Why is it so hard to cure cancer? - Kyuson Yun

6,738,686 views ・ 2017-10-10

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Nyein Chan Ko Ko Reviewer: sann tint
00:07
Why is it so difficult to cure cancer?
0
7139
3440
ကင်ဆာကို ဘာလို့ ကုရခက်တာလဲ
00:10
We've harnessed electricity,
1
10579
1721
ငါတို့ လျှပ်စစ်ကို ထိန်းချုပ်နိုင်ပြီ
00:12
sequenced the human genome,
2
12300
1829
လူတွေရဲ့ဗီဇ တွေကိုလည်း ပြန်စီနိုင်ပြီ
00:14
and eradicated small pox.
3
14129
2612
ကျောက်ရောဂါကိုလည်း အမြစ်ဖြုတ်နိုင်ပြီ
00:16
But after billions of dollars in research,
4
16741
2199
ဒေါ်လာ သန်းထောင်ချီပြီး စမ်းသပ်မှုလုပ်တာတောင်
00:18
we haven't found a solution for a disease that affects more than 14 million people
5
18940
4181
လူပေါင်း ၁၄သန်းကျော်နဲ့ သူတို့မိသားစုတွေမှာ ဖြစ်နေတဲ့ ရောဂါအတွက်
00:23
and their families at any given time.
6
23121
3940
အဖြေမတွေ့သေးဘူး
00:27
Cancer arises as normal cells accumulate mutations.
7
27061
4659
ကင်ဆာက ပုံမှန်ဆဲလ်တွေ ဗီဇပြောင်းလဲပြီး ဖြစ်လာတာပါ
00:31
Most of the time, cells can detect mutations or DNA damage
8
31720
3776
များသောအားဖြင့်တော့ ဆဲလ်တွေဟာ DNA ပျက်စီးတာ ဗီဇပြောင်းလဲတာတွေကိုသိနိုင်ပြီး
00:35
and either fix them or self destruct.
9
35496
3366
သူတို့ကို ပြင်ရင်ပြင် ဖျက်ရင်ဖျက်ဆီးပစ်လိုက်တယ်
00:38
However, some mutations allow cancerous cells to grow unchecked
10
38862
4255
ဒါပေမယ့် အချို့ဗီဇပြောင်းခြင်းက ကင်ဆာဆဲလ်တွေကို စစ်ဆေးမရပဲ ကြီးထွားစေတယ်
00:43
and invade nearby tissues,
11
43117
2056
အနီးကတစ်ရှုးတွေကို ကျူးကျော်ပြီး၊
00:45
or even metastasize to distant organs.
12
45173
3643
အဝေးက အင်္ဂါတွေကိုတောင် ပြန့်နိုင်တယ်
00:48
Cancers become almost incurable once they metastasize.
13
48816
5266
အဝေးကို ပြန့်သွားရင်တော့ ကင်ဆာက ကုလို့မဖြစ်နိုင်တော့ဘူး
00:54
And cancer is incredibly complex.
14
54082
2920
ပြီးတော့ ကင်ဆာဟာ မယုံနိုင်လောက်အောင် ရှုပ်ထွေးတယ်
00:57
It's not just one disease.
15
57002
1871
သူက ရောဂါတစ်ခုတည်းမဟုတ်ဘူး
00:58
There are more than 100 different types
16
58873
1999
အမျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပြီး
01:00
and we don't have a magic bullet that can cure all of them.
17
60872
4491
သူတို့ အားလုံးကို ကုသနိုင်တဲ့ မှော်ဝင်ကျည်ဆန်တော့ တို့ဆီမှာမရှိဘူး
01:05
For most cancers,
18
65363
1368
ကင်ဆာ အများစုအတွက် ကုသမှုမှာ
01:06
treatments usually include a combination of surgery to remove tumors
19
66731
4202
ကျူမာအလုံးကို ခွဲစိတ်ခြင်း၊ ကျန်နေတဲ့ ကင်ဆာဆဲလ်ကို သတ်ဖို့အတွက်
01:10
and radiation and chemotherapy to kill any cancerous cells left behind.
20
70933
5314
ဓာတ်ကင်ခြင်းနှင့်ကီမို ဆေးသွင်းခြင်းတွေ ပေါင်းစပ် ပါဝင်လေ့ရှိတယ်
01:16
Hormone therapies,
21
76247
1260
ဟိုမုန်းကုထုံး၊
01:17
immunotherapy,
22
77507
1441
ကုခံအားမြှင့်တင်ကုထုံး နဲ့
01:18
and targeted treatments tailored for a specific type of cancer
23
78948
3422
ကင်ဆာ အမျိုးတစ်ခုချင်းအတွက် သီးသန့်ပြင်ဆင်ထားတဲ့ ကုသချက်တို့ကိုလည်း
01:22
are sometimes used, too.
24
82370
2849
တစ်ခါတစ်ရံ သုံးလေ့ရှိတယ်
01:25
In many cases, these treatments are effective
25
85219
2390
ဒီကုထုံးတွေဟာ အများစုမှာတော့ အကျိုးရှိပါတယ်
01:27
and the patient becomes cancer-free.
26
87609
2661
လူနာတွေက ကင်ဆာရန်က ကင်းလွတ်သွားနိုင်တယ်
01:30
But they're very far from 100% effective 100% of the time.
27
90270
5539
ဒါပေမယ့် အချိန်ပြည့် ၁၀၀% အကျိုးသက်ရောက်ဖို့တော့ ဝေးသေးတယ်
01:35
So what would we have to do to find cures for all the different forms of cancer?
28
95809
4731
ဒါဆို ဒီကင်ဆာ အမျိုးမျိုးအတွက် ကုသနည်းကို ရှာဖို့ ဘာတွေလုပ်ရမလဲ
01:40
We're beginning to understand a few of the problems
29
100540
2520
ငါတို့ဟာ သိပ္ပံပညာရှင်တွေဖြေရှင်းရမယ့် ပြဿနာတွေထဲက
01:43
scientists would have to solve.
30
103060
2770
အနည်းငယ်ကိုတော့ နားလည်စ ပြုလာပါပြီ
01:45
First of all, we need new, better ways of studying cancer.
31
105830
4549
အရင်ဆုံး၊​ ငါတို့ ကင်ဆာကို လေ့လာရာမှာ ပိုကောင်းတဲ့ နည်းလမ်းအသစ်တွေလိုတယ်
01:50
Most cancer treatments are developed using cell lines grown in labs
32
110379
3811
ကင်ဆာကုထုံး အများစုက လူသားကျူမာရဲ့ ဆဲလ်တွေကို
01:54
from cultures of human tumors.
33
114190
2760
ဓာတ်ခွဲခန်းထဲမှာမွေးပြီး အသုံးချပြီးမှ ပေါ်ထွက်လာကြတာ
01:56
These cultured cells have given us critical insights
34
116950
2472
ဒီလို မွေးထားတဲ့ ဆဲလ်တွေက ကင်ဆာဗီဇနဲ့ ဇီဝဗေဒအကြောင်း
01:59
about cancer genetics and biology,
35
119422
2318
အရေးပါတဲ့ သိနိုင်စွမ်းတွေကို ပေးတယ်
02:01
but they lack much of the complexity of a tumor in an actual living organism.
36
121740
4931
ဒါပေမယ့် တကယ့်သက်ရှိထဲမှာ ရှိတဲ့ ကျူမာရဲ့ ရှုပ်ထွေးမှုတွေတော့ ကင်းမဲ့နေတယ်
02:06
It's frequently the case that new drugs, which work on these lab-grown cells,
37
126671
4200
မကြာခဏဆိုသလို၊ ဓာတ်ခွဲခန်းထဲက ဆဲလ်တွေနဲ့ အလုပ်ဖြစ်တဲ့ ဆေးအသစ်က
02:10
will fail in clinical trials with real patients.
38
130871
3631
တကယ့်လူနာတွေနဲ့ ပြုလုပ်တဲ့ စမ်းသပ်ကုထုံး တွေမှာဆိုရင် ရှုံးနိမ့်လေ့ရှိတယ်
02:14
One of the complexities of aggressive tumors
39
134502
2929
တကယ့်ဆိုးတဲ့ ကျူမာတွေရဲ့ အရှုပ်တွေထဲက တစ်ခုကတော့
02:17
is that they can have multiple populations of slightly different cancerous cells.
40
137431
5865
အနည်းငယ်ကွဲပြားတဲ့ ကင်ဆာဆဲလ်တွေဟာ ဦးရေ အများကြီး ရှိနေနိုင်တာပဲ
02:23
Over time, distinct genetic mutations accumulate in cells
41
143296
3771
အချိန်နဲ့အမျှ၊ကျူမာရဲ့ နေရာအနှံ့အပြားက ဆဲလ်ထဲမှာ စုနေတဲ့
02:27
in different parts of the tumor, giving rise to unique subclones.
42
147067
5975
ဗီဇပြောင်းလဲခြင်းတွေဟာ မတူတဲ့ ကိုယ်ပွားတွေကို ဖြစ်လာစေပါတယ်
02:33
For example, aggressive brain tumors called glioblastomas
43
153042
4019
ဥပမာ၊ glioblastomas လို့ခေါ်တဲ့ ပြင်းထန် ဦးနှောက်ကျူမာတွေဟာ
02:37
can have as many as six different subclones in a single patient.
44
157061
4652
လူနာတစ်ယောက်တည်းမှာကိုပဲ ကွဲပြားတဲ့ ကိုယ်ပွားပုံစံ၆မျိုး ရှိနေနိုင်တယ်
02:41
This is called clonal heterogeneity,
45
161713
2724
ဒါကို clonal heterogeneity လို့ခေါ်တယ်
02:44
and it makes treatment difficult because a drug that works on one subclone
46
164437
3795
ကိုယ်ပွားတစ်ခုမှာ အလုပ်ဖြစ်တဲ့ ဆေးက အခြားကိုယ်ပွားမှာတော့ အာနိသင်မပြတဲ့အတွက်
02:48
may have no effect on another.
47
168232
2891
ကုသမှုကို ခက်ခဲစေတယ်
02:51
Here's another challenge.
48
171123
1800
နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့
02:52
A tumor is a dynamic interconnected ecosystem
49
172923
2861
ကျူမာဟာ သက်ဝင်ဆက်သွယ်လှုပ်ရှားနေတဲ့ ဝန်းကျင်အဖွဲ့လေးပါ
02:55
where cancer cells constantly communicate with each other
50
175784
2759
ကင်ဆာဆဲလ်တွေဟာ တခုနဲ့တခု အဆက်မပြတ် စကားပြောနေပြီး
02:58
and with healthy cells nearby.
51
178543
2722
အနီးက ကျန်းမာတဲ့ဆဲလ်တွေနဲ့ပါ ဆက်သွယ်နေတယ်
03:01
They can induce normal cells to form blood vessels that feed the tumor
52
181265
3787
ကျူမာကိုအစာကျွေးပြီး စွန့်ပစ်ပစ္စည်း တွေကို ဖယ်ရှားတဲ့သွေးကြောတွေဖန်တီးဖို့
03:05
and remove waste products.
53
185052
2851
ပုံမှန်ဆဲလ်တွေကို သူတို့က လှုံ့ဆော်နိုင်တယ်
03:07
They can also interact with the immune system
54
187903
2346
ကင်ဆာကို မှတ်မိပြီး ဖျက်စီးလို့မရေအာင်
03:10
to actually suppress its function,
55
190249
1947
ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို
03:12
keeping it from recognizing or destroying the cancer.
56
192196
4069
ဖိနှိပ်ထားတာမျိုးလည်း လုပ်နိုင်တယ်
03:16
If we could learn how to shut down these lines of communication,
57
196265
3150
ဒီလို ဆက်သွယ်မှုလိုင်းတွေကို ပိတ်ချတတ်ဖို့ သင်ယူနိုင်မယ်ဆိုရင်တော့
03:19
we'd have a better shot at vanquishing a tumor permanently.
58
199415
4318
ကျူမာတွေကို လုံးဝနှိမ်နင်းဖို့ ပိုကောင်းတဲ့ ပစ်ချက်ရပါလိမ့်မယ်
03:23
Additionally, mounting evidence suggests
59
203733
2291
နောက်ပြီးတော့၊ တိုးပွားလာတဲ့ သက်သေတွေအရ
03:26
we'll need to figure out how to eradicate cancer stem cells.
60
206024
4481
ကင်ဆာ ပင်မဆဲလ်တွေကို ဘယ်လိုတိုက်ရမလဲ ဆိုတာကို နားလည်ဖို့လိုတယ်
03:30
These are rare but seem to have special properties
61
210505
2521
ရှားပေမယ့် သူတို့မှာ ခီမို ဆေးတွေနဲ့ ဓာတ်ကင်တာကို
03:33
that make them resistant to chemotherapy and radiation.
62
213026
3722
ခံနိုင်ရည်ရှိအောင် လုပ်ပေးတဲ့ အထူးဂုဏ်သတ္တိတွေ ရှိနေသလိုပဲ
03:36
In theory, even if the rest of the tumor shrinks beyond detection during treatment,
63
216748
4738
သီအိုရီအရတော့၊ကုသစဉ်မှာ ကျန်ရှိတဲ့ကျူမာဟာ ရှာမတွေ့လောက်အောင် ကျုံ့သွားရင်တောင်မှ
03:41
a single residual cancer stem cell could seed the growth of a new tumor.
64
221486
6168
ကင်ဆာပင်မဆဲလ် တစ်လုံးဟာ နောက်ထပ်ကျူမာ အလုံးတစ်ခုကို ပြန်ကြီးထွားစေနိုင်တယ်
03:47
Figuring out how to target these stubborn cells
65
227654
2303
ဒီလိုခေါင်းမာတဲ့ဆဲလ်တွေကို ဘယ်လိုသတ်ရမလဲသိရင်တော
03:49
might help prevent cancers from coming back.
66
229957
4189
ကင်ဆာတွေပြန်ဖြစ်တာကို ကာကွယ်နိုင်ပါလိမ့်ယ်
03:54
Even if we solved those problems, we might face new ones.
67
234146
3390
ဒီပြဿနာတွေရှင်းပြီးရင်တောင်နောက်ထပ်အသစ် တွေကို ငါတို့ တွေ့ရနိင်သေးတယ်
03:57
Cancer cells are masters of adaptation,
68
237536
3131
ကင်ဆာဆဲလ်တွေက ဖိအားတွေအောက်မှာ ရှင်သန်ဖို့
04:00
adjusting their molecular and cellular characteristics to survive under stress.
69
240667
5271
ဆဲလ်တွေနဲ့မော်လီကျူးရဲ့သွင်ပြင်ကို ပြင်ဆင်ရာမှာ ဆရာကြီးပဲ
04:05
When they're bombarded by radiation or chemotherapy,
70
245938
2930
သူတို့ကို ခီမိုဆေးတွေ၊ဓာတ်ရောင်ခြည်တွေနဲ့ စုပြုံတိုက်တဲ့အခါ
04:08
some cancer cells can effectively switch on protective shields
71
248868
3911
အချို့ကင်ဆာဆဲလ်တွေဟာ သူတို့ရဲ့ ဗီဇကို ပြောင်းလိုက်ပြီး
04:12
against whatever's attacking them by changing their gene expression.
72
252779
4918
လာတိုက်နေတဲ့အရာတွေကို ခုခံဖို့ အကာအကွယ်တွေကို ဖွင့်လိုက်တယ်
04:17
Malignant cancers are complex systems that constantly evolve and adapt.
73
257697
4149
ကင်ဆာဆဲလ်တွေဟာ အဆက်မပြတ်ပြောင်းလဲနေပြီး အလိုက်သင့်နေတတ်တဲ့ ရှုပ်ထွေးတဲ့ စနစ်တွေပါ
04:21
To defeat them, we need to find experimental systems
74
261846
3455
သူတို့ကို နိုင်ဖို့ဆို၊ သူတို့ရဲ့ ရှုပ်ထွေးမှုနဲ့လိုက်တဲ့
04:25
that match their complexity,
75
265301
2032
စမ်းသပ် စနစ်တစ်ခုကို ရှာဖွေ၊ပြီးတော့
04:27
and monitoring and treatment options that can adjust as the cancer changes.
76
267333
5434
ကင်ဆာပြောင်းလဲမှုအလိုက် စောင့်ကြည့် ချိန်ညှိမယ့် ကုသနည်းလမ်းတွေ လိုပါတယ်
04:32
But the good news is we're making progress.
77
272767
3103
သတင်းကောင်းကတော့ ငါတို့ ခရီးပေါက်နေပါပြီ
04:35
Even with all we don't know,
78
275870
1410
မသိတာတွေအများကြီးနဲ့တောင်မှ
04:37
the average mortality rate for most kinds of cancer
79
277280
2570
ကင်ဆာအများစုအတွက် ပျမ်းမျှသေဆံုးမှုနှုန်းတွေဟာ
04:39
has dropped significantly since the 1970s and is still falling.
80
279850
5019
၁၉၇၀ တည်းက ကျဆင်းလာနေပြီး ဆက်လည်းကျနေပါတယ်
04:44
We're learning more every day,
81
284869
1491
ငါတို့ဟာ နေ့စဉ် သင်ယူနေကြပါတယ်
04:46
and each new piece of information gives us one more tool to add to our arsenal.
82
286360
4369
ရလာတဲ့အချက်လက်တိုင်းက လက်နက်တိုက်ထဲ ထည့်ဖို့ လက်နက်နောက်တစ်ခု ပေးလျက်ရှိပါတယ်
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7