဏ္ဍငယ်တစ်ခုသာဖြစ်ပြီး၊
00:30
and the orchestra had been hastily assembled and under-rehearsed.
5
30454
3750
သံစုံတီးဝိုင်းကို ဖြစ်သလိုဖွဲ့ထားတဲ့အပြင် သီချင်းလည်း သေချာတိုက်မထားပါ။
00:34
But despite this inauspicious premiere, the symphony quickly won acclaim.
6
34454
4833
ပွဲဦးထွက်မစွံသော်လည်း ဆင်ဖိုနီကို ချက်ချင်းပဲ အမွှမ်းတင်ပြောဆိုကြပါတယ်။
00:39
One critic likened the piece to “glowing beams of light,
7
39371
4083
ဝေဖန်ရေးတစ်ဦးက တေးသွားကို “အမှောင်ခွင်းတဲ့ငွေရောင်အလင်းတန်းများ”လို့
00:43
piercing through the darkness.”
8
43454
2167
ခိုင်းနှိုင်းပြောဆိုပါသေးတယ်။
00:45
This intensity persists throughout the composition,
9
45621
3250
သီချင်းတစ်ပုဒ်လုံးမှာ ပြင်းအားတစ်ခုရှိနေပြီး၊
00:48
and its dramatic musicality continues to move listeners today.
10
48871
4416
ဇာတ်ဆန်တဲ့တေးဂီတက ဒီနေ့ခေတ်ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် လုပ်နေဆဲပါ။
00:53
So what exactly makes Beethoven’s Fifth so captivating?
11
53704
4542
ဒါဆိုရင် ဘေသိုဗန်ဆင်ဖိုနီနံပါတ်၅ကို ဘာတွေက စိတ်ဝင်စားစရာကောင်းစေသလဲ။
00:59
When the symphony premiered, Beethoven already had a formidable reputation.
12
59412
4459
ဆင်ဖိုနီပွဲဦးထွက်ချိန်မှာ ဘေသိုဗန်က ဂုဏ်သတင်းကြီးနေပြီးသားပါပဲ။
01:03
While his peers produced music exclusively for religious functions or private events
13
63871
4625
သူ့အရွယ်ဂီတသမားတွေက လူကုံထံတွေ ကမကထလုပ်တဲ့ ဘာသာရေးပွဲနဲ့ သီးသန့်ဖျော်ဖြေပွဲတွေအတွက်
01:08
held by their wealthy patrons,
14
68496
1792
သီချင်းတွေ ဖန်တီးနေစဉ်မှာ
01:10
Beethoven was one of the first freelance composers.
15
70288
3416
ဘေသိုဗန်ဟာ ပထမဆုံးအလွတ်တန်း ဂီတစာဆိုတစ်ဦး ဖြစ်ခဲ့ပါတယ်။
01:13
He made his living composing and selling his music
16
73704
2750
သူ့အသက်မွေးဝမ်းကြောင်းက သီချင်းရေးတယ်၊
01:16
to publishers in multiple countries
17
76454
2167
နိုင်ငံအစုံမှာ သူ့ဂီတကိုရောင်းချတယ်၊
01:18
and showcasing his compositions to an adoring public.
18
78621
3208
ပြီးတော့ ဂီတချစ်မြတ်နိုးသူများထံ သူ့အနုပညာကို စင်တင်ဖျော်ဖြေတယ်။
01:21
This career choice gave him the flexibility to compose for self-expression
19
81996
4500
ဒီအသက်မွေးမှုက သူ့ကိုယ်ပိုင်ခံစားချက်ကို ရေးဖွဲ့နိုင်ဖို့ လွယ်ကူစေသလို၊
01:26
and Beethoven was always pursuing new ways
20
86496
2750
ဘေသိုဗန်ကလည်း သူ့ရဲ့ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို
01:29
to translate his powerful emotions into music.
21
89246
3667
ဂီတအသွင်ပြောင်းလဲဖို့ နည်းလမ်းအသစ်တွေ အမြဲရှာနေတတ်တယ်။
01:33
At the time, most composers worked within the Classical style,
22
93163
3500
အဲဒီအချိန်က တေးရေးဆရာအများစုကတော့ သီချင်းဖွဲ့စည်းပုံနဲ့တီးခတ်မှုအပိုင်းမှာ
01:36
which offered limited options for a piece’s overarching structure
23
96663
3708
ရွေးချယ်ခွင့်အကန့်အသတ်တွေရှိတဲ့ ကလက်စစ်ကယ်ပုံစံ တေးသွားများကို
01:40
and instrumentation.
24
100371
1292
ရေးစပ်ကြပါတယ်။
01:41
Beethoven composed most of his earlier pieces in this tradition,
25
101663
3916
သူ့ရဲ့အစောပိုင်းတေးသီချင်းတွေကို ဒီဘောင်အတွင်းမှာ ဘေသိုဗန် ရေးပါတယ်။
01:45
following in the footsteps of role models like Mozart and Haydn.
26
105579
3834
စံပြပုဂ္ဂိုလ်များဖြစ်ကြတဲ့ မိုးဇက်၊ဟိုက်ဒန်တို့ရဲ့ ခြေရာနင်းတယ်ပေါ့။
01:49
But with his Fifth Symphony, he experimented with elements of Romanticism.
27
109663
4875
သို့သော် ဆင်ဖိုနီ၅ကိုတော့ ရိုမန်တစ်ခေတ်ရဲ့ အခြေခံသဘောတရားတွေသုံးပြီး ရေးဖွဲ့ထားပါတယ်။
01:54
This blossoming mode of composition was known for its expressive melodies,
28
114746
4333
ဒီစိတ်လှုပ်ရှားဖွယ်သံစဉ်ဟာ ခံစားသက်ဝင်မှု၊ ဆန်းပြားတဲ့ တေးဂီတပုံစံနဲ့
01:59
extended forms and surprising instrumentations.
29
119079
3500
တီးခတ်ပုံအညွှန်းတွေကြောင့် လူသိများထင်ရှားပါတယ်။
02:03
The first movement of Beethoven’s Fifth uses a Classical sonata form,
30
123079
4250
ကလက်စစ်ကယ်ဆိုနာတာပုံစံကို ဆင်ဖိုနီ၅ရဲ့ပထမအပိုဒ်မှာ အသုံးပြုထားပြီး၊
02:07
in which a central musical idea is explored, developed, and repeated
31
127329
4459
ပင်မတေးသွားစိတ်ကူးကို ပုံစံအမျိုးမျိုးနဲ့ စူးစမ်းတယ်၊ ပုံဖော်တယ် ပြီးတော့
02:11
in an altered manner.
32
131788
1458
အဖန်ဖန် ဖြစ်ပေါ်စေတယ်။
02:13
Within these parameters, he explores a simple idea with incredible depth.
33
133413
4958
ကန့်သတ်ဘောင်အတွင်းမှာပဲ ရိုးရှင်းတဲ့စိတ်ကူးကို ထူးခြားနက်နဲစေတယ်။
02:18
A single rhythmic motif serves as the building block for most of the movement:
34
138371
4875
စည်းဝါးကျတဲ့အရင်းခံသံစဉ်ဖြစ်တဲ့ ခပ်စိပ်စိပ်နုတ်စ် ၃ ခုရယ်၊
02:23
three short notes, followed by a lingering fourth.
35
143246
3500
၄ ခုမြောက် အသံရှည်နုတ်စ်ဟာ သီချင်းပထမအပိုဒ်ရဲ့ အခြေခံအုတ်မြစ်ပါ။
02:26
One of Beethoven’s biographers would later call this pattern the “fate motif,”
36
146871
5208
ဒီသံစဉ်ကို ဘေသိုဗန်အတ္ထုပ္ပတ္တိရေးသူတစ်ဦးက “ကြမ္မာစိတ်ကူးသံစဉ်” လို့ဆိုပါတယ်။
02:32
because it suggests the figure of fate knocking at the door.
37
152079
3500
အကြောင်းကတော့ ကံတရားတံခါးလာခေါက်ပုံကို သံစဉ်က ဖော်ကျူးပေးလို့ပါပဲ။
02:35
While it's not clear if Beethoven composed the motif with fate in mind,
38
155871
4083
ဘေသိုဗန်ဟာ ကံတရားအကြောင်းစိတ်နှစ်ပြီး ရေးစပ်ခဲ့လေသလား မသဲကွဲသော်လည်း
02:39
these notes certainly create a gripping hook.
39
159954
2917
စွဲမက်ဖွယ်သံစဉ်တစ်ပုဒ်ကို အဲဒီနုတ်စ်၄ခုက ဖန်တီးပေးပါတယ်။
02:43
The rhythmic pattern creates forward movement,
40
163204
2334
စည်းဝါးကျတဲ့နုတ်စ်၃ခုက အရွှေ့တစ်ခုကိုဖြစ်ပေါ်စေပြီး၊
02:45
while the prolonged fourth note signals doom.
41
165538
3000
၄ ခုမြောက်အသံရှည်နုတ်စ်ကတော့ ကံဆိုးမှုကို နမိတ်ပြနေပါတယ်။
02:48
This motif haunts the symphony,
42
168663
2041
အရင်းခံသံစဉ်က ဆင်ဖိုနီအပြင်
02:50
including its accompanying parts and rhythmic flourishes.
43
170704
3209
အခြားသံစဉ်အစိတ်အပိုင်းနဲ့ စည်းချက်ပိုင်းတွေကို ခြောက်လှန့်ပါသေးတယ်။
02:53
Beethoven experiments with dozens of variations,
44
173913
3166
ဘေသိုဗန်က သီချင်းမူကွဲပေါင်းများစွာ စမ်းသပ်ဖန်တီးတယ်၊
02:57
playing out across different instruments and pitches.
45
177079
3125
တူရိယာအမျိုးမျိုးမှာ မတူညီတဲ့ အသံအနိမ့်အမြင့်ကို တီးခတ်စေတယ်။
03:00
Throughout the piece, this motif is passed around the orchestra like a whisper,
46
180204
4500
ဒီသံစဉ်က သံစုံတီးဝိုင်းတစ်ခုလုံးဆီ တီးတိုးသံအလား ပျံ့လွင့်သွားပြီး၊
03:04
gradually reaching more and more instruments until it becomes a roar.
47
184913
5416
တူရိယာတွေဆီ တဖြည်းဖြည်းပျံ့သွားလိုက်တာ အသံဟိန်းကြီးတစ်ခုဖြစ်လာတဲ့အထိပါပဲ။
03:10
The motif’s inventive repetition is a large part
48
190788
2750
အရင်းခံသံစဉ် အဖန်တလဲလဲဖြစ်ပေါ်ခြင်းက
03:13
of what makes this piece so memorable,
49
193538
2250
ဆင်ဖိုနီကို မှတ်မိလွယ်စေတဲ့ အဓိကအချက် ဖြစ်တယ်။
03:15
but it’s not the only innovation on display.
50
195788
2750
သို့ပေမဲ့ ဆန်းသစ်မှုက အမြင်အားဖြင့်သာ မဟုတ်ပါ။
03:18
This was the first major orchestral composition to use trombones,
51
198663
4458
ဒီဆင်ဖိုနီဟာ ထရွန်ဗုန်းကိုအသုံးပြုတဲ့ ပထမဆုံးသံစုံတီးဝိုင်းသီချင်းဖြစ်ပါတယ်။
03:23
and Beethoven also employs a high-pitched piccolo
52
203121
3292
ဘေသိုဗန်ဟာ အမြင့်သံပုလွေငယ်အပြင်
03:26
and a low-pitched contrabassoon
53
206413
2166
အနိမ့်သံနှဲကြီးကိုပါ ထည့်သွင်းထားပါတယ်။
03:28
to give the orchestra a wider range than most classical compositions.
54
208579
4292
သံစုံတီးဝိုင်းကို မတူညီတဲ့ အသံအနိမ့်အမြင့်တွေကို ဖန်တီးစေပါတယ်။
03:32
Exaggerated musical dynamics further heighten the drama.
55
212871
3875
ချဲ့ထွင်ထားတဲ့အသံအတိုးအကျယ်တွေဟာ ဇာတ်ရှိန်ကို ပိုမြှင့်တင်ပေးပါတယ်။
03:36
And harmonically, the piece has a clear emotional arc—
56
216954
3750
ဟာမိုနီပိုင်းအရလည်း ခံစားသက်ဝင်မှု ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။
03:40
beginning in a somber C minor and ending in a triumphant C major.
57
220704
5292
ကြေကွဲသံစဉ် C minor နဲ့စတင်ပြီး အောင်ပွဲသံစဉ် C major နဲ့အဆုံးသတ်ပါတယ်။
03:46
This progression, from ominous unease to majestic resolution,
58
226371
4125
စိတ်မသက်သာဖွယ်သံစဉ်အဖြစ်ကနေ ခမ်းနားတဲ့သံစဉ်အဖြစ် ကူးပြောင်းသွားပုံအရ
03:50
is a testament to Beethoven’s ability to inject raw emotionality into his music.
59
230496
5542
ဘေသိုဗန်ဟာ စိတ်ခံစားချက်ကို ဂီတအသွင်အဖြစ် ပြောင်းလဲနိုင်ကြောင်း သတ်သေထူနေပါတယ်။
03:56
He wrote this symphony while battling with hearing loss,
60
236579
2875
အကြားအာရုံချို့ယွင်းနေချိန်မှာ သူက ဒီဆင်ဖိုနီကိုရေးခဲ့တာပါ။
03:59
and his anguish can be heard in the composition’s
61
239454
2750
မြည်ဟိန်းပြီး ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့ သီချင်းအပိုဒ်တွေကနေ
04:02
thunderous and repeating musical phrases.
62
242204
2875
သူ့ရဲ့မချိတင်ကဲဝေဒနာအကြောင်းကို ခံစားသိရှိနိုင်ပါတယ်။
04:05
Beethoven continued to compose even after he became completely deaf,
63
245454
4542
နားလုံးလုံးမကြားရတော့တဲ့နောက်မှာတောင် ဘေသိုဗန်က သီချင်းတွေဆက်ရေးဆဲပါ။
04:09
producing innovative music until his death in 1827.
64
249996
4250
၁၈၂၇ခုနှစ်၊ သူသေတဲ့အထိ သီချင်းအသစ်အဆန်းတွေကို ဖန်တီးနေခဲ့ပါတယ်။
04:14
And the Fifth Symphony’s central motif has continued to resound through the ages.
65
254663
5083
ပြီးတော့ ဆင်ဖိုနီ ၅ ရဲ့အဓိကသံစဉ်ဟာ ခေတ်အဆက်ဆက်မှာရှင်သန်နေဆဲ ဖြစ်တယ်။
04:19
Outside of concert halls,
66
259829
1709
ဂီတခန်းမအပြင်ဘက်မှာတော့
04:21
the piece has become a symbol for suspense, revelation, and triumph.
67
261538
4791
ဒီတေးသွားဟာ သည်းထိတ်မှု၊ လှစ်ဟမှု၊ အောင်ပွဲခံမှုတို့ရဲ့ သင်္ကေတဖြစ်လာပါတယ်။
04:26
The fate motif sounds out the letter V in Morse code,
68
266663
3750
မောစ့်ကုတ်အချက်ပြစနစ်အရ ကြမ္မာသံစဉ်က အက္ခရာVကိုကိုယ်စားပြုနေပြီး၊
04:30
and during World War II,
69
270413
1333
ဒုတိယကမ္ဘာစစ်အတွင်းမှာ
04:31
the Fifth Symphony became a code for victory amongst the Allies.
70
271746
4042
ဆင်ဖိုနီ ၅ဟာ မဟာမိတ်တွေအကြားမှာ အောင်ပွဲစကားဝှက်ဖြစ်လာပါတယ်။
04:36
The iconic composition can be found in film scores,
71
276246
3333
ဒီခမ်းနားတဲ့ တေးဂီတသံစဉ်ကို ရုပ်ရှင်နောက်ခံတေးအဖြစ် ကြားရတတ်တဲ့အပြင်၊
04:39
and it’s even been explored through musical reinterpretations and visual art.
72
279579
4584
ဂီတဆိုင်ရာပြန်လည်ဆန်းသစ်မှုနဲ့ ပန်းချီအနုပညာအတွက်လဲ စမ်းသပ်လေ့လာကြပါတယ်။
04:44
But whatever the context,
73
284663
2125
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်
04:46
Beethoven’s Fifth takes its listeners through a dark world,
74
286788
4041
ဘေသိုဗန်ရဲ့ဆင်ဖိုနီ၅က နားသောတဆင်သူတွေကို အမှောင်ကမ္ဘာကြီးမှတစ်ဆင့်
04:51
then guides them into the light.
75
291246
2708
အလင်းရှိရာဆီ လမ်းပြပေးတာပါပဲ။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7