How to see with sound - Jacques S. Abramowicz

358,459 views ・ 2021-04-01

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Kyaw Soe Moe Reviewer: Sanntint Tint
00:06
In a pitch-black cave, bats can’t see much.
0
6746
3208
ပိန်းပိတ်အောင်မှောင်နေတဲ့ လိုဏ်ဂူထဲမှာ လင်းနို့တွေဟာ ဘာမှသိပ်မမြင်ရပါဘူး။
00:09
But even with their eyes shut,
1
9954
1750
သူတို့ဟာ မျက်လုံးတွေ ပိတ်ထားရင်တောင်မှ
00:11
they can navigate rocky topography at incredible speeds.
2
11704
4125
ကျောက်ဆောင်တွေကြားထဲမှာ မယုံနိုင်လောက်အောင်မြန်မြန်သွားနိုင်ကြတယ်။
00:15
This is because a bat’s flight isn’t just guided by its eyes,
3
15829
3500
ဘာလို့လဲဆိုတော့ လင်းနို့တွေက မျက်လုံးနဲ့ကြည့်ပြီး ပျံနေတာမဟုတ်ဘဲ
00:19
but rather, by its ears.
4
19329
2084
နားနဲ့ လမ်းရှာပြီးတော့ ပျံသန်းနေတာဖြစ်ပါတယ်။
00:21
It may seem impossible to see with sound,
5
21413
3125
အသံကြားရုံနဲ့ မြင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့
00:24
but bats, naval officers, and doctors do it all the time,
6
24538
4416
လင်းနို့တွေ၊ ရေတပ်အရာရှိတွေ၊ ဆရာဝန်တွေက အယ်ထရာဆောင်းရဲ့ထူးကဲတဲ့ သတ္တိကိုသုံးပြီး
00:28
using the unique properties of ultrasound.
7
28954
3000
ပုံရိပ်ဖော်ကြည့်တာကို တစ်ချိန်လုံး လုပ်နေကြပါတယ်။
00:32
All sound is created when molecules in the air, water,
8
32787
4167
အသံအားလုံးက လေ၊ ရေနဲ့ တခြား ကြားခံဝတ္ထုတွေရဲ့မော်လီကျူးလေးတွေက
00:36
or any other medium vibrate in a pulsing wave.
9
36954
3750
လှိုင်းလိုမျိုးတုန်ခါမှုကြောင့် ဖြစ်ပေါ်လာတာပါ။
00:40
The distance between each peak determines the wave’s frequency,
10
40704
3333
လှိုင်းထိပ်နှစ်ခုကြားက အကွာအဝေးက လှိုင်းရဲ့“ကြိမ်နှုန်း“ကို ဆုံးဖြတ်တယ်။
00:44
measured as cycles per second, or hertz.
11
44037
3625
သူ့ကို တစ်စက္ကန့်မှာရှိတဲ့ လှိုင်းအရေအတွက် ဒါမှမဟုတ် “ဟာ့စ်” လို့ခေါ်တယ်။
00:47
This means that over the same amount of time,
12
47662
2500
ကြိမ်နှုန်းမြင့်တဲ့လှိုင်းတွေက နိမ့်တဲ့လှိုင်းတွေထက်
00:50
a high frequency wave will complete more cycles than a low frequency one.
13
50162
4959
တူညီတဲ့အချိန်အတွင်းမှာပဲ လှိုင်းအရေအတွက်ပိုများများဖြတ်သွားပါတယ်။
00:55
This is especially true of ultrasound,
14
55121
2958
အယ်ထရာဆောင်းအတွက်ဆိုရင်တော့ အဲဒါကပိုမှန်တာပေါ့။
00:58
which includes any sound wave exceeding 20,000 cycles per second.
15
58079
4833
အယ်ထရာဆောင်းမှာဆိုရင် စက္ကန့်ကို လှိုင်းအရေအတွက်ပေါင်း ၂၀,၀၀၀ကျော်ရှိပါတယ်။
01:03
Humans can't hear or produce sounds with such high frequencies,
16
63912
4501
လူတွေက ဒီလောက်ကြိမ်နှုန်းမြင့်တဲ့အသံတွေကို မထုတ်လုပ်နိုင်သလိုကြားလည်းမကြားနိုင်ပါဘူး။
01:08
but our flying friend can.
17
68413
2625
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပျံသန်းနိုင်တဲ့ သူငယ်ချင်းက လုပ်နိုင်တယ်။
01:11
When it’s too dark to see, he emits an ultrasound wave with tall peaks.
18
71038
5625
အမှောင်ထဲမှာမမြင်ရတဲ့အခါလှိုင်းထိပ်ရှည်တဲ့ အယ်ထရာဆောင်းတွေကို သူထုတ်လွှတ်လိုက်တယ်။
01:16
Since the wave cycles are happening so quickly,
19
76663
2958
လှိုင်းတွေက အရမ်းမြန်မြန်ရွေ့နေတဲ့အတွက်
01:19
wave after wave rapidly bounces off nearby surfaces.
20
79621
4458
နီးစပ်ရာမျက်နှာပြင်ကို မြန်မြန်ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာပါတယ်။
01:24
Each wave’s tall peak hits every nook and cranny,
21
84079
3709
လှိုင်းတစ်ခုချင်းစီရဲ့ လှိုင်းထိပ်တွေက နေရာအနှံ့ကိုရိုက်ခတ်ပြီး
01:27
producing an echo that carries a lot of information.
22
87788
3750
အချက်အလက်တွေအများကြီး သယ်ဆောင်လာတဲ့ ပဲ့တင်သံဖြစ်လာပါတယ်။
01:31
By sensing the nuances in this chain of echoes,
23
91538
3750
ဆက်တိုက်ရောက်လာတဲ့ ပဲ့တင်သံတွေကို အနုစိတ်အာရုံခံပြီးတော့
01:35
our bat can create an internal map of its environment.
24
95288
4083
ကျွန်တော်တို့ လင်းနို့က သူ့ပတ်ဝန်းကျင်ရဲ့ မြေပုံကိုစိတ်ထဲမှာ ဖန်တီးလိုက်ပါတယ်။
01:40
This is how bats use sound to see,
25
100079
2584
ဒီလိုနည်းနဲ့ လင်းနို့က အသံကိုသုံးပြီးမြင်နိုင်ပါတယ်။
01:42
and the process inspired humans to try and do the same.
26
102663
3833
ဒီဖြစ်စဉ်ကြောင့်ပဲ လူသားတွေက ဒီနည်းအတိုင်းလုပ်ဆောင်ဖို့ အကြံရသွားပါတယ်။
01:46
In World War One, French scientists sent ultrasound beams into the ocean
27
106496
5333
ပထမကမ္ဘာစစ်တုန်းကပြင်သစ်သိပ္ပံပညာရှင်တွေဟာ အသံလှိုင်းတွေကို သမုဒ္ဒရာထဲလွှတ်ပြီး
01:51
to detect nearby enemy submarines.
28
111829
2917
အနီးနားက ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းခဲ့ကြပါတယ်။
01:54
This early form of SONAR was a huge success,
29
114746
3625
ဆိုနာရဲ့ အစပိုင်းပုံစံက အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ပါတယ်။
01:58
in large part because sound waves travel even faster through mediums
30
118371
4083
ဘာဖြစ်လို့လဲဆိုတော့ အသံလှိုင်းတွေက မော်လီကျူးလေးတွေအများကြီးပြွတ်သိပ်နေတဲ့
02:02
with more tightly packed molecules, like water.
31
122454
3542
ရေလိုမျိုး ကြားခံပစ္စည်းတွေမှာ ပိုပြီးမြန်မြန်သွားလို့ပါ။
02:05
In the 1950s, medical professionals began to experiment with this technique
32
125996
4750
၁၉၅၀ ပြည့်နှစ်တွေမှာ ဆေးပညာရှင်တွေက လူနာရဲ့ကိုယ်တွင်းအစိတ်အပိုင်းတွေကို
02:10
as a non-invasive way to see inside a patient’s body.
33
130746
4083
ခွဲစိတ်စရာမလိုဘဲ မြင်ရဖို့ ဒီနည်းပညာကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။
02:14
Today, ultrasound imaging is used to evaluate organ damage,
34
134829
4334
ဒီနေ့အချိန်ခါမှာတော့ အယ်ထရာဆောင်းဟာ ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေကိုစစ်ဆေးဖို့
02:19
measure tissue thickness, and detect gallbladder stones, tumors,
35
139163
4166
တစ်ရှူးတွေရဲ့အထူကိုတိုင်းဖို့၊ သည်းခြေကျောက်တွေ၊ ကင်ဆာအကျိတ်တွေကိုရှာဖို့
02:23
and blood clots.
36
143329
1209
သွေးခဲတွေကိုရှာဖို့ သုံးနေပါပြီ။
02:24
But to explore how this tool works in practice,
37
144954
3167
ဒါပေမဲ့ ဒီကိရိယာက လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာဖို့
02:28
let’s consider its most well-known use— the fetal ultrasound.
38
148121
4417
နာမည်အကြီးဆုံး “သ‌န္ဓေသားအယ်ထရာဆောင်း” ကိုစဉ်းစားကြည့်ရအောင်။
02:33
First, the skin is covered with conductive gel.
39
153371
2958
ပထမဆုံးအရေပြားကို အသံကူးဂျယ်လ် နဲ့ အရင်ဆုံးသုတ်ပါတယ်။
02:36
Since sound waves lose speed and clarity when traveling through air,
40
156329
4000
အသံလှိုင်းတွေက လေကိုဖြတ်သွားရင် မမြန်တော့သလို၊ မပြတ်သားတော့ပါဘူး။
02:40
this gooey substance ensures an airtight seal
41
160329
3042
ဒါကြောင့်ဒီစေးကပ်ကပ်ပစ္စည်းလေးက အယ်ထရာဆောင်းစက်နဲ့ခန္ဓာကိုယ်ကြားမှာ
02:43
between the body and the wand emitting ultrasound waves.
42
163371
4208
လေလုံအောင် ပိတ်ထားပေးပါတယ်။
02:47
Then the machine operator begins sending ultrasound beams into the body.
43
167579
4959
ပြီးတော့ စက်ကိုအသုံးပြုတဲ့လူက အယ်ထရာဆောင်းကိုခန္ဓာကိုယ်ထဲကိုလွှတ်ပါမယ်။
02:52
The waves pass through liquids like urine, blood, and amniotic fluid
44
172538
4166
ဒီလှိုင်းတွေဟာ ဆီး ၊ သွေး ၊ ရေမွှာရည်လို အရည်တွေကိုဖြတ်တဲ့အခါ
02:56
without creating any echoes.
45
176704
2084
ပဲ့တင်သံတွေ ပြန်မလာပါဘူး။
02:58
But when a wave encounters a solid structure, it bounces back.
46
178788
4666
ဒါပေမဲ့ အစိုင်အခဲတွေနဲ့တွေ့တဲ့အခါမှာ ပြန်ကန်ထွက်လာပါတယ်။
03:03
This echo is rendered as a dot on the imaging screen.
47
183454
3917
ပြန်ကန်လာတဲ့ ပဲ့တင်သံကို ပုံရိပ်ဖော်တဲ့ မျက်နှာပြင်မှာ အစက်လေးအနေနဲ့ပြပါတယ်။
03:07
Objects like bones reflect the most waves,
48
187996
2792
အရိုးလိုမျိုးအရာတွေက အသံလှိုင်းအများဆုံးပြန်လာနိုင်ပြီးတော့
03:10
appearing as tightly packed dots forming bright white shapes.
49
190788
4083
ပူးကပ်နေတဲ့အစက်လေးတွေအများကြီးဖြစ်သွားပြီး တောက်ပနေတဲ့အဖြူရောင်ပုံစံမျိုးမြင်ရမှာပါ။
03:15
Less dense objects appear in fainter shades of gray,
50
195413
3541
သိပ်ပြီး သိပ်သည်းဆ မများတဲ့အရာတွေကတော့ အရောင်ပိုဖျော့တဲ့မီးခိုးရောင်အရိပ်တွေအဖြစ်
03:18
slowly creating an image of the fetus’s internal organs.
51
198954
4167
တွေ့ရပြီးတော့ သန္ဓေသားလေးရဲ့ ကိုယ်တွင်း အင်္ဂါတွေကိုတဖြည်းဖြည်းပုံဖော်မှာပါ။
03:23
To get a complete picture,
52
203663
1541
ပြည့်စုံတဲ့ပုံရိပ်တစ်ခု ရဖို့ဆိုရင်
03:25
waves need to reach different depths in the patient’s body,
53
205204
3500
လှိုင်းတွေက လူနာခန္ဓာကိုယ်ရဲ့မတူညီနဲ့ အနက်တွေ အထိရောက်ဖို့လိုပါတယ်။
03:28
bypassing some tissues while echoing off others.
54
208704
3917
တချို့လှိုင်းတွေကိုဖြတ်ခိုင်းလိုက်ပြီး တချို့ကိုတော့ ပဲ့တင်လှိုင်းဖြစ်စေပါတယ်။
03:32
Since longer, low frequency waves actually penetrate deeper
55
212621
4125
ပိုရှည်တဲ့၊ကြိမ်နှုန်းပိုတိုတဲ့လှိုင်းတွေက ပိုတိုပြီးကြိမ်နှုန်းမြင့်တဲ့လှိုင်းတွေထက်
03:36
than short, high frequency ones,
56
216746
2000
ပိုပြီးနက်နက် ထိုးဖောက်နိုင်တဲ့အတွက်
03:38
multiple frequencies are often used together
57
218746
3167
မတူညီတဲ့ ကြိမ်နှုန်းတွေအများကြီးနဲ့ အယ်ထရာဆောင်းတွေကိုအတူတူတွဲသုံးကြပြီး
03:41
and composited into a life-like image.
58
221913
3416
တကယ့်သက်ရှိပုံရိပ်နဲ့တူအောင် ဖွဲ့စည်းလိုက်ပါတယ်။
03:45
The operator can then zoom in and focus on different areas.
59
225329
4000
စက်ကိုအသုံးပြုတဲ့လူက မတူညီတဲ့နေရာတွေကို ပုံကြီးချဲ့ပြီး၊ အသေးစိတ်ကြည့်လို့ရပါတယ်။
03:49
And since ultrasound machines send and receive cascades of waves in real time,
60
229329
5709
အယ်ထရာဆောင်းစက်တွေလှိုင်းတွေ အများကြီးကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်၊လက်ခံနေလို့
03:55
the machine can even visualize movement.
61
235038
2916
စက်က လှုပ်ရှားမှုကိုတောင်မှ ပုံရိပ်ဖော်ပေးနိုင်ပါတယ်။
03:58
The waves used for medical ultrasound range from 2 million to 10 million hertz—
62
238746
5458
ဆေးအယ်တရာဆောင်းမှာသုံးတဲ့လှိုင်းတွေက ၂သန်းကနေ၁၀သန်းဟာ့စ်ကြားမှာရှိပြီး
04:04
over a hundred times higher than human ears can hear.
63
244204
3625
လူသားတို့နားနဲ့ကြားနိုင်တဲ့အသံထက် အဆ ၁၀၀မက ပိုများနေပါတယ်။
04:08
These incredibly high frequencies create detailed images
64
248329
3917
ဒီလိုမယုံနိုင်လောက်စရာ ကြိမ်နှုန်းမြင့် အသံတွေက တိကျတဲ့ ပုံရိပ်တွေဖော်ပေးပြီး
04:12
that allow doctors to diagnose the smallest developmental deviations
65
252246
4333
ဦးနှောက်၊ နှလုံး ၊ ကျောရိုးစတဲ့နေရာတွေရဲ့ သန္ဓေချို့ယွင်းချက် သေးသေးလေးတွေကိုတောင်မှ
04:16
in the brain, heart, spine, and more.
66
256579
3042
ဆရာဝန်တွေက တွေ့ရှိပြီး ရောဂါအမည်တပ်နိုင်ပါတယ်။
04:20
Even outside of pre-natal care,
67
260204
2292
မမွေးဖွားခင်ကိုယ်ဝန်စောင့်ရှောက်ခြင်းအပြင် ဆေးအယ်ထရာဆောင်းက
04:22
medical ultrasound has huge advantages over similar technologies.
68
262496
4375
ဆင်တူတဲ့နည်းပညာတွေထက် ပိုကောင်းတဲ့ အားသာချက်တွေအများကြီးရှိပါတယ်။
04:26
Unlike radiation-based imaging or invasive surgical procedures,
69
266871
4583
ရေဒီယိုသတ္တိကြွဓာတ်သုံး ပုံရိပ်ဖော်နည်းတွေ ခွဲစိတ်တဲ့နည်းတွေနဲ့ မတူတာကတော့
04:31
ultrasound has no known negative side effects when used properly.
70
271454
4167
အယ်ထရာဆောင်းက သေသေချာချာအသုံးပြုရင် ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါပဲ။
04:35
At very high levels, the heat caused by ultrasound waves
71
275621
4042
အယ်ထရာဆောင်းကို ပမာဏအများကြီးသုံးရင်တော့ အယ်ထရာဆောင်းက ထွက်လာတဲ့ အပူတွေက
04:39
can damage sensitive tissues,
72
279663
1916
ထိရှလွယ်တဲ့ တစ်ရှူးတွေကို ပျက်စီးနိုင်ပါတယ်။
04:41
but technicians typically use the lowest levels possible.
73
281579
3834
ဒါပေမဲ့ အသုံးပြုတဲ့ပညာရှင်တွေကတော့ တတ်နိုင်သမျှအနည်းဆုံးပမာဏကိုသုံးကြပါတယ်။
04:45
And since modern ultrasound machines can be small and portable,
74
285413
3791
ပြီးတော့ အခုခေတ်ပေါ် အယ်ထရာဆောင်းတွေက သေးငယ်ပြီး သယ်ရလွယ်တဲ့အတွက်
04:49
doctors can use them in the field—
75
289204
2209
လက်တွေ့လုပ်ငန်းခွင်မှာ အသုံးပြုနိုင်ပြီး ဘယ်လိုအရေးပေါ်အခြေအနေမှာမဆို
04:51
allowing them to see clearly in any medical emergency.
76
291413
3708
ဆရာဝန်တွေက လူနာကို ထင်ထင်ရှားရှားကြည့်လို့ရမှာပါ။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7