The tale of the boy who tricked the Devil - Iseult Gillespie

5,394,367 views ・ 2020-07-07

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Jenny Mon Reviewer: Myo Aung
00:06
In the sun-dappled streets of a small town,
0
6965
3490
မြို့ငယ်လေးတစ်မြို့ရဲ့ နေရောင်ပြောက်ကျား ထိုးကျနေတဲ့ လမ်းကလေးတွေပေါ်မှာ
00:10
a proud mother showed off her newborn son.
1
10455
3945
အမေတစ်ယောက်ဟာ သူမရဲ့ မွေးကင်းစ သားလေးအကြောင်း ဂုဏ်ယူ ကြွားဝါနေပါတယ်
00:14
Upon noticing his lucky birthmark,
2
14400
2188
ကလေးရဲ့ မွေးရာပါအမှတ်ကို တွေ့လိုက်တဲ့အခါ
00:16
townsfolk predicted he would marry a princess.
3
16588
3792
ဘုရင့်သမီးတော်နဲ့ လက်ဆက်ရလိမ့်မယ်လို့ မြို့ခံတွေက ဟောကိန်းထုတ်ကြပါတယ်။
00:20
But soon, these rumors reached the ears of the wicked king.
4
20380
4220
ဒါပေမဲ့ သိပ်မကြာခင်မှာ ဒီသတင်းဟာ ကောက်ကျစ်တဲ့ ဘုရင်ကြီးဆီ ရောက်သွားတယ်တဲ့။
00:24
Enraged, the king stole the child away, and sent him hurtling down the river.
5
24600
5521
အဲ့အခါ ဘုရင်ကြီးဟာ ဒေါသထွက်ပြီး ကလေးကို ခိုးကာ မြစ်ထဲမှာ မျှောလိုက်တယ်
00:30
But the infant’s luck proved greater than the king’s plan.
6
30121
5073
ဒါပေမဲ့ ကလေးရဲ့ ကံက ဘုရင်ကြီးရဲ့ အကြံထက် ပိုကောင်းနေခဲ့ပါတယ်။
00:35
Years later, the king was traveling his realm,
7
35194
3200
နှစ်တွေကြာပြီးနောက် ဘုရင်ကြီး တိုင်းခန်း လှည့်လည်ချိန်မှာ
00:38
when he spotted a strapping young man with an uncanny birthmark.
8
38394
4992
တမူထူးခြားတဲ့ မွေးရာပါအမှတ်နဲ့ သန်မာထွားကျိုင်းတဲ့ လူငယ်လေးကို တွေ့သတဲ့။
00:43
After confirming the child’s origins,
9
43386
2690
ကလေးရဲ့ ဇာစ်မြစ်ကို စုံစမ်းပြီး သေချာသွားတော့
00:46
the sly king entrusted the boy with a letter for the queen.
10
46076
4611
ကောက်ကျစ်တဲ့ ဘုရင်ကြီးက လူငယ်လေးကို မိဖုရားကြီးဆီ စာတစ်စောင် ပို့ခိုင်းတယ်တဲ့။
00:50
The youth eagerly set out to deliver the message—
11
50687
3930
စာပို့ဖို့အတွက် လူငယ်လေးဟာ တက်တက်ကြွကြွ ထွက်လာခဲ့ပေမဲ့
00:54
not knowing he was carrying his own death sentence.
12
54617
5304
စာက သူ့ကို သတ်စေလို့ ရေးထားတဲ့ စာမှန်း မသိခဲ့ဘူးပေါ့။
00:59
That night, roaming bandits stumbled upon his camp.
13
59921
3960
ညကျတော့ လူငယ်လေး ခဏစခန်းချနားတဲ့နေရာကို ဓါးပြတွေ ရောက်လာသတဲ့။
01:03
Yet when they read the brutal letter, they were filled with pity.
14
63881
4177
ရက်စက်တဲ့ စာကို ဓါးပြတွေ ဖတ်မိသွားတော့ လူငယ်လေးကို သနားသွားကြတာနဲ့
01:08
Deciding to make trouble for the king instead, they scribbled a new note.
15
68058
5189
ဘုရင်ကြီးကိုပဲ ဒုက္ခပေးတော့မယ်လို့ ဆုံးဖြတ်ပြီး စာကို ပြင်ရေးပေးလိုက်ကြတယ်။
01:13
As soon as the youth arrived at the palace,
16
73247
2600
လူငယ်လေး နန်းတော်ကြီးဆီ ရောက်သွားတဲ့အခါ
01:15
he locked eyes with the princess.
17
75847
2671
ဘုရင့်သမီးတော်လေးကို မြင်မြင်ချင်းပဲ
01:18
The two felt destined for each other.
18
78518
3090
သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ချက်ချင်း ချစ်မိသွားကြတယ်။
01:21
And when the queen read that the king approved this union,
19
81608
3230
စာထဲမှာလဲ ဘုရင်ကြီးက သဘောတူကြောင်း ရေးထားတာ ဖတ်ရတော့
01:24
she joyfully organized a whirlwind wedding.
20
84838
3580
မိဖုရားကြီးက ဝမ်းသာအားရပဲ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား ကျင်းပပေးလိုက်သတဲ့။
01:28
When the king returned, he was furious.
21
88418
3548
ဘုရင်ကြီးပြန်ရောက်လာတဲ့ အခါမှာ ဒေါသပုံတွေ ထတော့တာပေါ့။
01:31
But he couldn’t execute his daughter’s beloved without reason.
22
91966
4172
ဒါပေမဲ့ သမီးတော်လေးရဲ့ ချစ်ရသူကို အကြောင်းမရှိဘဲ ကွပ်မျက်ဖို့ မဖြစ်နိုင်လို့
01:36
So he devised a diabolical trial.
23
96138
3450
ယုတ်မာတဲ့ စမ်းသပ်မှုတစ်ခုကို လုပ်သတဲ့။
01:39
He ordered the youth to travel to Hell itself,
24
99588
4040
ဘုရင်ကြီးက လူငယ်လေးကို ငရဲကိုသွားပြီး
01:43
and return with three golden hairs freshly plucked from the Devil’s head.
25
103628
6656
မာရ်နတ်ရဲ့ ခေါင်းက ရွှေရောင်ဆံပင် သုံးချောင်းကို နှုတ်ယူရမယ်လို့ ခိုင်းတယ်။
01:50
Only upon succeeding could he return to his bride.
26
110284
4160
အဲ့ဒါကို လုပ်နိုင်မှ မင်းသမီးလေးဆီ ပြန်လာလို့ရမယ်ပေါ့။
01:54
The youth searched across the land for the entrance to Hell,
27
114444
4340
လူငယ်လေးဟာ ငရဲပြည်ဝင်ပေါက်ကို ရှာဖို့ နေရာအနှံ့ လျှောက်သွားတဲ့အခါ။
01:58
until he finally reached an eerie village.
28
118784
3531
နောက်ဆုံးမှာ ကျောချမ်းစရာကောင်းတဲ့ ရွာတစ်ရွာကို ရောက်သွားခဲ့တယ်။
02:02
Here, he saw some villagers gathered around a well.
29
122315
3653
ရွာထဲရောက်တော့ ရေတွင်းကြီးတစ်ခုနားမှာ ရွာသားတစ်ချို့ စုရုံးနေတာ တွေ့သတဲ့။
02:05
They closed in on the youth, refusing to let him pass
30
125968
3627
ရွာသားတွေက လူငယ်လေးကို ဝိုင်းပြီး လမ်းပိတ်လိုက်ကြပြီးတော့
02:09
until he answered their question: why was the well dry?
31
129595
5471
ရေတွင်းက ဘာလို့ ရေခမ်းသွားတာလဲ ဆိုတာကို မဖြေရင် ပေးမသွားဘူးဆိုပြီး ပြောကြတယ်။
02:15
The youth replied, “I will answer when I return.”
32
135066
5228
အဲ့တော့ လူငယ်လေးက ပြန်လာတဲ့အခါ ဖြေပါ့မယ် ဆိုပြီး ပြောမှ
02:20
They directed him further into town,
33
140294
2810
မြို့ထဲဝင်ဖို့ လမ်းကို ညွှန်ပြလိုက်ကြတယ်။
02:23
where he came across another set of villagers contemplating a gnarled tree.
34
143104
5151
သွားရင်းက အိုမင်းလိမ်တွန့်နေတဲ့ သစ်ပင်နား ထိုင်စဉ်းစားနေတဲ့ ရွာသားတွေကို တွေ့တယ်။
02:28
They refused to let him pass until he answered their question:
35
148255
4330
သူတို့မေးတာကို ဖြေမှ ဆက်သွားခွင့် ပေးမယ်ဆိုပြီး ပြောပြန်တယ်-
02:32
why was the tree barren?
36
152585
2265
ဘာဖြစ်လို့ သစ်ပင်ကြီးက မသီးပွင့်နိုင်ရတာလဲ။
02:34
Again, the youth responded, “I will answer when I return."
37
154850
5894
ဒီတစ်ခါလဲ လူငယ်လေးက ပြန်လာတဲ့အခါ ဖြေပါ့မယ်ဆိုပြီး ပြောခဲ့တယ်။
02:40
These villagers guided him to the dock, where an elderly ferryman awaited.
38
160744
5348
သူတို့က လူငယ်လေးကို လှေထိုးသား အဖိုးကြီး ထံ သင်္ဘောဆိပ်ဆီကို လမ်းညွှန်လိုက်ကြတယ်။
02:46
As he paddled through the black water, the ferryman rasped a third question:
39
166092
5924
အနက်ရောင် ရေပြင်မှာ လှော်နေရင်းနဲ့ လှေထိုးသားကြီးက တတိယမေးခွန်းကို မေးတယ်-
02:52
how can I escape my interminable task?
40
172016
4310
ဒီမဆုံးနိုင်တဲ့ တာဝန်ကြီးက ဘယ်လိုများ လွတ်မြောက်အောင် လုပ်ရပါ့မလဲ။
02:56
Once more, the youth promised, “I will answer when I return.”
41
176326
6371
လူငယ်လေးကလဲ ပြန်လာတဲ့အခါ ဖြေပါ့မယ်လို့ ပြန်ပြောခဲ့တာပေါ့။
03:02
At last, they reached a hut sinking into the swampy banks of Hell.
42
182697
6187
ဒီလိုနဲ့ ငရဲပြည်ရဲ့ ရွံ့မြေကမ်းပါးမှာ နစ်မြှပ်နေတဲ့ တဲတစ်လုံးဆီ ရောက်သွားကြတယ်။
03:08
Reluctantly, the youth knocked on the rotting door.
43
188884
4080
လူငယ်လေးဟာ မဝံ့မရဲနဲ့ ပြိုလဲနေတဲ့ တံခါးကို ခေါက်လိုက်တော့တယ်။
03:12
The devil’s grandmother answered his call.
44
192964
2916
မာရ်နတ်ရဲ့ အဘွားက တံခါးကို လာဖွင့်ပေးတယ်။
03:15
She was known to help some visiting souls, and harm others.
45
195880
4674
အဘွားက လာတဲ့လူတွေကို ကူတဲ့အခါလဲ ကူပြီး ဒုက္ခပေးတဲ့အခါလဲ ပေးတတ်တယ်တဲ့။
03:20
The youth had just finished his story when they heard the devil’s footsteps.
46
200554
4595
လူငယ်လေးက သူ့ဇာတ်လမ်းကို ပြောပြီးတဲ့ အချိန်မှာ မာရ်နတ်ရဲ့ ခြေသံကိုကြားရသတဲ့။
03:25
Without warning, the boy’s world appeared to shrink.
47
205149
4090
အဲ့အချိန်မှာ ရုတ်တရက်ကြီး လူငယ်လေးဟာ ကျုံ့ဝင်သွားပါလေရော။
03:29
The devil’s grandmother lifted him into the folds of her sleeve,
48
209239
4192
မာရ်နတ်ရဲ့ အဘွားက လူငယ်လေးကို ကောက်ပြီး အင်္ကျီလက်မောင်းခေါက်ထဲ ထည့်လိုက်ပြီးတော့။
03:33
and welcomed her grandson.
49
213431
3068
သူ့မြေးကို ကြိုဆိုလိုက်ပါတယ်။
03:36
The old woman set to work, lavishing the devil with food and drink.
50
216499
5347
အဘွားက မာရ်နတ်အတွက် ဖွယ်ဖွယ်ရာရာတွေ ချက်ပြုတ်ပြင်ဆင် ကျွေးမွေးပါတယ်။
03:41
When he fell asleep, she deftly plucked three gleaming hairs from his head.
51
221846
6788
မာရ်နတ် အိပ်ပျော်သွားတော့မှ ခေါင်းပေါ်က ဆံပင်သုံးချောင်းကို ကျင်လည်စွာ နှုတ်ယူတယ်။
03:48
With each plucked hair, the Devil briefly awoke and complained about his dreams,
52
228634
5561
တစ်ချောင်းနှုတ်တိုင်း မာရ်နတ် တစ်ခါ နိုးပြီး သူ့အိပ်မက်အကြောင်း ညည်းညူတာက
03:54
full of nearby villagers and their problems.
53
234195
2860
ရွာသားတွေနဲ့ သူတို့ရဲ့ ပြဿနာတွေ အကြောင်းနဲ့ ဆိုင်နေတယ်ပေါ့။
03:58
The next morning, the youth departed—
54
238975
2752
နောက်နေ့ မနက်မှာ လူငယ်လေး ပြန်လာခဲ့ပါတယ်
04:01
armed with three golden hairs, and three pieces of information.
55
241727
5823
ရွှေရောင်ဆံပင် သုံးချောင်းနဲ့ အဖြေသုံးခုကို သယ်ပြီးတော့ပေါ့။
04:07
He shared the devil’s first dream with the ferryman.
56
247550
3960
မာရ်နတ်ရဲ့ ပထမအိပ်မက်ကို လှေထိုးသားကို ပြောပြလိုက်တယ်။
04:11
If the boatman could hand his oars to a willing passenger,
57
251510
3972
လိုချင်လို့ လာတောင်းတဲ့ ခရီးသည်တစ်ယောက်ကို လှော်တက်တွေကို ပေးနိုင်မယ်ဆိုရင်၊
04:15
he would be free from his task.
58
255482
3060
လှေထိုးသားကြီးဟာ ဒီအလုပ်ကို ဆက်လုပ်စရာ လိုမှာမဟုတ်တော့ဘူးတဲ့။
04:18
Back at the village, the youth declared that there was a mouse
59
258542
3590
ရွာကိုပြန်ရောက်တဲ့အခါ လူငယ်လေးက ကြေညာလိုက်တာက ကြွတ်တစ်ကောင်ဟာ
04:22
gnawing at the root of the tree, and an enormous toad blocking the well.
60
262132
6231
သစ်ပင်ကြီး အမြစ်ကို ကိုက်စားနေပြီး ဧရာမဖား တစ်ကောင် ရေတွင်းကို ပိတ်ဆို့ထားတယ်ပေါ့။
04:28
The villagers rewarded him handsomely for his help.
61
268363
4110
အဲ့အခါ ရွာသားတွေက ကျေးဇူးတင်လို့ လူငယ်လေးကို ကောင်းကောင်းဆုချလိုက်ကြသတဲ့။
04:32
Back from his journey, the youth thrust the devil’s hairs at the king—
62
272473
4989
ပြန်ရောက်တဲ့အခါ မာရ်နတ်ရဲ့ ဆံပင်တွေကို ဘုရင်ကြီးဆီ ဆက်သလိုက်ပါတယ်။
04:37
but his greedy father-in-law only had eyes for the gold.
63
277462
4625
ဒါပေမဲ့ လောဘကြီးတဲ့ သူ့ယောက္ခထီးကြီးက ရွှေတွေကိုပဲ မျက်စိကျနေခဲ့ပါတယ်။
04:42
The sly youth told the king that even greater wealth awaited him
64
282087
4240
လူလည်ကောင်လေးက ဘုရင်ကြီးကို မြစ်ဟိုဘက်မှာ ပိုများတဲ့ ရွှေတွေ ရှိသေးတယ်လို့
04:46
across the river.
65
286327
1742
ပြောပြလိုက်သတဲ့။
04:48
Immediately, the king hastened to the riverbank.
66
288069
3629
ဘုရင်ကြီးက ချက်ချင်းပဲ မြစ်ကမ်းနားကို အမြန်အဆန် ပြေးသွားတော့တာပေါ့။
04:51
Eager to claim his riches,
67
291698
2190
သူ့အတွက် စည်းစိမ်တွေကို တောင်းချင်လွန်းလို့
04:53
he held out his hands impatiently to the grinning ferryman—
68
293888
4270
လက်ဖြန့်တောင်းနေတဲ့အခါ ကြိတ်ပြုံးပြုံးနေတဲ့ လှေထိုးသားကြီးက
04:58
who happily handed over his oars.
69
298158
2879
သူ့လှော်တက်တွေကို ပျော်ပျော်ကြီးနဲ့ သူ့လက်ထဲ ထည့်ပေးလိုက်တယ်။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7