Christine Carter: The 1-minute secret to forming a new habit | TED

199,292 views ・ 2021-01-26

TED


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

00:00
Transcriber: Joseph Geni Reviewer: Camille Martínez
0
0
7000
Translator: Sanntint Tint Reviewer: Myo Aung
00:13
I don't know about you,
1
13460
1769
ရှင်တို့တော့ မသိဘူး။
00:15
but when our family got the stay-at-home order in March of 2020,
2
15253
3386
ဒါပေမဲ့ ၂၀၂၀ မတ်လမှာ အိမ်မှာနေဖို့ အမိန့်ရတော့
00:18
I came out of the gates pretty darn hot.
3
18663
2686
အတော့ကို ပူတဲ့ ဝင်းတံခါးတွေကနေ ကျွန်မ ထွက်ခဲ့တယ်၊
00:22
"Embrace not being so busy," I wrote.
4
22091
3129
“သိပ် အလုပ်ရှုပ်မနေခြင်းကို လက်ခံလိုက်ပါ” လို့ ရေးလိုက်တယ်။
00:25
"Take this time at home to get into a new happiness habit."
5
25244
4789
“ပျော်ရွှင်မှု အလေ့အကျင့်သစ်တစ်ခုနဲ့ အသားကျဖို့ အိမ်မှာ ဒီအချိန်ကို ယူလိုက်ပါ။”
00:30
That seems hilarious to me now.
6
30640
3945
အခုတော့ ဒါက ကျွန်မအတွက် ရယ်စရာကောင်းနေတယ်။
00:34
My pre-coronavirus routines fell apart hard and fast.
7
34609
4835
ကိုရိုနာဗိုင်းရပ်စ် အကြို ပုံမှန်အလုပ်တွေ ဟာ ပြင်းပြင်းနဲ့ မြန်မြန် ပြိုကွဲသွားတယ်။
00:39
Some days I would realize at dinnertime
8
39468
3283
တချို့နေ့တွေမှာ ကျွန်မဟာ ရေမချိုးခဲ့တာ
00:42
that not only had I not showered or gotten dressed that day,
9
42775
3838
(သို့)အဝတ်မလဲခဲ့တာအပြင် သွားတောင် မတိုက်ခဲ့တာကို
00:46
but I hadn't even brushed my teeth.
10
46637
2253
ညစာစားချိန်ရောက်မှပဲ သိတော့တယ်။
00:49
Even though I have coached people for a very long time
11
49320
2885
ထိရောက်တဲ့၊ သိပ္ပံအခြေခံ အလေ့အကျင့် ဖြစ်ပေါ်မှု နည်းစနစ်ကို
00:52
in an effective, science-based method of habit formation,
12
52229
4632
အချိန်အတော်ကြာ လူတွေကို သင်တန်းပေးခဲ့တာတောင်
00:56
I struggled.
13
56885
1459
ကျွန်မ ရုန်းကန်ခဲ့ရတယ်။
00:58
Truth be told, for the first few months of the pandemic,
14
58825
3235
အမှန်ပြောရရင် ကမ္ဘာ့ကပ်ရောဂါရဲ့ ပထမ လအနည်းငယ်မှာတော့
01:02
I more or less refused to follow my own best advice.
15
62084
5066
ကိုယ့်ကိုယ်ပိုင် အကောင်းဆုံး အကြံဉာဏ်ကို လိုက်နာဖို့ ငြင်းဆိုသလောက်ပါ။
01:07
This is because I love to set ambitious goals.
16
67682
3899
ဘာလို့လဲဆိုတော့ ရည်မှန်းချက်ကြီးတဲ့ ပန်းတိုင်တွေချမှတ်တာကို ကြိုက်လို့ပါ။
01:11
Getting into a good little habit
17
71605
2434
အလေ့အကျင့်ကောင်းလေးတစ်ခု ကျင့်သားရဖို့က
01:14
is just so much less exciting to me
18
74063
2787
ကြီးမား၊ပျစ်နှစ်၊ရဲရင့်တဲ့ ပန်တိုင်တစ်ခုကို ပွေ့ဖက်ရတာထက်
01:16
than embracing a big, juicy, audacious goal.
19
76874
4427
ကျွန်မအတွက် စိတ်လှုပ်ရှားမှု အများကြီး ပိုနည်းတယ်။
01:22
Take exercise, for example.
20
82044
2862
ဥပမာ လေ့ကျင့်ခန်းယူတာပါ။
01:24
When the coronavirus hit,
21
84930
1607
ကိုရိုနာဗိုင်းရပ်စ် ဖြစ်တော့
01:26
I optimistically embraced the idea
22
86561
2468
အပြင်မှာ ပြန်ပြေးလို့ ရနိုင်တယ်ဆိုတဲ့
01:29
that I could get back into running outside.
23
89053
3410
စိတ်ကူးကို ယုံကြည်စိတ်ချစွာ လက်ခံခဲ့တယ်။
01:32
I picked a half-marathon to train for
24
92487
2463
လေ့ကျင့်ဖို့ မာရသွန် တစ်ဝက်ကို ရွေးခဲ့ပြီး
01:34
and spent a week or so meticulously devising
25
94974
3627
အလွန် အသေးစိတ်ကျတဲ့ လေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ဖန်တီးရာမှာ
01:38
a very detailed training plan.
26
98625
2801
တစ်ပတ်လောက် ကုန်ဆုံးခဲ့တယ်။
01:41
But then I actually only stuck to my ambitious training schedule
27
101974
3414
ဘယ်လိုပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကြီးတဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ သီတင်းပတ်
01:45
for a few weeks.
28
105412
1214
အနည်းငယ် တကယ် စွဲလုပ်တယ်။
01:46
All that planning and preparation
29
106650
1838
စီစဉ်တာနဲ့ ပြင်ဆင်တာအားလုံးက
01:48
led only to a spectacular failure to exercise.
30
108512
5670
လေ့ကျင့်ခန်းလုပ်ဖို့ အံ့မခန်းဖွယ် ပျက်ကွက်မှုဆီ ဦးတည်သွားတယ်။
01:54
I skipped my training runs,
31
114823
1337
ဘယ်တုန်းကမှ ဒီထက် ပိုပြီး
01:56
despite feeling like the importance of exercise
32
116184
3418
လန်းဆန်းကြည်လင်မှုကို ယူမလာပေးဖူးတဲ့ လေ့ကျင့်ခန်းနဲ့ ကောင်းမွန်တဲ့
01:59
and the good health that it brings
33
119626
2350
ကျန်းမာရေးရဲ့ အရေးပါမှုနဲ့ သိနေပေမဲ့
အပြေးလေ့ကျင့်တာတွေကို လစ်ခဲ့တယ်။
02:02
has never been more bracingly clear.
34
122000
3441
02:06
The truth is that our ability to follow through on our best intentions,
35
126393
5766
အမှန်က ဒါက အကောင်းဆုံး ရည်ရွယ်ချက်တွေကို ဆုံးခန်းတိုင်လိုက်ဖို့ ကျွန်မတို့အစွမ်းပါ။
02:12
to get into a new habit like exercise
36
132183
2271
လေ့ကျင့်ခန်းလို အကျင့်သစ် တစ်ခုကို အသားကျဖို့
02:14
or to change our behavior in any way, really,
37
134478
2924
(သို့) အပြုအမူကို ပြောင်းလဲဖို့က
02:17
doesn't actually depend on the reasons we might do it
38
137426
3415
ကျွန်မတို့ လုပ်နိုင်လောက်တဲ့ အကြောင်းပြချက်တွေ
02:20
or on the depth of our convictions that we should do so.
39
140865
4712
(သို့) ကျွန်မတို့ လုပ်သင့်တဲ့ ခံယူချက်တွေအပေါ် မူမတည်ဘူး။
02:26
It doesn't depend on our understanding of the benefits
40
146088
3600
ဒါက ကျွန်မတို့ရဲ့ ထူးခြားတဲ့ အပြုအမူရဲ့ အကျိုးကျေးဇူးတွေကို
02:29
of our particular behavior
41
149712
1895
နားလည်ခြင်းအပေါ် မူတည်တာပါ။
02:31
or even on the strength of our willpower.
42
151631
2699
(သို့) စိတ်စွမ်းအားရဲ့ အင်အားအပေါ်မှာတောင်ပါ။
02:34
It depends on our willingness to be bad at our desired behavior.
43
154822
6451
ဒါက စွဲလမ်းနေတဲ့ အပြုအမူမှာ ညံဖျင်းစေဖို့ ကျွန်မတို့ရဲ့ စိတ်ဆန္ဒအပေါ် မူတည်တယ်။
02:41
And I hate being bad at stuff.
44
161858
3244
ဒီကိစ္စမှာ ညံ့နေတာကို ကျွန်မ မုန်းတယ်။
02:45
I am a go-big-or-go-home kind of a gal.
45
165126
3166
ကျွန်မက မီးကုန်ယမ်းကုန် လုပ်တတ်တဲ့ မိန်းကလေးမျိုးပါ။
02:48
I like being good at things,
46
168895
1398
အရာတွေမှာ တော်တာ ကြိုက်တယ်။
02:50
and I quit exercising
47
170317
2024
လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်တယ်။
02:52
because I wasn't willing to be bad at it.
48
172365
3403
ဘာလို့လဲဆိုတော့ ဒီမှာ ညံ့မနေချင်လို့လေ။
02:56
Here's why we need to be willing to be bad:
49
176271
2429
ဒီမှာ ကျွန်မတို့ လိုတာက ညံ့ချင်တဲ့စိတ်ရှိတာပါ။
02:59
being good requires that our effort and our motivation
50
179375
4753
တော်တာက အားထုတ်မှုနဲ့ စိတ်ပါဝင်စားမှု တစ်ခုနဲ့တစ်ခု
03:04
be in proportion to each other.
51
184152
2879
အချိုးအစားကျဖို့ လိုအပ်တယ်လေ။
03:07
The harder something is for us to do,
52
187586
2351
တစ်ခုခုက ကျွန်မတို့အတွက် လုပ်ဖို့ပိုခက်လေ၊
03:09
the more motivation we need to do that thing.
53
189961
4061
ဒါကို လုပ်ဖို့ စိတ်ပါဝင်စားမှု ပိုလိုလေပါ။
03:14
And you might have noticed,
54
194648
1613
သင် သတိထားမိလောက်ပေမဲ့
03:16
but motivation isn't something that we can always muster on command.
55
196285
4281
စိတ်ပါဝင်စားမှုဆိုတာက ကျွန်မတို့ အမြဲ အရန်သင့် စုစည်းနိုင်တာ မဟုတ်ဘူးလေ။
03:21
Whether we like it or not,
56
201022
1618
ကြိုက်ကြိုက်၊ မကြိုက်ကြိုက်
03:22
motivation comes and motivation goes.
57
202664
4513
စိတ်ပါဝင်စားမှုက ပေါ်လိုက်၊ပျောက်လိုက်ပါ။
03:27
When motivation wanes,
58
207632
1462
စိတ်ပါဝင်စားမှု ကျဆင်းတဲ့အခါ
03:29
plenty of research shows that we human beings
59
209118
3432
ကျွန်မတို့ လူသားတွေဟာ အနည်းဆုံး အားထုတ်မှု ဥပဒေသကို
03:32
tend to follow the law of the least effort,
60
212574
3131
လိုက်နာတတ်ကြတယ်လို့ သုတေသန အမြောက်အမြားက ပြသတယ်။
03:35
meaning we just do the easiest thing.
61
215729
2297
ဆိုလိုတာက အလွယ်ဆုံးတွေကို လုပ်တာပါ။
03:39
New behaviors tend to require a lot of effort,
62
219328
3455
အပြုအမူသစ်တွေက အားထုတ်မှု အများကြီး လိုအပ်တယ်။
03:42
because change is really hard.
63
222807
2626
ဘာလို့လဲဆိုတော့ အပြောင်းအလဲက တကယ်ကို ခက်ခဲလို့ပါ။
03:45
To establish an exercise routine,
64
225965
2583
လေ့ကျင့်ခန်း ပုံမှန်လမ်းကြောင်း တစ်ခု ချမှတ်ဖို့
03:48
I needed to let myself be kind of half-assed about it.
65
228572
3817
ကိုယ့်ကိုယ်ကိုယ် မဆိုစလောက် အားထုတ်မှုမျိုး လုပ်ခွင့်ပေးဖို့လိုတာပါ။
03:52
I needed to stop trying to be an actual athlete.
66
232413
4026
တကယ့် အားကစားသမားဖြစ်ဖို့ ကြိုးစားတာ ရပ်လိုက်တယ်။
03:57
I started exercising again
67
237441
1817
တစ်ကြိမ်ကို တစ်မိနစ်ပြေးရင်း
03:59
by running for only one minute at a time.
68
239282
2892
ကျွန်မ လေ့ကျင့်ခန်း ပြန်စလုပ်တယ်။
04:02
Every morning, after I brushed my teeth,
69
242619
2269
မနက်တိုင်း သွားတိုက်ပြီးတဲ့အခါ
04:04
I'd change out of my pajamas and walk out the door,
70
244912
2393
အိပ်ရာဝင်ဝတ်စုံကို လဲပြီး တံခါးကနေ ထွက်တယ်။
04:07
my only goal, to run for one full minute.
71
247329
3833
ကျွန်မရဲ့ရည်ရွယ်ချက်က တစ်မိနစ် အပြည့် ပြေးဖို့ပါ။
04:12
These days, usually I actually do run for 15 or 20 minutes,
72
252196
4184
ဒီနေ့တွေမှာ ၁၅ မိနစ်(သို့) မိနစ် ၂၀ ပုံမှန်လိုလို ပြေးပေမဲ့
04:16
but on the days that I'm totally lacking in motivation
73
256404
2887
လုံးဝကို စိတ်ပါဝင်စားမှု မရှိတဲဲ့ (သို့)အချိန် မရှိဘူးလို့
04:19
or I just feel like I have no time,
74
259315
1951
ခံစားမိတဲ့ နေတွေမှာတော့
04:21
I still do that one minute.
75
261290
2073
တစ်မိနစ်ပဲ လုပ်နေဆဲပါ။
04:23
And this minimal effort always turns out to be way better than if I did nothing.
76
263387
5454
ဒီအနည်းဆုံး အားထုတ်မှုက ဘာမှ မလုပ်တာထက် ပိုကောင်းတဲ့ပုံ အမြဲဖြစ်သွားတယ်။
04:29
Maybe you relate.
77
269475
1344
သင် နားလည်နိုင်လောက်တယ်။
04:31
Maybe you've also failed
78
271247
1684
ပိုကောင်းဖို့ သင့်ကိုယ်သင်
04:32
in one of your attempts to change yourself for the better.
79
272955
3446
ပြောင်းလဲဖို့ အားထုတ်မှု တစ်ခုမှာ သင် ကျလည်းကျရှုံးနိုင်လောက်တယ်။
04:36
Perhaps you want to use less plastic
80
276425
2596
ဖြစ်နိုင်တာက သင်က ပလပ်စတစ် လျှော့သုံးချင်တာ၊
04:39
or meditate more
81
279045
1837
(သို့) တရားပိုထိုင်ချင်တာ၊
04:40
or be a better anti-racist.
82
280906
2606
ပိုတော်တဲ့ လူမျိုးခွဲခြားမှု ဆန့်ကျင်သူဖြစ်ချင်တာပေါ့။
04:43
Maybe you want to write a book
83
283536
1706
သင် စာအုပ်တစ်အုပ် ရေးချင်တာ၊
04:45
or eat more leafy greens.
84
285266
2130
ဟင်းရွက်စီမ်းတွေ ပိုစားချင်တာ ဖြစ်လောက်တယ်။
04:48
I have great news for you.
85
288055
2265
သင့်အတွက် သတင်းကောင်းရှိပါတယ်။
04:50
You can do and be those things,
86
290754
3301
သင်လုပ်နိုင်ပြီး သင် ဒီအရာတွေ ဖြစ်နိုင်ပါတယ်။
04:54
starting right now.
87
294079
1914
အခုကနေ စလိုက်ပါ။
04:56
The only requirement is that you stop trying to be so good.
88
296985
5464
တစ်ခုတည်းသော လိုအပ်ချက်က သိပ်တော်ဖို့ ကြိုးစားတာကို ရပ်လိုက်တာပါ။
05:03
You'll need to abandon your grand plans,
89
303361
3087
အနည်းဆုံး ယာယီအားဖြင့် သင့်ရဲ့ ဧရာမ အစီအစဉ်ကြီးတွေကို
05:06
at least temporarily.
90
306472
2162
စွန့်လွှတ်ဖို့လိုတာပါ။
05:09
You'll need to consider doing something so minuscule
91
309128
3705
လုံးဝ မလုပ်တာထက် ပိုကောင်းမယ့် မပြောပလောက်တဲ့
05:12
that it would be better than not doing anything at all.
92
312857
3539
တစ်ခုခုကို လုပ်နေတယ်လို့ သင် စဉ်းစားဖို့လိုမယ်။
05:17
So right now, ask yourself:
93
317555
2216
ဒီတော့ အခု သင့်ကိုယ်သင် မေးကြည့်ပါ။
05:20
How you can strip that thing that you have been meaning to do
94
320359
4135
တွေးရုံနဲ့ နေ့စဉ် သင်လုပ်နိုင်လောက်အောင် လွယ်ကူတဲ့ တစ်ခုခုကို လုပ်ဖို့
05:24
into something so easy you could do it every day with barely a thought?
95
324518
5641
သင်ရည်ရွယ်နေခဲ့ အရာကို သင် ဘယ်လို ခွာယူနိုင်လဲ။
05:30
It might be eating one piece of lettuce on your sandwich at lunch
96
330788
3850
ဒါက နေ့လည်စာ အသားညှပ်ပေါင်မုန့်မှာ ဆလတ်ရွက်တစ်စ စားတာဖြစ်လောက်တယ်၊
05:34
or going for a one-minute walk outside.
97
334662
3117
(သို့) အပြင်ကို တစ်မိနစ် လမ်းလျှေက်တာပေါ့။
05:37
Don't worry -- you'll get to do more.
98
337803
2349
စိတ်မပူပါနဲ့။ သင် ပိုလုပ်လာမိမှာပါ။
05:40
This better-than-nothing behavior is not your ultimate goal.
99
340176
3660
ဘာမှမလုပ်တာထက်ပိုကောင်းတယ်ဆိုတဲ့ အပြုအမူက သင့်ရဲ့ အန္တိမပန်းတိုင် မဟုတ်ဘူး။
05:44
But for now, what could you do that is ridiculous easy
100
344256
4242
ဒါပေမဲ့ အခုတော့ သင်လုပ်နိုင်တာက စီစဉ်ထားသလို ဘာမှဖြစ်မနေတဲ့အခါမှာတောင်
05:48
that you can do even when nothing is going as planned?
101
348522
3558
သင် လုပ်နိုင်လောက်အောင် မတရားကို လွယ်နေလား။
05:52
Even though you ultimately might want to do more and be more,
102
352757
4170
နောက်ဆုံးမှာ သင်ဟာ ပိုပိုပြီး လုပ်ချင်စိတ်ပေါက်နိုင်တာတောင်
05:56
remember that we humans are often too tired
103
356951
2964
လူတွေဟာ တကယ် လုပ်ဖို့ ရည်ရွယ်တဲ့ အရာတွေ လုပ်ဖို့၊
05:59
and too stressed
104
359939
1151
သူတို့ အရည်ရွယ်ဆုံး
06:01
and too distracted
105
361114
1611
သူတွေဖြစ်ဖို့
06:02
to do the things that we really do intend to do
106
362749
2946
မလုပ်နိုင်လောက်အောင်
06:05
and to be the people that we most intend to be.
107
365719
3809
မကြာခဏ ပင်ပန်းတတ်တာ၊ စိတ်ဖိစီးတာ၊ စိတ်ပျံ့လွင့်တာကို သတိရပါ။
06:10
On those days,
108
370536
1419
အဲဒီနေ့တွေမှာ ကျွန်မတို့ရဲ့
06:11
our wildly ambitious behaviors really are better than nothing.
109
371979
3936
လွန်လွန်ကဲကဲ ရည်မှန်းချက်ကြီးတဲ့ အပြအမူတွေက ဘာမှမလုပ်တာထက် ပိုကောင်းတာပါ။
06:15
A one-minute meditation is relaxing and restful.
110
375939
4224
တစ်မိနစ် တရားထိုင်ခြင်းက သက်သောင့်သက်သာနဲ့ အေးအေးလူလူဖြစ်စေတယ်။
06:20
A single leaf of romaine lettuce happens to have a half a gram of fiber
111
380187
3748
ဆလတ်ရွက်တစ်ရွက်တည်းက အမျှင်ဓာတ် ဂရမ်ဝက်နဲ့ များစွာသော
06:23
and loads of nutrients.
112
383959
2002
အဟာရတွေ ရရှိဖို့ ဖြစ်ပေါ်စေတယ်။
06:26
A one-minute walk gets us outside and moving around,
113
386325
3715
တစ်မိနစ် လမ်းလျှောက်တာက ကျွန်မတို့ကို အပြင်ကို ရောက်ပြီး လှည့်လည်စေတယ်။
06:30
which our bodies really need.
114
390064
1885
ဒါက ကျွန်တို့ရဲ့ခန္ဓာကိုယ်က လိုအပ်တာပါ။
06:32
So try doing one better-than-nothing behavior.
115
392400
4077
ဒီတော့ ဘာမှမလုပ်တာထက် ပိုကောင်းတဲ့ အပြုအမူတစ်ခုကို စမ်းကြည့်ပါ။
06:36
See how it goes.
116
396961
1503
ဘယ်လို ဖြစ်သွားလဲဆိုတာ ကြည့်ပါ။
06:38
The goal, remember, is repetition,
117
398488
2673
ရည်မှန်းချက်က ထပ်တော့နေပါပြီ
06:41
not high achievement.
118
401185
2221
မြင့်မားတဲ့ အောင်မြင်မှုမဟုတ်တာ သတိရပါ။
06:44
So let yourself be mediocre at whatever you're trying to do,
119
404295
4023
ဒီတော့ သင်ကြိုးစားလုပ်နေတဲ့ ဘာကိုမဆို သာမညောင်ညပဲဖြစ်ဖို့ သင်ကိုယ်သင်ခွင့်ပြုပါ။
06:48
but be mediocre every day.
120
408342
2281
ဒါပေမဲ့ နေ့စဉ် သာမညောင်ညဖြစ်ပါစေနော်။
06:50
Take only one step,
121
410980
1914
တစ်လှမ်းပဲ လှမ်းပါ။
06:52
but take that step every day.
122
412918
2843
ဒါပေမဲ့ ဒီတစ်လှမ်းကို နေ့တိုင်းလှမ်းပါ။
06:56
If your better-than-nothing habit
123
416515
1697
ဘာမှမလုပ်တာထက် ပိုကောင်းတဲ့ အကျင့်က
06:58
doesn't actually seem better than doing nothing,
124
418236
2498
ဘာမှမလုပ်တာထက် တကယ်ပဲ ပိုကောင်းပုံမရရင်
07:00
consider that you're getting started at something
125
420758
2790
သင်ဟာ တစ်ခုခုမှာ စတင်နေပြီး အပြုအမူတစ်ခုကို အစပြုတာက
07:03
and that initiating a behavior is often the hardest part.
126
423572
4815
မကြာခဏတော့ အခက်ဆုံး အပိုင်းဆိုတာကို စဉ်းစားကြည့်ပါ။
07:09
By getting started,
127
429119
1268
စတင်လိုက်ခြင်းအားဖြင့်
07:10
we're establishing the neural pathway in our brain
128
430411
2958
အကျင့်သစ်တစ်ခုအတွက် ဦးနှောက်ထဲမှာ အာရုံကြောလမ်းကြောင်း
07:13
for a new habit,
129
433393
1366
ကျွန်မတို့ တည်ဆောက်နေတာပါ။
07:14
which makes it much more likely that we'll succeed with something
130
434783
3924
ဒါက ရှေ့ဆက်ပြီး ပိုရည်မှန်းချကိကြီးတဲ့ တစ်ခုခုနဲ့ ကျွန်တို့ အောင်မြင်မယ်ဆိုတာ
07:18
more ambitious down the line.
131
438731
2292
အများကြီး ပိုဖြစ်နိုင်အောင် လုပ်ပေးတာပါ။
07:22
Why is this?
132
442114
1522
ဘာလို့ ဒါဖြစ်တာလဲ။
07:23
Well, it's because once we hard wire a habit into our brains,
133
443660
4827
ကောင်းပြီ။ ဒါက ဦးနှောက်တွေထဲမှာ အကျင့်တစ်ခုကို ဗီဇအရ ဆက်သွယ်လိုက်တာနဲ့
07:28
we can do it without thinking,
134
448511
2407
မစဉ်းစားဘဲ ဒါကို လုပ်နိုင်တာကြောင့်ပါ။
07:30
and therefore without needing much willpower or effort.
135
450942
4321
ဒါကြောင့် စိတ်စွမ်းအား(သို့) အားထုတ်မှု အများကြီး မလိုအပ်တော့ပါ။
07:35
A better-than-nothing habit
136
455971
2301
ဘာမှမလုပ်တာထက် ပိုကောင်းတယ်ဆိုတဲ့ အကျင့်တစ်ခုက
07:38
turns out to be incredibly easy to repeat again and again
137
458296
4917
အလိုအလျောက်ဖြစ်မသွားခင်အထိ အထပ်ထပ် ပြန်လုပ်ဖို့ မယုံနိုင်လောက်အောင်
07:43
until it's on autopilot.
138
463237
2325
လွယ်ကူသွားတယ်။
07:45
This is because we can do it even if we aren't motivated,
139
465586
3136
ဒါကြောင့် စိတ်ပါဝင်စားမှု မရှိတာတောင်၊ ပင်ပန်းနေတာတောင်၊
07:48
even if we're tired,
140
468746
1691
အချိန်တို့ဘာတို့ မရှိတာတောင်မှ
07:50
even if we have no time whatsoever.
141
470461
2991
ဒါကို ကျွန်မတို့ လုပ်နိုင်တယ်လေ။
07:53
And once we start acting on autopilot,
142
473861
3262
အလိုအလျောက် စနစ်မှာ စတင်လုပ်ဆောင်တာနဲ့
07:57
that's the golden moment
143
477147
2160
ကျွန်မတို့ရဲ့အကျင့်က ဇီဝပိုင်းအရ
07:59
that our habit can begin to expand organically.
144
479331
4246
စတင် တိုးချဲ့နိုင်တဲ့ ရွှေရောင် ကာလဖြစ်သွားတယ်။
08:04
After only a few days of running for just one minute,
145
484586
4213
တစ်မိနစ်သာ ပြေးတဲ့ ရက်အနည်းငယ် နောက်ပိုင်းမှာပဲ
08:08
I started feeling a real desire to keep on running,
146
488823
4782
ကျွန်မဟာ တကယ်ကို ဆက်ပြေးချင်စိတ် စဖြစ်လာတယ်။
08:13
not because I felt like I should be exercising more,
147
493629
3171
လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်လို့ ခံစားမိတာမျိုး၊
08:16
or because I felt like I needed to impress my neighbors or something,
148
496824
3591
(သို့) အိမ်နီးချင်းတွေတို့ ဘာတို့ အထင်ကြီးစေဖို့ လိုအပ်တာမျိုး မဟုတ်ဘဲ
08:20
but because it felt more natural to keep running
149
500439
3731
ရပ်လိုက်တာထက်စာရင် ဆက်ပြေးဖို့ ပိုသဘာဝကျလာတယ်လို့
08:24
than it felt to stop.
150
504194
1863
ခံစားမိတာကြောင့်ပါ
08:26
Now, I of all people know that it can be incredibly tempting,
151
506430
4459
အခု ဒါက မယုံနိုင်အောင် ဆွဲဆောင်နိုင်တာကို ကျွန်မတို့အားလုံး သိကြတယ်။
08:30
especially for the overachievers among us --
152
510913
2714
အထူးသဖြင့် သာမန်ထက် ပိုအောင်မြင်ချင်သူတွေကြားမှာပေါ့။
08:33
you know who you are --
153
513651
1515
ဘယ်သူ့ကိုဆိုတာ သင် သိပါတယ်၊
08:35
to encourage ourselves to do more
154
515190
2410
သတ်မှတ်ထားတဲ့ ဘာမှမလုပ်တာထက် ပိုကောင်းတယ်ဆိုတဲ့
08:37
than our designated better-than-nothing habit.
155
517624
3102
အကျင့်ထက် ပိုလုပ်ဖို့ မိမိကိုယ်မိမိ အားပေးဖို့ပါ။
08:41
So I must warn you:
156
521155
2271
ဒီတော့ သတိတော့ပေးရဦးမယ်။
08:44
the moment in which you are no longer willing to do something unambitious
157
524188
5727
ရည်မှန်းချက်မကြီးတဲ့ တစ်စုံတစ်ခုကို သင် လုပ်ချင်တဲ့စိတ် မရှိတော့တဲ့ အချိန်ဟာ
08:49
is the moment in which you are risking everything.
158
529939
4675
အရာတိုင်းကို အဆုံးရှုံးခံနေတဲ့ အချိန်ပါ။
08:55
It's the moment you end up checking your phone
159
535419
2342
သင် ရည်ရွယ်တာ ဘာဖြစ်ဖြစ်ကို လုပ်မယ့်အစား
08:57
instead of whatever it is that you intended to do.
160
537785
2456
ဖုန်းကို ကြည့်ရင်း အဆုံးသတ်သွားတဲ့ အချိန်ပါ။
09:00
It's the moment in which you stay on the couch
161
540648
2811
သင် ဆိုဖာပေါ်မှာ နေပြီး TikTok ဗီဒီယို (သို့) Netflix ကို
09:03
binge-watching TikTok videos or Netflix.
162
543483
3740
သဘောရှိ ကြည့်နေတဲ့အချိန်ပါ။
09:07
The moment you think you "should" do more
163
547910
3727
ပိုလုပ်သင့်တယ်လို့ သင်တွေးမိတဲ့ အချိန်က
09:11
is the moment you introduce difficulty and force
164
551661
3894
သင်ဟာ သင့်ကိုယ်သင် အခက်အခဲ၊ အင်အားနဲ့ ညှိနှိုင်းမှုကို
09:15
and negotiation with yourself.
165
555579
2522
မိတ်ဆက်ပေးတဲ့ အချိန်ပါ။
09:18
It's the moment you eliminate the possibility that it will be easy
166
558632
4020
ဒါက လွယ်ကူပြီး ပျော်ဖို့တောင်း ကောင်းတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို
09:22
and even enjoyable.
167
562676
2003
သင် ဖယ်ထုတ်ပစ်တဲ့ အချိန်ပါ။
09:25
So that's also the moment
168
565369
1999
ဒါကြောင့် ဒါက စိတ်ပါဝင်စားမှု
09:27
that will require a lot more motivation,
169
567392
3585
အများကြီး ပိုလိုအပ်ပြီး
စိတ်ပါဝင်စားမှု မရှိရင် ကျရှုံးမှု ဖြစ်မယ်ဆိုတဲ့
09:31
and if the motivation isn't there,
170
571001
2439
09:33
failure will be.
171
573464
1826
အချိန်လည်းဖြစ်ပါတယ်။
09:36
Fortunately, the whole idea behind the better-than-nothing habit
172
576680
4165
ကံကောင်းစွာပဲ ဘာမှမလုပ်တာထက် ပိုကောင်းတယ် ဆိုတဲ့ အကျင့် နောက်ကွယ်က စိတ်ကူးတစ်ခုလုံးက
09:40
is that it doesn't depend on motivation,
173
580869
2506
စိတ်ပါဝင်စားမှုအပေါ် မူမတည်တာပါ။
09:43
which we may or may not muster.
174
583399
2275
ဒါက စုစည်းလို့ ရချင်မှရမှာပါ။
09:46
It's not reliant on having a lot of energy.
175
586373
3735
ဒါက စွမ်းအင် အများကြီးအပေါ်မှာ ခံနိုင်ရည်ရှိတာမဟုတ်ဘူး။
09:50
You do not have to be good at this.
176
590132
4159
ဒီမှာ သင် တော်နေဖို့မလိုဘူး။
09:54
You need only to be willing
177
594315
2464
လွန်လွန်ကဲကဲ ရည်မှန်းချက်မကြီးတဲ့
09:56
to do something that is wildly unambitious,
178
596803
4095
အရာတစ်ခုကို လုပ်ဖို့၊ မလုပ်ထာထက် နည်းနည်းပိုကောင်းတဲ့
10:00
to do something that is just a smidge better than nothing.
179
600922
5005
တစ်ခုခုကို လုပ်ဖို့ စိတ်ဆန္ဒရှိဖို့ပဲ လိုအပ်တာပါ။
10:06
But again, don't do more if you feel any form of resistance.
180
606605
4661
ဒါပေမဲ့ ထပ်ပြောရရင် ခုခံတဲ့ ပုံစံတစ်ခုခု ခံစားရရင် ပိုမလုပ်ပါနဲ့။
10:12
I'm happy to report that after months of struggle,
181
612282
3805
လနဲ့ချီ ရုန်းကန်မှုနောက်မှာ အခု အပြေးသမားတစ်ယောက်ဆိုတာကို
10:16
I am now a runner.
182
616111
1929
ကြေညာဖို့ ကျွန်မ ပျော်ပါတယ်။
10:18
I became one simply by allowing myself to be bad at it.
183
618064
4900
ပြေးတာမှာ ကိုယ့်ကိုယ်ကိုယ် ညံ့ခွင့်ပြုရင်း ဖြစ်လာတာပါပဲ။
10:22
You definitely could not call me an athlete;
184
622988
2363
ကျွန်မကို အားကစားသမားလို့ မခေါ်နိုင်တာ အသေအချာပါ။
10:25
there are no half-marathons in my future.
185
625375
3046
ကျွန်မရဲ့ အနာဂတ်မှာ မာရသွန် တစ်ဝက်မရှိဘူး။
10:28
But I am consistent.
186
628445
1816
ဒါပေမဲ့ ကျွန်မက တစ်သမတ်တည်းပါ။
10:30
To paraphrase the Dalai Lama,
187
630880
1488
Dalai Lama စကားကို ပြန်ပြောရရင်
10:32
the goal is not to be better than other people
188
632392
2385
ရည်မှန်းချက်က သူတစ်ပါးထက် ပိုတော်ဖို့ မဟုတ်ဘဲ
10:34
but rather to be better than our previous selves.
189
634801
3973
မိမိရဲ့အရင် ကိုယ်ပွားတွေထက် ပိုတော်စေဖို့ပါ။
10:39
And that, I definitely am.
190
639248
1963
ဒါက ကျွန်မ အသေအချာပါ။
10:42
When we abandon our grand plans and great ambitions
191
642155
3157
ပထမဆုံး ခြေလှမ်းနဲ့ အစားထိုးရင်း ကျွန်မတို့ရဲ့ ဧရာမ အစီအစဉ်တွေနဲ့
10:45
in favor of taking that first step,
192
645336
2903
ကြီးကျယ်တဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်တဲ့အခါ
10:48
we shift.
193
648263
1506
ကျွန်မတို့ ပြောင်းလဲတယ်။
10:50
And paradoxically,
194
650445
1643
ဝိရောဓိသဘောအနေနဲ့
10:52
it's only in that tiny shift
195
652112
3206
ဒီပြောင်းလဲမှု သေးသေးလေးအတွင်းမှာပဲ
10:55
that our grand plans and great ambitions
196
655342
3884
ကျွန်မတို့ရဲ့ ဧရာမ အစီအစဉ်တွေ၊ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ
10:59
are truly born.
197
659250
1805
အစစ်အမှန် မွေးဖွားလာတာပါ။
11:02
Thank you.
198
662599
1408
ကျေးဇူးတင်ပါတယ်။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7