The real tale of the Monkey King in Heaven - Ji Hao

115,624 views ・ 2024-10-15

TED-Ed


ဗီဒီယိုကိုဖွင့်ရန် အောက်ပါ အင်္ဂလိပ်စာတန်းများကို နှစ်ချက်နှိပ်ပါ။

Translator: Sanntint Tint Reviewer: Moon Thit
00:09
After snatching the sea dragon’s mystical weapon,
0
9422
3128
ပင်လယ်နဂါးရဲ့ လျှို့ဝှက်ဆန်းကြယ် လက်နက်ကို လုယူ၊
00:12
outsmarting the lords of death and securing immortality for his followers,
1
12550
5047
သေမင်းတွေကို လူလည်ကျ၊ သူ့နောက်လိုက်တွေ အတွက် အမတ ရှင်သန်မှုကို ရယူပြီးနောက်မှာ
00:17
Sun Wukong had truly earned his title as the Monkey King.
2
17680
4588
စွန်း ဝူခုန်းဟာ မျောက်မင်းဆိုတဲ့ ဘွဲ့ကို တကယ် ရရှိခဲ့တယ်။
00:22
But while his disciples loved their roguish leader,
3
22602
3295
ဒါပေမဲ့၊ ရိသဲ့သဲ့လုပ်တဲ့ ခေါင်းဆောင်ကို တပည့်တွေက ချစ်ပေမဲ့၊
00:25
his misadventures had spread chaos throughout the land.
4
25897
3587
စွန်း ဝူခုန်းရဲ့ ကံဆိုးမှုတွေက တစ်ပြည်လုံး မှာ အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတယ်။
00:29
The Jade Emperor, watching from his throne in Heaven,
5
29692
3462
ကောင်းကင်က သူ့ပလ္လင်ကနေ ကြည့်နေတဲ့၊ ကျောက်စိမ်း  ဧကရာဇ်က
00:33
decided he would no longer stand by
6
33154
2461
ဒီမျောက်ဟာ သူ့နယ်မြေအနှံ့
00:35
as this monkey wreaked havoc across his domain.
7
35740
3628
ကသောင်းကနင်းဖြစ်စေခဲ့တော့၊ လက်ပိုက် ကြည့်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
00:39
After consulting with his aide,
8
39744
2002
သူ့ရဲ့လက်ထောက်နဲ့ တိုင်ပင်ပြီးနောက်မှာ၊
00:41
the Emperor decided the best way to maintain order
9
41788
3295
ငြိမ်ဝပ်ပိပြားဖို့ အကောင်းဆုံး နည်းလမ်းက စွန်း ဝူခုန်းကို  
00:45
was to keep a close eye on Sun Wukong.
10
45083
3128
အနီးကပ်စောင့်ကြည့်ဖို့လို့ ဧကရာဇ်က ဆုံးဖြတ်ခဲ့တယ်။
00:48
So, he invited the Monkey King to serve as supervisor of the imperial stables.
11
48586
5714
ဒါကြောင့် သူက ဘုရင့်မြင်းဇောင်းတွေကို ကြီးကြပ်ဖို့ မျောက်မင်းကို ဖိတ်ခေါ်တယ်။
00:54
Sun Wukong jumped at what he thought was a prestigious job in Heaven.
12
54759
4629
စွန်းဝူခုန်းက ကောင်းကင်မှာ ဂုဏ်ရှိတဲ့ အလုပ်လို့ သူထင်တာကို လက်ခံလိုက်တယ်။
00:59
He began working diligently to care for Heaven’s horses,
13
59680
3462
သူဟာ  ကောင်းကင်ဘုံက မြင်းတွေကို ဝိရိယရှိရှိ စောင့်ရှောက်နေတော့
01:03
and for a time, the Emperor’s plan appeared to be working.
14
63142
4296
ဧကရာဇ်ရဲ့ အကြံအစည်က အချိန် အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ပုံရတယ်။
01:07
But eventually, Sun Wukong realized his job was the lowest rank imaginable.
15
67772
6131
ဒါပေမဲ့၊ နောက်ဆုံး စွန်း ဝူခုန်းဟာ အလုပ်က စိတ်ကူးသမျှ အနိမ့်ဆုံးရာထူးဆိုတာ သိခဲ့တယ်။
01:14
Deeply offended, he whipped out his shapeshifting staff
16
74237
3587
အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး သူ့ရဲ့ အသွင်ပြောင်း တောင်ဝှေး ကို ဝှေ့ကာ
01:17
and transformed it into an iron cudgel.
17
77824
2752
တင်းပုတ်အဖြစ် ပြောင်းလဲလိုက်တယ်။
01:20
Blasting his way back to Earth,
18
80743
2169
ကမ္ဘာမြေဆီ ပြန်တဲ့ လမ်းမှာ ဝုန်းဒိုင်းကြဲရင်း
01:22
he erected a great banner proclaiming the job title he felt entitled to.
19
82912
5172
သူ ရထိုက်တဲ့  အလုပ် ရာထူးကို ကြေညာတဲ့ နဖူးစည်းကြီးတစ်ခုကို စိုက်ထူလိုက်တယ်။
01:28
Furious, the Emperor dispatched his heavenly troops
20
88501
3337
ဒေါသတကြီးနဲ့ ဧကရာဇ်က မျောက်မင်းကို ပြန်ထိန်းချုပ်နိုင်စေဖို့
01:31
to bring the Monkey King back under control.
21
91838
2711
သူ့ရဲ့ ကောင်းကင် တပ်သားတွေကို စေလွှတ်လိုက်တယ်။
01:34
But even his army’s shapeshifting general was no match for Sun Wukong.
22
94715
5214
ဒါပေမဲ့ သူ့တပ်ရဲ့ အသွင်ပြောင်း စစ်သူကြီး တောင် စွန်း ဝူခုန်းကို မယှဉ်နိုင်ဘူး။
01:40
Using his guile, the Monkey King bested his opponents,
23
100346
3837
ပရိယာယ်ကို အသုံးပြုရင်း မျောက်မင်းက ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ပြီး
01:44
and the Jade Emperor was forced to offer him the post he desired.
24
104183
3879
ကျောက်စိမ်း ဧကရာဇ်ကို သူ လိုချင်တဲ့ ရာထူးကို ပေးဖို့ ဖိအားပေးခဲ့တယ်။  
01:48
He reinstated Sun Wukong in Heaven, this time in an opulent mansion.
25
108688
5589
ဒီတစ်ကြိမ်မှာ စွန်း ဝူခုန်းကို ကောင်းကင်က ခမ်းနားတဲ့ စံအိမ်မှာ ပြန်လည်နေရာချပေးတယ်။
01:54
From his new home, the Monkey King threw himself into a life of leisure—
26
114777
4838
သူ့ရဲ့အိမ်သစ်ကနေ၊ မျောက်မင်းဟာ နတ်ဘုံတွေကို စူးစမ်းရင်း
01:59
exploring the realms and socializing with various deities.
27
119740
4130
နတ်သမီးအမျိုးမျိုးနဲ့အတူ ပေါင်းသင်းဆက်ဆံရင်း ပျော်ပါးနေခဲ့တယ်။
02:04
But the Jade Emperor was still concerned about his guest’s chaotic nature.
28
124036
4713
ဒါပေမဲ့ ကျောက်စိမ်း ဧကရာဇ်က သူ့ဧည့်သည်ရဲ့ ဖရိုဖရဲ သဘာဝကို စိုးရိမ်နေဆဲပါ။
02:09
To keep him busy, he asked Sun Wukong to protect
29
129041
3379
သူ့ အလုပ်များနေစေဖို့ ဧကရာဇ်က စွန်း ဝူခုန်းကို မြင့်မြတ်တဲ့
02:12
the sacred Garden of Immortal Peaches.
30
132420
3086
အမတ မက်မွန် ဥယျာဉ်ကို ကာကွယ်ခိုင်းခဲ့တယ်။
02:15
At this task, the Monkey King failed spectacularly.
31
135798
4463
ဒီတာဝန်မှာ မျောက်မင်းဟာ အံ့မခန်း ကျရှုံးခဲ့တယ်။
02:20
But gorging on fruit did keep him occupied...
32
140803
3295
ဒါပေမဲ့၊ သစ်သီးကို တဝတပြဲ စားလိုက်တာက သူ့ကို အလုပ်များစေခဲ့တာက...
02:24
until he spotted fairies collecting the peaches for a Grand Festival.
33
144348
4463
ပွဲတော်ကြီးအတွက် မက်မွန်သီးတွေ ကောက်နေတဲ့ နတ်သမီးတွေကို မတွေ့ခင်အထိပါ။
02:29
Despite his official role, Sun Wukong hadn’t been invited to the celebration,
34
149020
4838
သူ့ရဲ့ တရားဝင် ကဏ္ဍပေမဲ့၊ စွန်း ဝူခုန်းဟာ အခမ်းအနားကို ဖိတ်ကြားမခံရတော့
02:33
and he quickly hatched a plan to get his revenge.
35
153983
3295
လက်စားချေဖို့ အစီအစဉ်ကို အမြန် လျှို့ဝှက်ကြံစည်ခဲ့တယ်။
02:37
Transforming a few of his hairs into sleep-inducing insects,
36
157570
4671
သူ့ရဲ့ ဆံပင်အနည်းငယ်ကို အိပ်စက်စေတဲ့ ပိုးမွှားတွေအဖြစ် ပြောင်းလဲရင်း၊
02:42
the Monkey King incapacitated the Emperor’s servants
37
162241
3295
မျောက်မင်းက ဧကရာဇ်ရဲ့ အစေခံတွေကို ချိနဲ့သွားအောင်လုပ်ပြီး
02:45
and consumed the entire feast himself.
38
165536
3045
စားပွဲတစ်ခုလုံးကို သူတစ်ယောက်တည်း  စားသုံးခဲ့တယ်။
02:48
Bloated with food and wine, Sun Wukong stumbled towards his mansion.
39
168998
4963
အစာတွေ၊ဝိုင်တွေနဲ့ ဖူးရောင်နေတဲ့ဝူခုန်းဟာ အိမ်ကို ဒယိမ်းဒယိုင် လျှောက်သွားခဲ့တယ်။
02:54
But in his drunken stupor, he ended up at the palace of the Daoist leader Laozi.
40
174378
6048
ဒါပေမဲ့ မူးနေတော့ သူဟာ တာအိုဝါဒခေါင်းဆောင် လောက်ဇီရဲ့ နန်းတော်ကို ရောက်သွားတယ်။
03:01
Sun Wukong giddily explored Laozi’s deserted home,
41
181302
4004
စွန်း ဝူခုန်းဟာ လောက်ဇီ စွန့်ခွါသွားတဲ့ နေအိမ်ကို မူးနောက်နောက်နဲ့ စူးစမ်းတော့၊
03:05
and in the alchemical room, he found a particularly tempting treasure:
42
185348
4713
အဂ္ဂိရတ် အခန်းထဲမှာ အထူး ဆွဲဆောင်နေတဲ့ ရတနာဖြစ်တဲ့ ဘူးသီးငါးလုံးနဲ့ ပြည့်နေတဲ့
03:10
five gourds filled with golden elixir.
43
190519
3838
ရွှေသက်စောင့်ဆေးကို တွေ့ရှိခဲ့တယ်။
03:14
Sensing the medicine was sacred, he vowed only to sneak a taste—
44
194941
4379
ဆေးက အလေးအမြတ်ဖြစ်တယ်လို့ခံစားရတာကြောင့်   ခိုးမြည်းကြည့်ဖို့ အဓိဋ္ဌာန်ပြုခဲ့ပေမဲ့၊
03:19
but soon he was surrounded by empty vessels.
45
199528
3504
မကြာခင်ပဲ သူ့နားမှာ အိုးလွတ်တွေပဲ ဝန်းရံနေတယ်။
03:23
The elixir instantly sobered him up,
46
203491
2502
သက်စောင့်ဆေးက ချက်ချင်း သူ့ကို အမူးပြေစေပြီး
03:25
and suddenly Sun Wukong knew he’d gone too far.
47
205993
3671
ရုတ်တရက် စွန်း ဝူခုန်းဟာ လက်လွန်သွားပြီဆိုတာ သိလိုက်တယ်။
03:29
To avoid Laozi’s legendary wrath, he caught the nearest cloud back to Earth.
48
209747
5756
လောက်ဇီရဲ့ ဒေါသကို ရှောင်ရှားဖို့၊ သူဟာ အနီးဆုံးတိမ်ကို ကမ္ဘာမြေဆီ ဖမ်းယူခဲ့တယ်။
03:35
But it didn’t take long for the Emperor to uncover his trail of chaos.
49
215544
4547
ဒါပေမဲ့ ဧကရာဇ်က သူ့ရဲ့ပရမ်းပတာ လမ်းကြောင်း ကို ဖော်ထုတ်ထို့ အချိန်မကြာခဲ့ဘူး။
03:40
Vowing to subdue Sun Wukong once and for all,
50
220216
3170
စွန်း ဝူခုန်းကို ချက်ချင်း နှိမ်နင်းဖို့ သန္နိဌာန်ချကာ
03:43
he called on his nephew Erlang Shen.
51
223386
3545
သူ့တူဖြစ်တဲ့ အားလန် ရှန်းကို ဆင့်ခေါ်လိုက်တယ်။
03:47
Erlang Shen was known throughout the realms for his heroic feats
52
227306
4213
အားလန် ရှန်းက သူ့ရဲ့ သူရဲကောင်းဆန်တဲ့ စွမ်းဆောင်မှုတွေနဲ့ လှည့်စားမှုမှန်သမျှကို
03:51
and ability to see through any illusion.
53
231519
2753
မြင်နိုင်တာကြောင့်၊ ဒီနယ်ပယ်တွေတစ်ဝိုက်မှာ လူသိများတယ်။
03:54
He and Sun Wukong began a great battle,
54
234730
3254
သူနဲ့ စွန်း ဝူခုန်းဟာ တစ်ဦးကို တစ်ဦး အနိုင်ရဖို့ ကြိုးစားရင်း
03:57
transforming into all manner of beasts in their attempts to best one another.
55
237984
4587
သတ္တဝါ မျိုးစုံအဖြစ် ပြောင်းလဲရင်း တိုက်ပွဲကြီးတစ်ခုကို စတင်ခဲ့တယ်။
04:02
The fight was fearsome, but Sun Wukong’s quick wits kept him one step ahead—
56
242989
5255
တိုက်ပွဲက ကြောက်စရာကောင်းပေမဲ့၊ စွန်း ဝူခုန်းရဲ့ လျင်မြန်တဲ့ ဇဝနဉာဏ်က၊
04:08
until Laozi’s bracelet struck him from the heavens.
57
248411
3837
လာဇီရဲ့ လက်ကြပ်က သူ့ကို ကောင်းကင်ကနေ မတိုက်မိခင်အထိ၊ အသာစီးရစေခဲ့တယ်။
04:12
This stumble was all Erlang Shen needed to capture the Monkey King
58
252873
4296
ဒီတိုက်မိတာက အားလန် ရှန်းက မျောက်မင်းကို ဖမ်းပြီး
04:17
and deliver him to Laozi.
59
257169
1877
လောက်ဇီဆီ ပို့ဖို့ လိုအပ်တဲ့ အရာပါ။
04:19
The religious leader imprisoned Sun Wukong in a white-hot brazier,
60
259964
5255
ဘာသာရေးခေါင်းဆောင်က စွန်း ဝူခုန်းကို သံဒယ်ပိုင်းပူပူထဲမှာ
04:25
cooking him for 49 days.
61
265428
2878
၄၉ ရက်ကြာ တည်ရင်း ထောင်ချခဲ့တယ်။
04:28
But when Laozi opened the lid, a pair of burning eyes stared back at him.
62
268681
5839
ဒါပေမဲ့၊ လောက်ဇီက အဖုံး ဖွင့်တော့၊ ပြင်းပြ တဲ့မျက်လုံးတွေက သူ့ကိုပြန်စိုက်ကြည့်နေတယ်။
04:35
The golden elixir had made Sun Wukong’s body indestructible,
63
275021
4963
ရွှေသက်စောင့်ဆေးက စွန်း ဝူခုန်းရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးမရအောင်ဖြစ်စေပြီး
04:40
and he rose from the pot stronger than ever.
64
280234
3170
သူဟာ အိုးထဲကနေ ပိုသန်မာပြီး ထွက်လာခဲ့တယ်။
04:43
At this terrifying triumph, the Jade Emperor despaired.
65
283946
4421
ဒီကြောက်မက်ဖွယ် အောင်ပွဲမှာ ကျောက်စိမ်း ဧကရာဇ်ဟာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တယ်။
04:48
He’d tried tricking, appeasing, and battling Sun Wukong—
66
288534
4588
သူဟာ စွန်း ဝူခုန်းကို လှည့်ဖြား၊ ချော့မော့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့၊
04:53
but it had only led to more chaos.
67
293289
2586
ပိုပြီး ကမောက်ကမဖြစ်လာရုံသာပါ။
04:56
It seemed that only the greatest power in the world could defeat the Monkey King—
68
296876
5380
ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးကသာ မျောက်မင်းကို အနိုင်ယူလိုက်နိုင်ပုံရတယ်၊
05:02
it was time for Buddha himself to intervene.
69
302798
3921
ဒါက ဗုဒ္ဓကိုယ်တော်တိုင် ဝင်ရောက်စွက်ဖက်ဖို့ အချိန်တန်ပါပြီ။
ဤဝဘ်ဆိုဒ်အကြောင်း

ဤဆိုက်သည် သင့်အား အင်္ဂလိပ်စာလေ့လာရန်အတွက် အသုံးဝင်သော YouTube ဗီဒီယိုများနှင့် မိတ်ဆက်ပေးပါမည်။ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းဆရာများ သင်ကြားပေးသော အင်္ဂလိပ်စာသင်ခန်းစာများကို သင်တွေ့မြင်ရပါမည်။ ဗီဒီယိုစာမျက်နှာတစ်ခုစီတွင် ပြသထားသည့် အင်္ဂလိပ်စာတန်းထိုးများကို နှစ်ချက်နှိပ်ပါ။ စာတန်းထိုးများသည် ဗီဒီယိုပြန်ဖွင့်ခြင်းနှင့်အတူ ထပ်တူပြု၍ လှိမ့်သွားနိုင်သည်။ သင့်တွင် မှတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများရှိပါက ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

https://forms.gle/WvT1wiN1qDtmnspy7