The Chinese myth of the forbidden lovers - Shannon Zhao

968,135 views ・ 2022-04-28

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Sanntint Tint Reviewer: Myo Aung
00:06
In the celestial court of the Jade Emperor lived seven princesses.
0
6919
5172
ကျောက်စိမ်း ဧကရာဇ်ရဲ့ နတ်နန်းတော်မှာ မင်းသမီး ခုနှစ်ပါး နေထိုင်တယ်။
00:12
Each had their chosen place in court,
1
12675
2586
တစ်ပါးစီဟာ နန်းတော်ထဲမှာ သတ်မှတ်ထားတဲ့ နေရာရှိပေမဲ့
00:15
but the youngest princess had a special skill.
2
15261
3128
အထွေးဆုံး မင်းသမီးမှာတော့ ထူးခြားတဲ့ ကျွမ်းကျင်မှုတစ်ခုရှိတယ်။
00:18
She could pluck clouds from the sky and spin them into the softest robes.
3
18806
5673
သူဟာ ကောင်းကင်က တိမ်တွေကို ခူးပြီး အနူးညံ့ဆုံး ဝတ်ရုံတွေကို ရက်လုပ်နိုင်တာပါ။
00:24
Her work was so precise,
4
24812
1669
အကျွမ်းကျင်ဆုံး မျက်လုံးကတောင်
00:26
not even the most expert eye could find a seam.
5
26481
3878
ချုပ်ရိုးတစ်ကြောင်းကို မမြင်နိုင်အောင် သူ့လက်ရာက သိိပ်ကို တိကျတယ်။
00:30
But her craft was the same day after day, and she longed for new inspiration.
6
30735
6131
ဒါပေမဲ့ လက်ရာက တစ်နေ့ပြီးတစ်နေ့ ဒါပဲဖြစ်နေ တော့ ဥာဏ်ကွန့်မြူးမှုအသစ်ကို တောင့်တမိတယ်။
00:37
Finally, the Queen Mother granted the weaver permission to visit Earth.
7
37200
5005
နောက်ဆုံးမှာ မယ်တော် မိဖုရားကြီးက သူ့ကို ကမ္ဘာမြေကို လည်ပတ်ခွင့်ပေးခဲ့တယ်။
00:42
The other princesses would accompany her
8
42580
2085
အခြား မင်းသမီးတွေက လောကီရေးရာ ဘေးရန်တွေကနေ
00:44
to protect their sister from earthly dangers.
9
44665
3212
သူ့ကို ကာကွယ်ပေးဖို့ အဖော်လိုက်သွားကြမှာပါ။
00:48
Dressed in special robes that allowed them to fly between Heaven and Earth,
10
48503
4462
ကောင်းကင်နဲ့ မြေကြီးကြားမှာ သူတို့ကို ပျံခွင့်ပေးတဲ့ အထူး ဝတ်ရုံတွေကို ဝတ်ဆင်ကာ
00:52
the sisters soared down from the sky.
11
52965
2795
ညီအစ်မတွေဟာ ကောင်းကင်ကနေ ဝဲပျံဆင်းသက်လာခဲ့တယ်။
00:56
The weaver was in awe of the rolling hills and rivers,
12
56094
3795
ရက်ကန်းသမဟာ နိမ့်ချည်မြင့်ချည် တောင်ကုန်းတွေနဲ့ မြစ်တွေကို အံ့ဩမိပြီး
00:59
and the sisters decided to swim in one of the glittering streams.
13
59889
4213
ညီအစ်မတွေဟာ တလက်လက်တော်ပနေတဲ့စမ်းချောင်း တစ်ခုမှာ ရေကူးဖို့ ဆုံးဖြတ်လိုက်တယ်။
01:04
As the weaver floated, she dreamt about staying forever.
14
64644
4379
ရက်ကန်းသမက ရေမှာ မျောနေစဥ်မှာ ထာဝရ နေထိုင်တာကို စိတ်ကူးမိတယ်။
01:09
Meanwhile, a lone cowherd approached the riverbank.
15
69565
3879
တစ်ချိန်တည်းမှာပဲ တစ်ကိုယ်တော် နွားကျောင်း သားဟာ မြစ်ကမ်းကို ချဥ်းကပ်လာခဲ့တယ်။
01:14
He came here often to sweep his parent’s grave
16
74028
3087
သူဟာ ဒီနေရာကို သူ့မိဘတွေရဲ့ အုတ်ဂူကို လှည်းဖို့ မကြာခဏ လာပြီး
01:17
and speak with his only companion—
17
77115
2419
နွားကျောင်းသားရဲ့ သောကတွေကို စိတ်ရှည်ရှည်နဲ့
01:19
a stoic bull who listened patiently to the cowherd’s sorrows.
18
79867
5464
နားထောင်ပေးသူ လောကဓံကို ခံနိုင်တဲ့ နွားတစ်ကောင်နဲ့ စကားပြောတယ်။
01:25
But upon seeing the weaver’s beauty, the cowherd forgot his routine.
19
85748
5005
ဒါပေမဲ့ ရက်ကန်းသမရဲ့ အလှကို မြင်တော့ သူဟာ သူ့ရဲ့လုပ်ရိုးလုပ်စဥ်ကို မေ့သွားတယ်။
01:31
While he longed to introduce himself, his lonely lifestyle had made him timid.
20
91379
4963
မိတ်ဆက်ဖို့ တောင့်တမိပေမဲ့ သူ့ရဲ့အထီးကျန် ဘဝနေထိုင်ပုံက သူ့ကို ရှက်ရွံ့စေတယ်။
01:37
Thankfully, the bull saw his friend's plight and offered some advice.
21
97051
4797
ကံကောင်းထောက်မလို့ နွားက သူ့မိတ််ဆွေရဲ့ အကျဥ်းအကျပ်ကို မြင်ပြီး အကြံပေးခဲ့တယ်။
01:42
He told the cowherd of the swimmer’s celestial origins
22
102640
3712
သူက နွားကျောင်းသားကို ရေကူးသူတွေရဲ့ နတ်ဘုံဆိုင်ရာ ဇာတ်မြစ်တွေနဲ့ ကမ္ဘာမြေမှာ
01:46
and of her dream to stay on Earth;
23
106352
2419
နေထိုင်ဖို့ သူ့ရဲ့ စိတ်ကူးကို ပြောပြတယ်၊
01:49
but also that she could only remain if she lost her ticket back to Heaven.
24
109230
5964
ကောင်းကင်ဘုံကို ပြန်သွားဖို့ သူ့ရဲ့လက်မှတ် ပျောက်မှပဲ သူ ဆက်ရှိနေနိုင်မှာကိုရောပေါ့။
01:55
As the cowherd approached, the princesses flew away in fear—
25
115570
4254
နွားကျောင်းသားက ချဥ်းကပ်လာစဥ် မင်းသမီး တွေက စိတ်ကူးယဥ်နေတဲ့ ညီမကို ထားရစ်ကာ
01:59
leaving their dreaming sister behind.
26
119991
2711
အလန့်တကြား အဝေးကို ပျံသွားကြတယ်။
02:03
While keeping her magic robes hidden,
27
123619
2378
သူ့ရဲ့ မှော်ဝတ်ရုံ ကို ဆက်ဖုံးကွယ်ထားရင်း
02:05
the cowherd offered his own garment as a substitute.
28
125997
3628
နွားကျောင်းသားက အစားထိုးတစ်ခုအနေနဲ့ သူ့ကိုယ်ပိုင် အဝတ်ကို ပေးလိုက်တယ်။
02:09
And after gaining her trust, the pair began exploring the countryside.
29
129709
4212
သူ့ရဲ့ယုံကြည်မှု ရလာပြီးနောက်မှာ စုံတွဲဟာ ကျေးလက်ဒေသကို စတင် စူးစမ်းခဲ့ကြတယ်။
02:14
She was struck by his caring nature,
30
134172
2585
သူမက သူ့ရဲ့ ဂရုစိုက်တဲ့ စိတ်သဘောကို စွဲလမ်းသွားပြီး
02:16
and he learned to see the world’s wonder through her eyes.
31
136757
3921
သူကတော့ သူမရဲ့မျက်လုံးတွေကနေ လောကကြီးရဲ့ အံ့ဖွယ်ကို မြင်ဖို့ သင်ယူတယ်။
02:20
Before long, the two had fallen deeply in love.
32
140928
4255
မကြာခင်မှာပဲ နှစ်ဦးသားဟာ နက်ရှိုင်းစွာ ချစ်မိသွားတယ်။
02:26
The weaver and the cowherd built a prosperous life.
33
146225
3587
ရက်ကန်းသမနဲ့ နွားကျောင်းသားဟာ ဥစ္စာဓန ကြွယ်ဝတဲ့ ဘဝတစ်ခုကို တည်ဆောက်ခဲ့တယ်။
02:30
Their farm flourished, and the weaver taught her skills to local villagers.
34
150229
5005
သူတို့ရဲ့လယ်ယာဟာ ဖြစ်ထွန်းပြီး ရက်ကန်းသမဟာ ကျွမ်းကျင်မှုတွေကို ဒေသခံတွေကို သင်ပေးတယ်။
02:35
As time marched on, the pair was blessed with two healthy children,
35
155902
4713
အချိန်ကြာလာတော့ စုံတွဲဟာ ကျန်းမာတဲ့ သားသမီးနှစ်ယောက် ပေးသနားခံရပေမဲ့
02:40
but their bull was growing old.
36
160615
2252
နွားကတော့ အိုးမင်းလာတယ်။
02:43
Before he died, the bull implored the family to keep his hide
37
163618
4170
သူ မသေခင် နွားက သူ့သားရေကို ဆောင်ထားပြီး လိိုအပ်တဲ့အချိန်မှာဒါရဲ့မှော်အစွမ်းကို
02:47
and use its magic at their time of need.
38
167788
2711
အသုံးပြုဖို့ မိသားစုကို ပန်ကြားခဲ့တယ်။
02:52
While the husband grieved for his friend,
39
172710
2377
သူ့မိတ်ဆွေအတွက် ခင်ပွန်းသည်က ကြေကွဲနေပေမဲ့
02:55
the weaver’s mind turned to her other family.
40
175087
3379
ရက်ကန်းသမရဲ့ စိတ်က သူ့ရဲ့ အခြားမိသားစုဆီ ရောက်နေတယ်။
02:58
Dusting off her magical robe, she decided to pay a visit to the heavens.
41
178466
4629
သူ့ရဲ့ မှော်ဆန်တဲ့ ဝတ်ရုံကို ဖုန်ခါရင်း ကောင်းကင်ဘုံကို အလည်သွားဖို့ ဆုံးဖြတ်တယ်။
03:03
But when the weaver swept into her old home,
42
183554
2586
ဒါပေမဲ့ ရက်ကန်းသမက သူရဲ့အိမ်ဟောင်းထဲကို ဝင်သွားတဲ့အခါ
03:06
no one seemed surprised to see her.
43
186140
2961
ဘယ်သူမှ သူ့ကို အံ့သြသွားပုံမပေါ်ဘူး။
03:09
With a start, she realized that barely any time had passed—
44
189477
4254
အစမှာတော့ ကမ္ဘာပေါ်က တစ်နှစ်တာ အချိန်ဟာ ကောင်းကင်ဘုံမှာ
03:13
for a year on Earth was merely a day in Heaven.
45
193731
4046
တစ်ရက်ပဲဆိုတာကို သူ သဘောပေါက်ခဲ့တယ်။
03:18
When her family learned of her new life, they were enraged.
46
198611
3795
သူ့မိသားစုက သူ့ဘဝသစ်အကြောင်း သိလာတဲ့အခါ ဒေါသ ထွက်သွားတယ်။
03:22
How dare she waste her love on a human?
47
202406
2545
လူသားအပေါ် အချစ်တွေကို ဖြုန်းတီးဖို့ သတ္တိရှိလိုက်တာ။
ရက်ကန်းသမက ကမ္ဘာမြေဆီ ပြန်ပြေးဖို့ ကြိုးစားပေမဲ့
03:25
The weaver tried to escape back to Earth,
48
205159
2169
03:27
but the Queen Mother plucked a golden hairpin from her head
49
207328
3337
မယ်တော် မိဖုရားက သူ့ခေါင်းက ရွှေဆံညှပ်ကို နှုတ်ယူကာ
03:30
and tore through the sky.
50
210665
1876
ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်တယ်။
03:32
A great gulf opened, forming a river of stars between Heaven and Earth.
51
212541
5464
အက်ကြောင်းကြိးတစ်ခု ပွင့်လာကာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကြယ်မြစ်တစ်စင်းပေါ်လာတယ်။
03:38
Below, the cowherd trembled, but he also remembered the bull’s final words.
52
218464
6757
အောက်ဘက်မှာ နွားကျောင်းသားဟာ တုန်နေပေမဲ့ နွားရဲ့နောက်ဆုံးစကားတွေကိုပါ သတိရသွားတယ်။
03:45
Hastily placing each child in a basket,
53
225846
3129
ကလေးတစ်ယောက်စီကို ခြင်းတောင်းတစ်ခုထဲ အလျင်အမြန်ထည့်ကာ
03:48
he draped the bull’s pelt over his back and hurtled upwards.
54
228975
4546
နွားသားရေကို ကျောမှာ ခြုံကာ အပေါ်ဘက်ကို တစ်ရှိန်ထိုး တွန်းလိုက်တယ်။
03:53
Above the clouds, each lover attempted to wade through the surging stars.
55
233896
4671
တိမ်တွေထက်မှာ ချစ်သူတစ်ယောက်စီဟာ တလိပ်လိပ် တက်နေတဲ့ကြယ်တွေကို ကူးဖြတ်ဖို့ကြိုးစားတယ်။
03:58
But no matter how hard they struggled,
56
238567
2336
ဒါပေမဲ့ ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ
04:00
the gulf between them only grew wider.
57
240903
2544
သူတို့ကြားက အက်ကြောင်းက ပိုကျယ်လာတယ်။
04:03
Day after day, the Queen Mother watched without pity.
58
243948
4004
တစ်နေ့ပြီးတစ်နေ့ မယ်တော် မိဖုရားကြီးဟာ သနားခြင်းမရှိဘဲ စောင့်ကြည့်နေခဲ့တယ်။
04:08
Years passed, and the weaver and the cowherd had no one,
59
248160
4255
နှစ်တွေကုန်လွန်သွားတော့ ရက်ကန်းသမနဲ့ နွားကျောင်းသားမှာ သူတို့ကို အားပေးဖို့
04:12
except the passing magpies to cheer them on.
60
252415
3086
ဖြတ်ပျံသွားတဲ့ ငှက်ကျားတွေကလွဲလို့ ဘယ်သူမှ မရှိတော့ဘူး။
04:15
Finally, their love moved the Queen Mother’s heart.
61
255876
3546
နောက်ဆုံးမှာ သူတို့အချစ်က မိဖုရားကြီးရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့တယ်။
04:19
While she couldn’t forgive her granddaughter entirely,
62
259422
2586
သူ့မြေးတော်ကို လုံးဝ ခွင့်မလွှတ်နိုင်ပေမဲ့
04:22
the Queen Mother would allow the weaver to meet her earthly family once a year.
63
262008
5463
မယ်တော်မိဖုရားက ရက်ကန်းသမကို တစ်နှစ် တစ်ခါ သူ့ရဲ့လောကီ မိသားစုနဲ့ တွေ့ဆုံခွင့်ပေးတယ်။
04:27
And so, in late summer, the magpies form a bridge across the Milky Way,
64
267763
5839
ဒီလိုနဲ့ နွေရာသီနှောင်းမှာ ငှက်ကျားတွေဟာ နဂါးငွေ့တန်းကိုဖြတ်ကာ တံတားပုံစံဖြစ်လာပြီး
04:33
reuniting the weaver and the cowherd.
65
273602
2753
ရက်ကန်းသမနဲ့ နွားကျောင်းသားတို့ ပြန်လည်ပေါင်းစည်းကြတယ်။
04:37
At this time of year, millions of people in East and Southeast Asian countries
66
277398
5005
တစ်နှစ်တာရဲ့ ဒီအချိန်မှာ အရှေ့နဲ့ အရှေ့ တောင်အာရှနိုင်ငံတွေက သန်းချီတဲ့ လူတွေဟာ
04:42
tell similar tales of these star-crossed lovers,
67
282403
3253
ကြမ္မာငင်တဲ့ ချစ်သူတွေအကြောင်း အလားတူပုံပြင်များကို ပြောပြရင်း
04:45
celebrating their annual reunion.
68
285656
2628
သူတို့ရဲ့ နှစ်စဉ်ပြန်လည် ဆုံဆည်းမှုကို ဆင်နွှဲကြတယ်။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7