Nicholas Negroponte: The vision behind One Laptop Per Child

33,409 views ・ 2007-01-16

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Maung Maung Reviewer: Myo Aung
00:25
I've been at MIT for 44 years.
0
25000
2896
ကျွန်တော်က မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) မှာ ၄၄-နှစ်လုံးလုံး ရှိနေခဲ့တာ၊ ကျွန်တော် TED နံပါတ်-၁ ဟောပြောပွဲကို တက်ခဲ့သူပါ
00:27
I went to TED I.
1
27920
1936
00:29
There's only one other person here, I think, who did that.
2
29880
2856
အဲဒီလို တက်ခဲ့သူဆိုလို့ ဟောဒီမှာ နောက် တစ်ယောက်ပဲ ရှိတယ်လို့ ကျွန်တော်
00:32
All the other TEDs --
3
32760
1216
တခြား TED ဟောပြောပွဲတွေ အကုန်လုံးကို ကျွန်တော်သွားခဲ့တုန်းက၊ ရစ်ကီ လက်ထက်တုန်းကပေါ့
00:34
and I went to them all, under Ricky's regime --
4
34000
2256
00:36
I talked about what the Media Lab was doing,
5
36280
2536
မီဒီယာ စမ်းသပ်ခန်းက ဘာတွေ လုပ်နေတယ်ဆိုတာ ကျွန်တော် ပြောနေခဲ့တယ်
00:38
which today has almost 500 people in it.
6
38840
3016
ဒီကနေ့ဆိုရင် လူ-၅၀၀ နီးပါး အဲဒီ စမ်းသပ်ခန်းထဲမှာ ရှိနေပါပြီ
00:41
And if you read the press,
7
41880
1416
ခင်ဗျားတို့ သတင်းစာကို ဖတ်ခဲ့ကြရင်၊ တကယ်တော့ ပြီးခဲ့တဲ့အပတ်က ကျွန်တော် မီဒီယာ စမ်းသပ်ခန်းကနေ နှုတ်ထွက်လိုက်ပြီ ဆိုတာ သတင်းစာတွေ ရေးခဲ့ကြတယ်၊
00:43
last week it actually said I quit the Media Lab.
8
43320
2656
00:46
I didn't quit the Media Lab, I stepped down as chairman --
9
46000
4176
ကျွန်တော် မီဒီယာ စမ်းသပ်ခန်းကနေ မနှုတ်ထွက်ပါဘူး၊ ကျွန်တော် ဥက္ကဌ အဖြစ်ကနေ ဆင်းပေးလိုက်တာပါ
00:50
which was a kind of ridiculous title, but someone else has taken it on --
10
50200
4696
အဲဒါကြီးက ရယ်စရာကောင်းတဲ့ ရာထူးကြီးဗျာ၊ ဒါပေမယ့် တစ်ယောက်ယောက်ကတော့ အဲဒီရာထူးကို ဆက်ယူသွားပါပြီ
00:54
and one of the things you can do as a professor
11
54920
2191
ပါမောက္ခတစ်ယောက်အနေနဲ့ ခင်ဗျားလုပ်နိုင်တဲ့ အရာတစ်ခုကတော့
00:57
is you stay on as a professor.
12
57135
1841
ပါမောက္ခအနေနဲ့ ဆက်နေသွားဖို့ပါပဲ
00:59
And I will now do for the rest of my life the One Laptop Per Child,
13
59000
4256
အခုတော့ ကျွန်တော်ဟာ ကျနနေသေး်တဲ့ ကျွန်တော့် ဘဝတစ်လျှောက်လုံး ကလေးတစ်ယောက် လပ်တော့ပ်တစ်လုံး စီမံကိန်းကို လုပ်သွားမှာပါ
01:03
which I've sort of been doing for a year and a half, anyway.
14
63280
3016
အဲဒါကို ကျွန်တော်လုပ်နေတာ ဘာလိုလိုနဲ့ တနှစ်နှစ်ခွဲ တောင် ရှိသွားပါပြီ
01:06
So I'm going to tell you about this,
15
66320
1736
ဒီတော့ ကျွန်တော်က ခင်ဗျားတို့ကို အဲဒီအကြောင်းကို ပြောမယ်
01:08
use my 18 minutes to tell you why we're doing it,
16
68080
4096
ကျွန်တော့်ရဲ့ ၁၈-မိနစ် အချိန်ကိုသုံးပြီး ကျွန်တော် ဘာဖြစ်လို့ အဲဒါကို လုပ်နေရတာလဲ ဆိုတာရယ်
ကျွန်တော်တို့ ဘယ်လို လုပ်နေတယ် ဆိုတာရယ်၊ ပြီးတော့ ကျွန်တော်တို့ ဘာတွေ လုပ်နေလဲ ဆိုတာကို ပြောသွားပါမယ်
01:12
how we're doing it and then what we're doing.
17
72200
2176
01:14
And at some point I'll even pass around
18
74400
3296
တစ်ချိန်ချိန်မှာ ဒေါ်လာ ၁၀၀-တန် လပ်တော့ပ်က ဘာနဲ့တူမလဲဆိုတာကို
01:17
what the $100 laptop might be like.
19
77720
3920
ကျွန်တော် တဆင့်ကမ်းပြီး ပြပေးပါဦးမယ်
အခု ခရစ်စ်က ကျွန်တော့်ကို တောင်းဆိုတယ်၊ ပြဿနာကြီး တစ်ချိုု့ တွေကို ပြောပြပေးပါတဲ့
01:23
I was asked by Chris to talk about some of the big issues,
20
83800
2856
01:26
and so I figured I'd start with the three that at least drove me to do this.
21
86680
5256
အဲဒီတော့ ကျွန်တော် စဉ်းစားလိုက်တော့၊ အနည်းဆုံးတော့ ကျွန်တော်ဒါကို လုပ်ဖို့ တွန်းအားပေး မောင်းနှင်ခဲ့တဲ့ အချက် ၃-ချက် အကြောင်း စပြောမယ်ပေါ့
01:31
And the first is pretty obvious.
22
91960
2816
ပထမအချက်ကတော့ တော်တော်လေး သိသာထင်ရှားပါတယ်
01:34
It's amazing when you meet a head of state, and you say,
23
94800
2656
အံ့သြစရာ ကောင်းတာက၊ ခင်ဗျားတို့ နိုင်ငံတော် ခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ရတဲ့ အခါမှာ
01:37
"What is your most precious natural resource?"
24
97480
2736
"ခင်ဗျားရဲ့ အဖိုးအတန်ဆုံး သဘာဝ သယံဇာတက ဘာလဲ" လို့ မေးကြည့်ရင်
01:40
They will not say "children" at first,
25
100240
2696
ကလေးတွေပါလို့ သူတို့ စပြီး ထောက်ပြကြမှာ မဟုတ်ဘူး
01:42
and then when you say, "children," they will pretty quickly agree with you.
26
102960
4255
အဲဒီနောကမှာ် ခင်ဗျားက ကလေးတွေပါ လို့ပြောလိုက်မှ သူတို့ကလည်း ခင်ဗျားပြောတာကို မြန်မြန်လေး လိုက်ထောက်ခံလာပါလိမ့်မယ်
01:47
And so that isn't very hard.
27
107239
2017
အဲဒီတော့ ဒါက သိပ်မခက်ပါဘူး (ရယ်သံများ)
01:49
(Laughter)
28
109280
2696
ပြဿနာကြီးတွေအတွက် အဖြေတွေက ဘယ်လိုပဲ ရှိနေရှိနေ လူတိုင်းက သဘောတူကြတာက
01:52
Everybody agrees that whatever the solutions are to the big problems,
29
112000
5056
အဖြေတွေထဲမှာ ပညာရေး ပါရမယ်၊ တခါတလေ ပညာရေး တစ်ခုထဲရင်လည်း ဖြစ်နိုင်တယ်
01:57
they include education, sometimes can be just education
30
117080
4736
02:01
and can never be without some element of education.
31
121840
3296
ပညာရေးဆိုင်ရာ အချက်တချို့ မပါဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကိုပါ။
02:05
So that's certainly part of it.
32
125160
1816
အဲဒီတော့ ပညာရေးက ဒီစီမံကိန်းထဲ တစိတ်တဒေသ ဧကန်မုချပါရပါမယ်
02:07
And the third is a little bit less obvious.
33
127000
2376
တတိယ အချက်ဟာက အဲဒီလို မထင်ရှားပါဘူး
02:09
And that is that we all in this room learned how to walk, how to talk,
34
129400
4736
အဲဒါကတော့ ဒီအခန်းထဲ ရှိနေကြတဲ့ ကျွန်တော်တို့အားလုံး လမ်းဘယ်လိုလျှောက်ရတယ်၊ စကားဘယ်လိုပြောရတယ် ဆိုတာ သင်ယူခဲ့ကြရပါတယ်
02:14
not by being taught how to talk, or taught how to walk,
35
134160
4496
ဘယ်လိုလျှောက်ရမယ်၊ စကားဘယ်လိုပြောရမယ် ဆိုတာ မသင်ခဲ့ရဘဲနဲ့
02:18
but by interacting with the world,
36
138680
1696
ကမ္ဘာကြီးနဲ့ အပြန်အလှန် တုံ့ပြန်ဆက်ဆံရင်းနဲ့၊
02:20
by having certain results as a consequence of being able to ask for something,
37
140400
4136
တခုခုကို မေးမြန်းနိုင်ခဲ့လို့ ရလဒ်တွေ တဆင့်ပြီးတဆင့် ရရှိလာရင်းနဲ့ တတ်လာခဲ့ကြတာ ရှိသလို၊
02:24
or being able to stand up and reach it.
38
144560
2136
မတ်တပ်ရပ်နိုင်ကာ လက်လှမ်း ယူနိုင်ခဲ့လို့ တတ်မြောက်လာခဲ့ကြတာပါ။
02:26
Whereas at about the age six, we were told to stop learning that way,
39
146720
4256
၆-နှစ် အရွယ်လောက်ကျတော့ ကျွန်တော်တို့ရဲ့ အဲဒီလို ကိုယ့်ဖာသာ သင်ယူလေ့လာနေတဲ့ နည်းလမ်းကို ရပ်ပစ်ဖို့ အပြောခံလာရတယ်
02:31
and that all learning from then on would happen through teaching,
40
151000
3336
အဲဒီအရွယ်က စပြီး လေ့လာသင်ယူမှု မှန်သမျှဟာ သင်ကြားခြင်းမှသာ ဖြစ်လာရတော့တယ်
02:34
whether it's people standing up, like I'm doing now,
41
154360
2429
အခု ကျွန်တော် လုပ်နေသလို မတ်တတ်ရပ်နေသူ တဦးထံမှ ဖြစ်စေ၊ စာအုပ်တအုပ်ထံမှ ဖြစ်စေ၊ ဒါမှမဟုတ် အခြား တစုံတခုထံမှ ဖြစ်စေ သင်ယူလာရတယ်။
02:36
or a book, or something.
42
156813
1723
02:38
But it was really through teaching.
43
158560
1936
ဒါပေမယ့် အဲဒါတွေအားလုံးက တကယ့်ကိုပဲ တဆင့် သင်ကြားယူခြင်း ဖြစ်ခဲ့ပါတယ်
02:40
And one of the things in general that computers have provided to learning
44
160520
5176
သင်ယူရေး အတွက် ကွန်ပျူတာတွေက လုပ်ပေးနိုင်တဲ့ အချက်တွေထဲမယ်
02:45
is that it now includes a kind of learning
45
165720
3136
ကျွန်တော်တို့ လမ်းလျှောက်သင်ခဲ့ရတာ၊ စကားပြောသင်ခဲ့ရတာနဲ့ နည်းနည်းဆင်တူတဲ့
02:48
which is a little bit more like walking and talking,
46
168880
3096
အချက်တွေ ပါလာပြီး
02:52
in the sense that a lot of it is driven by the learner himself or herself.
47
172000
6616
လေ့လာသင်ယူမှု တော်တော်များများက သင်ယူသူ ကိုယ်တိုင်ရဲ့ တွန်းအားနဲ့ မောင်းနှင်သွားရတဲ့ သဘောမျိုး ဖြစ်လာပါတယ်
02:58
So with those as the principles --
48
178640
2736
အဲဒီတော့ ဒါတွေကို အခြေခံမူတွေ အဖြစ် လက်ခံလိုက်မယ် ဆိုရင်
03:01
some of you may know Seymour Papert.
49
181400
2016
MIT က ပါမောက္ခ စီမော်ပါးပါ့တ်ကိို တချို့တော့ သိမယ်ထင်တယ်
03:03
This is back in 1982, when we were working in Senegal.
50
183440
3536
အဲဒါက ၁၉၈၂-ခုနှစ်တုန်းက ကျွန်တော်တို့ ဆီနီဂဲလ် မှာ အလုပ်လုပ်ခဲ့ကြတုန်းကပါ
03:07
Because some people think that the $100 laptop just happened a year ago,
51
187000
5245
ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့လူတွေက၊ ဒေါ်လာ-၁၀၀ တန် လပ်တော့ပ်စီမံကိန်းဟာ လွန်ခဲ့တဲ့ ၁-နှစ်ကမှ စတင်ခဲ့သလိုလို
03:12
or two years ago, or we were struck by lightning --
52
192269
3187
ဒါမှမဟုတ် လွန်ခဲ့တဲ့ ၂-နှစ်ကပေါ့၊ ဒါမှမဟုတ် ရင်လည်း ကျွန်တော်တို့ကို မိုးကြိုးပစ်ခံလိုက်ရသလိုလို
03:15
this actually has gone back a long time, and in fact, back to the '60s.
53
195480
5056
အမှန်တော့ ဒီစီမံကိန်းက စတင်ခဲ့တဲ့ဆီကို သွားချင်ရင် ဟိုးအဝေးကြီးကို ပြန်သွားရမှာပါ၊ ၁၉၆၀ ပြည့်နှစ် အလွန်ကာလတွေဆီ ပြန်သွားရမှာပါ
03:20
Here we're in the '80s.
54
200560
1536
အခု ကျွန်တော်တို့က ၈၀ ပြည့်နှစ်လွန်ကာလထဲ ရောက်နေပြီ
03:22
Steve Jobs had given us some laptops. We were in Senegal.
55
202120
4256
အဲဒီတုန်းက စတိဗ်ဂျော့ဘ်က၊ ကျွန်တော်တို့ ဆန်နီဂဲလ် မှာရှိနေတုန်း၊ ကျွန်တော်တို့ကို လပ်တော့ပ်တွေ ပေးခဲ့သေးတယ်
03:26
It didn't scale
56
206400
1256
အများကြီး မဟုတ်ခဲ့ပေမဲ့ အနည်းဆုံးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို လပ်တော့ပ်တွေ ယူသွားပေးနိုင်ခဲ့ပါတယ်
03:27
but it at least was bringing computers to developing countries
57
207680
5096
03:32
and learning pretty quickly that these kids,
58
212800
2456
လေ့လာသင်ယူမှုဟာ တော်တော့်ကို မြန်လာတယ်၊ အဲဒီ ကလေးတွေအတွက်
03:35
even though English wasn't their language,
59
215280
2000
အင်္ဂလိပ်စကားက သူတို့ ဘာသာစကား မဟုတ်ခဲ့တာတောင်
03:37
the Latin alphabet barely was their language,
60
217304
3232
လက်တင် အက္ခရာတွေကလည်း သူတို့ သုံးနေကျ အက္ခရာတွေ မဟုတ်ခဲ့တာတောင်
03:40
but they could just swim like fish.
61
220560
2336
သူတို့က ငါးတွေ ရေထဲကူးသလိုပဲ ကူးနိုင်ကြတယ်
03:42
They could play these like pianos.
62
222920
1760
ဒါတွေကို စန္ဒရား တီးသလိုပဲ တီးနိုင်ကြတယ်
03:46
A little bit more recently, I got involved personally.
63
226360
4216
တလောလေးကတင်ပဲ ကျွန်တော်ကိုယ်တိုင်တောာင် ပါလိုက်သေးတယ်
03:50
And these are two anecdotes --
64
230600
1736
ရယ်စရာ ဖြစ်ရပ် နှစ်ခု ပြောရမယ်၊ တစ်ခုက ကမ်ဘောဒီးယား မှာ
03:52
one was in Cambodia,
65
232360
2616
ရွာကလေးတစ်ရွာမှာ လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ တီဗွီမရှိ၊ ဖုန်းမရှိပေမဲ့
03:55
in a village that has no electricity, no water, no television, no telephone,
66
235000
4416
03:59
but has broadband Internet now.
67
239440
2136
အခု ဘရော့ဒ်ဘန် အင်တာနက်ကတော့ ရှိနေပြီဗျာ
04:01
And these kids, their first English word is "Google"
68
241600
3496
အဲဒီကလေးတွေ ပထမဆုံးသိလာတဲ့ အင်္ဂလိပ် စကားလုံးက "ဂူဂဲလ်" တဲ့ဗျာ
ပြီးတော့သူတို့ စကိုက်ပ် ဆိုတာပဲ သိတယ်၊ တယ်လီဖုန်းဆက်သွယ်မှု ဆိုတာကို သူတို့ လုံးဝ မကြားခဲ့ဖူးဘူး
04:05
and they only know Skype.
69
245120
2336
04:07
They've never heard of telephony.
70
247480
1616
04:09
They just use Skype.
71
249120
2136
သူတို့ စကိုက်ပ် ကိုပဲ သုံးကြတယ်
04:11
And they go home at night --
72
251280
1856
သူတို့ ညဘက် အိမ်ပြန်ရောက်ရင် သူတို့မှာ ဘရော့ဒ်ဘန် ချိတ်ဆက်မှု ရှိနေပြီ
04:13
they've got a broadband connection in a hut that doesn't have electricity.
73
253160
3816
လျှပ်စစ်မရှိတဲ့ တဲကလေးထဲမှာနော်
04:17
The parents love it, because when they open up the laptops,
74
257000
2762
မိဘတွေက အဲဒါကို သဘောကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လပ်တော့ပ် ဖွင့်လိုက်ရင်
04:19
it's the brightest light source in the house.
75
259786
2190
တစ်အိမ်လုံးမှာ အတောက်ပဆုံး လင်းနေတဲ့အရာ ဖြစ်နေတာကိုး
04:22
And talk about where metaphors and reality mix --
76
262000
3376
ပြောမယ်ဆိုရင် တင်စားပုံပြင်တွေနဲ့ ဘဝထဲက တကယ့် ဖြစ်ရပ်တွေ ရောနှောမိသလိုပါပဲ
04:25
this is the actual school.
77
265400
2600
ဒါပေမဲ့ အဲဒါက တကယ် လက်တွေ့ရှိနေတဲ့ ကျောင်းကလေးပါ
04:28
In parallel with this, Seymour Papert got the governor of Maine
78
268560
5096
ဒါနဲ့ တပြိုင်ထဲလိုလိုပဲ စီမော်ပါးပါ့တ်က မိန်း ပြည်နယ်အုပ်ချုပ်ရေးမှူးကို
04:33
to legislate one laptop per child in the year 2002.
79
273680
5496
၂၀၀၂-ခုနှစ်မှာ ကလေးတစ်ယောက် လပ်တော့ပ်တစ်လုံး စီမံကိန်းကို ဥပဒေ အဖြစ် ပြဌာန်းပေးဖို့ ပြောလို့ရသွားတယ်
04:39
Now at the time, I think it's fair to say that 80 percent of the teachers were --
80
279200
5096
အဲဒီတုန်းက၊ ကျောင်းဆရာ ၈၀ ရာနှုန်းလောက်က ပူပန်စိုးရိမ်နေခဲ့ကြတယ်လို့
04:44
let me say, apprehensive.
81
284320
1576
ပြောလိုက်ရင် အမှန်တရားနဲ့ နီးစပ်တယ်လို့ ထင်ပါတယ်
04:45
Really, they were actually against it.
82
285920
1816
တကယ့်အမှန်မှာတော့၊ သူတို့က အဲဒါကို ဆန့်ကျင ်နေခဲ့ကြတယ်
04:47
And they really preferred that the money would be used
83
287760
2524
သူတို့က အဲဒီ ပိုက်ဆံတွေကို
04:50
for higher salaries, more schools, whatever.
84
290308
2388
လစာ တိုးပေးရေးအတွက့်၊ ကျောင်းများများဆောက်တာတို့၊ စသဖြင့် သုံးစေကြချင်တယ်
04:52
And now, three and a half years later, guess what?
85
292720
4256
အခု၊ ၃-နှစ်ခွဲအကြာမှာ ဘာဖြစ်လာတယ် ထင်လဲ
04:57
They're reporting five things: drop of truancy to almost zero,
86
297000
6216
သူတို့ကအချက် ၅-ချက်ကို အစီရင်ခံနေကြပြီ
ကျောင်းပြေးနှုန်းဟာ သုညနီးပါးအထိ ကျဆင်းသွားတယ်၊ မိဘ-ဆရာ အစည်းအဝေး တက်တဲ့နှုန်းကျတော့
05:03
attending parent-teacher meetings --
87
303240
1925
05:05
which nobody did and now almost everybody does --
88
305189
2507
ဘယ်သူမှ မတက်ခဲ့ကြတာကနေ အခုဆို အားလုံးနီးပါး တက်လာကြတယ်
05:07
drop in discipline problems, increase in student participation.
89
307720
3896
စည်းကမ်းပိုင် းပြဿနာတွေ ကျဆင်းသွားတယ်၊ ကျောင်းသား ပူးပေါင်းပါ၀င်မှု တိုးတက်လာတယ်
05:11
Teachers are now saying it's kind of fun to teach.
90
311640
2416
ဆရာတွေက အခုဆို စာသင်ပေးရတာ ပျော်စရာတောင် ကောင်းလာတယ်လို့ ပြောလာကြတယ်
05:14
Kids are engaged -- they have laptops! --
91
314080
3136
ကလေးတွေက စိ်တ်ဝင်တစားရှိလာကြတယ်၊ သူတို့မှာ လပ်တော့ပ်တွေ ရှိနေကြတာကိုး
05:17
and then the fifth, which interests me the most,
92
317240
2456
ကျွန်တော့်ကို စိတ်အဝင်စားဆုံးဖြစ်စေတဲ့ နံပါတ် ၅-ခုမြောက အချက်ကတော့
05:19
is that the servers have to be turned off at certain times at night
93
319720
3216
ညဘက်ပိုင်းမှာ အီးမေးလ်ဆာဗာ တွေကို ပိတ်တောင်ထားရခြင်းပါပဲ
05:22
because the teachers are getting too much email
94
322960
2416
ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေဆီ အီးမေးလ်တွေ အများကြီး ၀င်လာနေလို့တဲ့
05:25
from the kids asking them for help.
95
325400
1976
ကလေးတွေဆီကနေ အကူအညီတောင်းနေတဲ့ အီးမေးလ်တွေပေါ့
05:27
So when you see that kind of thing --
96
327400
1776
အဲဒါမျိုးကိစ္စတွေ တွေ့နေရပြီဆိုမှတော့ ဒါဟာ စမ်းသပ်နေရမယ့် ကိစ္စ မဟုတ်တော့ဘူး
05:29
this is not something that you have to test.
97
329200
2048
05:31
The days of pilot projects are over, when people say,
98
331272
2704
စမ်းသပ်စီမံကိန်းတွေ လုပ်ခဲ့ကြတဲ့ ခေတ်က ကုန်သွားပြီ၊ တချိုု့ လူတွေက ပြောကြတယ်
05:34
"We'd like to do three or four thousand in our country to see how it works."
99
334000
4056
"အင်း ကောင်းပါပြီ၊ ကျွန်တော်တို့ နိုင်ငံမှာ လပ်တော့ပ် အလုံး ၃-ထောင် ၄-ထောင်လောက်နဲ့ပဲ စလုပ်ချင်တယ်၊ အလုပ်ဖြစ်ရဲ့လားဆိုတာ ကြည့်ချင်သေးတယ်" တဲ့
05:38
Screw you. Go to the back of the line and someone else will do it,
100
338080
3096
ဖြစ်နိုင်ပါလိမ့်မယ်၊ နောက်ဆုံးမှာသွားတန်းစီလိုက်၊ တစ်ယောက်ယောက်က အဲဒါကို လုပ်ပေးပါလိမ့်မယ်
05:41
and then when you figure out that this works, you can join as well.
101
341200
4536
အဲဒါက အလုပ်ဖြစ်တယ်ဆိုတာ သလာရချိန်ကျမှ ခင်ဗျားလည်း သွားပေါင်းချင ်ပေါင်းပေါ့
05:45
And this is what we're doing.
102
345760
2576
ကျွန်တော်တို့ လုပ်နေတာက အဲဒါပါပဲ
05:48
(Laughter) (Applause)
103
348360
2136
(ရယ်မောသံများ) (လက်ခုပ်သံများ)
05:50
So, One Laptop Per Child was formed about a year and a half ago.
104
350520
4976
အဲလိုနဲ့ ကလေးတစ်ယောက် လပ်တော့ပ် တစ်လုံး စီမံကိန်း ပေါ်လာခဲ့တာ လွန်ခဲ့တဲ့ ၁-နှစ်ခွဲလောက်ကပါ
အကျိုးအမြတ်မရှာတဲ့ အဖွဲ့အစည်းပါ၊ ဒေါ်လာ သန်း-၂၀ လောက် ရန်ပုံငွေ ကောက်ခံနိုင်ခဲ့တယ်
05:55
It's a nonprofit association.
105
355520
1896
05:57
It raised about 20 million dollars
106
357440
1936
05:59
to do the engineering to just get this built,
107
359400
3816
အဲဒါကို လက်တွေ့ လုပ်ကိုင်နိုင်ဖို့ အတွက် အင်ဂျင်နီယာ နည်းပညာတွေကို ရှာကြံဖို့ရယ်၊ နောက်ပိုင်းကျရင် အဲဒါတွေကို ထုတ်လုပ်ဖို့ရယ်ပေါ့
06:03
and then have it produced afterwards.
108
363240
2656
06:05
Scale is truly important.
109
365920
2256
ပမာဏ အတိုင်းအတာဟာ အမှန်ကို အရေးကြီးပါတယ်
06:08
And it's not important because you can buy components at a lower price, OK?
110
368200
6296
အစိတ်အပိုင်းတွေကို သက်သာတဲ့ စျေးနဲ့ ၀ယ်ရနိုင်လို့ အရေးကြီးတာ မဟုတ်ပါဘူး၊
06:14
It's because you can go to a manufacturer --
111
374520
2876
ထုတ်လုပ်သူ တစ်ယောက်ဆီကို သွားနိုင်ဖို့က အရေးကြီးတာပါ
06:17
and I will leave the name out --
112
377420
1642
ဒီနေရာမှာတော့ နာမည်ကို ကျွန်တော် ဖေါ်ပြမနေဘဲ ချန်ထားခဲ့မယ်
06:19
but we wanted a small display,
113
379086
3530
ကျွန်တော်တို့ လိုချင်ခဲ့ကြတာက လက်တွေ့ ကြည့်လို့ရမယ့် ပုံစံကလေးပါ၊ အရောင်တွေ ပြည့်စုံညီညာမှု မရှိလည်း ဖြစ်တယ်ပေါ့
06:22
doesn't have to have perfect color uniformity.
114
382640
3776
06:26
It can even have a pixel or two missing.
115
386440
2362
ပစ်ဇယ်လ် ၁-ခု ၂-ခု ပျောက်နေကာ သိပ်မလင်းလည်း ဖြစ်တယ်ပေါ့
06:28
It doesn't have to be that bright.
116
388826
2550
06:31
And this particular manufacturer said,
117
391400
2296
ခုနက အဲဒီ ထုတ်လုပ်သူ ပြောလာတာက "အင်း၊ ခင်ဗျားလဲ သိပါတယ်၊
06:33
"We're not interested in that. We're interested in the living room.
118
393720
3143
ကျွန်တော်တို့က ဒါကို စိတ်မဝင်စားဘူး၊ ကျွန်တော်တို့က ဧည့်ခန်းကိုပဲ စိတ်ဝင်စားတယ်၊
06:36
We're interested in perfect color uniformity.
119
396887
2169
အရောင်တွေ ပြည့်စုံ စိုပြေမှာကိုပဲ ကျွန်တော်တို့ စိတ်ဝင်စားတယ်၊
ကျွန်တော်တို့က ကြီးမားပြီး လင်းထိန်နေမယ့် မျက်နှာပြင်တွေကိုပဲ စိတ်ဝင်စားတယ်၊
06:39
We're interested in big displays, bright displays.
120
399080
2336
06:41
You're not part of our strategic plan."
121
401440
2776
ခင်ဗျားလုပ်ချင်တာဟာ ကျွန်တော်တို့ မဟာဗျူဟာ စီမံကိန်းရဲ့ အစိတ်အပိုင်း တခု မဖြစ်နိုင်ဘူး"
06:44
And I said, "That's kind of too bad, because we need 100 million units a year."
122
404240
3715
ဒါနဲ့ ကျွန်တော်က "အင်း..ဒါဆိုရင်တော့အရမ်းကို ဆိုးလွန်းတယ်ဗျာ၊
ကျွန်တော်တို့က ၁-နှစ်ကို အလုံးရေ သန်း-၁၀၀ လောက် လိုတာဗျ" လဲဆိုရော
06:47
(Laughter)
123
407979
1571
သူတို့ကပြောတယ်၊ "ဟုတ်လား၊ ဒါဆိုရင်တော့ ကျွန်တော်တို့က ခင်ဗျားရဲ့ ဗျူဟာ စီမံကိန်း အစိတ်အပိုင်း ဖြစ်နိုင်တယ်ဗျ" တဲ့
06:49
And they said, "Oh, well, maybe we could become part of your strategic plan."
124
409574
3962
06:53
And that's why scale counts.
125
413560
2416
ဒါကြောင့် ပမာဏက အရေးပါတယ်ဆိုတာ ပြောရတာပါ
06:56
And that's why we will not launch this
126
416000
2256
ဒါကြောင့်လည်း ကျွန်တော်တို့က ပထမဆုံးအကြိမ်ဖြန့်ရင် အလုံးရေ ၅-သန်းကနေ ၁၀-သန်းထက်နည်းပြီး ဒီစီမံကိန်းကို စလုပ်မှာ မဟုတ်ပါဘူး
06:58
without five to 10 million units in the first run.
127
418280
3896
07:02
And the idea is to launch with enough scale
128
422200
2976
အကြံက လုံလောက်တဲ့ ပမာဏနဲ့မှ စတင်လုပ်ရမယ်
07:05
that the scale itself helps bring the price down,
129
425200
2576
မမာဏကြီးတော့ စျေးနှုန်းးကို လျှော့ချရေးကို ကူညီပေးတာပေါ့
07:07
and that's why I said seven to 10 million there.
130
427800
3896
ဒါကြောင့် ကျွန်တော်က ရ-သန်းကနေ ၁၀-သန်းအထိလို့ ဟိုမှာ ပြောခဲ့တာ
07:11
And we're doing it without a sales-and-marketing team.
131
431720
3416
ပြီးတော့ ကျွန်တော်တို့က အရောင်းနဲ့ စျေးကွက်မြှင့်တင်ရေး အဖွဲ့ မပါဘဲနဲ့ ဒါကို လုပ်မှာ
07:15
I mean, you're looking at the sales-and-marketing team.
132
435160
2576
ဆိုလိုတာက၊ ခင်ဗျားတို့ အခု မြင်နေရတာပဲ အရောင်းနဲ့ စျေးကွက်မြှင့်တင်ရေးအဖွဲ့ လို့ပဲမှတ်လိုုက်တော့
07:17
We will do it by going to seven large countries
133
437760
4016
ကျွန်တော်တို့လုပ်မှာက နိုင်ငံကြီး ရ-နိုင်ငံကို သွားမယ်၊ သူတို့ ဒါကို သဘောလာအောင် နားချလျက် ဒီစီမံကိန်းကို စတင်မှာ
07:21
and getting them to agree and launch it,
134
441800
2524
07:24
and then the others can follow.
135
444348
2308
ပြီးတာနဲ့ တခြားနိုင်ငံတွေ နောက်က လိုက်လာနိုင်ကြမယ်
07:26
We have partners.
136
446680
1856
ကျွန်တော်တို့နဲ့ လက်တွဲလုပ်မယ့် အဖွဲ့တွေရှိတယ်၊ ဂူဂဲလ်လည်း တစ်ခုဖြစ်မယ် ဆိုတာ ခန့်မှန်းဖို့ မခက်လှပါဘူး
07:28
It's not hard to guess Google would be one.
137
448560
2000
07:30
The others are all playing to pending.
138
450584
3632
ကျန်တဲ့ ကုမ္ပဏီတွေကတော့ စောင့်ကြည့်ချင် နေကြတယ်
ပြီးတော့ ဒီအကြောင်းဟာ သတင်းစာထဲမှာ အကြီးအကျယ်ရေးစရာ ဖြစ်လာတယ်
07:34
And this has been in the press a great deal.
139
454240
2856
07:37
It's the so-called Green Machine that we introduced with Kofi Annan
140
457120
5896
ကိုဖီအန်နန် နဲ့ ပေါင်းပြီး ကျွန်တော်တို့က တူနီးရှားမှာ နိုဝင်ဘာတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ထိပ်သီးညီလာခံမှာ
မိတ်ဆက်ပေးခဲဲ့တဲ့ အစိမ်းရောင်စက်ကလေး လို့ ခေါ်နေကြတဲ့ဟာပေါ့
07:43
in November at the World Summit that was held in Tunisia.
141
463040
4296
07:47
Now once people start looking at this, they say, "Ah, this is a laptop project."
142
467360
5616
အခု လူတွေက ဒါလေးကို ကြည့်ပြီးတော့ ဟင် ဒါက လပ်တော့ပ် စီမံကိန်းကြီးပဲပေါ့ လိုဆိုကြပါတယ်
07:53
Well, no, it's not a laptop project. It's an education project.
143
473000
3296
မဟုတ်ပါဘူး၊ ဒါဟာ လပ်တော့ပ် စီမံကိန်း မဟုတ်ပါဘူး၊ ဒါဟာ ပညာရေး စီမံကိန်းပါ
07:56
And the fun part -- and I'm quite focused on it --
144
476320
3656
ရယ်စရာကောင်းတဲ့ အပိုင်းက၊ ... ကျွန်တော်က အဲဒါကို တော်တော်လေး အာရုံစိုက်ထားတယ်...
08:00
I tell people I used to be a light bulb, but now I'm a laser --
145
480000
4096
ကျွန်တော်ဟာ အလင်းရောင်ကို ပေးတဲ့ မီးလုံးပါလို့ ကျွန်တော် လူတွေကို ပြောလဲ့ရာ အခုတော့ ကျွန်တော်က လေဆာ ရောင်ခြည် ဖြစ်လာပြီ
08:04
I'm just going to get that thing built, and it turns out it's not so hard.
146
484120
6096
ကျွန်တော်ဟာ အဲဒါကို တည်ဆောက် ဖြစ်ဖို့ အားထုတ်သွားမှာ
တကယ်တမ်းကျတော့ အဲဒါ သိပ်မခက်လှပါဘူးဗျ
08:10
Because laptop economics are the following:
147
490240
3216
ဘာကြောင့်လဲဆိုတော့ လပ်တော့ပ် စီးပွားရေးကို ချပြရမယ်ဆိုရင် ဒီလို ရှိပါတယ်
ကျွန်တော်က ၅၀ ရာနှုန်းလို့ပြောလေ့ ရှိပေမဲ့ ၆၀ ရာနှုန်း လောက်ဖြစ်ဖို့များတယ်
08:13
I say 50 percent here -- it's more like 60,
148
493480
2496
08:16
60 percent of the cost of your laptop
149
496000
2056
လပ်တော့ပ်ရဲ့ ကုန်ကျစရိတ် ၆၀ ရာနှုန်းက ရောင်းချရေး၊ စျေးကွက်တင်ရေး၊ ဖြန့်ဖြူးရေး နဲ့ အမြတ်တွေ ဖြစ်နေတာဗျာ
08:18
is sales, marketing, distribution and profit.
150
498080
2856
08:20
Now we have none of those, OK?
151
500960
2336
အခု ကျွန်တော်တို့ ကျတော့ အဲဒီလို ကုန်ကျစရိတ်တွေ တစ်ခုမှ မရှိတော့ဘူးနော်
08:23
None of those figure into our cost,
152
503320
2936
ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ထဲမှာ အဲဒါ တခုမှ မပါဘူး
08:26
because first of all, we sell it at cost, and the governments distribute it.
153
506280
4216
ဘာဖြစ်လို့လဲဆိုတော့၊ ပထမဆုံးအချက်က ကျွန်တော်တို့က စျေးရင်းအတိုင်း ရောင်းပေးခြင်း ဖြစ်ပြီး အစိုးရတွေက အဲဒါကိုဖြန့်ပေးမှာ
08:30
It gets distributed to the school system like a textbook.
154
510520
4256
အဲဒါကို ဖတ်စာအုပ် တစ်အုပ် ပို့သလိုလိုပဲ ကျောင်းတွေဆီကို ု ဖြန့်ပေးသွားမှာ
08:34
So that piece disappears.
155
514800
2136
အဲဒီတော့ ဖတ်စာအုပ်ဆိုတာ ပျောက်သွားပြီး၊ ခင်ဗျားတို့မှာ ဖန်သားပြင်နဲ့ လိုတာ အားလုံး ရှိလာမယ်
08:36
Then you have display and everything else.
156
516960
2816
08:39
Now the display on your laptop costs,
157
519800
2856
ဆက်ပြီး ပြောရရင် ဒီလပ်တော့ပ်ထဲက ဖန်သားပြင်ဟာ အကျမ်းဖျင်း ကိန်းဂဏန်းအရဆိုရင်
08:42
in rough numbers, 10 dollars a diagonal inch.
158
522680
5136
ထောင့်ဖြတ် ၁-လက္မကို ၁၀-ဒေါ်လာ ရှိပါတယ်
08:47
That can drop to eight; it can drop to seven
159
527840
2136
အခုတော့ အဲဒါက ၈-ဒေါ်လာထိ၊ ရ-ဒေါ်လာ အထိ စျေးကျလာနိုင်တယ်
08:50
but it's not going to drop to two, or to one and a half,
160
530000
2976
ဒါပေမယ့် ၂-ဒေါ်လာ၊ ဒါမှမဟုတ် ၁-ဒေါ်လာခွဲ အထိတော့ ကျမသွားနိုင်ဘူးပေါ့
08:53
unless we do some pretty clever things.
161
533000
2760
ကျွန်တော်တို့က နည်းပညာကောင်းတွေကို မလုပ်နိုင်သေးတဲ့ အထိပေါ့
ကျန်နေတဲ့ အဲဒီ အညိုရောင် သေတ္တာလေးကမှ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာ
08:57
It's the rest -- that little brown box -- that is pretty fascinating,
162
537080
4176
09:01
because the rest of your laptop is devoted to itself.
163
541280
5416
ဘာဖြစ်လို့လဲဆိုတော့ လပ်တော့ပ်ရဲ့ ကျန်တဲ့ အပိုင်းတွေက လပ်တော့ပ် အတွက်ပဲ ဖြစ်နေတာ
09:06
It's a little bit like an obese person
164
546720
2616
အဲဒါက ၀တဲ့လူတွေနဲ့ နည်းနည်း ဆင်သလိုပါပဲ
09:09
having to use most of their energy to move their obesity.
165
549360
3136
သူ့တို့ဟာ ၀နေတဲ့ သူတို့ခန္ဓာကြီးကို ရွှေ့ဖို့အတွက် သူတို့ရဲ့ စွမ်းအင် တော်တော်များများကို သုံးနေရတာနဲ့ တူပါတယ်။ အိုကေပဲလား။
09:12
(Laughter)
166
552520
1456
09:14
And we have a situation today which is incredible.
167
554000
5776
ကျွန်တော်တို့မှာ ဒီကနေ့ မယုံနို်င်လောက်စရာကောင်းတဲ့ အခြေအနေတစ်ခု ရှိနေတယ်
ကျွန်တော်က လပ်တော့ပ်တွေကို စ,ပေါ်ကတည်းက သုံးနေတာ
09:19
I've been using laptops since their inception.
168
559800
2976
09:22
And my laptop runs slower, less reliably and less pleasantly
169
562800
5336
ကျွန်တော့် လပ်တော့ပ်က နဂိုတုန်းကထက် အလုပ်လုပ်တာ နှေးလာတယ်၊ စိတ်ချရမှု နည်းလာတယ်၊ အရင်လို သုံးမပျော်တော့ဘူး
09:28
than it ever has before.
170
568160
2536
09:30
And this year is worse.
171
570720
1496
ဒီနှစ်မှာဆို အဆိုးဆုံးပဲဗျာ
09:32
(Applause)
172
572240
1376
အခုတော့ လူတွေက လက်ခုပ်တီး အားပေးကြတယ်၊ တခါတလေ ခင်ဗျားတို့ မတ်တတ်ရပ်ပြီးတောင် လက်ခုပ်သြဘာပေးကြတယ်
09:33
People clap, sometimes you even get standing ovations,
173
573640
3296
09:36
and I say, "What the hell's wrong with you? Why are we all sitting there?"
174
576960
3696
ကျွန်တော်ကတော့ "ခင်ဗျားတို့ ဘယ်လို ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ဘာဖြစ်လို့ အဲဒီမှာ ထိုင်နေကြမှာလဲ လို့ မေးချင်တယ်
09:40
And somebody -- to remain nameless -- called our laptop a "gadget" recently.
175
580680
6336
နာမည်မဖော်လိုတဲ့ လူတစ်ယောက်က တလောကပဲ ကျွန်တော်တို့ လပ်တော့ပ်ကို "ဂဲဂျက်" တစ်ခုလို့ တောင် ခေါ်လိုက်ပါသေးတယ်
အဲဒါနဲ့ ကျွန်တော်က ဘုရားရေ၊ ကျွန်တော်တို့ လပ်တော့ပ်ကတော့ တဟုန်ထိုး ရောင်းရတော့မှာပါလားလို့ ပြောမိတယ်
09:47
And I said, "God, our laptop's going to go like a bat out of hell.
176
587040
3616
09:50
When you open it up, it's going to go 'bing.'"
177
590680
2196
လပ်တော့ပ်ကို ဖွင့်လိုက်ရင်၊ တီးလုံးကလေးမြည်ပြီး ပွင့်လာမယ်၊ ပြီးရင် သုံးလို့ရပြီ
09:52
It'll be on.
178
592900
1276
09:54
It'll be just like it was in 1985,
179
594200
3776
၁၉၈၅-ခုနှစ်မှာ ခင်ဗျားတို့ အပ်ပဲလ် မက်ကင်းတော့ရှ် ၅၁၂ ကို ၀ယ်စဉ်တုန်းက အတိုင်းဖြစ်ဖြစ်မှာပါ
09:58
when you bought an Apple Macintosh 512.
180
598000
4696
10:02
It worked really well.
181
602720
1736
အဲဒါဟာ တကယ့်ကို ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တယ်
10:04
And we've been going steadily downhill.
182
604480
3096
ကျွန်တော်တို့က အခုတော့ မှန်မှန်လေးနဲ့ အရှိန်ရလာနေပြီ
10:07
Now, people ask all the time what it is.
183
607600
3936
အဲဒီလို လူတွေက အဲဒါဘယ်လိုများလဲလို့ တစ်ချိန်လုံးမေးနေကြတယ်
10:11
That's what it is.
184
611560
2056
ဒီတော့ အခု ဒီမှာ ပြထားပါပြီ
10:13
The two pieces that are probably notable: it'll be a mesh network,
185
613640
5296
အထင်အရှား မြင်နေရတဲ့ အပိုင်း ၂ ပိုင်းက ကွန်ယက် ဆန်ခါပါ
10:18
so when the kids open up their laptops, they all become a network,
186
618960
3616
ကလေးတွေ သူတို့ လပ်တော့ပ်တွေကို ဖွင့်လိုက်တာနဲ့ သူတို့အားလုံး ကွန်ယက် ဖြစ်လာကြပါတယ်
10:22
and then just need one or two points of backhaul.
187
622600
2816
အချက်အလက် ဖြန့်ဝေပေးတဲ့ နေရာ ၁-ခု ၂-ခု လောက်ပဲ လိုမယ်
10:25
You can serve a couple of thousand kids with two megabits.
188
625440
3176
ကလေး ၂-ထောင် လောက်ကို ၂-မီဂါဘစ်လောက်နဲ့ ၀န်ဆောင်မှုပေးနိုင်မယ်
10:28
So you really can bring into a village,
189
628640
3056
ဒီတော့ ကျေးရွာတွေကို ယူလာပြီး သုံးလို့ရတယ််
10:31
and then the villages can connect themselves,
190
631720
2296
ရွာတွေ အချင်းချင်းလဲ ပြန်ချိတ်ဆက် နိုင်ကြမယ်
10:34
and you really can do it quite well.
191
634040
3056
အဲဒီလို ကွန်ယက်ချိတ်တာကို ကောင်းကောင်း လုပ်လို့ရတယ်
10:37
The dual mode display --
192
637120
1976
နောက်တခုက ၂-မျိုး သုံးလို့ရမယ့် မြင်ကွင်းရဲ့ အကြံကတော့ အဆောက်အဦ အတွင်းရော အပြင်မှာပါ ပြပေးနိုင်ပါတယ်
10:39
the idea is to have a display that both works outdoors --
193
639120
4696
10:43
isn't it fun using your cell phone outdoors in the sunlight?
194
643840
3416
ခင်ဗျားတို့ ဆဲလ်ဖုန်းကို အိမ်ပြင်ဘက် နေရောင်ထဲမှာ သုံးရတာ ရယ်စရာ ကောင်းတယ် မဟုတ်လား
10:47
Well, you can't see it.
195
647280
1536
အဲဒီမှာ ခင်ဗျားတို့ ဘာမှ မမြင်ရဘူး မဟုတ်လား
10:48
And one of the reasons you can't see it
196
648840
2176
မမြင်ရခြင်းရဲ့ အကြောင်းရင်း တစ်ခုက တချိန်လုံး နောက်ကနေပြီး လင်းပေးထားလို့ပါ
10:51
is because it's backlighting most of the time, most cell phones.
197
651040
4056
ဖုန်းအားလုံးလိုလို အဲဒီလိုပါပဲ
10:55
Now, what we're doing is, we're doing one that will be both frontlit and backlit.
198
655120
4656
အခု ကျွန်တော်တို့လုပ်ထားတာက ရှေ့ခံအလင်း နဲ့ နောက်ခံအလင်း နှစ်မျိုးလုံးပါလာမယ်
10:59
And whether you manually switch it or you do it in the software
199
659800
3776
အဲဒိလို ပြောင်းဖို့ကိုတော့ လက်နဲ့ပဲပြောင်းမလား၊ ဆော့ဖ်ဝဲနဲ့ ပြောင်းမလားကိုတော့ ကြည့်ရဦးမယ်
11:03
is to be seen.
200
663600
1496
ဒါပေမယ့် နောက်ခံအလင်း သုံးထားရင်တော့ ရောင်စုံဖြစ်မယ်
11:05
But when it's backlit, it's color.
201
665120
1856
11:07
And when it's frontlit, it's black and white
202
667000
2056
ရှေ့ခံ အလင်းသုံးရင်တော့ ပုံပြတ်သားမှု ၃-ဆ ပိုကောင်းတဲ့ အဖြူအမည်း ဖြစ်မယ်
11:09
at three times the resolution.
203
669080
1976
အဲဒါတွေ အားလုံး အလုပ်လုပ်နေပြီလားဆိုတော့၊ မလုပ်နိုင်သေးပါဘူး
11:11
Is it all worked out? No.
204
671080
2456
11:13
That's why a lot of our people are more or less living in Taiwan right now.
205
673560
5256
ဒါကြောင့်လဲ ကျွန်တော်တို့လူတွေ တော်တော်များများက အခု ထိုင်ဝမ်မှာ သွားနေကြရတာ
11:18
And in about 30 days, we'll know for sure whether this works.
206
678840
4216
နောက် ရက် -၃၀ လောက်ဆိုရင် အဲဒါ အလုပ်ဖြစ်မဖြစ် ကျွန်တော်တို့ အသေအချာ သိလာရမှာပါ
11:23
Probably the most important piece there
207
683080
4216
ဒီထဲမှာ အရေးအကြီးဆုံး အချက်တချက်ကတော့
11:27
is that the kids really can do the maintenance.
208
687320
3136
ကလေးတွေ ကိုယ်တိုင် ပြုပြင်ထိန်းနိုင်မယ် ဆိုတာပါပဲ
11:30
And this is again something that people don't believe,
209
690480
3136
အဲဒါကိုလည်း လူတွေ သိပ်မယုံချင်ကြပါဘူး
11:33
but I really think it's quite true.
210
693640
1667
ဒါပေမယ့် အဲဒါဟာ မှန်တယ်လို့ ကျွန်တော် ထင်တယ်
11:36
That's the machine we showed in Tunis.
211
696880
4896
ဒါကတော့ ကျွန်တော်တို့ ကျူးနစ်မှာ ပြခဲ့တဲ့ စက်ကလေးပါ
11:41
This is more the direction that we're going to go.
212
701800
2776
ဒါလေးက ကျွန်တော်တို့ သွားရမယ့် လမ်းကြောင်းကို ရှေ့ဆက် ပြနေပါတယ်
11:44
And it's something that we didn't think was possible.
213
704600
3336
အဲဒါက ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ထင်မထားခဲ့တဲ့ အရာပါ
11:47
Now, I'm going to pass this around.
214
707960
3336
အခု ကျွန်တော် ဒါလေးကို တဆင့် တဆင့် ကြည့်ကြဖို့ ကမ်းပေးလိုက်မယ်
11:51
This isn't a design, OK?
215
711320
2176
ဒါဟာ ထုတ်လုပ်မယ့် ဒီဇိုင်းတော့ မဟုတ်သေးဘူးနော်
11:53
So this is just a mechanical engineering sort of embodiment of it
216
713520
4696
ဒါက ခင်ဗျားတို့ စမ်းကစားကြည့်ဖို့ အရာအားလုံး ထည့်သွင်းထားတဲ့ စက်ပစ္စည်း သက်သက်ပါ
11:58
for you to play with.
217
718240
1536
11:59
And it's clearly just a model.
218
719800
1856
မိုဒယ်တစ်ခု မျှသာ ဖြစ်တာလည်း ထင်ရှားပါတယ်
12:01
The working one is at MIT.
219
721680
2696
တကယ် အလုပ်လုပ်နိုင်တဲ့ စက်က မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်မှာပါ
ကျွန်တော် ဒါလေးကို ဒီက လူခန့်ချောကြီးကို ကမ်းပေးလိုက်မယ်နော်
12:04
I'm going to pass it to this handsome gentleman.
220
724400
2856
12:07
At least you can decide whether it goes left or --
221
727280
2456
ပြီးရင် သူက ဒါလေးကို ဘယ်ဘက်ကို ကမ်းပေးမလား၊ ညာဘက်ကို ပေးမလား ဆုံးဖြတ်သွားမှာပါ
12:09
Chris Anderson: Before you do it, for the people down in simulcast --
222
729760
3300
သြော်... တိုက်ရိုက်ပြဖို့ ကိစ္စ၊ ဆောရီး၊ ကျွန်တော် မေ့သွားတယ်၊ ဟုတ်ပြီ၊ ကင်မရာက ဘယ်မှာလဲ..
12:13
Nicholas Negroponte: Sorry! I forgot. CA: Just show it off a bit.
223
733084
3062
12:16
So wherever the camera is -- OK, good point. Thank you, Chris.
224
736170
3006
ဟုတ်ပြီ၊ ခင်ဗျား သတိပေးလိုက်တာ ကောင်းတယ်၊ ကျေးဇူးပဲ ခရစ်စ်
12:19
The idea was that it would be not only a laptop,
225
739200
3576
အကြံကတော့ ဒါဟာ လပ်တော့ပ်အနေနဲ့တင် မကဘူး
12:22
but that it could transform into an electronic book.
226
742800
3576
ဒါလေးကို အီလက်ထရောနစ် စာအုပ်အဖြစ် အသွင်ပြောင်းလို့ရတယ်
12:26
So it's sort of an electronic book.
227
746400
1667
ဒီတော့ အီလက်ထရောနစ် စာအုပ်ပုုံစံမျိုးပေါ့
12:28
This is where when you go outside, it's in black and white.
228
748091
2762
အပြင်ကို သွားရင် ဒီအတိုင်း သုံးလို့ရမယ်၊ အဖြူအမည်းနဲ့ပေါ့
12:30
The games buttons are missing,
229
750877
1779
ဂိမ်းခလုတ်တွေတော့ ဒီမှာ မပါဘူး၊ ဒါပေမယ့် ဒါလေးက ဂိမ်းစက်လည်း ဖြစ်မယ်၊ စာအုပ်ဖတ်လို့ရတဲ့စက်လည်းဖြစ်မယ်
12:32
but it'll also be a games machine,
230
752680
2295
12:34
book machine.
231
754999
1337
12:36
Set it up this way, and it's a television set.
232
756360
2496
ဒီလိုလေး ထောင်ပြီး ထားလိုက်ရင် တယ်လီဗစ်ရှင်း ပုံစံပေါ့
12:38
Etc., etc. -- is that enough for simulcast? OK, sorry.
233
758880
4120
စသည်၊ စသည်ဖြင့်ပေါ့ဗျာ၊ ဒါဆိုရင် တိုက်ရိုက်ထုတ်လွှင့်ပြဖို့ လုံလောက်ပြီလား၊ ဟုတ်ပြီ၊ ဆောရီးပဲ
ပြီးရင် ဘယ်ဘက်ကို ပို့ပေးမလဲဆိုတာ ဂျင့်ကို ဆုံးဖြတ်ခွင့်ပေးလိုက်မယ်၊ ဟုတ်လား
12:45
I'll let Jim decide which way to send it afterwards.
234
765160
2856
12:48
OK. Seven countries.
235
768040
1696
နိုင်ငံပေါင်း ရ-နိုင်ငံနော် (ရယ်မောသံများ)
12:49
(Laughter)
236
769760
1576
12:51
I say "maybe" for Massachusetts, because they actually have to do a bid.
237
771360
5056
မန်ဆာချူးဆက် အတွက် ဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောရတာက သူတို့တတွေလည်း တကယ်တမ်းဆို လေလံထဲ ၀င်ပါရမှာမို့လို့ပါ
ဥပဒေအရ လေလံဆွဲရမယ် ရှေ့ဆက် လုပ်စရာတွေကို လုပ်ရမှာပဲ
12:56
By law you've got to bid, and so on and so forth.
238
776440
2656
ဒါကြောင့် ကျွန်တော်က နာမည်တွေကို ဖေါ်မပြောနိုင်သေးဘူး
12:59
So I can't quite name them.
239
779120
1416
13:00
In the other cases, they don't have to do bids.
240
780560
2656
တစ်ချိုု့ကိစ္စတွေမှာတော့ လေလံဆွဲစရာမလိုပါဘူး၊ သူတို့ ဆုံးဖြတ်နိုင်ကြတယ်
13:03
They can decide --
241
783240
1612
13:04
it's the federal government in each case.
242
784876
2060
ကိစ္စ တစ်ခုချင်းစီအတွက် အရေးကြီးတာက ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ပဲ
13:06
It's kind of agonizing,
243
786960
1216
စိတ်ဒုက္ခတော့ ရောက်ရတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက ပြောကြတယ်
13:08
because a lot of people say, "Let's do it at the state level,"
244
788200
2905
"ပြည်နယ်အဆင့်နဲ့ပဲ လုပ်ကြရအောင်လား" ပေါ့
ပြည်နယ်တွေက ဗဟိုအစိုးရထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြီးတာကိုး၊ အရွယ်အစားကြောင့်ပေါ့
13:11
because states are more nimble than the feds, just because of size.
245
791129
4847
ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ထည့်တွက်ဖို့ လိုပါတယ်
13:16
And yet we count.
246
796000
1176
13:17
We're really dealing with the federal government.
247
797200
2376
ကျွန်တော်တို့က ဗဟိုအစိုးရနဲ့ပဲ တကယ် ဆက်ဆံနေကြပါတယ်
13:19
We're really dealing with ministries of education.
248
799600
2336
ကျွန်တော်တို့က ပညာရေးဝန်ကြီး ဌာနတွေနဲ့ တကယ်ဆက်ဆံလုပ်နေကြပါတယ်
13:21
And if you look at governments around the world,
249
801960
2696
ခင်ဗျားတို့ ကမ္ဘာတလွှားမှာရှိတဲ့ အစိုးရတွေကို လိုက်ကြည့်မယ်ဆိုရင်
13:24
ministries of education tend to be the most conservative,
250
804680
3736
ပညာရေးဝန်ကြီး ဌာနတွေဟာ ရှေးရိုးအစွဲဆုံး ဌာနတွေပါ
13:28
and also the ones that have huge payrolls.
251
808440
4176
ပြီးတော့ ၄င်းတို့ထဲမှာ ထုတ်ပေးတဲ့ လစာငွေတွေဟာလည်း ဧရာမ များပြားလှပါတယ်
13:32
Everybody thinks they know about education,
252
812640
2376
လူတိုင်းက သူတို့ဟာ ပညာရေးအကြောင်းကို သိတယ်လို့ ထင်ကြတယ်
တကယ်တော့လည်း အစဉ်အလာတွေ အများကြီး ပညာရေးထဲမှာ ရောယှက်ပါ၀င်နေကြပါတယ်
13:35
a lot of culture is built into it as well.
253
815040
2456
13:37
It's really hard. And so it's certainly the hard road.
254
817520
3656
အဲဒီကိစ္စဟာ တကယ်ကို ခက်ခဲလှပါတယ်၊ ဒီကိစ္စက ကျိန်းသေပေါက် ခက်ခဲတဲ့ လမ်းခရီးပါ
13:41
If you look at the countries, they're pretty geoculturally distributed.
255
821200
4776
ဒီမှာပြထားတဲ့ နိုင်ငံတွေကို ကြည့်ရင် ၄င်းတို့ဟာ ယဉ်ကျေးမှု အရ ပထဝီဝင်အရ ပြန့်ကြဲလျက် ရှိနေပါတယ်
13:46
Have they all agreed? No, not completely.
256
826000
2496
ဒီနိုင်ငံတွေ အကုန်လုံး သဘောတူပြီလားဆိုတော့၊ အားလုံး မဟုတ်သေးပါဘူး
13:48
Probably Thailand, Brazil and Nigeria
257
828520
2376
ထိုင်လန်၊ ဘရာဇီးလ် နဲ့ နိုင်ဂျီးရီးယား ၃-နိုင်ငံကတော့ အတက်ကြွဆုံး ဖြစ်ကြပြီး
13:50
are the three that are the most active and most agreed.
258
830920
3096
သဘောတူပြီးနီးနီး ပါပဲ
13:54
We're purposely not signing anything with anybody
259
834040
3096
ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လက်ထဲမှာ လက်တွေ့ အလုပ်လုပ်နိုင်မယ့် စက်တွေ မရှိသေးလို့
13:57
until we actually have the working ones.
260
837160
2296
တမင်တကာကို ဘယ်သူနဲ့မှ ဘာလက်မှတ်မှ မထိုးကြသေးပါဘူး
13:59
And since I visit each one of those countries
261
839480
2656
ကျွန်တော်ဟာ အနည်းဆုံး ၃-လခြားတစ်ခါ အဲဒီနိုင်ငံတိုင်းစီကို သွားလည်ရတယ်ဆိုတော့
14:02
within at least every three months,
262
842160
2016
14:04
I'm just going around the world every three weeks.
263
844200
3136
ကျွန်တောဟာ ၃-ပတ်တစ်ခါ ကမ္ဘာကြီးကို လည်ပတ်နေသလို ဖြစ်နေတာပေါ့
14:07
Here's sort of the schedule
264
847360
1536
ဒါကတော့ ကျွန်တော်တို့ရဲ့ အချိန်ဇယားလိုဟာမျိုးပါ
14:08
and I put at the bottom we might give some away free in two years at this meeting.
265
848920
6200
လပ်တော့ပ် တစ်ချို့ကို ၂-နှစ်လောက်တွင် ဒီစည်းဝေးပွဲမှာ အလကားပေးချင် ပေးနိုင်မယ်လို့ ကျွန်တော် ခန့်မှန်းလျက် ထည့်သွင်းထားတယ်
14:15
Everybody says it's a $100 laptop --
266
855422
3113
ဒါ ဒေါ်လာ-၁၀၀ တန် လပ်တော့ပ်ဆိုတော့ ခင်ဗျားတို့ အလကား ဘယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ လူတိုင်းကပြောကြတယ်
14:18
you can't do it.
267
858559
1151
14:19
Well, guess what, we're not.
268
859734
1402
ဟုတ်ပြီ၊ သူတို့ ခန့်မှန်းသလိုပဲ၊ ကျွန်တော်တို့ အဲဒီလို ဝေပေးမှာ မဟုတ်ပါဘူး
14:21
We're coming in probably at 135, to start, then drift down.
269
861160
5056
ကျွန်တော်တို့က ၁၃၅-ဒေါ်လာလောက်နဲ့ စ,၀င်လာမှာ၊ နောက်တော့ စျေးကို အောက်ကို ဆွဲချသွားမှာ
14:26
And that's very important,
270
866240
1456
အဲဒီအချက်ဟာ အရမ်းကို အရေးကြီးပါတယ်
14:27
because so many things hit the market at a price and then drift up.
271
867720
5296
ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းတော်တော်များများက စျေးကွက်ကို စျေးနှုန်းတစ်ခုနဲ့ စ,ကြတယ်၊ နောက်တော့ စျေးနှုန်းကို အပေါ်ကို မြှင့်တင်သွားတတ်တယ်
အဲဒါက အရှူံးခံရမယ့်ဆီကို ရှေ့ရှုမှုပါ၊ နောက်ပိင်းမယ် ပစ္စည်းက စိတ်ဝင်စားစရာ ကောင်းပြီလဲဆိုရော
14:33
It's kind of the loss leader,
272
873040
1496
14:34
and then as soon as it looks interesting,
273
874560
2856
၀ယ်မသုံးနိုင်ကြတော့ဘူး၊ ဒါမှမဟုတ်ရင်လဲ အများကြီးမထုတ်နိုင်တော့ဘူး
14:37
it can't be afforded, or it can't be scaled out.
274
877440
2656
14:40
So we're targeting 50 dollars in 2010.
275
880120
3416
ဒါကြောင့် ကျွန်တော်တို့ကတော့ ၂၀၁၀-ခုနှစ်မှာ ဒေါ်လာ-၅၀ ဖြစ်သွားအောင်လုပ်မယ်လို့ မှန်းထားတယ်
14:43
The gray market's a big issue.
276
883560
1776
တရားမဝင် စျေးကွက်ကလည်း တကယ့် ပြဿနာကြီးတစ်ခုပဲ၊ နည်းလမ်းတွေ တစ်ခမက ရှိုပေမဲ့၊ တစ်ခုတည်းကိုပဲ ပြောချင်တယ်
14:45
And one of the ways -- just one --
277
885360
2376
14:47
but one of the ways to help in the case of the gray market
278
887760
4056
အဲဒီလို တရားမဝင်စျေးကွက် ပြဿနာထဲ ကူညီနိုင်မယ့် နည်းလမ်းတစ်ခုကတော့
14:51
is to make something that is so utterly unique --
279
891840
2536
ပစ္စည်းတွေကို လုံးဝ ထူးထူးခြားခြားဖြစ်အောင် လုပ်ဖို့ပဲ
14:54
It's a little bit like the fact that automobiles --
280
894400
3616
အဲဒါကို ကားတွေအကြောင်းကို ယူပြီးနည်းနည်းလေး ရှင်းပြပါရစေ
အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကို ကားတွေ ထောင်နဲ့ချီပြီး အခိုးခံနေရတယ်
14:58
thousands of automobiles are stolen every day in the United States.
281
898040
3656
15:01
Not one single post-office truck is stolen.
282
901720
2936
ဒါပေမဲ့ စာပို့ထရက်ကားတွေကျတော့ တစ်စီးတစ်လေမှကို အခိုးမခံရဘူး၊ ဟုတ်တယ် မဟုတ်လား၊ ဘာကြောင့်များလဲ
15:04
(Laughter)
283
904680
1216
15:05
And why?
284
905920
1176
15:07
Because there's no market for post-office trucks.
285
907120
2336
ဘာဖြစ်လို့လဲဆိုတော့ စာပို့ထရက်ကားတွေ အတွက် စျေးကွက်မှ မရှိတာ
15:09
It looks like a post-office truck.
286
909480
1736
ကျွန်တော်တို့ လပ်တော့ပ်ကလည်း စာပို့ထရက်ကားနဲ့ တူဖို့လိုတယ်
15:11
You can spray paint it. You can do anything you want.
287
911240
2477
အရောင်တွေမှုတ်ပြီး ချယ်လို့ရတယ်၊ ခင်ဗျားတို့ လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်
15:13
I just learned recently: in South Africa, no white Volvos are stolen.
288
913741
4195
တလောကပဲ ကျွန်တော် သိလိုက်ရသေးတယ်၊ တောင်အာဖရိကမှာ အဖြူရောင် ဗော်လ်ဗိုကား တစီးမှာမှ အခိုးမခံခဲ့ရဘူးတဲ့
15:17
Period. None. Zero.
289
917960
1576
အဲလို အခိုးခံရတဲ့ ကာလဆိုလို့ လုံးဝမရှိဘူး၊ သုညပဲ
15:19
So we want to make it very much like a white Volvo.
290
919560
4015
ဒါကြောင့် ကျွန်တော်တို့က လပ်တော့ပ်ကို အဖြူရောင် ဗော်လ်ဗိုကားလိုမျိုး ဖြစ်အောင် လုပ်ချင်တယ်
15:24
Each government has a task force.
291
924360
2216
အစိုးရတိုင်းမှာ အထူးလုပ်ငန်းအဖွဲ့ရှိတယ်၊ ဒီတရားမဝင်စျေးကွက် ထိန်းချုပ်ဖို့ကိစ္စက သူတို့အတွက် စိတ်ဝင်စားစရာ မကောင်းတာ ဖြစ်ချင်ဖြစ်မယ်
15:26
This perhaps is less interesting,
292
926600
1616
15:28
but we're trying to get the governments to all work together
293
928240
2905
ဒါပေမယ့် ကျွန်တော်တို့ကတော့ အစိုးရတွေ အားလုံး လက်တွဲ အလုပ်လုပ်လာအောင်် ကြိုးစားနေတယ်၊ လွယ်တော့ မလွယ်လှပါဘူး
15:31
and it's not easy.
294
931169
2435
ဒီစီမံကိန်းရဲ့ စီးပွားရေးက ဗဟိုအစိုးရတွေနဲ့ စလုပ်ရမှာ
15:34
The economics of this is to start with the federal governments
295
934880
5047
15:39
and then later, to subsequently go to other --
296
939951
6982
နောက်မှ တခြားအဆင့်တွေဆီကို ဆက်သွားပေါ့
ကလေး-ကလေးချင်း ထောက်ပံ့တာမျိူးပဲ ဖြစ်ဖြစ်ပေါ့
15:46
whether it's child-to-child funding,
297
946957
1896
15:48
so a child in this country buys one for a child in the developing world,
298
948877
4459
ဒီနိုင်ငံက ကလေး တစ်ယောက်က ဖွံ့ဖြိုးဆဲနိုင်ငံက ကလေး တစ်ယောက်အတွက် လပ််တော့ပ်တစ်လုံး ၀ယ်ပေးလို့ရတယ်
လိင်တူချင်တူတဲ့ ကလေးတွေ၊ အသက်ချင်းတူတဲ့ ကလေးတွေ ဖြစ်နိုင်တယ်
15:53
maybe of the same gender, maybe of the same age.
299
953360
3096
15:56
An uncle gives a niece or a nephew that as a birthday present.
300
956480
3696
ဦးလေးတစ်ယောက်က သူ့ တူ၊ တူမ အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ပေးတယ်ပေါ့
16:00
I mean, there are all sorts of things that will happen,
301
960200
2696
ဆိုလိုတာက၊ ဖြစ်လာနိုင်မယ့် အခြေအနေတွေဟာ မျိုးစုံ ရှိနေတယ်
16:02
and they'll be very, very exciting.
302
962920
1896
အဲဒီအဖြစ်အပျက်တွေကလည်း အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာ
16:04
And everybody says -- I say -- it's an education project.
303
964840
4995
ကျွန်တော်က ဒါဟာ ပညာရေး စီမံကိန်းပါလို့ ပြောထားတော့ လူတိုင်းက မေးကြမယ်
16:09
Are we providing the software?
304
969859
1997
ကျွန်တော်တို့ ဆော့ဖ်ဝဲကိုရော ပေးမှာလားဆိုတာ
16:11
The answer is:
305
971880
1485
အဖြေကတော့၊ ဒီထဲက စနစ်ထဲမှာ ဆော့ဖ်ဝဲ သေချာပေါက် ရှိပါတယ်
16:13
The system certainly has software,
306
973389
1627
16:15
but no, we're not providing the education content.
307
975040
3136
ဒါပေမယ့် ကျွန်တော်တို့က ပညာရေးဆိုင်ရာ အကြောင်းအရာတွေကို ထည့်မပေးပါဘူး
16:18
That is really done in the countries.
308
978200
4096
ဒါတွေကို တကယ်တော့ သက်ဆိုင်ရာနိုင်ငံတွေကပဲ လုပ်ပေးကြပါမယ်
16:22
But we are certainly constructionists.
309
982320
2076
ကျွန်တော်တို့ကတော့ တကယ့် အပြုသဘော ရှေ့ဆောင် လုပ်ကြသူတွေပေါ့ဗျာ
16:24
And we certainly believe in learning by doing
310
984420
2156
ပြီးတော့ ကျွန်တော်တို့က လုပ်သွားရင်းနဲ့ ပညာတွေကို သင်ယူနိုင်တယ် ဆိုတာကို လုံးဝ ယုံကြည်တယ်
16:26
and everything from Logo, which was started in 1968,
311
986600
4136
၁၉၆၈-ခုနှစ်မှာ စပေါ်ပေါက်လာခဲ့တဲ့ လိုဂို ကအစ
16:30
to more modern things, like Scratch, if you've ever even heard of it,
312
990760
4976
ခေတ်မီတဲ့ စခရချ် လို့ခေါ်တဲ့ ကစားနည်း အဆုံး ခင်ဗျားတို့ ကြားဘူးချင်မှ ကြားဘူးကြမယ် အရာတွေ အားလုံးတို့ဟာ
16:35
are very, very much part of it.
313
995760
2056
အခုပြောနေတဲ့ ပညာရေးဆိုင်ရာ သိပ်ကို အရေးပါတဲ့ အစိတ်အပိုင်းပေါ့ဗျာ
16:37
And that's the rollout.
314
997840
1843
ဒါကတော့ ကျွန်တော်တို့ လပ်တော့ပ်ကို မိတ်ဆက်ပေးလိုက်တာပါပဲ
16:40
Are we dreaming? Is this real?
315
1000880
2239
အဲံဒီတော့ ကျွန်တော်တို့က အိပ်မက်များ မက်နေကြတာလား၊ ဒါ တကယ်ဖြစ်နိုင်ရဲ့လား၊ ဟုတ်ကဲ့ ဒါဟာ တကယ်ဖြစ်လာမှာပါ
16:43
It actually is real.
316
1003143
1665
16:45
The only criticism, and people really don't want to criticize this,
317
1005760
4736
ဒီစီမံကိန်းကို လူတွေဟာ တကယ်ပဲ မဝေဖန်လိုကြပါ
16:50
because it is a humanitarian effort, a nonprofit effort
318
1010520
3856
ဘာကြောင့်လဲ ဆိုတော့ ဒီစီမံကိန်းက လူသားချင်းစာနာတဲ့ ကြိုးပမ်းအားထုတ်မှု၊ အကျိုးအမြတ်မရှာတဲ့ ကြိုးပမ်းအားထုတ်မှုဆိုတော့
16:54
and to criticize it is a little bit stupid, actually.
319
1014400
3816
တကယ်ဆို ဝေဖန်ရမှာ နည်းနည်းတော့ မိုက်မဲရာကျတာကိုး (ရယ်မောသံများ)
16:58
(Laughter)
320
1018240
1216
16:59
But the one thing that people could criticize was,
321
1019480
6136
ဒါပေမယ့် လူတွေ ဝေဖန်လို့ရနိုင်တာ တစ်ခုကတော့
17:05
"Great idea, but these guys can't do it."
322
1025640
3564
အကြံဉာဏ်ကတော့ ကြီးကျယ်ပါတယ်ပေါ့၊ ဒါပေမယ့် ဒီလူတွေ မလုပ်နိုင်ကြဘူး ပေါ့
17:09
And that could either mean these guys, professors and so on couldn't do it,
323
1029800
4176
ဆိုလိုရင်းက ဒီလူတွေ၊ ဒီ ပါမောက္ခတွေ၊ ဘယ်သူဘယ်ဝါတွေက ဒီစီမံကိန်းကို လုပ်နိုင်မှာ မဟုတ်ဘူးပေါ့
17:14
or that it's not possible.
324
1034000
1976
ဒါမှမဟုတ်ရင်လဲ ဒီစီမံကိန်းက လုပ်လို့ မဖြစ်နိုင်ဘူးပေါ့
17:16
Well, on December 12, a company called Quanta agreed to build it,
325
1036000
5696
ဒီဇင်ဘာ ၁၂-ရက်နေ့မှာ ကွမ်တာ လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ဒီလပ်တော့ပ်ကို ထုတ်လုပ်ဖို့ သဘောတူလိုက်တယ်
17:21
and since they make about one-third of all the laptops on the planet today,
326
1041720
4936
သူတို့က ကမ္ဘာပေါ်မှာ ဒီနေ့ရှိနေတဲ့ လပ်တော့ပ် တွေရဲ့ ၃ ပုံ ၁ ပုံက ထုတ်လုပ်ထားတာ ဆိုတော့
17:26
that question disappeared.
327
1046680
1576
အဲဒီမေးခွန်းလည်း ပျောက်သွားပါပြီ
17:28
So it's not a matter of whether it's going to happen.
328
1048280
3216
ဒီတော့ ဒီစီမံကိန်းကဖြစ်မှာလား၊ မဖြစ်ဘူးလား ဆိုတဲ့ မေးခွန်း မရှိ်တော့ပါဘူး၊ ဖြစ်လာတော့မှာပါ
17:31
It is going to happen.
329
1051520
1216
17:32
And if it comes out at 138 dollars, so what?
330
1052760
4420
တကယ်လို့ တစ်လုံး ၁၃၈ ဒေါ်လာနဲ့ ထွက်လာတော့ရော ဘာဖြစ်လဲ
17:37
If it comes out six months late, so what?
331
1057204
3026
တကယ်လို့ ၆-လ နောက်ကျပြီး ထွက်လာတော့ရော ဘာဖြစ်လဲ
17:40
That's a pretty soft landing.
332
1060230
1700
ဒါဟာ အတော့်ကို ညင်သာတဲ့ စတင်မှုလို့တောင် ပြောနိုင်ပါတယ်၊ ကျေးဇူးတင်ပါတယ်
17:41
Thank you.
333
1061930
1560
(လက်ခုပ်သံများ)
17:43
(Applause)
334
1063490
1589
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7