How to tame your wandering mind | Amishi Jha

347,554 views ・ 2018-04-18

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: sann tint Reviewer: Myo Aung
00:14
Consider the following statement:
0
14372
2231
အောက်ပါ ကြေညာချက်ကို စဉ်းစားကြည့်ပါ။
00:16
human beings only use 10 percent of their brain capacity.
1
16627
3867
လူသားတွေဟာ သူတို့ရဲ့ ဦးနှောက်အစွမ်းရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုကြတယ်။
00:21
Well, as a neuroscientist, I can tell you
2
21230
2299
ဦးနှောက်ပိုင်း ပညာရှင်အနေနဲ့ ကျွန်မပြောနိုင်တာက
00:23
that while Morgan Freeman delivered this line
3
23553
2103
Morgan Freeman ဟာ သူ့ကို ကြီးကျယ်တဲ့
00:25
with the gravitas that makes him a great actor,
4
25680
2976
သရုပ်ဆောင်သူ ဖြစ်စေခဲ့တဲ့ ဂုဏ်ရှိန်နဲ့ အဲဒီလို ပြောကြားခဲ့ပေမဲ့
00:28
this statement is entirely false.
5
28680
2277
ဒီအဆိုပြုချက်ဟာ လုံးဝ မှားနေပါတယ်။
00:30
(Laughter)
6
30981
1080
(ရယ်သံများ)
00:32
The truth is, human beings use 100 percent of their brain capacity.
7
32085
4685
အမှန်က လူသားတွေဟာ သူတို့ ဦးနှောက် အစွမ်းရဲ့ ရာနှုန်းပြည့်ကို သုံးနေပါတယ်။
00:37
The brain is a highly efficient, energy-demanding organ
8
37348
3555
ဦးနှောက်ဟာ အလွန် ထိရောက်တဲ့ စွမ်းအင်လိုအပ်တဲ့ အပြည့်အဝ အသုံးချခံရတဲ့
00:40
that gets fully utilized
9
40927
2222
ကိုယ်အင်္ဂါတစ်ခုပါ၊
00:43
and even though it is at full capacity being used,
10
43173
4491
အစွမ်းကို အပြည့်အဝ အသုံးချနေတာတောင်
00:47
it suffers from a problem of information overload.
11
47688
2484
သတင်းအချက်အလက် ဝန်ပိမှု ပြဿနာကို ရင်ဆိုင်နေရတယ်။
00:50
There's far too much in the environment than it can fully process.
12
50196
3565
ပတ်ဝန်းကျင်မှာ ဦးနှောက်က အပြည့်အဝ စီမံလုပ်ဆောင်စရာတွေ များလွန်းပါတယ်။
00:53
So to solve this problem of overload,
13
53785
3088
ဒီတော့ ဝန်ပိမှုပြဿနာကို ဖြေရှင်းဖို့၊
00:56
evolution devised a solution,
14
56897
1960
ဆင့်ကဲဖြစ်စဉ်က အဖြေတစ်ခုကို ထွင်ခဲ့တယ်၊
00:58
which is the brain's attention system.
15
58881
1983
ဒါကတော့ ဦးနှောက်ရဲ့ အာရုံစိုက်မှုစနစ်ပါ၊
01:01
Attention allows us
16
61332
2086
အာရုံစိုက်မှုက ကျွန်မတို့ကို
01:03
to notice, select and direct the brain's computational resources
17
63442
4516
ရနိုင်တာအားလုံးထဲက အပိုင်းခွဲတစ်ခုဆီကိုသာ ဦးနှောက်ရဲ့ တွက်ချက်မှု ရင်းမြစ်တွေကို
01:07
to a subset of all that's available.
18
67982
2400
သတိထား၊ ရွေးချယ်၊ လမ်းညွှန်ပေးပါတယ်။
01:10
We can think of attention as the leader of the brain.
19
70799
2603
အာရုံစိုက်မှုကို ဦးနှောက် ခေါင်းဆောင် လို့တွေးနိုင်တယ်။
01:13
Wherever attention goes, the rest of the brain follows.
20
73871
3039
အရုံစိုက်မှုသွားလေရာတိုင်း ဦးနှောက်ရဲ့ ကျန်တာတွေက လိုက်ပါရတယ်။
01:16
In some sense, it's your brain's boss.
21
76934
2534
တစ်နည်းအားဖြင့် အဲဒါက သင့်ဦးနှောက်ရဲ့ အကြီးအကဲပါ။
01:19
And over the last 15 years,
22
79879
1600
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်မှာ
01:21
I've been studying the human brain's attention system.
23
81503
2539
လူ့ဦးနှောက်ရဲ့ အာရုံစိုက်မှုစနစ် ကျွန်မ လေ့လလာခဲ့တယ်။
01:24
In all of our studies, I've been very interested in one question.
24
84066
3368
ကျွန်မတို့ လေ့လာမှုအားလုံးထဲမှာ မေးခွန်းတစ်ခုကို အရမ်းစိတ်ဝင်စားခဲ့တယ်။
01:28
If it is indeed the case that our attention is the brain's boss,
25
88037
4056
အာရုံစိုက်မှုက ဦးနှောက်ရဲ့ အကြီးအကဲ တကယ်သာဆိုရင်
01:32
is it a good boss?
26
92117
1293
ဒါက အကြီးအကဲကောင်းလား။
01:33
Does it actually guide us well?
27
93434
2067
ဒါက ကျွန်မတို့ကို ကောင်းမွန်စွာ လမ်းညွှန်လား။
01:36
And to dig in on this big question, I wanted to know three things.
28
96244
3627
ဒီမေးခွန်းကြီးကို တူးဆွဖို့ အရာသုံးခုကို ကျွန်မ သိချင်ခဲ့တယ်။
01:39
First, how does attention control our perception?
29
99895
3967
ပထမက အာရုံစိုက်မှုက ကျွန်မတို့ရဲ့ အသိအမြင်ကို ဘယ်လိုထိန်းချုပ်လဲ။
01:44
Second, why does it fail us,
30
104688
1945
ဒုတိယက ဘာလို့ကျွန်မတို့ကို ပျက်ကွက်လျက်
01:46
often leaving us feeling foggy and distracted?
31
106657
3260
မကြာခဏ ဇဝေဇဝါနဲ့ ထွေပြားတဲ့ခံစားမှု ကျွန်မတို့ဆီမှာ ကျန်နေခဲ့တာလဲ။
01:50
And third, can we do anything about this fogginess,
32
110760
2992
တတိယက ဒီဇဝေဇဝါဖြစ်တာကို တစ်ခုခု ကျွန်မတို့လုပ်နိုင်လား။
01:53
can we train our brain to pay better attention?
33
113776
3178
ဦးနှောက်ကို ပိုကောင်းကောင်း အာရုံစိုက်ဖို့ လေ့ကျင့်နိုင်လား။
01:57
To have more strong and stable attention in the work that we do in our lives.
34
117312
5234
ဘဝမှာ ကိုယ်လုပ်တဲ့အလုပ်မှာ အားကောင်း၊ ခိုင်မာတဲ့ အာရုံစိုက်မှု ပိုရဖို့ပါ။
02:03
So I wanted to give you a brief glimpse
35
123593
3675
ဒါကို ဘယ်လိုကြည့်မယ်ဆိုတာကို
02:07
into how we're going to look at this.
36
127292
1817
အတိုချုပ် ဖျတ်ကနဲပြသပါမယ်။
02:09
A very poignant example
37
129133
1978
ကျွန်မတို့ရဲ့ အာရုံစိုက်မှုဟာ ဘယ်လို
02:11
of how our attention ends up getting utilized.
38
131135
2958
အကျိုးရှိရှိ အသုံးချ အဆုံးသတ်တာရဲ့ အရမ်းထိမိတဲ့ သာဓကတစ်ခုပါ။
02:15
And I want to do it using the example of somebody that I know quite well.
39
135410
4541
ကျွန်မ ကောင်းကောင်းသိနေတဲ့ လူတစ်ဦးကို အသုံးပြုရင်း ဒါကို လုပ်ချင်ပါတယ်။
02:20
He ends up being part of a very large group of people that we work with,
40
140919
3564
သူဟာ ကျွန်မတို့ တွဲလုပ်တဲ့ လူစုကြီးရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ အဆုံးသတ်သွားတယ်၊
02:24
for whom attention is a matter of life and death.
41
144507
2538
သူတို့အတွက် အာရုံစိုက်မှုဟာ သေရေးရှင်ရေးလို အရေးပါတယ်
02:27
Think of medical professionals
42
147571
2301
ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ (သို့)
02:29
or firefighters
43
149896
1496
မီသတ်သမားတွေ (သို့)
02:31
or soldiers or marines.
44
151416
2421
စစ်သားတွေ (သို့) ကမ်းတက်တပ်သားတွေကို တွေးကြည့်ပါ။
02:34
This is the story of a marine captain, Captain Jeff Davis.
45
154173
3449
ဒါကတော့ ရေတပ်ဗိုလ်မှုးကြီး Captain Jeff Davis ရဲ့ ဇာတ်လမ်းပါ။
02:38
And the scene that I'm going to share with you, as you can see,
46
158347
2968
သင်တို့နဲ့ မျှဝေမယ့် မြင်ကွင်းကတော့ သင်တို့ မြင်ရတဲ့အတိုင်း
02:41
is not about his time in the battlefield.
47
161339
2057
စစ်မြေပြင်ထဲက သူရဲ့တာဝန်ယူချိန် မဟုတ်ပါဘူး။
02:43
He was actually on a bridge, in Florida.
48
163744
2484
တကယ်က သူဟာ ဖလော်ရီဒါက တံတားတစ်ခုပေါ်မှာပါ။
02:46
But instead of looking at the scenery around him,
49
166871
2388
ဒါပေမဲ့ သူ့ဝန်းကျင်က မြင်ကွင်းကို ကြည့်တာ၊
02:49
seeing the beautiful vistas
50
169283
1596
လှပတဲ့ ရှုခင်းတွေမြင်တာ၊
02:50
and noticing the cool ocean breezes,
51
170903
2563
အေးမြတဲ့ သမုဒ္ဒရာ လေပြည်ကို သတိပြုမိတာအစား
02:53
he was driving fast and contemplating driving off that bridge.
52
173490
3920
သူဟာ အမြန်မောင်းနေပြီး တံတား လွန်သွားအောင် ​မောင်းဖို့ အာရုံပြုနေတာပါ။
02:58
And he would later tell me that it took all of everything he had not to do so.
53
178410
4807
ဒီလို လုပ်ဖို့ မလိုတာအားလုံးကို လုပ်ခဲ့ ရတယ်လို့ နောက်ပိုင်း သူ ပြောပြလိမ့်မယ်။
03:03
You see, he'd just returned from Iraq.
54
183685
1857
သူက မကြာခင်ကမှ အီရတ်က ပြန်လာခဲ့တာ။
03:06
And while his body was on that bridge,
55
186082
2039
သူ့ရဲ့ကိုယ်က ဒီတံတားပေါ်မှာရှိခဲ့ပေမဲ့
03:08
his mind, his attention, was thousands of miles away.
56
188145
3238
သူရဲ့စိတ်၊ အာရုံစိုက်မှုက ထောင်ချီတဲ့မိုင်တွေ အဝေးမှာပါ။
03:11
He was gripped with suffering.
57
191407
1643
သူကို ဝေဒနာက ဖမ်းစားထားတယ်၊
03:13
His mind was worried and preoccupied
58
193736
2706
သူ့စိတ်က ပူပန်ပြီး ဖိစီးနေတယ်၊
03:16
and had stressful memories and, really, dread for his future.
59
196466
3459
ဖိစီးမှုများတဲ့ အမှတ်ရမှုတွေရှိခဲ့ပြီး အနာဂတ်အတွက် တကယ် ထိတ်လန့်နေခဲ့တယ်။
03:20
And I'm really glad that he didn't take his life.
60
200862
3056
သူ့ရဲ့အသက်ပါမသွားခဲ့တာကို ကျွန်မ တကယ်ကို ဝမ်းသာမိတယ်။
03:25
Because he, as a leader, knew that he wasn't the only one
61
205069
2961
အကြောင်းက ခေါင်းဆောင်အနေနဲ့ ဒုက္ခခံနေရလောက်တာက
03:28
that was probably suffering;
62
208054
1404
သူတစ်ယောက်တည်း မဟုတ်တာ သိနေလို့ပါ၊
03:29
many of his fellow marines probably were, too.
63
209482
2174
သူ့အဖော် ကမ်းတက်တပ်သားတွေရော အများကြီးပါ။
03:31
And in the year 2008, he partnered with me in the first-of-its-kind project
64
211680
5247
၂၀၀၈ ခုမှာ တစ်ခါမှမရှိဘူးသေးတဲ့ ပရောဂျက်တစ်ခု ကျွန်မနဲ့ တွဲလုပ်ခဲ့တယ်၊
03:36
that actually allowed us to test and offer something called mindfulness training
65
216951
4594
တကယ်က တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေကို စိတ်သိမှတ်မှု သင်တန်းလို့ ခေါ်တာကို
03:41
to active-duty military personnel.
66
221569
1992
စမ်းသပ်၊ ကမ်းလှမ်းခွင့်ပေးခဲ့တာပါ။
03:44
But before I tell you about what mindfulness training is,
67
224030
3216
ဒါပေမဲ့ စိတ်သိမှတ်မှု သင်တန်းကဘာဆိုတာ
03:47
or the results of that study,
68
227270
1713
(သို့) လေ့လာမှုရလဒ်တွေကို မပြောခင်
03:49
I think it's important to understand how attention works in the brain.
69
229007
3641
ဦးနှောက်ထဲမှာ အာရုံစိုက်မှုအလုပ်လုပ်ပုံကို နားလည်ဖို့ အရေးကြီးတယ် ထင်ပါတယ်။
03:54
So what we do in the laboratory
70
234395
1825
ဒီတော့ လက်တွေ့ခန်းထဲမှာ လုပ်ရာတွင်
03:56
is that many of our studies of attention involve brain-wave recordings.
71
236244
4309
အာရုံစိုက်မှု လေ့လာမှု အများအပြားဟာ ဦးနှောက်လှိုင်း ဖမ်းယူမှုတွေ ပါဝင်တာပါ။
04:00
In these brain wave recordings, people wear funny-looking caps
72
240950
3246
ဒီဦးနှောက်လှိုင်း ဖမ်းယူမှုတွေမှာ လူတွေဟာ ရယ်စရာပုံ ဦးထုပ်တွေဝတ်တယ်၊
04:04
that are sort of like swimming caps, that have electrodes embedded in them.
73
244220
3746
၎င်းတို့အတွင်းမှာ လျှပ်ခေါင်းတွေ တပ်ဆင်ထားတဲ့ ရေကူဦးထုပ်မျိုးတွေပါ။
04:07
These electrodes pick up the ongoing brain electrical activity.
74
247990
3611
ဒီလျှပ်ခေါင်းတွေက ဦးနှောက်ရဲ့ လျှပ်စစ်လုပ်ဆောင်မှုကို ကောက်ယူတယ်။
04:12
And they do it with millisecond temporal precision.
75
252117
2706
သူတို့က စက္ကန့်ရဲ့ထောင်ပုံတစ်ပုံ အချိန်တိကျမှုနဲ့လုပ်တယ်။
04:15
So we can see these small yet detectable voltage fluctuations over time.
76
255268
4674
ဒီတော့ ကြာလာတာနဲ့ ဒီသေးငယ်ပေမဲ့ မြင်သာတဲ့ ဗို့အားအတက်အကျတွေကို မြင်ရပါတယ်။
04:20
And doing this, we can very precisely plot the timing of the brain's activity.
77
260929
5396
ဒါလုပ်ခြင်းက ဦးနှောက်လုပ်ဆောင်မှုရဲ့ ချိန်ကိုက်မှုကို အတိအကျ ပုံစံချလို့ရပါတယ်။
04:26
About 170 milliseconds
78
266969
2757
သုတေသနမှာ ပါဝင်သူတွေကို
04:29
after we show our research participants a face on the screen,
79
269750
3510
စခရင်ပေါ်တွင် မျက်နှာတစ်ခုကို ပြသပြီး ၁၇၀ မီလီစက္ကန့်လောက်မှာ
04:33
we see a very reliable, detectable brain signature.
80
273284
3722
အရမ်း စိတ်ချရပြီး မြင်သာတဲ့ ဦးနှောက် လက္ခဏာတစ်ခု မြင်ရတယ်။
04:37
It happens right at the back of the scalp,
81
277030
2388
ဒါက ဦးရေပြား အနောက်တည့်တည့်၊
04:39
above the regions of the brain that are involved in face processing.
82
279442
3206
မျက်နှာဖြစ်စဉ်အတွင်းမှာပါတဲ့ ဦးနှောက် နယ်ပယ်တွေအထက်မှာ ဖြစ်ပေါ်တယ်။
04:43
Now, this happens so reliably and so on cue,
83
283260
4095
ကဲ ဦးနှောက်ရဲ့ မျက်နှာ ရှာတဲ့ကိရိယာလို ဒါက အရမ်းစိတ်ချရပြီး၊
04:47
as the brain's face detector,
84
287379
1959
သိပ်ကွက်တိဖြစ်တော့၊
04:49
that we've even given this brain-wave component a name.
85
289362
2581
ဒီဦးနှောက်လှိုင်း ကိရိယာကို အမည်တစ်ခုတောင်ပေးလိုက်တယ်။
04:51
We call it the N170 component.
86
291967
2048
ဒါကို N170 ကိရိယာလို့ ခေါ်ပါတယ်။
04:54
And we use this component in many of our studies.
87
294427
2784
ဒီကိရိယာကို လေ့လာမှုမတော်များများမှာ ကျွန်မတို့ သုံးပါတယ်။
04:57
It allows us to see the impact that attention may have on our perception.
88
297235
5044
အာရုံစိုက်မှုက ကျွန်မတို့အသိအမြင်ပေါ် ရှိလောက်တဲ့ သက်ရောက်မှုကို မြင်စေတယ်။
05:03
I'm going to give you a sense of the kind of experiments
89
303022
2707
လက်တွေ့ခန်းမှာ တကယ်လုပ်တဲ့ လက်တွေ့စမ်းသပ်မှုမျိုးရဲ့
05:05
that we actually do in the lab.
90
305753
1499
အနေအထားကို ပြပေးပါမယ်။
05:07
We would show participants images like this one.
91
307276
2595
ပါဝင်သူတွေကို ဒီတစ်ခုလို ရုပ်ပုံတွေကို ပြပါလိမ့်မယ်။
05:09
You should see a face and a scene overlaid on each other.
92
309895
3658
တစ်ခုနဲ့တစ်ခု ထပ်ထားတဲ့ မျက်နှာတစ်ခုနဲ့ ရှုခင်းပုံတစ်ပုံကို သင်တို့မြင်ရပါမယ်။
05:14
And what we do is we ask our participants
93
314037
2079
ကျွန်မတို့လုပ်တာက တစ်ခုနဲ့တစ်ခုထပ်ထားတဲ့
05:16
as they're viewing a series of these types of overlaid images,
94
316140
3723
ပုံတွေရဲ့ အမျိုးအစားတွေရဲ့ အစဉ်တန်းကို ကြည့်နေစဉ်မှာ ပါဝင်သူတွေကို သူတို့ရဲ့
05:19
to do something with their attention.
95
319887
1839
အာရုံစိုက်တာနဲ့ တစ်ခုခုလုပ်ခိုင်းတယ်။
05:22
On some trials, we'll ask them to pay attention to the face.
96
322212
2915
စမ်းသပ်မှုတစ်ချို့မှာ မျက်နှာကို အာရုံစိုက်ခိုင်းပါမယ်။
05:25
And to make sure they're doing that,
97
325759
1819
ဒါကို သူတို့လုပ်နေတာ သေချာစေဖို့
05:27
we ask them to tell us, by pressing a button,
98
327602
2578
ခလုပ်တစ်ခုနှိပ်ပြီး မျက်နှာက ကျားပုံ (သို့)
05:30
if the face appeared to be male or female.
99
330204
2312
မပုံပေါ်လားလို့ ကျွန်မတို့ကို ပြောခိုင်းတယ်။
05:33
On other trials,
100
333046
1222
အခြားစစ်ဆေးမှုတွေမှာ
05:34
we ask them to tell what the scene was -- was it indoor or outdoor?
101
334292
3798
ရှုခင်းက အပြင်မှာ (သို့) အတွင်းမှာလားလို့ ကျွန်မတို့ကို ပြောပြခိုင်းပါတယ်။
05:38
And in this way, we can manipulate attention
102
338704
2064
ဒီနည်းနဲ့ အာရုံစိုက်မှုကို ချယ်လှယ်နိုင်ကာ
05:40
and confirm that the participants were actually doing what we said.
103
340792
3182
ပါဝင်သူတွေဟာ ကျွန်မတို့ ပြောတာကို တကယ်လုပ်နေလား အတည်ပြုနိင်တယ်။
05:45
Our hypotheses about attention were as follows:
104
345371
2581
အာရုံစိုက်မှုအကြောင်း ထင်မြင်မှုတွေက အောက်ပါအတိုင်းပါ။
05:49
if attention is indeed doing its job and affecting perception,
105
349014
4357
အာရုံစိုက်မှုဟာ ၎င်းရဲ့အလုပ်ကို လုပ်နေပြီး အသိအမြင်ကိုသက်ရောက်နေရင်၊
05:53
maybe it works like an amplifier.
106
353395
2200
၎င်းဟာ အသံချဲ့စက်တစ်လုံးလို လုပ်ဆောင်ပါတယ်။
05:56
And what I mean by this
107
356252
1175
ဒါကနေ ကျွန်မဆိုလိုတာက
05:57
is that when we direct attention to the face,
108
357451
2199
မျက်နှာကို အာရုံစိုက်ဖို့ ညွှန်ကြားတဲ့အခ​ါ
05:59
it becomes clearer and more salient,
109
359674
2628
၎င်းက ပိုကြည်လင်၊ ပိုအဓိကကျလာကာ၊
06:02
it's easier to see.
110
362326
1620
မြင်ဖို့ ပိုလွယ်လာတယ်။
06:03
But when we direct it to the scene, the face becomes barely perceptible
111
363970
3953
ဒါပေမဲ့ ရှုခင်းကိုညွှန်ကြားတဲ့အခါ ရှုခင်း အချက်အလက်ကို အရေးတယူလုပ်တာကြောင့်
06:07
as we process the scene information.
112
367947
2031
06:10
So what we wanted to do
113
370823
1214
ဒီတော့ လုပ်ချင်ခဲ့ကြတာက
06:12
is look at this brain-wave component of face detection, the N170,
114
372061
4094
N170 မျက်နှာထောက်လှမ်းရေး ဒီဦးနှောက်လှိုးင်းကိရိယာကို ကြည့်ပြီး
06:16
and see if it changed at all
115
376179
2026
လုံးဝပြောင်း၊ မပြောင်း ကြည့်ပါတယ်။
06:18
as a function of where our participants were paying attention --
116
378229
3008
မျက်နှာလား၊ ရှုခင်းလားဆိုတဲ့ ပါဝင်သူတွေ အာရုံစိုက်ရာရဲ့
06:21
to the scene or the face.
117
381261
1439
လုပ်ဆောင်ချက်အဖြစ်နဲ့ပါ။
06:23
And here's what we found.
118
383323
1246
ဟောဒီမှာ တွေ့ရှိခဲ့တာပါ။
06:24
We found that when they paid attention to the face,
119
384974
2437
တွေ့ရှိခဲ့တာက သူတို့ မျက်နှာကိုအာရုံစိုက်တဲ့အခါ
06:27
the N170 was larger.
120
387435
1519
N170 က ပိုကြီးတယ်။
06:29
And when they paid attention to the scene, as you can see in red, it was smaller.
121
389276
3841
မြင်ကွင်းကို သူတို့အာရုံစိုက်တဲ့အခါ အနီထဲမှာ မြင်ရတဲ့အတိုင်း ဒါက ပိုငယ်ပါတယ်။
06:33
And that gap you see between the blue and red lines
122
393141
2631
သင်မြင်ရတဲ့ အပြာနဲ့ အနီရောင်မျဉ်းကြားက ကွက်လပ်ဟာ
06:35
is pretty powerful.
123
395796
1240
အရမ်း အာကောင်းပါတယ်၊
06:37
What it tells us is that attention,
124
397060
1946
ဒါ ပြောပြတာက အာရုံစိုက်မှုဟာ
06:39
which is really the only thing that changed,
125
399030
2084
တကယ်ကို ပြောင်းလဲသွားတဲ့ အရာပါပဲ၊
06:41
since the images they viewed were identical in both cases --
126
401138
2810
ကိစ္စနှစ်ရပ်လုံးမှာ ကြည့်နေတဲ့ ရုပ်ပုံတွေဟာ အတူတူဖြစ်တော့
06:43
attention changes perception.
127
403972
1787
အာရုံစိုက်မှုဟာ အသိအမြင် ပြောင်းတယ်။
06:45
And it does so very fast.
128
405783
1944
ဒါက ဒီလောက်အမြန် လုပ်ဆောင်ပါတယ်။
06:47
Within 170 milliseconds of actually seeing a face.
129
407751
3143
မျက်နှာတစ်ခုကို မြင်တာရဲ့ ၁၇၀ မီလီစက္ကန့်အတွင်းမှာပါ။
06:51
In our follow-up studies, we wanted to see what would happen,
130
411911
2889
နောက်ဆက်တွဲ လေ့လာမှုတွေမှာ ဘာဖြစ်လိမ့်မလဲ၊ ဒီသက်ရောက်မှုကို
06:54
how could we perturb or diminish this effect.
131
414824
2380
ဘယ်လို နှောက်ယှက် (သို့) လျော့စေနိုင်တာသိချင်တယ်။
06:57
And our hunch was that if you put people in a very stressful environment,
132
417775
4548
ကျွန်မတို့အထင်က လူတွေကို အရမ်း စိတ်ဖိစီးတဲ့ နေရာမှာထားရင်
07:02
if you distract them with disturbing, negative images,
133
422347
2889
သူတို့ကို စိတ်အနှောင့်အယှက်ပေး အပျက်သဘော ပုံတွေ၊
07:05
images of suffering and violence --
134
425260
2595
ဝေဒနာခံစားခြင်းနဲ့ အကြမ်းဖက်မှု ပုံတွေ၊ သတင်းတွေမှာ
07:07
sort of like what you might see on the news, unfortunately --
135
427879
2922
တွေနိုင်တဲ့ ပုံမျိုးတွေနဲ့ စိတ်ပျံ့လွင့်စေရင် ကံမကောင်းစွာပဲ
07:10
that doing this might actually affect their attention.
136
430825
2558
ဒီလိုလုပ်တာ သူတို့အာရုံစိုက်မှုကို တကယ် ထိခိုက်စေတယ်။
07:13
And that's indeed what we found.
137
433407
1622
ဒါက တကယ်ကို တွေရှိခဲ့တာပါ။
07:15
If we present stressful images while they're doing this experiment,
138
435053
3159
ဒီစမ်းသပ်မှု သူတို့လုပ်နေစဉ်မှာ စိတ်ဖိစီးတဲ့ ရုပ်ပုံတွေပြသရင်
07:18
this gap of attention shrinks, its power diminishes.
139
438236
3651
အာရုံစိုက်မှု ကွက်လပ်ဟာ ကျုံ့သွားတယ်၊ ၎င်းရဲ့အစွမ်းက လျော့သွားတယ်။
07:22
So in some of our other studies,
140
442506
2334
ဒါနဲ့ ကျွန်မတို့ရဲ့ တစ်ချို့လေ့လာမှုတွေမှာ
07:24
we wanted to see, OK, great --
141
444864
1509
မြင်ချင်တာက အိုကေ၊ ကောင်းပြီ-
07:26
not great, actually, bad news that stress does this to the brain --
142
446397
3143
မကောင်းဘူး၊ တကယ်တော့ ဦးနှောက်ကို ဖိစီးတဲ့ သတင်းဆိုးတွေဆိုပေမဲ့
07:29
but if it is the case that stress has this powerful influence on attention
143
449564
4005
ပြင်ပ အနှောက်အယှက်ကနေ အာရုံစိုက်မှုအပေါ် အစွမ်းရှိတဲ့
07:33
through external distraction,
144
453593
1873
သက်ရောက်မှုရှိလားလို့ပါ။
07:35
what if we don't need external distraction,
145
455490
2008
ပြင်ပ အနှောက်အယှက် မလိုဘူးဆိုရင်ရော၊
07:37
what if we distract ourselves?
146
457522
1889
မိမိဘာသာ နှောက်ယှက်တယ်ဆိုရင်ရော။
07:39
And to do this,
147
459435
1309
ဒါကိုလုပ်ဖို့
07:40
we had to basically come up with an experiment
148
460768
2159
အခြေခံအနေနဲ့က စမ်းသပ်မှုတစ်ခုကို စဉ်းစားရတယ်၊
07:42
in which we could have people generate their own mind-wandering.
149
462951
3523
အဲဒီမှာ လူတွေကို သူတို့ကိုယ်တိုင် စိတ်ပျံ့လွင့်မှုကို လုပ်ခိုင်းလို့ရတယ်။
07:46
This is having off-task thoughts
150
466498
1825
ကျွန်မတို့ဟာ ဆက်ဖြစ်နေတဲ့အလုပ်မျိုးမှာ
07:48
while we're engaged in an ongoing task of some sort.
151
468347
3534
အာရုံစိုက်နေပေမဲ့ အလျဉ်ပြတ်စေတဲ့ အတွေးတွေရှိနေခြင်းပါ။
07:52
And the trick to mind-wandering is that essentially, you bore people.
152
472657
3914
စိတ်ပျံ့လွင့်တာအတွက် ပရိယာယ်က အခြေခံက သင်ဟာ လူတွေကို ငြီးငွေ့တာပါ။
07:56
So hopefully there's not a lot of mind-wandering happening right now.
153
476879
3492
ဒီတော့ မှန်းခြေ လောလောဆယ် စိတ်ပျံ့လွင့်နေတဲ့လူတွေအများကြီးရှိတယ်။
08:00
When we bore people,
154
480395
1317
လူတွေကို ငြီးငွေ့တဲ့အခါ
08:01
people happily generate all kinds of internal content to occupy themselves.
155
481736
4634
လူတွေဟာ အချိန်ကုန်ဖို့ မြုံထားတဲ့ အကြောင်းအရာစုံကို ပျော်ပျော် ထုတ်လုပ်တယ်။
08:06
So we devised what might be considered
156
486394
1826
ကမ္ဘာ့ ပျင်းစရာအကောင်းဆုံး စမ်းသပ်မှု
08:08
one of the world's most boring experiments.
157
488244
2000
တွေထဲက တစ်ခု ယူဆရလောက်တာကို ထွင်ခဲ့တယ်။
08:10
All the participants saw were a series of faces on the screen,
158
490268
3047
ပါဝင်သူအားလုံးဟာ စခရင်ပေါ်က မျက်နှာစဉ်တန်း တစ်ခုပြီးတစ်ခု
08:13
one after another.
159
493339
1198
မြင်တွေ့ခဲ့ရတယ်။
08:14
They pressed the button every time they saw the face.
160
494561
2493
မျက်နှာကို တွေ့တိုင်း ခလုတ်ကို နှိပ်ကြတယ်။
08:17
That was pretty much it.
161
497078
1151
ဒါက အတော်များပါတယ်။
08:18
Well, one trick was that sometimes, the face would be upside down,
162
498253
3350
ကောင်းပြီ၊နည်းတစ်ခုက တစ်ခါတစ်လေမှာ မျက်နှာဟာ ပြောင်းပြန်ဖြစ်နေမှာပါ၊
08:21
and it would happen very infrequently.
163
501627
1842
ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲဖြစ်မှာပါ။
08:23
On those trials they were told just to withhold the response.
164
503493
2896
ဒီစမ်းသပ်ချက်တွေမှာ တုံ့ပြန်မှုကို ထိန်းထားဖို့ ပြောထားတယ်။
08:26
Pretty soon, we could tell that they were successfully mind-wandering,
165
506752
3286
များမကြာခင်မှာပဲ သူတို့ အောင်မြင်စွာ စိတ်ပျံ့လွင့်တာကို ပြောနိုင်တာက
08:30
because they pressed the button when that face was upside down.
166
510062
2969
မျက်နှာက ပြောင်းပြန်ဖြစ်တဲ့အခါ သူတို့ ခလုတ်နှိပ်လို့ပါ။
08:33
Even though it's quite plain to see that it was upside down.
167
513055
2858
ပြေင်းပြန်ဖြစ်နေတာ မြင်ဖို့ အသိသာကြီးဆိုတာတောင်ပါ။
08:35
So we wanted to know what happens when people have mind-wandering.
168
515937
3169
ဒီတော့ လူတွေ စိတ်ပျံ့လွင့်နေတဲ့အခါ ဘာဖြစ်လဲဆိုတာ သိချင်ခဲ့တယ်။
08:39
And what we found was that,
169
519130
2054
ကျွန်မတို့ တွေ့ရှိလိုက်ရတာက
08:41
very similar to external stress
170
521208
1842
ပတ်ဝန်းကျင်ထဲက ပြင်ပ စိတ်ဖိစီးမှုနဲ့
08:43
and external distraction in the environment,
171
523074
2451
ပြင်ပ အာရုံပျက်မှုနဲ့ အရမ်းဆင်တူတဲ့ ပတ်ဝန်းကျင်ထဲက
08:45
internal distraction, our own mind wandering,
172
525549
2988
အတွင်းပိုင်း အာရုံပျက်မှု ကိုယ်ပိုင် စိတ်ပျံ့လွင့်မှုဟာလည်း
08:48
also shrinks the gap of attention.
173
528561
2372
အာရုံစိုက်မှု ဟာကွက်ကို ကျုံ့ပစ်တာကိုပါ။
08:50
It diminishes attention's power.
174
530957
2135
၎င်းက အာရုံစိုက်မှုအစွမ်းကို လျော့ကျစေတယ်။
08:54
So what do all of these studies tell us?
175
534149
2245
ဒီတော့ ဒီလေ့လာမှုအားလုံးက ဘာပြောပြလဲ။
08:56
They tell us that attention is very powerful
176
536895
2612
၎င်းတို့ ပြောပြတာက အာရုံစိုက်မှုဟာ သင့်အသိအမြင်ကို
08:59
in terms of affecting our perception.
177
539531
2101
ထိခိုက်စေမှုအရ အင်မတန်အားကောင်းပါတယ်။
09:02
Even though it's so powerful, it's also fragile and vulnerable.
178
542323
3262
အဲဒီလောက် အားကောင်းတာတောင်မှ ၎င်းဟာ နုပြီး၊ အထိခိုက်လည်းမခံတာပါ။
09:06
And things like stress and mind-wandering diminish its power.
179
546038
3722
စိတ်ဖိစီးမှုနဲ့ စိတ်ပျံ့လွင့်မှုတွေလိုပဲ ၎င်းရဲ့အစွမ်းကို လျော့ကျစေပါတယ်။
09:10
But that's all in the context of these very controlled laboratory settings.
180
550243
3545
ဒါပေမဲ့ အားလုံးက ထိန်းချုပ်ထားတဲ့ စမ်းသပ်ခန်း ဝန်းကျင်တွေရဲ့ ဆက်စပ်မှုပါ၊
09:13
What about in the real world?
181
553812
1421
လက်တွေ့ဘဝမှာ ကျတော့ရော။
09:15
What about in our actual day-to-day life?
182
555257
2049
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ကျတော့ရော။
09:17
What about now?
183
557330
1150
အခုရော။
09:18
Where is your attention right now?
184
558855
1944
လောလောဆယ် သင့်အာရုံစိုက်မှုက ဘယ်မှာလဲ။
09:21
To kind of bring it back,
185
561196
1207
ဒါကို ပြန်ကောက်ရမယ်ဆိုရင်
09:22
I'd like to make a prediction about your attention
186
562427
2356
ကျန်တဲ့ ဟောပြောချက် အတွက် သင့်အာရုံစိုက်မှုကို
09:24
for the remainder of my talk.
187
564807
1445
ဟောကိန်းတစ်ခုထုတ်ချင်ပါတယ်။
09:26
Are you up for it?
188
566276
1468
ဒါကို သင်တို့ တွေးမိကြလား။
09:27
Here's the prediction.
189
567768
1682
ဟောဒီမှာ ဟောကိန်းပါ။
09:29
You will be unaware of what I'm saying for four out of the next eight minutes.
190
569474
4229
လာမယ့် ရှစ်မိနစ်အနက် လေးမိနစ်စာ ကျွန်မ ပြောမှာကို သင်တို့ သတိထားမိမှာမဟုတ်ပါ။
09:33
(Laughter)
191
573727
1001
(ရယ်သံများ)
09:34
It's a challenge, so pay attention, please.
192
574752
2698
ဒါက စမ်းသပ်မှုတစ်ခုပါ ဒီတော့ ကျေးဇူးပြုပြီး အာရုံစိုက်ပါ။
09:37
Now, why am I saying this?
193
577474
2285
ကဲ ဘာလို့ ကျွန်မဒါကို ပြောနေတာလဲ။
09:40
I'm surely going to assume that you're going to remain seated
194
580577
3698
အသေအချာ ယူဆမိမှာက သင်တို့ ထိုင်ခုံမှာ ဆက်ထိုင်နေပြီး ကျွန်မစကားပြောစဉ်
09:44
and, you know, graciously keep your eyes on me as I speak.
195
584299
2874
သင်တို့မျက်လုံးတွေကို ကျွန်ဆီမှာ ပျူငှာစွာဆက်လက်ရှိတာကိုပါ။
09:47
But a growing body of literature suggests that we mind-wander,
196
587665
4515
ဒါပေမဲ့ တိုးပွားလာနေတဲ့စာပေ အစုအပုံက ညွှန်ပြတာက ကျွန်မတို့ စိတ်ပျံ့လွင့်တယ်၊
09:52
we take our mind away from the task at hand,
197
592204
2302
လက်ရှိ တာဝန်ကနေ ကျွန်မတို့ရဲ့စိတ်ကို ယူဆောင်တယ်၊
09:54
about 50 percent of our waking moments.
198
594530
2600
နိုးနေတဲ့ ကာလတွေရဲ့ ၅၀% ခန့်ပါ။
09:57
These might be small, little trips that we take away,
199
597625
2762
ဒါတွေဟာ ကျွန်မတို့ ယူဆောင်တဲ့ သေးငယ်တဲ့ ခရီးလေးတွေ၊
10:00
private thoughts that we have.
200
600411
1523
ကိုယ်ပိုင်အတွေးတွေ ဖြစ်လောက်တယ်။
10:02
And when this mind-wandering happens,
201
602649
2619
နောက်ပြီး စိတ်ပျံ့လွင့်မှုဖြစ်တဲ့အခါ
10:05
it can be problematic.
202
605292
1174
ဒါက ပြဿနာဖြစ်နိုင်တယ်
။
10:06
Now I don't think there will be any dire consequences
203
606490
2497
အခု ဒီနေ့ ဒီမှာထိုင်နေတဲ့ အားလုံးနဲ့ သေရေးရှင်ရေး
10:09
with you all sitting here today,
204
609011
1565
အကျိုးဆက်တွေရှိမယ်လို့ မထင်ပေမဲ့
10:10
but imagine a military leader missing four minutes of a military briefing,
205
610600
3540
စစ်ရေး ညွှန်ကြားချက်ရဲ့ လေးမိနစ် လွတ်နေတဲ့ စစ်ခေါင်းဆောင်ကို စိတ်ကူးကြည့်၊
10:14
or a judge missing four minutes of testimony.
206
614164
4306
(သို့) တရားရုံးထွက်ဆိုချက် လေးမိနစ် လွတ်နေတဲ့ တရားသူကြီးတစ်ဦး (သို့)
10:18
Or a surgeon or firefighter missing any time.
207
618494
2160
အချိန်လွတ်နေတဲ့ ခွဲစိတ်ဆရာဝန်၊ မီးသတ်သမား။
10:20
The consequences in those cases could be dire.
208
620678
2539
ဒီအဖြစ်တွေထဲက အကျိုးဆက်တွေက သေရေးရှင်ရေး ဖြစ်နိုင်တယ်။
10:24
So we might ask why do we do this?
209
624030
1904
ဒီတော့ ဘာလို့ ဒါကိုလုပ်လဲ မေးနိုင်တယ်။
10:25
Why do we mind-wander so much?
210
625958
1709
ဘာလို့ ဒီလောက် စိတ်ပျံ့လွင့်တာလဲ။
10:27
Well, part of the answer is that our mind is an exquisite time-traveling master.
211
627691
5827
ကောင်းပြီ၊ ဒီအဖြေ တစ်ပိုင်းက စိတ်ဟာ သိမ်မွေ့လှတဲ့ အချိန်ကာလ ခရီးသွားကြီးပါ။
10:34
It can actually time travel very easily.
212
634079
1966
၎င်းဟာ အလွယ်တကူ အချိန်ခရီးထွက်နိုင်ပါတယ်။
10:36
If we think of the mind as the metaphor of the music player, we see this.
213
636069
3484
စိတ်ကို သီချင်းဖွင့်စက်ရဲ့ ဥပစာတစ်ခုလို့ တွေးမိရင် ဒါကို မြင်ပါတယ်။
10:39
We can rewind the mind to the past
214
639577
1755
ဖြစ်ခဲ့ဖူးတဲ့ အဖြစ်တွေ ထင်ဟပ်စေဖို့
10:41
to reflect on events that have already happened, right?
215
641356
2692
အတိတ်ကို ပြန်ရစ် နိုင်တယ်မို့လား။
10:44
Or we can go and fast-future, to plan for the next thing that we want to do.
216
644688
3780
ဒါမှမဟုတ် နောက် ကိုယ်လုပ်ချင်တဲ့အတွက် အစီစဉ်ချဖို့ အနာဂတ်ကို အမြန်သွားလို့ရတယ်၊
10:49
And we land in this mental time-travel mode of the past or the future
217
649021
4540
အတိတ်နဲ့ အနာဂတ်ရဲ့ ဒီစိတ်ပိုင်း အချိန်ခရီးပုံစံမှာ
10:53
very frequently.
218
653585
1238
မကြာခဏကို ရောက်ကြတယ်။
10:54
And we land there often without our awareness,
219
654847
2365
သတိမမူမိပဲ အဲဒီကို မကြာမကြာ ရောက်ကြတယ်၊
10:57
most times without our awareness,
220
657236
1635
အကြိမ်အများစုမှာ သတိမမူမိပဲ
10:58
even if we want to be paying attention.
221
658895
1865
အာရုံစိုက်ချင်ပါတယ် ဆိုတာတောင်ပါ။
11:00
Think of just the last time you were trying to read a book,
222
660784
2769
စာတစ်အုပ် ကြိုးစားဖတ်နေတဲ့ နောက်ဆုံးကာလကိုပဲ တွေးကြည့်ပါ
11:03
got to the bottom of the page with no idea what the words were saying.
223
663577
3316
စာလုံးတွေက ပြောနေတာကို မသိပဲ စာမျက်နှာရဲ့ အောက်ခြေကို ရောက်သွားတယ်။
11:06
This happens to us.
224
666917
1267
ဒါ ကျွန်မတို့ ဖြစ်တတ်တာပါ။
11:08
And when this happens, when we mind-wander without an awareness that we're doing it,
225
668782
5897
ဒါဖြစ်တဲ့အခါ ကျွန်မတို့ လုပ်နေတာကို သတိမမူမိပဲ စိတ်ပျံ့လွင့်တဲ့အခါ
11:14
there are consequences.
226
674703
1785
အကျိုးဆက်တွေရှိပါတယ်။
11:16
We make errors.
227
676512
1150
အမှားတွေ လုပ်ကြတယ်။
11:18
We miss critical information, sometimes.
228
678135
2333
တစ်ခါတစ်ရံ အရေးပါတဲ့ သတင်းအချက်အလက် လွတ်သွာတယ်၊
11:20
And we have difficulty making decisions.
229
680912
2394
ဆုံးဖြတ်ချက်တွေချဖို့ ခက်ခဲကြတယ်။
11:24
What's worse is when we experience stress.
230
684492
3063
ပိုဆိုးတာက စိတ်ဖိစီးမှု ခံရတဲ့အခါပါ။
11:28
When we're in a moment of overwhelm.
231
688061
2421
စိတ်ထိခိုက်ခံနေရခိုက်မှာ ရှိတဲ့အခါပါ။
11:30
We don't just reflect on the past when we rewind,
232
690506
3270
ပြန်ရစ်တဲ့အခါ အတိတ်မှာ ထင်ဟပ်တာတင်မဟုတ်ပဲ
11:33
we end up being in the past ruminating, reliving or regretting
233
693800
4594
ဖြစ်ပြီးသား အဖြစ်တွေကို စားမြုံ့ပြန်ခြင်း၊ ပြန်ခံစာခြင်း၊ နောင်တရခြင်းတွေနဲ့
11:38
events that have already happened.
234
698418
1659
အဆုံးသတ်ကြတာပါ။
11:40
Or under stress, we fast-forward the mind.
235
700506
2721
(သို့) စိတ်ဖိစီးမှုအောက်မှာ စိတ်ကို ရှေ့ကို အမြန်ရစ်တာပါ။
11:43
Not just to productively plan.
236
703251
2246
အကျိုးရှိရှိ အစီစဉ်ချတာတင်မဟုတ်ပဲ
11:45
But we end up catastrophizing or worrying
237
705521
2061
မဖြစ်သေးတဲ့ အဖြစ်တွေ၊ ပြောရရင် ဘယ်တော့မှ
11:47
about events that haven't happened yet
238
707606
1995
မဖြစ်နိုင်လောက်တာကို အဆိုးမြင်ခြင်း
11:49
and frankly may never happen.
239
709625
1658
(သို့) ပူပန်ခြင်းတွေရောပါ။
11:51
So at this point, you might be thinking to yourself, OK,
240
711307
3611
ဒီတော့ ဒီနေရာမှာ သင့်ကိုယ်သင် တွေးမိနေလောက်တာက၊ ရတယ်
11:54
mind-wandering's happening a lot.
241
714942
2254
စိတ်ပျံ့လွင့်တာဟာ အများကြီးဖြစ်နေတယ်ပေါ့။
11:57
Often, it happens without our awareness.
242
717220
2475
မကြာခဏတော့ ဒါဟာ သိတိမမူပဲနဲ့ ဖြစ်ပျက်တာပါ။
11:59
And under stress, it's even worse --
243
719719
2221
စိတ်ဖိစီးမှုအောက်မှာဆို ပိုတောင်းဆိုးပါတယ်၊
12:01
we mind-wander more powerfully and more often.
244
721964
2446
ပိုအားပြင်းထန်ကာ၊ မကြာခဏထက် ပိုစိတ်ပျံ့လွင့်ကြပါတယ်။
12:04
Is there anything we can possibly do about this?
245
724434
2286
ဒါကို ကျွန်မတို့လုပ်နိုင်တဲ့ တစ်ခုခုများရှိလား။
12:07
And I'm happy to say the answer is yes.
246
727306
2406
အဖြေက လုပ်နိုင်ပါတယ်လို့ ပြောဖို့ ဝမ်းသာမိပါတယ်။
12:10
From our work, we're learning
247
730292
1444
ကျွန်မတို့အလုပ်ကနေ
12:11
that the opposite of a stressed and wandering mind is a mindful one.
248
731760
4906
ဖိစီးမှုနဲ့ စိတ်ပျံ့လွင့်မှုရဲ့ ဆန့်ကျင်ဘက်က သတိရှိတာလို့ သိနေပါတယ်။
12:17
Mindfulness has to do with paying attention
249
737387
2650
စိတ်သိမှတ်မှုကို ကျွန်မတို့ရဲ့ လက်ရှိကာလ တွေ့ကြုံတာကို
12:20
to our present-moment experience with awareness.
250
740061
3191
အသိရှိမှုနဲ့ အာရုံစိုက်ဖို့လိုပါတယ်။
12:23
And without any kind of emotional reactivity of what's happening.
251
743553
3566
ဖြစ်ပျက်နေတာကို စိတ်ခံစားမှုပိုင်း တုံ့ပြန်မှုဆိုတာမျိုး မပါပဲနဲ့ပါ။
12:27
It's about keeping that button right on play
252
747990
2099
ကျွန်မတို့ဘဝရဲ့ ဖွင့်ဟခြင်း တဒင်္ဂချင်းကို
12:30
to experience the moment-to-moment unfolding of our lives.
253
750113
3031
တွေ့ကြုံခံစားဖို့ ဒါက ဖွင့်ဖို့ ခလုတ်ကို တည့်တည့်ထားခြင်းပါ။
12:33
And mindfulness is not just a concept.
254
753863
2769
စိတ်သိမှတ်မှုဟာ သဘောထား သက်သက်မဟုတ်ပါ၊
12:36
It's more like practice,
255
756656
2080
အလေ့အကျင့်နဲ့ ပိုတူပါတယ်။
12:38
you have to embody this mindful mode of being to have any benefits.
256
758760
4190
အကျိုးကျေးဇူးတွေရဖို့ ဒီစိတ်သိမှတ်မှု ပုံစံကို ပုံဖော်ဖို့လိုပါတယ်။
12:42
And a lot of the work that we're doing, we're offering people programs
257
762974
3571
ကျွန်မတို့လုပ်နေတဲ့ အလုပ်အများကြီး ပါဝင်သူတွေကို လေ့ကျင့်ခန်းတစ်စုပေးတဲ့
12:46
that give our participants a suite of exercises
258
766569
3207
အစီအစဉ်တွေကို လူတွေကို ပေးနေပါတယ်။
12:49
that they should do daily
259
769800
1628
သူတို့ဘဝမှာ စိတ်သိမှတ်မှုရဲ့
12:51
in order to cultivate more moments of mindfulness in their life.
260
771452
3504
ပိုများတဲ့ ကာလတွေ ပျိုးထောင်ဖို့ သူတို့ နေ့စဉ်လုပ်သင့်တာတွေပါ။
12:55
And for many of the groups that we work with, high-stress groups,
261
775895
3119
ကျွန်မတို့နဲ့တွဲလုပ်တဲ့ အုပ်စုများစွာဟာ ဖိစီးမှုမြင့်တဲ့ အုပ်စုတွေ
12:59
like I said -- soldiers, medical professionals --
262
779038
4198
ပြောခဲ့သလို စစ်သားတွေ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ
13:03
for them, as we know, mind-wandering can be really dire.
263
783260
4921
သူတို့အတွက် သိတဲ့အတိုင်း စိတ်ပျံ့လွင့်မှု ဟာ တကယ့် သေရေးရှင်ရေး ဖြစ်နိုင်ပါတယ်။
13:08
So we want to make sure we offer them very accessible,
264
788895
3341
ဒီတော့ ကျွန်မတို့ သူတို့ သုံးခွင့်ရအောင် ပေးတာ သေချာအောင်လုပ်ချင်တယ်၊
13:12
low time constraints to optimize the training,
265
792260
2936
သင်တန်းကို အထိရောက်ဆုံးဖြစ်ဖို့ နည်းပါးတဲ့ အချိန်ကန့်သတ်မှုတွေ
13:15
so they can benefit from it.
266
795220
1555
ဒီကနေသူတို့ အကျိုးရနိုင်အောင်ပါ။
13:17
And when we do this, what we can do is track to see what happens,
267
797434
3659
ဒါကိုလုပ်တဲ့အခါ ကျွန်မတို့လုပ်နိုင်တာက ဖြစ်ပေါ်တာကို မြင်ဖို့ ခြေရာခံတာပါ၊
13:21
not just in their regular lives
268
801117
1618
သူတို့ရဲ့ ပုံမှန် ဘဝတွေမှာတင်မက
13:22
but in the most demanding circumstances that they may have.
269
802759
3708
သူတို့ကြုံနိုင်တဲ့ အရေးတကြီး အကြောင်းရပ်တွေရောပါ။
13:26
Why do we want to do this?
270
806491
1254
ဘာလို့ ဒါကို လုပ်ချင်တာလဲ။
13:27
Well, we want to, for example, give it to students right around finals season.
271
807769
3682
ကောင်းပြီ၊ ဥပမာ အတန်းတင်စာမေးပွဲရာသီ တစ်ဝိုက်ကကျောင်းသားတွေကို ပေးချင်တယ်၊
13:31
Or we want to give the training to accountants during tax season.
272
811475
3491
(သို့) အခွန်ရာသီအတွင်း စာရင်းကိုင်တွေကို သင်တန်းပေးချင်တယ်၊
13:34
Or soldiers and marines while they're deploying.
273
814990
2309
(သို့) တပ်ဖြန့်နေတဲ့ စစ်သားတွေ၊ ရေတပ်သားတွေပါ။
13:37
Why is that?
274
817631
1175
ဒါဘာဖြစ်လို့လဲ။
13:38
Because those are the moments
275
818830
1450
အကြောင်းက ဒီကာလတွေမှာ
13:40
in which their attention is most likely to be vulnerable,
276
820304
2683
အာရုံစိုက်မှုက ဖိစီးမှုနဲ့ စိတ်ပျံ့လွင့်မှုကြောင့်
13:43
because of stress and mind-wandering.
277
823011
2677
အားနည်းချက်အရှိနိုင်ဆုံးဖြစ်လို့ပါ။
13:45
And those are also the moments
278
825712
1463
ဒီကာလတွေမှာလည်း
13:47
in which we want their attention to be in peak shape
279
827199
2450
ကောင်းမွန်စွာဆောင် ရွက်နိုင်အာင် အာရုံစိုက်မှုကို
13:49
so they can perform well.
280
829673
1649
အမြင့်ဆုံးဖြစ်စေချင်လို့ပါ။
13:51
So what we do in our research
281
831346
1612
ဒါနဲ့ သုတေသနမှာ ကျွန်မတို့လုပ်တာက
13:52
is we have them take a series of attention tests.
282
832982
2607
သူတို့ကို အရုံစိုက်မှု စစ်ဆေးချက် အတွဲလိုက် ဖြေစေတယ​်။
13:55
We track their attention at the beginning of some kind of high-stress interval,
283
835613
3727
စိတ်ဖိစီးမှု မြင့်တဲ့ ကြားကာလမျိုးရဲ့ အစမှာ သူတို့အာရုံစိုက်မှုကို ခြေရာခံပြီး
13:59
and then two months later, we track them again,
284
839364
2334
နောက်နှစ်လအကြာမှာ ထပ်ပြီး ခြေရာခံတယ်၊
14:01
and we want to see if there's a difference.
285
841722
2008
ခြာနားချက်ရှိ၊မရှိ မြင်ချင်ပါတယ်။
14:03
Is there any benefit of offering them mindfulness training?
286
843754
2849
စိတ်သိမှတ်မှု သင်တန်းပေးခြင်းရဲ့ ကောင်းကျိုးတွေရှိလား။
14:06
Can we protect against the lapses in attention
287
846627
2157
ဖိစီးမှုမြင့်တာက ပေါ်လာနိုင်လောက်တဲ့
14:08
that might arise over high stress?
288
848808
2266
အာရုံစိုက်မှု ပျက်ယွင်းတာတွေကို ကာကွယ်နိုင်လား။
14:12
So here's what we find.
289
852244
1524
ဒီမှာ ကျွန်မတို့ တွေ့ရှိချက်ပါ။
14:13
Over a high-stress interval,
290
853792
1413
ဖိစီးမှုမြင့်တဲ့ ကြားကာလမှာ
14:15
unfortunately, the reality is if we don't do anything at all,
291
855229
2878
ဖြစ်ချင်တော့ တကယ်က ဘာမှ ကျွန်မတို့ မလုပ်ဘူးဆိုရင်
14:18
attention declines,
292
858131
1255
အာရုံစိုက်မှု ကျဆင်းပါတယ်၊
14:19
people are worse at the end of this high-stress interval than before.
293
859410
3548
လူတွေဟာ စိတ်ဖိစီးမှုမြင့်တဲ့ ကြားကာလ အဆုံးမှာ အရင်ကထက်ပိုဆိုးသွားတယ်။
14:22
But if we offer mindfulness training, we can protect against this.
294
862982
4055
ဒါပေမဲ့ စိတ်သိမှတ်မှု သင်တန်းပေးရင် ဒါကို ကျွန်မတို့ ကာကွယ်နိုင်ပါတယ်။
14:27
They stay stable, even though just like the other groups,
295
867061
3041
အခြားအဖွဲ့တွေလိုပဲ စိတ်ဖိစီးမှုမြင့်တာကို တွေ့ကြုံနေတာတောင်၊
14:30
they were experiencing high stress.
296
870126
1676
တည်ငြိမ်နေကြတယ်။
14:32
And perhaps even more impressive
297
872473
1817
ပိုတောင် အထင်ကြီးလောက်တာက

14:34
is that if people take our training programs
298
874314
2087
လူတွေဟာ ကျွန်မတို့ အစီအစဉ်တွေကိုတက်ပြီး
14:36
over, let's say, eight weeks,
299
876425
1652
ပြောရရင် သီတင်းရှစ်ပတ်ကျော်အကြာမှာ
14:38
and they fully commit to doing the daily mindfulness exercises
300
878101
3758
စိတ်သိမှတ်မှု လေ့ကျင့်ခန်းတွေကို သူတို့ အပြည့်အဝ အာရုံစိက်တာက
14:41
that allow them to learn how to be in the present moment,
301
881883
4375
ပစ္စုပ္ပန်မှာနေတတ်ဖို့ သင်ယူခွင့်ပေးတယ်။
14:46
well, they actually get better over time, even though they're in high stress.
302
886282
4032
စိတ်ဖိစီးမှုမြင့်နေတာတောင် ကြာလာတော့ ပိုကောင်းကောင်းလာတယ်။
14:50
And this last point is actually important to realize,
303
890338
2477
ဒီနောက်ဆုံးအချက်က သဘောပေါက်ဖို့ တကယ် အရေးကြီးတယ်၊
14:52
because of what it suggests to us
304
892839
1689
အကြောင်းက ဒါက ထောက်ပြနေတာက
14:54
is that mindfulness exercises are very much like physical exercise:
305
894552
4311
စိတ်သိမှတ်မှု လေ့ကျင့်ခန်းတွေဟာ ကာယ လေ့ကျင့်ခန်းတွေနဲ့ အတော်ဆင်တယ်တဲ့၊
14:58
if you don't do it, you don't benefit.
306
898887
2214
သင်မလုပ်ရင် အကျိုးကျေးဇူးမရဘူး။
15:01
But if you do engage in mindfulness practice,
307
901125
2484
ဒါပေမဲ့ စိတ်သိမှတ်မှု အလေ့အကျင့်မှာ တကယ် ပါဝင်တော့
15:03
the more you do, the more you benefit.
308
903633
2310
ပိုလုပ်လေ ပိုအကျိုးရှိလေပါ။
15:07
And I want to just bring it back to Captain Jeff Davis.
309
907176
4150
Captain Jeff Davis အကြောင်းကိုပဲ ပြန်ကောက်ချင်ပါတယ်။
15:11
As I mentioned to you at the beginning,
310
911350
2009
အစပိုင်းမှာ ကျွန်မ ပြောခဲ့သလိုပဲ
15:13
his marines were involved in the very first project
311
913383
2512
သူ့ရေတပ်သားတွေဟာ ကျွန်မတို့ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့
15:15
that we ever did, offering mindfulness training.
312
915919
3190
ပရောဂျက်ဖြစ်တဲ့ စိတ်သိမှတ်မှုသင်တန်းမှာ ပါဝင်ခဲ့ကြတယ်။
15:19
And they showed this exact pattern, which was very heartening.
313
919847
2905
ဒီတိကျတဲ့ ပုံစံကို သူတို့ ပြခဲ့တယ်၊ ဒါက အတော် အားတာက်ဖွယ်ရာပါ။
15:22
We had offered them the mindfulness training
314
922776
2071
သူတို့ အီရတ်မှာ တပ်မဖြန့်ခင်ကလေးမှာပဲ
15:24
right before they were deployed to Iraq.
315
924871
2325
သူတို့ကို စိတ်သိမှတ်မှု သင်တန်းပေးပြီးပြီ။
15:27
And upon their return, Captain Davis shared with us
316
927220
2854
သူတို့အပြန်မှာပဲ Captain Davis ကနေပြီး သူခံစားနေတာကို
15:30
what he was feeling was the benefit of this program.
317
930098
3312
ကျွန်မတို့နဲ့ မျှဝေခဲ့တာက ဒီအစီအစဉ်ရဲ့ အကျိုးကျေးဇူးပါ။
15:34
He said that unlike last time,
318
934363
2877
သူပြောတာက ပြီးခဲ့တဲ့ အခေါက်နဲ့မတူပဲ
15:37
after this deployment, they were much more present.
319
937264
2858
ဒီတပ်ဖြန့်မှုအပြီးမှာ အများကြီးပိုပြီး စိတ်နဲ့ကိုယ်မြဲတယ်၊
15:40
They were discerning.
320
940665
1484
မြှော်မြင်တတ်ခဲ့တယ်၊
15:42
They were not as reactive.
321
942173
1766
သိပ်တုံ့ပြန်မှု မရှိခဲ့ဘူးတဲ့။
15:43
And in some cases, they were really more compassionate
322
943963
2525
တစ်ချို့ အခြေအနေတွေမှာ သူတို့ချင်း ဆက်စပ်နေတဲ့လူတွေနဲ့
15:46
with the people they were engaging with and each other.
323
946512
2841
သူတို့ဟာ ပိုပြီး ကိုယ်ချင်းစာစိတ်ရှိလာတယ်။
15:49
He said in many ways,
324
949377
1199
နည်းများစွာနဲ့ ပြောခဲ့တယ်
15:50
he felt that the mindfulness training program we offered
325
950600
2674
သူခံစားမိတာက ကျွန်မတို့ပေးတဲ့ စိတ်သိမှတ်မှု သင်တန်းဟာ
15:53
gave them a really important tool
326
953298
1591
သောက စိတ်ဖိစီးမှု ရောဂါအလွန်
15:54
to protect against developing post-traumatic stress disorder
327
954913
4068
ဖြစ်ပွားခြင်းကနေ ကာကွယ်ဖို့ တကယ့် အရေးပါတဲ့ လက်နက်တစ်ခု ဖြစ်လာပြီး
15:59
and even allowing it to turn into post-traumatic growth.
328
959005
3405
သောကရောက်တဲ့ ကြီးထွားမှုအလွန် အဖြစ်ပြောင်းလဲခွင့်တောင် ဖြစ်စေတယ်တဲ့။
16:02
To us, this was very compelling.
329
962434
1817
ကျွန်မတို့အတွက် စိတ်ဝင်စားစရာပါ။
16:05
And it ended up that Captain Davis and I --
330
965458
2147
Captain Davis နဲ့ ကျွန်မ အဆုံးသတ်ခဲ့တယ်
16:07
you know, this was about a decade ago, in 2008 --
331
967629
2286
ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်၊ ၂၀၀၈ ကပါ၊
16:09
we've kept in touch all these years.
332
969939
1880
ဒီနှစ်တွေအတွင်း အဆက်အသွယ်မပြတ်ခဲ့ဘူး။
16:12
And he himself has gone on to continue practicing mindfulness
333
972268
3719
သူကိုယ်တိုင် စိတ်သိမှတ်မှုကို နေ့စဉ် နည်းလမ်းတစ်ခုအဖြစ်
16:16
in a daily way.
334
976011
1150
ဆက်လက်လေ့ကျင့်နေပါပြီ။
16:17
He was promoted to major,
335
977748
2366
သူဟာ ဗိုလ်မှူးကြီးအဖြစ် ရာထူးတို့ခံရတယ်၊
16:20
he actually then ended up retiring from the Marine Corps.
336
980138
3349
နောက်တော့ Marine Corps ကနေ အငြိမ်းစားယူကအဆုံးသတ်သွားခဲ့တယ်။
16:23
He went on to get a divorce, to get remarried,
337
983511
4142
ကွာရှင်းမှုတစ်ခုလုပ်တယ်၊ ထပ်အိမ်ထောင်ပြုခဲ့တယ်၊
16:27
to have a child, to get an MBA.
338
987677
1783
ကလေးတစ်ယောက်မွေးပြီး MBA ယူခဲ့တယ်။
16:29
And through all of these challenges and transitions and joys of his life,
339
989812
4478
ဒီစိန်ခေါ်မှုအားလုံးနဲ့ သူ့ဘဝရဲ့ အပြောင်းအလဲတွေ ပျော်စရာတွေကနေ
16:34
he kept up with his mindfulness practice.
340
994314
2317
သူ့ရဲ့ စိတ်သိမှတ်မှု အကျင့်ကို အမီလိုက်ပါတယ်။
16:37
And as fate would have it, just a few months ago,
341
997138
4016
ကံကြမ္မာဖန်လာတော့ လွန်ခဲ့တဲ့ လအနည်းငယ်က
16:41
Captain Davis suffered a massive heart attack, at the age of 46.
342
1001178
4531
Captain Davis ဟာ အသက် ၄၆ နှစ်မှာ ကြီးမားတဲ့ နှလုံးဖောက်ပြန်မှု ခံစားရတယ်။
16:46
And he ended up calling me a few weeks ago.
343
1006717
2711
လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကျွန်မဆီ ဖုန်းခေါ်ဖြစ်တော့
16:49
And he said, "I want to tell you something.
344
1009922
2698
သူပြောတာက "ငါ မင်းကို တစ်ခု ပြောချင်တယ်။
16:52
I know that the doctors who worked on me, they saved my heart,
345
1012644
4214
ငါ့အတွက် လုပ်ပေးတဲ့ ဆရာဝန်တွေက ငါ့နှလုံးကို ကယ်ပေးတာ သိပါတယ်၊
16:56
but mindfulness saved my life.
346
1016882
2794
ဒါပေမဲ့ စိတ်သိမှတ်မှုက ငါ့အသက်ကို ကယ်လိုက်တာပါ။
17:00
The presence of mind I had to stop the ambulance
347
1020184
2908
ငါ့မှာရှိတဲ့ စိတ်နဲကိုယ်မြဲမှုက ငါ့ကို ဆေးရုံကိုပို့ပေးတဲ့
17:03
that ended up taking me to the hospital," -- himself,
348
1023116
4191
လူနာတင်ကားကို တားဖြစ်စေခဲ့တယ်" ကိုယ်တိုင်တားနော်၊
17:07
the clarity of mind he had to notice when there was fear and anxiety happening
349
1027331
4846
သူ့မှာရှိတဲ့ စိတ်ကြည်လင်မှုက ကြောက်စိတ် နဲ့ ပူပန်မှု ဖြစ်ရာကို သတိပြုမိစေပေမဲ့
17:12
but not be gripped by it --
350
1032201
2140
ဒါရဲ့ ချုပ်ကိုင်ခံရတာတော့ မဟုတ်ဘူး။
17:14
he said, "For me, these were the gifts of mindfulness."
351
1034365
2912
သူပြောတာက "ငါ့အတွက် ဒါတွေဟာ စိတ်သိမှတ်မှုရဲ့ လက်ဆောင်တွေပါ။"
17:17
And I was so relieved to hear that he was OK.
352
1037301
2519
သူအဆင်ပြေတာ ကြားရတာ ကျွန်မ အရမ်းစိတ်သက်သာရာ ရသွားတယ်။
17:19
But really heartened to see that he had transformed his own attention.
353
1039844
4921
ဒါပေမဲ့ သူ့ကိုယ်ပိုင် အာရုံစိုက်မှုကို ပြောင်းလဲတာကိုမြင်ရတာက တကယ့်အားတက်စရာပါ။
17:25
He went from having a really bad boss --
354
1045252
3698
တကယ်ကို ဆိုးတဲ့ အကြီးအကဲ ရှိခဲ့ခြင်းမှ သူ့ကို တံတားတစ်ခုကနေ
17:28
an attention system that nearly drove him off a bridge --
355
1048974
2849
ခုန်ချလုမတတ်ဖြစ်စေခဲ့တဲ့ အာရုံစိုက်မှုစနစ်ကနေ
17:31
to one that was an exquisite leader and guide,
356
1051847
2718
သိမ်မွေတဲ့ ခေါင်းဆောင်နဲ့ လမ်းညွှန်သူ ဖြစ်လာခဲ့ခြင်းက
17:34
and saved his life.
357
1054589
1621
သူ့အသက်ကို ကယ်လိုက်တာကိုပါ။
17:37
So I want to actually end by sharing my call to action to all of you.
358
1057238
3857
ဒီတော့ အားလုံး လိုက်လုပ်ဆောင်ဖို့ ကျွန်မ နှိုးဆော်ချက်ကို မျှဝေကာ အဆုံးသတ်ချင်တယ်
17:41
And here it is.
359
1061119
1239
ဟောဒီမှာပါ။
17:42
Pay attention to your attention.
360
1062382
2678
ကိုယ့်အာရုံစိုက်မှုကို အာရုံစိုက်ပါ။
17:45
Alright?
361
1065770
1163
အဆင်ပြေတယ်နော်။
17:46
Pay attention to your attention
362
1066957
2303
ကိုယ့်အာရုံစိုက်မှုကို အာရုံစိုက်ပြီး
17:49
and incorporate mindfulness training as part of your daily wellness toolkit,
363
1069284
5125
နေ့စဉ် ကျန်းမာသုခ ကိရိယာအစိတ်အပိုင်းအဖြစ် စိတ်သိမှတ်မှု လေ့ကျင့်ခန်းကို ပေါင်းစပ်ပါ၊
17:54
in order to tame your own wandering mind
364
1074433
3215
ပျံ့လွင့်နေတဲ့ သင့်စိတ်ကို ယဉ်ပါးစေဖို့နဲ့
17:57
and to allow your attention to be a trusted guide in your own life.
365
1077672
3805
ကိုယ့်အရုံစိုက်မှုကို ကိုယ့်ဘဝမှာ ယုံကြည်ရတဲ့ လမ်းညွှန်အဖြစ် ခွင့်ပြုဖို့ပါ။
18:01
Thank you.
366
1081817
1152
ကျေးဇူးတင်ပါတယ်။
18:02
(Applause)
367
1082993
4094
(လက်ခုပ်သံများ)
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7